Tuesday, June 10, 2014

မိုးတစ်ညရဲ့ စိတ်အလျင်

မိုးတစ်ညရဲ့ စိတ်အလျင်


“အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လွင် စစ်မျက်နှာဖွင့် တိမ်ခိုးလွှင့်ကာ ဆင် မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်အသွင် ပြိုမှာလေလားမိုးရဲ့ စိုးအောင်ခုပင် အမ္ဗန်မောင်ဖန်အားလေတဲ့အင်…”

ညိုတစ်ယောက် တီဗွီခလုတ်ကလေးကိုဖွင့်လိုက်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် မိုးသက်လေနှင်သီချင်းက လာနေ တယ်။ ဒီသီချင်းလေးကိုညိုသိပ်ကြိုက်တယ်လေ။ အို..မိုး သီချင်းနဲ့ပတ်သက်လို့ကတော့ ဘယ်သီချင်းဖြစ် ဖြစ်ညို မကြိုက်တာ မရှိခဲ့ပါဘူး။ မိုးကိုညိုသိပ်ချစ်တယ်လေ။ ဒါပေမယ့်…မိုးတစ်ညဟာ ညို့အတွက်ဝမ်းသာ ကြည် နူး မှု၊ ၀မ်းနည်းကြေကွဲမှုတွေနဲ့ကြုံခဲ့ရူးတယ်လေ။ မိုးဆို တာအေး ချမ်းခြင်းနိမိတ်၊ ပျော်ရွှင်ခြင်းနိမိတ်တွေကိုသာ ဖန်တီးပေးတတ်တယ်လို့ ညိုထင်တယ်လေ။

အခုတော့..ဒီမိုးတစ်ညဟာ ညို့အတွက် ၀မ်းနည်းရမှာ လား။ ၀မ်းသာပီတိဖြစ်ရမှာလားဆိုတာကို ဝေခွဲ မရအောင်ကိုစိတ်က ဒွိဟဖြစ်ခဲ့ရတယ်။ ………………………….
တကယ်တော့ ညို့မှာ ခင်တွယ်စရာဆိုလို့ ချစ်ခင်ပွန်း ဦးကျော်မောင်ရယ်၊ သားသမီးသုံးဦးရယ်သာ ရှိတာပါ။ ဒီမိသားစုလေးတစ်စည်းတလုံးတည်းနဲ့ပျော်ရွှင်နေတုန်းဗြုန်းကနဲ သမီးကြီးခင်ငြိမ်းချမ်းသာက နိုင်ငံခြားကို ပညာတော်သင် အဖြစ်နဲ့ လွန်ခဲ့တဲ့လက ထွက်ခွာသွားခဲ့ရပြီ။ သမီးကြီးနဲ့ ခွဲရလို့ လွမ်းဆွတ်သတိရနေတုန်းမှာ သားလတ် ထက်မင်းခန့်က ဦးစီးအရာရှိအဖြစ် နယ်ကိုပြောင်းရွှေ့ သွားပြန်ပြီ။အခု..သမီးငယ်နှိုင်းစံမမှီကလည်း  တောင်ပေါ် မြို့တော်တစ်ခုမှာ လက်ထောက်ကထိကရာထူးနဲ့ ပြောင်းေ ရွှ့  ခဲ့ ရပြန်ပါပြီကော။ သားသမီးတွေနဲ့ဝေး ကွာလို့ ခံစားရ တဲ့ ဝေဒနာက မပျောက်သေးမီ ခင်ပွန်း သည် ကလည်း မြို့နယ်ပညာရေးမှူးရာထူးတိုးတဲ့။ အဖိုးကြီးအဖွားကြီးနှစ်ယောက် ဘုရားသွားကျောင်း တက် အေးအေးချမ်းချမ်းနဲ့ ဘ၀ကိုတည်ဆောက် ၊ဆေးပေး  မီးယူနဲ့ တစ်ဦးကို တစ်ဦး ဖေးမမယ် လို့ကြံ တုန်းမှာခင်ပွန်းသည်က နယ်ပြောင်းရပြန်ပါရော။

