Wednesday, June 11, 2014

ပုံမာယာ ဇာချဲ့ခံရတဲ့ကံဧည့်သည်

ပုံမာယာ ဇာချဲ့ခံရတဲ့ကံဧည့်သည် 





ဒီကောင်လေးကိုသိတာဘာကြာသေးတုံး။ ကျွန်တော်အလုပ်လုပ်တဲ့ ပုဂ္ဂလိကဘဏ်မှာ ငွေလာအပ် တုန်းက စပြီး သိခဲ့တာပါ။ ကိုယ့်ဘဏ်ရဲ့ဖောက်သည် တစ်ယောက်ဖြစ်နေတာရယ်၊ အပ်တဲ့ ငွေကလည်း သိန်း ဂဏန်းအကြီးသားမို့အလေးအနက်ပြုပြီးဂရုတစိုက်ဆောင်  ရွက်ပေးခဲ့တယ်လေ။ကျွန်တော်ကသာကိုယ့်ဖောက်သည် တစ်ယောက်အ ပေါ်ဝန်ထမ်းတစ်ယောက်အနေနဲ့ သမား ရိုးကျထက်နည်းနည်းပါးပါးလိုက်ပြီး ဆောင်ရွက်ပေး လိုက်တာပေမယ့် သူကတော့သူ့အတွက် ကူညီပေးသူ၊ သူ့အ ကျိုးဆောင်သူအနေနဲ့ တစ်ဖက်သတ်ကျေးဇူးတင် လို့ကို မဆုံးတော့ဘူး။ နောက်တော့လည်း အိမ်နီးနားချင်း ကလည်း မရှိပြန်ဆိုတော့ ဒီကောင်လေး ကျွန်တော့်ကို တအားခင်တွယ်လာတော့တယ်။

ဒီလိုနဲ့ မနက်ပိုင်း ကျွန်တော်လက်ဘက်ရည်ဆိုင်ထိုင်ရင် လိုက်ထိုင်တတ်တယ်။ ညနေပိုင်း ဗွီဒီယိုရုံသွားရင် လဲနောက် တစ်ကောက်ကောက်။ တစ်ခါတစလေ သူ့ရင်ထမွန်းကြပ်နေတဲ့သောကတွေ ပြေရာပြေကြောင်း ထွက်ပေါက်ရှာချင်ရင် ကျွန်တော်ကိုပဲရင်ဖွင့်တော့တာမျိုး။ အဲသလိုကိုတစ် ယေက်နဲ့တစ်ယောက်ခင်လာခဲ့ကြတယ်။

