Monday, June 16, 2014

အချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်ပါစေ

အချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်ပါစေ 



အချိန်ကိုစီမံခန့်ခွဲနိုင်သူသည်ဆုကြီးတစ်ဆုကိုအကောင်း ဆုံးပိုင်ဆိုင်နိုင်သူဖြစ်ပါလိမ့်မည်။ထိုဆုမှာအရာရာ ကိုအောင်မြင်နိုင်သူဆိုသည့်ဆုပင်ဖြစ်ပါသည်။ တစ်နေ့ လျှင်(၂၄)နာရီဟုသောအချိန်ကို လောကရှိလူတိုင်းပိုင် ဆိုင်ကြပါသည်။အချိန်ကိုအကောင်းဆုံးစီမံခန့် ခွဲတတ်သူ သည် အကောင်းဆုံးပန်းတိုင်ကို ရောက်ရှိနိုင်သော်လည်း အချိန်ကိုအလဟသဖြုန်းတီးတတ်သူသည် လောကတွင် အချည်းအနှီးသာဖြစ်ကာလူများအလည်ပွဲလည် မတင့်ဖြစ် ကြရပါသည်။

အချိန်ကိုစီမံခန့်ခွဲမှုသည် ခရီးဆုံးပန်းတိုင်ချမှတ်ကာဘ၀ တွင်အောင်မြင်လိုသူများအတွက် အလွန်အရေးကြီးပါ သည်။အချိန်ကိုစီမံခန့်ခွဲရာမှာသည်မည်သည့်အလုပ်ကိစ္စ  သည်အရေးကြီးသည်။မည်သည့်ကိစ္စကတော့  နောက်မှဆုံးဖြတ်မည်။ မည်သည့်အချိန်မှာမည်သို့ပြုလုပ်ရမည်စသဖြင့် ကိုယ်ပိုင် ဥာဏ်ဖြင့်စဉ်းစားခြင့်ချိန်တတ်ဖို့လိုပါသည်။စဉ်းစားချင့်ချိန် တတ်ဖို့ဆိုရာတွင်လည်းပညာသည်အခရာဖြစ်လာပြန်ပါ သည်။ အရေးကြီးသည်မကြီးသည်ကိုခွဲခြားဆုံးဖြတ်ရန် မှာလည်းမှန်ကန်တိကျဖို့လိုပြန်ပါသည်။ထို့အတွက် ကြောင့် အတွေ့အကြုံနှင့်ဥာဏ်ပညာရှိမှုသည်လည်း အခရာဖြစ် ပါသည်။

မိမိအတွက်(၂၄)နာရီသာရသော တစ်နေ့တာအချိန်များ တွင် လုပ်ငန်းလုပ်ဆောင်ဖို့ရာမှာ ဦးစားပေးအစီအစဉ် များရေးဆွဲထားပြီးမှရရှိသောအချိန်အတိုင်းအတာအတွင်း ဦးစားပေးအစီအစဉ်အတိုင်း လုပ် ဆောင်ကြ ရမှာဖြစ် ပါသည်။သို့မဟုတ်ပါကအလုပ်များလေလေဗျာများ ရလေလေဖြစ်ပြီး မုန့်စားရင်း လှည်းစီးငါးနှစ်ကောင်ဖမ်း အဖြစ်မျိုးနဲ့ကြုံရကာအခွင့်အရေးများအားလုံးလက်လွှတ် ဆုံးရှုံးရတတ်ပါသည်။

အချို့သူများကအချိန်လေအချိန်လွင့်များရှိခဲ့သောအကြောင့်  ဘ၀မှာအောင်မြင်မှုနှင့်မကြုံလိုက်ရသည်မှာကိစ္စမရှိသော် လည်း ကြိုးစားသူများဖြစ်ပေမယ့် အချိန်ကိုကောင်းစွာစီမံ ခန့်ခွဲမှုမရှိခဲ့သည့်အတွက် အောင်မြင်မှု  နှင့်အလှမ်းဝေးရ မည်ဆိုလျှင်အလွန်နှမြောတသဖို့ကောင်းပါသည်။ထို့ကြောင့် အလုပ်တစ်ခုကိုလုံ့လ၀ီရိယဖြင့်အားကျိုးမာန်တက်ဆောင် ရွက်နေသူများမှာလည်းအချိန်ကိုအကောင်းဆုံးစီမံခန့်ခွဲ တတ်ဖို့လိုအပ်မှာဖြစ်ပါသည်။