“အမေကြီး မင်းသားသမီးတွေလည်း မရှိဘူး။ကိုယ်က လည်း နယ်ပြောင်းရမှာဆိုတော့ မင်းတစ်ယောက်ထဲ မဖြစ် ပါဘူးကွာ။ကိုယ်နဲ့သာတစ်ခါတည်းလိုက် ခဲ့ပေတော့.. ဟုတ်ပလား…”

“မဖြစ်ပါဘူးအဖေကြီးရယ်။ အိမ်ကိုဒီအတိုင်းပစ်ထားခဲ့လို့ လည်းမရဘူး။ပြီးတော့အဖေကြီးသားသမီးတွေက လည်း တစ်ပတ်တစ်ခါဖုန်းဆက်တတ်တာ။ တော်ကြာသူတို့အမေ ကိုမတွေ့ရင် ကလေးတွေစိတ်ပူနေပါဦးမယ်။ ဒီမှာဒေါ်ထွေးလည်း အဖော်ရှိတာပဲ အဖေကြီး ကျွန်မ အတွက် နောက်ဆံမတင်းပါနဲ့။ စိတ်ချလက်ချ တာသွားပါ ရှင်”

“အေးပါကွာ မင်းကျန်းမာရေးကို အထူးဂရုစိုက်နော်… ကိုယ်လည်း ရောက်ရောက်ချင်းဖုန်းဆက်ပါ့မယ် ”ရောက် ရောက်ချင်းဖုန်းဆက်ပါ့မည်ဟု ပြောသွားသောခင်ပွန်းသည်သည် နှစ်ပတ်မြောက်တဲ့အထိဖုန်းကပေါ်မလာသည့် အတွက်ကြောင့် ညိုစိတ်ပူမိသည်။ ဖုန်းသံမြည်တိုင်း ခင်ပွန်းသည်ဆီကများလား။သားနဲ့သမီးတို့ဆီကများလား ဟု မျှော်လင့်ချက်တို့ ပျက်သွားရမြဲပင်။

“ကလင်…ကလင်..”

ဟော..ပြောရင်းဆိုရင်းဖုန်းသံကမြည်လာပြန်သည်။ဒီတစ်ခါတော့ ညိုမျှော်လင့်ထားတဲ့သူတွေဆီက ဖြစ်မှာပါလို့..စိတ်ကူးပြီး ဖုန်းအကိုင်မှာတော့…

“ဟေ့..မယ်ညို..”

“ဟုတ်ကဲ့..ပြောပါ..”

“အမလေး …မယ်ညိုရယ် ကိုယ်ပါကွ… မစိုးပါ။ မတွေ့ တာကြာတော့ မေ့နေပြီလား။မိန်းမနော် ကျွန်မကတော့ သတိရနေရတာ ရှင်ကတော့ အရာရာ ကိုမေ့နေပြီပေါ့လေ…”

“ဟယ်..စိုးရေ ကိုယ်မမေ့ပါဘူးကွာ။ ရုတ်တရက်ဆိုတော့ ကျွန်မကြောင်သွားလို့ပါ..”

“ကဲ..ကဲ.. တော်ပါ..တော်ပါ.. ရှင်အားရင် ကျွန်မအိမ်ကို လာခဲ့ပါလား။ ဒီမှာဧည့်သည်ရောက်နေတယ်ကွ။ ရှင်နဲ့ တွေ့ချင်လို့တဲ့ကွ..”

“ဧည့်သည်..ဟုတ်လား..ညိုနဲ့တွေ့ချင်ရင် ညို့အိမ်ကိုလာခဲ့ပေါ့ကွ။ဘယ်သူများလဲ..”

“လုပ်မနေနဲ့ညိုရေ…တို့တစ်တွေဆုံတုန်း  ပျော်ပျော်ပါး ပါးတွေ့ကြမယ်ကွာ။ ငယ်ဘ၀အလွမ်းပြေပေါ့..ဒါပဲနော်။ လာဖြစ်အောင်သာလာခဲ့ပေတော့။ မယ်မင်းကြီးမရေ…”

စိုးကတော့ ဖုန်းချသွားလေပြီ။ လာမယ်မလာဘူးဆို တဲ့စကားတောင်မပြောလိုက်ရပါ။ စိုးသည် ငယ်က အကျင့်ကို ယခုချိန်အထိ မပျောက်သေး။ တစ်ဇွတ်ထိုး လုပ်သည့်နေရာတွင် နှစ်ယောက်မရှိသူဖြစ်လေသည်။ ညိုလာမည်ဟု တစ်ထစ်ချယုံကြည်ကာ ဖုန်းချသွား သည့် သူငယ်ချင်းမျှော်နေမှာစိုးတာကြောင့်ရယ်၊ ညို့ကိုတွေ့ ချင်တာဘယ်သူများလည်းဆိုတာ သိချင်တာရယ်ကြောင့် စိုးဆီကို အရောက်သွားဖို့ ဆုံးဖြတ်လိုက်မိပါသည်။

……………………..

အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဆိုတဲ့ စကားအတိုင်းပဲ ကျွန်မဟာမလာသင့်တဲ့နေရာကို လာခဲ့ မိပြီဆိုတာကို စိုးအိမ်ရောက်မှသိခဲ့ရတာပါ။ ညိုဟာ.. သူငယ်ချင်းတွေပျော်ပျော်ပါးပါးပြန်ဆုံကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ စိုးအိမ်ကိုအလာ…ဧည့်ခန်းမှာ ထိုင်နေတဲ့ သူကိုတွေ့လိုက်ရတော့ လှည့်ပြန်သွားဖို့ဆုံးဖြတ်လိုက်မိ တယ်။ ဟုတ်တယ်လေ..ညိုဟာ မြန်မာအမျိုးသမီးတစ်ယောက်၊ ပြီးတော့ ခင်ပွန်းသည်အပေါ်သစ္စာရှိတဲ့ အိမ်ရှင်မကောင်း တစ်ယောက်ပဲဖြစ်ချင်တယ်လေ။ ခင်ပွန်းသည်ကွယ်ရာ မှာ ညိုစိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အခြားယောက်ျား တစ်ဦးနဲ့နှစ်ယောက်ထဲ စကားလက် ဆုံကြဖို့ မသင့်တော်ဘူးဆိုတာ ညိုသိတယ်။ ဒါကြောင့် လှည့်ပြန်မယ်အလုပ်မှာ…

“ဟေ့..မယ်ညို..အမလေးကွာ စိုးကမင်းလာမှ လာပါ့ မလားလို့ စိတ်တထင့်ထင့်နဲ့။နာရီဝက်ရှိ လို့မှမလာရင် စိုးက မင်းအိမ်ကိုလိုက်ပြီးခေါ်တော့မလို့ကွ..သိလား..”

“တော်စမ်းပါစိုးရယ်။ ညိုကိုတွေ့ချင်တဲ့ဧည့်သည်ဟာ ဦးမင်းထက်နိုင်မှန်းသိရင် ညိုမလာပါဘူး။ တကယ်တော့ စိုး..ညို့ကို ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ညိုလာမိ တာမှားသွားပြီ…”

“မမှားပါဘူးညိုရယ်..ဧည့်သည်ဟာ ကိုယ်ပါဆိုရင် ညိုလာမှာမဟုတ်မှန်းသိလို့ စိုးကိုမပြောခိုင်းတာပါကွယ်..”

“အင်းပေါ့လေ..ရှင်ဟာအမြဲတမ်းလိမ်ညာဖုံးကွယ်တတ်တဲ့ သူဆိုတော့ ဒီကိစ္စဟာ ရှင့်အတွက်မဆန်းပေမယ့် ကျွန်မ အတွက်တော့ ဆန်းတယ်ရှင့်။ ခင်ပွန်းသည် ကွယ်ရာမှာ ရည်းစားဦးနဲ့ချိန်းတွေ့တယ်ဆိုပြီး ပတ်ဝန်းကျင် သိသွား ရင်မကောင်းဘူးရှင့်။ ကျွန်မရဲ့ဂုဏ်သိက္ခဏာ ၊ကျွန်မ ခင်ပွန်းရဲ့ ဂုဏ်သိက္ခာ၊ ပြီးတော့…ကျွန်မသားသမီး တွေ ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းရအောင် ရှင်တမင်ဖန်တီးထား တာတော့ မဟုတ်လောက်ပါဘူးနော်..”