ဆိုရရင်တော့ ဒီကလေးကတောသူဌေးပေါ့ဗျာ။  မွေးချင်း ဆိုလို့မြို့မှာအိမ် ထောင်ကျတဲ့ သူ့အစ်မတစ်ယောက်ထဲ သာရှိတာ။မအေကငယ်ငယ်ကတည်းကဆုံးပါးသွားတော့ ဖအေအိုကြီးနဲ့သားအဖနှစ်ယောက်တည်းနေလာခဲ့တာ။ ယာချောင်းကလည်းကျယ်တယ်။ ထန်တောကလည်း ရွာ ပတ်လည်မှာ လက်ညိုးထိုးမလွဲဆိုတော့သားအ ဖနှစ်ယောက် အတွက် ရွှေမရှားငွေ မရှား ပေါ့ ။နေတော့ လည်းအဲဒီဘက်နယ်မှာမတူမရှိနိုင်တဲ့ တိုက်ကြီးက လည်းဟိန်းလို့။ ရွာဝန်းကျင်က စေတီတန်ဆောင်း ကျောင်းဇရပ်တို့ရဲ့ အလှူရှင်ကမ္မည်း မှာသူတို့နာမည်ချည်း။ ဒီလိုနဲ့ အဖေကြီး အနိစ္စရောက်တော့ သူဌေးသားတစ် ကောင်ကြွက် ဘ၀ရောက်ရောပေါ့ဗျာ။ ဒီမှာတင်သူ့အစ်မက မောင်လေးတစ်ယောက်ထဲရွာမှာ ထားရတာစိတ် မချဘူး။ မြို့ကိုတက်လာခဲ့၊ အစ်မနဲ့ အတူ တူနေဆိုပြီး စိစဉ်တယ်။ သာမန်လူဆိုတော့ အ၀တ် ထုပ်လေးထန်းပြီး မြို့တတ်လာ၊ အလွယ်သားပေါ့။ ဒါပေမဲ့ ကောင်လေးမှာက နည်းနည်းနောနောလား၊ ရှိနေ တာကထုကြီးထည်ကြီး။ ယာတွေချောင်းတွေ၊ ထန်းတွေ တိုက်နဲ့ဝိုင်းတွေ၊ အဲဒါတွေရောင်းရတာကိုက ခက်ခက် ခဲခဲ။ အားလုံးလဲရောင်းချ ပြီးရောအစ်မဆီကိုငွေတွေလာအပ်တယ်။ အစ်မကမယူဘူးတဲ့။ မိဘအမွေအစ်မလည်း တစ်မလည်း တစ်ဝက်ဆိုင်တယ် ဆိုပြီး ကောင်လေးကဇွတ်ပေး၊အစ် မငြင်း တယ်ပေါ့လေ။ နောက်ဆုံးတော့ အစ် မယောက်ျား ကာင်လေးရဲ့ယောက်ဖက ၀င်ပြီး ညိုနှိုင်းပေး တယ်။ မိဘ အမွေဖြစ်လို့ မောင်နှ မနှစ်ယောက် သရက်စေ့နှစ်ခြမ်း ခွဲယူ။ ကောင်လေးငွေ ကိုအလဟသမဖြစ်ရအောင် မပျောက်ပျက်အောင် ဘဏ်မှာအပ်ထား။ ကောင်လေး ရဲ့ဘ၀တစ်လျှောက်လုံး စားဝတ်နေရေးအတွက် သူတို့ လင်မယားကတာဝန်ယူမယပေါ့။ ဘယ်လောက် များကောင်းလိုက်တဲ့ ”ဥာတကာ နဉ္စသင်္ဂဟော” လဲ။

ဒီလိုနဲ့ဘဏ်မှာ ငွေလာအပ်တော့ ကျွန်တောနဲ့တွေ့ရတာ ပါ။အဲဒီတုန်းကကောင်လေးရဲ့ပုံစံကိုမှတ်မိသေးတယ်။ တွေ့သမျှလူကိုအားကိုးတစ်ကြီးနဲ့ ကြည့်နေရှာတဲ့သနားစရာမျက်လုံး၊ ခင်မင်ဖွယ်ကောင်းလှ တဲ့သူရဲ့အပြုံး၊ လက်သန်းလောက်တုတ်နဲ့ ဆွဲကြိုး ရှည်ကြီးတစ်ကုံးနဲ့တစ်ကျပ်သားလောက်ရှိ တဲ့ကျောက်နီ လက်စွပ်ပြူးပြူးကြီးဝတ်ထားတဲ့ညဏ်ရည် ခပ်နိမ့်နိမ့် သနားစ ရာကျေးတောသားလေးတစ်ယောက်။

ဒါပေမဲ့…..သူ့ယောက်ဖကျတော့ မြို့မှာနာမည်တစ်လုံးနဲ့နေ တဲ့ သူ။မြို့ ပေါ်မှာရှိသမျှ ဘာသာရေးလူမှုရေး အသင်း အဖွဲ့တိုင်းမှာ သူ့နာမည်မပါဘူး ရယ်လို့မရှိဘူး။ စီးပွားရေးလုပ်ငန်းကျတော့လဲရသာရင် ကိုယ့်နဖူး ကိုတောင် သိုက်တူးမဲ့ လူစာ။ ပေါင်းသင်း ဆက်ဆံရေး ကတော့ ဘာကောင်းသလဲမမေးနဲ့.. စဏ္ဍာလကနေ ဓမ္မကထိသိတယ်ဆိုတဲ့ လူသားမျိုး။ခက်နေတာက တစ်လုံး နှစ်လုံးသုံးလုံးနဲ့ ခြာခြာလည်နေတာကိုပဲ။ စီးပွားလေးတက်မလို့ဖြစ်လိုက်၊ အဲဒီအလုံးတွေ နှိပ်စက် လိုက်နဲ့နှဲသမားပါဆိုတော့။ဘာပြောပြောသူလဲရှင် လောင်း လည့်တုန်းကရွှေထီးဆောင်းခဲ့ရတဲ့သူဌေးမျိုး ရိုးပါ။ ခုတော့…သူ့ခမျာ ဆုံးသွားရက်တောင် လည်ပြီထင်တယ်။