“ငါအောင်မြင်ချင်ပါတယ်။အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ် ဒါကြောင့်အချိန်တိုင်းလိုလိုငါအလုပ်တွေနဲ့ပဲ အချိန် ကုန်နေပါတယ်”ဟုဆိုပြီးလည်းအချိန်တိုင်းမှာအလုပ်ချည်း လုပ်နေရမည်မဟုတ် ပါ။ နံနက်အိပ်ရာစောစောထမယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်မယ်။လမ်းလျှောက် မယ်။နံနက်စာစားမယ်။(နံနက်စာကို လည်းကောင်းကောင်း စားရပါမည်။ ဒါမှဦးနှောက်က ကိုယ့်ကိုပံ့ပိုးပေး နိုင်မှာပါ။ ) စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်အစားစား စသဖြင့် အဲဒီလိုလုပ်ငန်းစဉ်တွေကိုအရင်လုပ်ဆောင်ပြီး မှ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာဘာလုပ် မယ်။ ဘယ်သူနဲ့တွေ့မယ်။ ဘယ်ကိစ္စကိုအရင်ဖြတ်မယ်။ အစသဖြင့် စီမံခန့်ခွဲထားရမှာဖြစ်ပါသည်။ လူဆို သည်မှာ စက်ရုပ်မဟုတ်သောကြောင့်အချိန်တိုင်းအလုပ်ချည်း လုပ်နေရမှာမဟုတ်ဘဲ နားချိန်များလည်း ပေးသင့်ပါ သည်။ဗဟုသုတရရှိရေးအတွက်လည်းစာဖတ်ဖို့လို ပါသေး သည်။

ထို့ပြင်ယနေ့လုပ်ရမည့်ကိစ္စကိုနောက်နေ့မရွေ့ဖို့ လည်းလိုပါသေးသည်။အချို့သူများသည် ယနေ့လုပ်ရ မည့်အလုပ်ကို နောက်နေ့မှလုပ်တော့မယ် ..နောက်နေ့ လုပ် လိုက်ပေါ့ စသဖြင့် အချိန်ကို ရွှေ့တတ်ကြပါသည်။ ယနေ့လုပ်ရမည့်အလုပ်သည် ယနေ့ပြီးအောင်လုပ်လျှင် အကောင်းဆုံးဖြစ်သော်လည်း နောက်နေ့ရွှေ့လိုက်မည်ဆို ပါကအဆင်ပြေနိုင်ချင်မှပြေပါလိမ့်မည်။ထို့ကြောင့် ယနေ့ လုပ်ရမည့်အလုပ်မှန်သမျှ ယနေ့အပြီးလုပ်ဆောင်စေမှ သာလျှင်နောက်နေ့လုပ်ရမည့်အလုပ်ကိစ္စအတွက် အခက်အခဲမဖြစ်မှာပါ။

လောကရှိလူတိုင်းလူတိုင်းတွင်တစ်ကြပ်၊နှစ်ကြပ်၊ သုံးကြပ် စသဖြင့်အခက်အခဲအကြပ်အတည်း များစွာရှိကြ မှာပါ။ အခက် အခဲအကြပ်အတည်းများကို အောင်မြင် စွာကျော်ဖြတ်နို င်သူများသည်အချိန်ကို အကောင်းဆုံးစီမံ ခန့်ခွဲနိုင်သူများဖြစ်ကြကာအချိန်ကိုကောင်းစွာစီမံမခန့် ခွဲနိုင်သူများသည်သာအခက်အခဲအကြပ်အတည်း၏ သားကောင်များဖြစ်ကြရပါသည်။

