ရွှေပြည်တော်
မျှော်တိုင်းဝေးရတော့မှာလား အမေစု
အရမ်းသန်းညွန့်ရေးသားသည့် `လူထုခေါင်းဆောင် အန်တီစု ခွေးတော့ သတိပြု
´ဆောင်းပါးကို ဖတ်မိပြီး အမေစုအတွက်စိတ်မကောင်းဖြစ်မိပါတယ်။ အမေစုနား မှာ
အကြံဥာဏ်ကောင်းပေးမယ့်သူမရှိ ။ မြှောက်ပင့်ပြီး မိမိတို့ကိုယ်ကျိုးအတွက်
အမေစုကိုအသုံး ချနေတာ ကိုတွေ့မြင်နေရတဲ့အတွက်ကြောင့်ပါ။
တကယ်တော့ လူထုခေါင်းဆောင်ဆိုတာ အရာရာ အတွက် အကောင်း ဆုံးဖြစ်နေရမှာပါ။
အခုချိန် မှာ ပြည်သူလူထုယုံကြည် အားထားမှုရရှိ ဖို့ ပြည်သူလူထု အတွက်
လိုအပ်ချက် ကိုကူညီဖြည့်ဆည်းပေး ဖို့ နိုင်ငံတကာ မှာ
မြန်မာနိုင်ငံ မျက်နှာမငယ်ရ အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ဖို့
စသဖြင့်ပေါ့။ လိုအပ်ချက်တွေကို အတတ်နိုင် ဆုံးဖြည့် ဆည်းပေးရမှာပါ။
မိမိသမ္မတဖြစ်မှလုပ်ပေးမှာထက် မဖြစ်ခင်က ကူညီ ထောက်ပံ့မယ်။ ပြည်သူ့အကျိုးကို
သယ်ပိုးဆောင်ရွက်မယ်ဆိုရင်သန်းခြောက်ဆယ်သော
ပြည်သူများရဲ့ အသဲကြားက
မဲတစ်ပြားဟာ အမေစု အတွက် ပဲဖြစ်မှာပါ။
`ခွေးဆိုတာ သူထမင်းကျွေးတဲ့သူ ကို ဘဲ သခင်လို့မြင်တာ။
ဒါတောင်ကျွေးတဲ့ လက် ကိုပြန်ပြန်ကိုက်တတ်တဲ့ ခွေးဆိုတာရှိသေးတယ်ကွ။ ခွေး က
ဒီမိုကရေစီမသိဘူး။ လူ့အခွင့်အရေးမသိဘူး။ အများကောင်းစားရေးဝါဒသူမသိဘူး။
သခင်အားရ ကျွန်ပါးဝဘဲ လုပ်တာ။ အန်တီစုက နိုင်ငံတကာအမြင်
၊နိုင်ငံတကာအတွေးတွေနဲ့ ခွေးကိုလူ့အခွင့်အရေး သွားပေးတော့
ခြေသလုံးဖက်မကိုက်တာကံ ကောင်း၊ နေပြည်တော်နယ်မြေ မှာ ပုဒ်မ
၄၃၆ပြင်ဆင်ရေးတရား သွားဟော တာ ခွေးခပ်ဆိုးဆိုးတစ် ကောင် အန်တီစု
ကိုလိုက်ကိုက်တယ်ဆိုပြီး အင်တာနက်မှာ ဖတ်လိုက် ရတော့ရုတ်တရက်စိတ်ပူသွား
သေးတယ်။ဘာပဲ ပြောပြော တို့မြန်မာအယူမှာ ခွေးကိုက်ခံရရင်
ကံနိမ့်တယ်လို့ မှတ် ယူကြတာလေ။ ဒါတောင်တော်သေးရဲ့ သတင်းကြား ရတာ
ခွေးအိုကြီးတစ်ကောင်လိုက် ကိုက်တာ။ ကိုယ်တိုင် ကချိနဲ့နဲ့ဆိုတော့
စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မင်းတို့ တစ်တွေ သတိထားဖို့လိုတယ်။ လူထု
ခေါင်းဆောင်ဟာ ဘယ်လောက်ပဲသတ္တိရှိရှိ ခွေးနဲ့တော့ ဖက် မကိုက်သင့် ဘူး။
ခွေးနဲ့နပန်းမလုံးသင့်ဘူး..´ အရမ်းညန်းညွန့်ရေး သားသည့်
`လူထုခေါင်းဆောင်အန်တီစု ခွေးတော့ သတိပြု ´ဆောင်းပါးကောက်နှုတ်ချက်ပါ)
နိုင်ငံရေးဆိုသည်မှာ ပြည်သူများ၏လိုအင်ဆန္ဒများကို ပြည့် ၀စွာရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ သို့ကြောင့် ပြည်သူများ၏ စိတ်ပိုင်း ရုပ်ပိုင်းလိုအပ်ချက် မှန်သမျှသည် မိမိဖြေရှင်းပေး ရမည့်ကိစ္စများဟု ခံယူထားရမည်ဟု ဆရာမြင့်ဝင်းမောင်ရေးသားသည့် ဒီမိုကရက်တစ် နိုင်ငံရေးသမားကောင်းစာအုပ်တွင် ဖော်ပြ ထားသည်ကိုတွေ့ရပါသည်။
အခုတော့ အမေစုနားမှာ ရှိနေကြပါသော အမေစုကို ၀န်းရံနေကြပါလေသော သူများသည်
အကောင်းဆုံး အကြံဥာဏ်ပေး ရမည့်အစား…. ပြည်သူကိုခွေးနှင့်နှိုင်း လိုနှိုင်း
ကိုယ့် ပြောသမျှ အဟောဝတမဟုတ်ပါက အားလုံးသည်လူမဟုတ်တော့သလိုလို။
ပြည်သူ့ခေါင်းဆောင် ၏နောက်လိုက်လုပ်နေပြီး ကိုယ့်ကို အနည်းငယ်ဝေဖန် သည့်
ပြည်သူ ကိုခွေးနှင့်နှိုင်းခြင်းသည် ကောင်းသော လုပ်ရပ်ဟုတ်မဟုတ် မိမိကိုယ်ကို
ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မည်။ ပြည်သူသည် သခင်ပါ။
ပြည်သူ တင်မြှောက်မှ သာလျှင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်မှာပါ။ အခုတော့ မိမိကို
ဝေဖန်သုံးသပ်ပြသည့်ပြည်သူ ကိုခွေးနှင့်နှိုင်း လိုက်ခြင်းသည်
ပြည်သူတစ်ရပ်လုံး ကို စော်ကားလိုက်ခြင်းနှင့်အတူတူပါ။ အမေစုသည်
လူထုခေါင်းဆောင်၊ဒီမိုကရေစီ၏ရှေ့ဆောင်လမ်းပြကြယ်ဖြစ် ပါ တယ်။
အမေစုဘာလုပ်လုပ် ပြည်သူကအမေစုကို ဗိုလ်ချုပ်သမီးမို့ အပြစ် မမြင်
ချစ်ခင်ကြပါသည်။ သို့သော် ….ကိုယ့်အတ္တ ကိုယ့်အကျိုးအတွက်
နိုင်ငံရေး လုပ်နေသည့်သူများသာ အမေစုနားမှာရှိနေလျှင်ဖြင့်
…..အင်း..ရွှေပြည်တော်မျှော်တိုင်းဝေးနေမှာအမှန်ပါ…။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
No comments:
Post a Comment