ဒီမှာအစ်ကို..ကျွန်တော်ပြန်တော့မယ်ဗျာ။ ကျွန်တော် ဒီမှာမနေချင်တော့ဘူး။ မနေချင်တာထက်မနေနိုင်တော့ တာဗျ။ ပြောရရင်တော့ယောက်ဖကြီးအသူဘကိစ္စက စပြီးပြောရတော့တာ ပဲ။ တကယ်ပါဗျာ။ တစ်သက်နဲ့တစ် ကိုယ် ဒီလောက်လူပင်ပန်း စိတ်ပင်ပန်းတာမရှိခဲ့ပါဘူး။

အစ်ကိုလဲသိပြီးသားပါ။ ယောက်ဖကြီးကဘောလုံးပွဲဆို မလွတမ်း ထဲ ကကိုး။ အဲဒီညမှာ ဘော်လုံးပွဲပြတဲ့ ဗွီဒီယို ရုံထဲ ပစ်လဲကျတာဆေးရုံရောက် တဲ့အထိ လူမှန်းသိတာ မဟုတ်ဘူး။ ဆေးရုံရောက်တော့ မျက်လုံးလေးတစ် ချက်ဖွင့်ပြီး သတိတော့လည်သေးသား ကုတင်မနွေးပါ ဘူးဗျာ၊ အသက် ပျောက်ကရော။ ညကြီးသန်ကောင် ဆိုတော့ ကျွန်တော်တို့မောင်နှမနှစ် ယောက်သာ အလောင်းကြီးနဲ့ငုတ်တုတ်။ ဘာမှလုပ်တတ်ကိုင် တတ်စီမံတတ် ကြတာမဟုတ်ဘူးလေ။ ကျွန်တော်ဖြင့်လေ မြန်မြန်မိုးလင်းပါစေလို့ပဲဆု တောင်း မိတော့တယ်။မနက်လည်းလင်းရော ဇာတ်လမ်းကတော့ စတော့တာပဲ။ဒါရိုက်တာက ယောက်ဖကြီးရဲ့အစ်မအကြီး ဆုံး၊ ဆန်မရှိ အစားကြီးတယ် ဆိုတဲ့မိန်းမမ်ျိုး၊ကိုယ့်  ဘာသာ ဘာမှမဟုတ်တာ။ နေရာတကာသြဇာပေးချင် လူတတ်ကြီးလုပ်ချင်တော့တာဗျ။

ယောက်ဖကြီးရဲ့မိတ်ဆွေတွေကအလောင်းကိုဆေးရုံမှာပဲထား။ ဆေးရုံ ကနေသုသာန်ကိုသယ်ပြီးသဂြိုလ်ရင်ကရိကထနည်းမယ်။ နာရေးရှင်လည်း သက်သာမယ်ပေါ့လေ။ အဲဒီမှာဗျာ. .ယောက်ဖကြီးရဲ့အစ်မက သူ့မောင်ကို ဆေးရုံကနေ မသဂြိုလ်နိုင်ဘူး။ သူ့မောင်ဟာအနုံညာတမဟုတ်ဘူး။ အာဂန္တု မဟုတ်ဘူး၊ ဆွဲအချတော့မခံနိုင်ဘူး၊ အိမ်နဲ့ယာ နဲ့အဆင့်အတန်းနဲ့နေတာ။ အခုအိမ်ပြန်သယ်ရမယ်လုပ် ပါလေရော။ အိမ်သယ်တယ်ဆိုတာ ပြောတော့ လွယ်ပေ မဲ့ ကုန်ဖို့ကစပြီ၊ အလောင်းသယ်ရမဲ့ယဉ်ခ။ အပိုကုန်လာ တာပြောပါ တယ်။