လောကရှိလူတိုင်းလိုလိုသည်သူတစ်ပါးအကြောင်းအရာကိုဖြင့် စိတ်ဝင်စားကြပြီးကိုယ့် ကိုယ်ကို တော့မေ့ထားတတ်ကြ ပါသည်။ ငါဘယ်လိုလူမျိုးလဲ ငါဘယ်လိုလူစားလဲ ငါဟာ.. စသည် ဖြင့်ကိုယ့်ကိုယ်ကိုဝေဖန်စဉ်းစားသုံးသပ်ဖို့ ကိုတော့ မေ့နေကြကာ သူတစ်ပါးကိုသာ စိတ်ဝင်စား တတ်ကြသူများလည်း လောကကြီးတွင်ဒုနဲ့ဒေးပါ။ မိမိဘ၀အောင်မြင်ရေးအတွက်မည်သို့မည်ပုံပြုမူဆောင် ရွက်ရမည်။သူတစ်ပါးအောင်မြင်နေသည်ကို အတုမယူ ကြပဲ လေဖမ်းဒန်းစီးရင်းဖြင့်သာအချိန်ကုန်နေကြပါသည်။ အချိန်ပိုရှိနေလျှင်အတွေ့အကြုံဗဟုသုတရရှိအောင်စာအုပ် စာပေများကိုဖတ်မှတ်နေရမည့်အစားဟိုယောင်  ယောင် ဒီယောင်ယောင်အလာပသလာပများပြောကာအချိန်ကုန်နေကြ သူများလည်းရှိကြပါသည်။ မြန်မာ နိုင်ငံနေရာအနှံ့အပြားရှိ လက်ဖက်ရည်ဆိုင်များတွင်အချိန်ဖြုန်းနေတတ်သူများစွာ ရှိပါသည်။ထိုအထဲတွင် လွတ်လပ်တက်ကြွသည့်လူငယ် များက ရာခိုင်နှုန်းများစွာပါဝင်နေသည်ကိုတွေ့နေရပါ သည်။

တစ်ချို့လူငယ်လေးများက တစ်ခြားနိုင်ငံမှာသွားရောက် အလုပ်လုပ်ကြပါသည်။ သူများနိုင်ငံတွင်သူတစ်ပါးမလုပ် ချင်သည့်အလုပ်များကိုပင်ပန်းဆင်းရဲစွာလုပ်ကိုင်ကြရပါ သည်။ အချိန်နားရသည်ဟူပင် မရှိသလောက်ရှားပါးပါ သည်။မိမိမှာ(၂၄)နာရီသာပိုင်ဆိုင်သည့်အချိန်မှာ နားချိန် ပင်မရှိပင်ပန်းဆင်းရဲသလောက်ရရှိလာသည့် လုပ်အားခ မှာ မပြောပလောက်ပါ။ သို့ သော် ….ကိုယ့်နိုင်ငံမှာရော အချိန်ကိုအကျိုးရှိရှိစီမံခန့်ခွဲပြီးလုပ်ကိုင်လျှင်ရောသူတစ် ပါးနိုင်ငံကပေးသည့်လုပ်ခလစာထက်မနည်းနိုင်ဘူးဟု  မြင် မိပါသည်။သူတစ်ပါးနိုင်ငံမှာပင်ပန်းဆင်းရဲစွာသွား ရောက်  လုပ်ကိုင်ပြီးရရှိလာသည့်လုပ်ခလစာများကို အကျိုးရှိရှိစီမံ ခန့်ခွဲကာသုံးသင့်သည်ကိုသုံးစုသင့်သည်ကိုစုကာ အရင်း အနှီးရရှိလာလျှင်ဖြင့် မိမိနိုင်ငံမှာပြန်ပြီးရင်းနှီးမြှုပ်နှံကြ ရင်ရောမကောင်းပေဘူးလား။ နိုင်ငံခြားတိုင်း ပြည်များသို့ သွားရောက် လုပ်ကိုင်ကြသည့် စာရေးသူ၏မိတ်ဆွေများ ကိုလည်းသူတစ်ပါးနိုင်ငံမှာအထိုက် အလျောက်ပဲ အလုပ် လုပ်ပြီးကိုယ့်နိုင်ငံကိုပြန်ပြီးအလုပ်လုပ်ကြပါလားဟု ဒီစကားမျိုးအမြဲတမ်းပြောပြ ဖြစ်ပါသည်။

