Wednesday, June 25, 2014

နှလုံးသားအသိ ဦးနှောက်၏အရှိတရားများဖြင့် ကာကွယ်စောင့်ရှောက်ကြမည်ဆိုပါလျှင်


အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၏ သြ၀ါဒခံ အဖွဲ့တစ်ဖွဲ့ဖြစ်သော ၀ံသာနု ရက္ခိတ အဖွဲ့များ ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ၄င်း အဖွဲ့ များအနေဖြင့် အမျိုးဘာသာ သာသနာစောင့်   ရှောက်ရေး အဖွဲ့(ဗဟို)၏ ရည်ရွယ်ချက်နှင့်လုပ်ဆောင် ချက် များကို ပံ့ပိုးကူညီကာ ဒေသ ဖွံ့ဖြိုးရေးနှင့် လူငယ် များ ၏ အကျင့်စာရိတ္တကောင်းမွန်ရေးတို့အတွက် အဓိကဆောင်ရွက် လုပ်ကိုင်သွား မည်ဟု သိရသည့် အတွက် အတိုင်းမသိဝမ်းမြောက်မိပါသည်။ တကယ်တမ်းဆိုပါမူ ၀ံသာနုရက္ခိတ အဖွဲ့ကို ဖွဲ့စည်းရန် လိုမည် မထင်မိသော်လည်း ၄င်းအသင်းအဖွဲ့မျိုးရှိလျှင် လည်း ကောင်းသည်ဟုမြင်မိပါသည်။ ကိုယ့်အမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ဆိုရာမှာ အသင်းအဖွဲ့ဖွဲ့နေစရာ ပင်မလိုပါ။ မိမိ၏စိတ်ဓာတ်သည် သာ အခရာပါ။ သို့သော်  … ယနေ့အချိန်အခါမျိုးသည် ကိုယ့်အကျိုး ကိုယ့်အတ္တကိုရှေ့တန်းတင်ကြသည့် ၀ိသ မလောဘ သားများကြောင့် တိုင်းပြည်သည် တစ်ဖန်နွံနစ် ကျွန်ပြန်ဖြစ်  ရမည့် အရေး မတွေးရဲစရာ ပါ။ မြန်မာပြည် သည် နိုင်ငံကသေးငယ်သလောက် ပါတီတွေက များမြောင် လှပါသည်။ သူ့ပါတီ ကိုယ့်ပါတီ အနိုင်ရရှိဖို့ အတွက် ဆိုလျှင် အမျိုးသားရေး နိုးကြားတေးလည်းဆို စရာမလို။ကိုယ့်ပါတီ ကိုထောက်ခံမည့် သူရှိပါက နူနူဝဲ၀ဲ ကျိုး ကျိုးကန်းကန်း၊ဖြူချင်ဖြူ မည်းချင်လည်းမဲနိုင်သည် အထိ  ပင်ဖြစ်လာသည် ကိုတွေ့မြင်နေရပါသည်။   မြန်မာနိုင်ငံသည် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသည်။ မြို့တိုင်း လိုလို တွင် ကြည့်လိုက်ပါ။ဗုဒဘာသာအများဆုံး ကိုးကွယ် သည့်နိုင်ငံပင်ဖြစ်လင့်ကစား မြို့လယ်ကောင် အထင် က ရနေ ရာများမှာ ခရစ်ယာန်ဘုရားကျောင်းရှိသည်။ ဗလီ ရှိသည်။ ဟိန္ဒူဘုရားရှိခိုးကျောင်းရှိသည်။ ဒါတွေ သည်ပင် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာကိုးကွယ်ခွင့် ၏ပြယုဂ်တစ်ခုပင်။ သို့သော်လည်း ဒါတွေကပင် အမျိုး ဘာသာသာသနာအတွက်အနှောင့်အယှက်တစ်ခုဖြစ်စေ သလား မဆိုနိုင်ပါ။