ထားဦး..အသုဘချမယ်ဆိုတော့ နာရေးကူညီမူအသင်းကို အကြောင်းကြားရုံပဲမဟုတ်လား။ ပြီးတော့..ယောက်ဖကြီး ကအသင်းမှာအမူဆောင်လေ။ အသင်းကနာရေး ယာဉ် လွတ်လိုက်ရင်အပြည့်အစုံပါပြီးသားမဟုတ်လား။အလောင်း ထည့်ဖို့သေတ္တာ။သံဝေဂဓမ္မဂါထာတွေ ရွတ်ဆိုပေးမဲ့ တိတ်ခွေရော စက်ရောဘာလိုသေး တုန်း။အလှူငွေ ကျတော့ လည်း ကိုယ်သဒ္ဒါသလောက်ပဲ လှူရတာ၊ တကယ့်ကိုကူညီစောင့်ရှောက်တဲ့အဖွဲ့အစည်းလေးပါ။ ဒါကိုပဲ အဲဒီ မိန်းမကအလောင်းတကာတင်တဲ့ယာဉ်နဲ့ သူ့မောင်ကိုမတင်နိုင်ဘူး။ရှေးရိုးမ ပျက်လှည်းဘီးတပ် လှည်းအသစ်နဲ့ တင်မယ်လုပ်ပြန်လေရော။ အဲဒီတော့ အလောင်းစင်လုပ်ရတယ်။ အလောင်းစဉ်ပြင်ဖို့ ပိတ် စတွေဗျာ ဘယ်ဝေယျာ ဝေစ္စအဖွဲ့ကိုပဲ သွားငှားငှား အပေါ သား ဆိုတာအစိကိုလည်းအသိမဟုတ်လား။ အဲဒါကိုပဲ အသစ်မှဆိုတော့ဝယ်လိုက်အုံးဟ။ ပြီးတော့…ရှိသေး. သူ့မောင်က ရဟန်းတကာဆိုတော့ ရွှေထီးလေး လည်း စိုက်ရမယ်။ဒါကိုလည်းမဌားနဲ့… အသစ်မှဆိုတော့ ၀ယ် ရပြန်ရော။

ပင့်သံဃာကိုတော့ တစ်ပါးတစ်ထောင်မှလှူမှ ထင်တယ် လို့ကျွန်တော် အစ်မက ပြောရုံရှိသေးနည်းတယ်..ငါ့မောင် ကဂုဏ်နဲ့ဒြပ်နဲ့နေတာ၊ငါးထောင် မှသင့် တယ်ဆိုတော့ ကျွန်တော့အစ်မကလည်း..အင်းပေါ့လေ။ ထင်ထားတာ ကတစ်ပါးငါးထောင်၊ငါးပါးဆိုတော့ နှစ်သောင်းခွဲလောက်ဆိုတော့ အပမ်းမ ကြီးပါဘူးတော့လေ။ ဘယ်ဟုတ်ပါ့မလဲဗျာ.. .ပင့်သဃာက ယောက်ဖကြီး သာအသက်ငါးဆယ် မကျော်ဘဲ ငါးနှစ်သားလောက်ဆို ဘယ်လောက်ကောင်း လိုက်မလဲနော်.. ဟုတ်ဘူးလား အစ်ကို..။

ထားပါတော့လေ..ဒါကလှူတာတန်းတာ၊သွားလေသူအတွက် ရည်စူး တာဆိုတော့ ယောက်ဖကြီး အတွက်မို့ထား ပါတော့။ မယောင်ရာဆီလူးတာ ကရှိသေး။ သူ့မောင်ဟာ ဂီတ၀ါသနာပါတယ်၊ သူ့မောင်ရဲ့နောက်ဆုံခရီးမှာ အဆို နဲ့အတီးနဲ့ အမှုတ်နဲ့ ဖြစ်ချင်ပါတယ်ဆိုတော့ငှား ရပြန်ပြီ၊ ဆိုင်းဝိုင်းကြီး နဲ့ငိုချင်းသည် လေးငါးသောင်းပက်ကနဲ့ပေါ့။