လူ့ဘ၀ဟူသည် ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တုံမြင် တုံဖြစ် တတ်ပါသည်။ လောကကြီးသည် အ ကောင်းနှင့် အဆိုးဒွန်တွဲနေတတ်ကြပေမယ့်လည်း အဆိုးနှင့်ကြုံလာ လျှင်ခံနိုင်ရှိအောင်မွေးမြူရမှာဖြစ်သကဲ့သို့အကောင်းနှင့်ကြုံ လာလျှင်လည်း ၀မ်းမြောက်ဝမ်းသာဖြစ်ကြရပြန်ပါသည်။ အကောင်းနှင့်အဆိုးအကြောင်းနှင့်အကျိုးတို့သည် ဒွန် တွဲနေတတ်သည့် လောကကြီးတွင် ကျရာဇာတ်ရုပ်မှ အကောင်းဆုံးသရုပ် ဆောင်ကြဖို့ရာမှာ မိမိ၏အသိ ဥာဏ်နှင့် အချိန် ကို စီမံခန့်ခွဲတတ်မှုတို့ရှိမှဖြစ်ပါမည်။  
မြန်မာ့ယဉ်ကျေးမှုတွက်အချိန်ကို“ထမင်းတစ်အိုးချက်၊ ကွမ်းတစ်ယာညက်၊ နေထန်းတစ်ဖျား စသည့်ဖြင့် အချိန်ကိုတိုင်းတာသတ်မှတ်ကြပါသေးသည်။မည်သို့ပင်ဆိုစေ ငယ်ရွယ်စဉ်အခါကတည်းက အချိန်နာရီကို တိတိကျကျ သတ်မှတ်လုပ်ဆောင်တတ်လျှင် နောင်ဝယ်လူကြီးဖြစ်လာ သည့်အခါတွင်လည်း၎င်းအကျင့်သည် တပါတည်းပါသွား မှာဖြစ် ပါသည်။


မြန်မာ့ယဉ်ကျေးမှုတွက် အချိန်ကို“ထမင်းတစ်အိုးချက်၊ ကွမ်းတစ်ယာညက်၊ နေထန်းတစ်ဖျားစသည့်ဖြင့်အချိန် ကို တိုင်းတာသတ်မှတ်ကြပါသေးသည်။မည်သို့ပင်ဆိုစေ ငယ်ရွယ်စဉ်အခါကတည်းကအချိန်နာရီကိုတိတိကျကျ သတ်မှတ်လုပ်ဆောင်တတ်လျှင် နောင်ဝယ်လူကြီးဖြစ်လာ သည့်အခါတွင်လည်း၎င်းအကျင့်သည်တပါတည်းပါသွား မှာဖြစ်ပါသည်။

လူဆိုသည်မှာ စိတ်ကူးအိပ်မက်ရှိရမည်။ ရည်မှန်းချက် ပန်းတိုင်ရှိရမည်။ခရီးဆုံးပန်းတိုင်ချမှတ် ဖော်ဆောင်ရာမှာ လည်း မိမိ၏အသိပညာနှင့်အချိန်ကို ကောင်းစွာစီမံခန့်ခွဲ တတ်မှုရှိမှသာလိုရာခရီးကိုရောက်နိုင်ပါလိမ့်မည်။ငယ်ရွယ် စဉ်အခါမှာနိမ့်ပါးနေပါက ပြန်ကြိုးစားလျှင်ရနိုင်သော်လည်း ဘ၀၏ နှောင်းပိုင်းကာလများမှ ကြိုးစားမည်ဆိုလျှင်အခါ လွန်မိုးဖြစ်ပါလိမ့်မည်။

နာရီလက်တံသည် မရပ်မနားတစ်ဖြေးဖြေးရွေ့လျားနေ ပါသည်။ အချိန်ကိုတန်ဖိုးထားမှဘ၀ကိုတန်ဖိုးထားရာ ကျ မှာဖြစ်သည့်အတွက်ငယ်ရွယ်စဉ်အခါကတည်းကမိမိပိုင် ဆိုင်ထားသည့်တစ်နေ့လျှင်(၂၄)နာရီဟူသောအချိန် ကို ကောင်းစွာစီမံခန့်ခွဲကာ အကျိုးရှိရှိအသုံးချမည်ဆိုပါ ကသင်သည် အောင်မြင်သောလူ တစ် ယောက်ဖြစ်မည် မှာမလွဲပါ….။ 
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

No comments:

Post a Comment