အဘယ့်ကြောင့်ဆိုသော် ….တိုင်းတစ်ပါးသားတို့သည် အစတွင်တော့ ခြေလေးလက်ကလေးဝင်  နောက်တော့ခေါင်း ကလေးဝင် နောက်ဆုံးတော့ တစ်ကိုယ်လုံးဝင်ကာ မိမိ တို့ နိုင်ငံ ၏အချုပ်အခြာ အာဏာကိုပါ ထိပါးလာသည် အထိ အနှောင့်အယှက်ပေးလာသည်ကိုတွေ့နေရပါ သည်။ နိုင်ငံတစ်ခုကို ကြိုးကိုင် ချယ်လှယ်ဖို့ရာမှာ ပထမ ဦးစွာ Missionary(သာသနာပြု) မယ်၊ ဒုတိယအနေဖြင့် Merchant(ကုန်သည် ပွဲစား)များနှင့်ဒေသတစ်ခုကို စတင်ထိုးဖောက်ပြီးတဲ့နောက်ပိုင်းမှာ ၄င်းနိုင်ငံကို သိမ်းပိုက်ဖို့ရာ မှာနောက်ဆုံး အနေဖြင့် Military (စစ်တပ်) ကို လွှတ်ကာ သြဇာအာဏာအကျိုးစီးပွားကို အလုံးစုံ ထူထောင်ခြင်းဖြင့် အဆုံးသတ်လေ့ရှိကြသည်။ ဤ သည်မှာ M သုံးလုံးဖြင့် နိုင်ငံတစ်နိုင်ငံကို သိမ်း ပိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူတစ်ဦးတစ်ယောက်အနေဖြင့် မိမိ အတွင်း အဇ္ဈတ္တသန္တာန်မှာ နက် နက်ရှိုင်း ရှိုင်းဖြင့် မိမိ ယုံကြည် ရာဘာသာကို ကိုးကွယ်ခွင့်ပြုထားသည် ဆိုသော်လည်း မိမိကြောင့် မိမိနိုင်ငံနှင့် လူမျိုးကို ဖြင့် မထိ ခိုက်စေလိုပါ။

စာရေးသူတို့ငယ်ငယ်က မိဘများက သွန်သင်ဆုံးမ သည်။ ကျောင်းမှာ ဆရာ/မတို့က လမ်းညွှန်သည်။   နွေရာသီမှာဗုဒဘာသာသင်တန်းတက်ရသည်။ ထို့အတွက် ဘာသာသာတရားနှင့် ပတ်သက်လာ လျှင် ငယ်စဉ်ကတည်းကတိုင် ဦးနှောက်ထဲမှာရော နှလုံးသား ထဲ မှာပါ စွဲမြဲနေခဲ့ရပါသည်။ ယနေ့ခေတ်ဟာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးကရွာကြီး တစ် ရွာဖြစ်လာပြီး လွတ်လပ်ပွင့်လင်းလာ တယ်။ တစ်ချို့ ကတော့ ငွေမျက်နှာတစ်ခုတည်းကိုသာကြည့်ကာ ကိုယ့်နိုင်ငံ အမျိုးသားအကျိုးစီးပွားကို သာ မက ကိုယ့်အသားကိုတောင်ဖဲ့ရောင်းမယ့်သူတွေ ဒုနဲ့ဒေးပါ။ ထိုကဲ့သို့ သော လူမျိုးများရှိနေသည့်အတွက် ထို အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၏ သြ၀ါဒခံ အဖွဲ့တစ်ဖွဲ့ဖြစ် သော ၀ံသာနု ရက္ခိတ အဖွဲ့မျိုး ရှိသင့် ပါသည်။ မည်သည့်ဘာသာ မည်သည့် လူမျိုး ပင်ဖြစ် ပါစေ ကိုယ့်အမျိုး ဘာသာ သာသနာ ကိုတော့ ကာ ကွယ်စောင့်ရှောက်ကြရမှာက အားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။