အသုဘလိုက်ပို့တဲ့သူတွေကို ကမ်းတာကျတော့လည်း သူတကာကမ်း သလိုယပ်တောင်တစ်ချောင်း ပိုချင်သေး ရင်ဆေးလိပ်နဲ့ မီးခြစ်၊ ထပ်ဦးမ လားဆပ်ပြာ မှုန့်သေး တစ်ထုပ်ဆိုတော်ရောပေါ့။ ခုတော့ဗျာ….ဒါတွေအပြင် ဆပ့်ပညမွေးတစ်ခဲဆီဆောင်းလိုက်လေသဗျ။

အလောင်းမြေကျတော့လဲ ဂူသွင်းတာရက်မလည်မချင်း လာတာနှမးဖြူး တာ၊ပုံကြီးချဲ့တာ၊သြဇာပေး တာတွေပြော ရရင် အစိကိုစိတ်ပျက်သွားမျာဆိုးလို့မပြောတော့ပါဘူး။ ကျွန်တော်တို့မောင်နှမနှစ်ယောက်ထဲရှိတဲ့အခါကျွန် တော် အစ်မကိုပြောတယ်။ အစ်မ..ကျွန်တော့်လက်စွပ်နဲ့ ဆွဲကြိုးတွေပေါင်ထား တဲ့ငွေတွေလဲ ကုန်တော့ မယ်၊ ရက်လည်မှာ ကုန်ဦးမှာဆိုတော့ လောက်မှ လောက်ပါ့ မလားပေါ့။အစ်မကလဲအပူကြားထဲက အေးအေးလေးပြော တယ်။ တစ်ချို့ကိုအကြွေးခဏထားတာပေါ့တဲ့၊နာရေးကူငွေရတော့ အားလုံးအဆင် ပြေသွားမှာတဲ့..ဟုတ်သားပဲ၊ ကူငွေရရင် ကုန်ငွေကြေလောက်ပါရဲ့လို့ ကျွန်တော်တွေးမိတယ်… အစ်ကို။

