Friday, June 20, 2014

Ineternet ချစ်သူ











Internet တဲ့
နှလုံးသားချင်း
ချိတ်ဆက်မိတဲ့ ကွန်ယက်လေး….။
အနေဝေးနေပေမယ့်….
Keyboard ပေါ်လက်တင်လိုက်ရုံနဲ့
နှလုံးသားနှစ်ခု….
နီးကပ်စွာခံစားခဲ့ရ….
မီးစိမ်းလေးမြင်နေရရင်
ချစ်သူမျက်နှာမြင်နေရသလို
ကြည်နှုးပျော်ရွှင်ခဲ့ရပြန်၏
တွေ့လိုဇောနဲ့
Computer ရှေ့ထိုင်မိစဉ်
သူမရှိလျှင် ငိုချင်လာမိ
မျှော်တော်ဇောနဲ့မောနေ၏
နှောင်တွယ်မိတဲ့ သံယောဇဉ်ြုကိုး
Connection ဓားနဲ့ အခါခါပိုင်းဖြတ်ပေမယ့်
ထပ်ထပ်ရစ်ပတ်…..။
နှလုံးသားချင်းကတော့နီးလျက်ပါ……


ကြယ်စင်လင်းလက်

No comments:

Post a Comment