သို့သော် ….လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နီပေါနိုင် ငံ ကို အလည်အပတ်ရောက်ခဲ့ စဉ် က မြတ်စွာဘုရားရှင်သည် အိန္ဒိယတိုက်ငယ်၏ ရာဇကု မာရဟုပြောခဲ့သည်ကိုစိတ်မကောင်းဖြစ်မိပါသည်။  ဒေါ်   အောင်ဆန်းစုကြည်အနေဖြင့် ဗုဒဘာသာ မြန်မာ မိဘနှစ်ပါး က မြန်မာ့မြေပေါ်မှာမွေးဖွား ခဲ့ တဲ့ မြန်မာစစ် တစ်ယောက်ဖြစ်ပါလျက် မြန်မာတို့၏အလေးအမြတ်ထားသော ဗုဒ မြတ်စွာသည် အတုမရှိ အနှိုင်းမဲ့ ပုဂိုလ်ဆိုတာ ဗုဒ ဘာသာဝင်တိုင်းလေးလေးနက်နက်ယုံကြည်ကြသကဲ့သို့လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကျင့်ကြံပွားများ အားထုတ်ထားကာ စင်္ကြ ၀ဠာတိုက်တစ်သောင်းအထိအာဏာစက်ပြန့်ခဲ့သော ဂေါတ မဘုရားရှင်အား အိန္ဒိယတိုက်ငယ်၏ရာဇကုမာရ ဟုပြောခဲ့ခြင်းသည် ဗုဒဘာသာကို ယုံကြည်မှု အားနည်း လို့လား၊ ဘာသာ ရေးအသိအမြင်နည်းလို့လား ဟု စိတ်မကောင်းများစွာဖြစ်မိရပါသည်။ထို့ပြင်ဗုဒဘာသာ မြန်မာ အမျိုးသမီး တစ်ဦးသည် သံဃာနှင့်တစ်ပြေးတည်းမထိုင် ရခြင်းများ ကိုလည်းမသိလေရော့ သလား။ အမေစုသည် လူထုခေါင်းဆောင်တစ်ဦးပါ။အမေစုကို  လေးစားအားကျ အထင်ကြီး အတုယူကြတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဒါတွေ ကို နောင်လာ နောက်သားကလေးသူငယ်များက အားကျအတုယူလျှင်ဖြင့် ….အင်း ….. မတွေးရဲစရာပါ။

မြန်မာလူမျိုးတို့သည် ရိုးသားသည်။ အေးချမ်း သည်။ စိတ်ထားဖြူစင်သည်။ သံယောဇဉ်နှင့် မေတ္တာ တရား ကို ရှေ့တန်းတင်သည်။ တစ်ချို့အရာများမှာ ဦးနှောက်ဖြင့် ဆုံးဖြတ်ရမည့်အစားနှလုံးသားဖြင့် ဆုံးဖြတ်တတ်ကြသည်။ ထို့အတွက်ကြောင့် မျိုးစောင့် ဥပဒေပြဌာန်းဖို့ လုပ်ဆောင်ကြရသည် အထိ ဖြစ်လာ ရသည်။ စည်းကမ်းတို့ ဥပေဒတို့ဆိုသည်မှာ လူတွေကြောင့်ဖြစ် လာရခြင်းပါ။ စည်းကမ်းဆိုသည့် စကားကို တန်ဖိုးမထားတတ်တဲ့လူတစ်ချို့ကြောင့်သာ ဥပေဒ၊စည်းကမ်းတွေထုတ်ပြန်ပြီး စည်းကမ်း နည်းလမ်း တကျဖြစ်အောင်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်တို့မှာ လက်ထပ် ထိမ်းမြားခြင်းကို ၄င်းတို့ဘာသာအလိုက်ဥပဒေအမျိုး မျိုးထုတ်ပြန်ထားသော်လည်း မြန်မာမှာ နှစ်ဦးသဘောတူရုံ မျှဖြင့်ရနေသည်။ဘာဥပဒေမှမရှိပါ။  ခြံဝန်းတိုင်းမှာလည်း  စည်းဆိုတာရှိပါသည်။ မြစ်ရိုး ချောင်းရိုးများမှာကမ်းဆိုသော အနားသတ်ရှိသည်။ နေရာတိုင်းမှာစည်းကမ်းနည်းလမ်း ဥပဒေများရှိလျှင် လုံခြုံအေးချမ်းနိုင်မည်ဟုယူဆမိပါသည်။

ထို့ကြောင့်မိမိအမျိုးဘာသာသာသနာအတွက် ငါတို့ အရိုး ကို ခြံစည်းရိုးလုပ်စရာ မလိုသေးပါ။ နှလုံးသားအသိနဲ့  ဦးနှောက်၏အရှိတရားများဖြင့်သာကာကွယ်စောင့်ရှောက် ကြမည်ဆိုပါလျှင်.....။

ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

No comments:

Post a Comment