ရက်လည်ဆွမ်းသွပ်မှာ အစ်မကမုန့်ဟင်း ခါးလောက် ကျွေးချင်တာကို လည်းမအဆာကျယ်ကြီး က ခေါက်ဆွဲဆိုလို့ပိုကုန်သွားတာကိုလည်းထား လိုက်ပါဦး၊အဲဒီနေ့ကယောက်ဖကြီးရဲ့အပေါင်းအသင်းတစ်ယောက်က ကူငွေ ခံဖို့ငွေဖလား တစ်လုံးနဲ့ ဗလာစာအုပ် လာတောင်းတော့အဲဒီမိန်းမကြီးကဘုန်းကြီးကျောင်းတောင် မကပ်ရသေးတဲ့ ခေါက်ဆွဲသုံးပန်ကန်မြောက်သွား ဖြဲ နားဖြဲစားနေရာက ဘာပြောလိုက်တယ်တုံး.. သူ့မောင်ရဲ့ နာရေးကို ဘယ်သူ ဆီကမှအကူအညီမယူဘူး၊ ကုန်ချင် သလောက်ကုန်ပါစေ မိသားစုကပဲအ ကုန်အကျခံမယ်။ တစ်သက်လုံးကသူတစ်ပါးကိုကူညီခဲ့တဲ့သူ၊သူတစ်ပါးကို ဒုက္ခမပေးခဲ့တဲ့သူမို့ သေကာမှအကူအညီခံတယ်ဆိုတာ လူကြားလို့မကောင်း ဘူးနဲ့ တစ်ချက်လွှတ်ပိတ်ပင် လိုက် တယ်။သွားးပါလေရော… ကျွန်တော့်အစ်မ မျက်နှာဆိုတာ ဇီးရွက်လောက်တောင်ရှိမယ်မထင်ဘူး။ဒီလိုနဲ့ရေစက်ချ တရားနာပြီးတော့ မိတ်ဆွေသင်္ဂဟတွေ ပြန်ကုန်ကြပြီ။ သူတို့သမီးယောင်းမနှစယောက်ထဲရှိတဲ့အခါ အစ်မက နာရေး စားရိတ်တွေ အကုန်အကျများကြောင်း ၊ယောက် ဖကြီး အနေနဲ့ဘယ်လောက်များ ကူညီထည့်ဝင်မလဲဆိုတဲ့ အကြောင်းစကားစပ်လိုက်တော့အဲဒီမိန်းမကြီးဗိန်း မောင်း တီးတော့တာပဲ။ပြောလိုက်တာများပက်ပက်စက်စက် ၊ဟောက်လိုက် ဟိန်းလိုက်တာလဲ အော်ကြီးဟစ်ကျယ်။ သူ့မောင်ဟာမိသားစုကို တစ်သက် လုံးကျွဲနွားလို ရုန်းကန်ကျွေးရတဲ့ အကြောင်း၊ ကိုယ့်လင်သား..ပြီးတော့ ကိုယ့်ကျေးဇူးရှင်ရဲ့နာရေးကို ဇနီးမယားတစ်ယောက် အနေနဲ့ တာဝန်ယူသင့် ကြောင်း၊သူ့လိုမုဆိုးမ တစ်ယောက်ဆီက ကြေးမခွဲသင့်ကြောင်းပြောလိုက် တာများပေါက်ပေါက်ဖောက်သလိုပါပဲ။ပြောလို့လဲအား ရရော၊လက်ကိုင်အိတ် ကြီးတစ်ထောင်လောက်ကြီး ချိုင်းကြား ညှပ်၊ ခေါက်ဆွဲတွေအပြည့်ထည့်ထား တဲ့ငါးဆင့်ချိုင့်ကြီးဆွဲပြီးထွက်သွားပါလေရော။

အဲဒါကြောင့်အစ်ကိုရော..ကျွန်တော်ဆွဲကြိုးနဲ့လက်စွပ်ကတော့ပြန်လမ်း မမြင်တော့ပါဘူး။ ကျွန်တော်အနေနဲ့ကလည်း ရကောင်းစေလို့မအောင်းမေ့ ပါဘူး။ အစ်မမှာ လည်းအကြွေးတွေလည်ပင်းခိုက်နေပြီလေ။

ကျွန်တော်ပြန်တော့မယ်ဗျာ။ တောမှာယာလေးထန်းလေးဝယ်ပြီး ကိုယ့်တစ်ဝမ်းတစ်ခါးအတွက် ရှာစားတော့မယ်။ ဒီမှာတော့မနေ့တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်မှာ ကအစ်မသား ကျွန်တော့တူ အိပ်ယာထဲ လဲ နေပြီလေ။ အစ်ကိုလဲ ရိပ်မိတယ်မဟုတ်လား။ ဟိုရောဂါလို့ပြော တယ်။ဒီက လေးကကိစ္စကျရင်လည်း သူ့တူဆိုပြီး ဟိုမိန်းမကြီးကလာဦးမှာ။ဒီတော့ အစ်ကိုရာဘဏ်မှာ အပ်ထားတဲ့ပိုက်ဆံတွေ ပြန်ထုတ်ချင်တယ်အစ်ကို။

ကောင်လေးကို ဘယ်လိုပြောရပါ့။ ဘဏ်မှာငွေစာရင်းဖွင့်တုန်းကနာမည်ကသာကောင်လေး နာမည်၊ လက်မှတ်ထိုးတာက သူ့ယောက်ဖ။ ယာက်ဖကြီး အလီလီလာထုတ်ယူတဲ့ငွေတွေက လောင်းကစား
 လောင်မီးကြောင့်ပြာဖြစ်ကုန်ပြီ။ ဘဏ်မှာငွေက မကျန်တော့…။

                                          ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)


No comments:

Post a Comment