“ပြောရက်လိုက်တာ ညိုရယ်…ကိုယ်ဟာ တဒင်္ဂသာယာ မှုနောက် ကိုလိုက်ခဲ့မိတဲ့အတွက်ကြောင့်သာ မင်းအပေါ် ကို သစ္စာမဲ့သလိုဖြစ်သွားရတာပါကွယ်။ တကယ်တော့… ကိုယ်ဟာ ညို့ကိုအခုချိန်ထိ…ချစ်…”

“တော်ပါရှင်..လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေပါနဲ့.. ရှင့်မှာလည်း ရှင့်အိမ်ထောင်နဲ့အခြေတကျဖြစ်နေပါပြီ။ ကျွန်မမှာလည်း ကျွန်မအိမ်ထောင်နဲ့ ကျွန်မအခြေ တကျဖြစ်နေပါပြီ။ ကျွန်မဟာ ကျွန်မရဲ့မိသားစု ဘ၀လေး ပြိုကွဲ အောင် ကာယကံ၊ ၀ဇီကံနဲ့ကျူးလွန်သူမှန်သမျှကို ကျွန်မအသက်နဲ့ လဲပစ်မယ်သိလား။ ရှင့်လိုသစ္စာမရှိ ကတိမတည်သူရဲ့ပါးစပ်ကထွက်လာတဲ့စကားတွေကို ကျွန်မ ယုံကြည်မယ်ထင်သလား..ဦးမင်းထက်နိုင်. .ဝေး ပါသေး ရဲ့ရှင်..”

“ပြောချင်တာသာပြောပါတော့ ညိုရယ်။ ကိုယ်ကမင်းပြော သမျှကို ခါးဆီးခံဖို့ရောက်လာတဲ့သူပါကွာ။ ကိုယ့်ရဲ့ အပြစ်တွေကို ကိုယ်ပေးဆပ်ဖို့ရောက်လာတာပါ။ ဒီဘ၀ နဲ့မကျေလည်းနောင်ဘ၀အထိလိုက်ပြီးဆပ်မယ့်သူပါ ကွာ။ အခုလည်း မင်းကိုတောင်းပန်ချင်လွန်းလို့ ရောက် လာ တဲ့သူပါ။ ညိုရဲ့ခွင့်လွှတ်ဖို့ကို မမျှော်လင့်ရခဲ့ပေမယ့် ညို့ကိုတောင်းပန်လိုက်ရရင်ပဲ ကိုယ်ကျေနပ်ပါပြီ။ ကိုယ် ဟာ ညိုနဲ့တွေ့ပြီးတောင်းပန်ရုံကလွဲပြီး ညို့ရဲ့ဂုဏ် သိက္ခာညှိုးနွမ်းအောင် အနှောင့်အယှက်ပေးမယ့် သူမဟုတ် ဘူးဆိုတာတော့ ယုံစေချင်တယ်ကွာ။ ကိုယ်လည်း.. အခုသစ္စာစူးနေပါပြီကွာ..”

“အဲဒါကတော့ ရှင်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အရာတွေပဲ မဟုတ်လား။ တော်ပါတော့ရှင်..အခုမှတော့ တယောလာ ထိုးမနေပါနဲ့တော့။ ဟိုတစ်ချိန်တုန်းကလို ရှင်ပြောတိုင်း ယုံမယ့် ခပ်ညံ့ညံ့ညိုမဟုတ်တော့ဘူးဆိုတာ ရှင်မြဲမြဲ မှတ်ထားပါ ဦးမင်းထက်နိုင်။ ကျွန်မရဲ့ဂုဏ်သိက္ခာ ကိုလေးစား ရင် ရှင်ရှေ့ဆက်ဇာတ်လမ်းမဆင်ပါနဲ့တော့။ ကျွန်မဟာ ကျွန်မခင်ပွန်းသည်အပေါ် သစ္စာရှိတဲ့မြန်မာ အမျိုးသမီးကောင်းတစ်ယောက်၊ဟီရိသြတ္တပ္ပတရား လက်ကိုင်ထားတဲ့ မိန်းမကောင်းတစ်ယောက်အဖြစ်နဲ့ ပဲ လောကအလယ်မှာ ရပ်တည်သွားပါရစေ။ ရှင့်အနေနဲ့ ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် ကျွန်မကို မဆက် သွယ်ပါနဲ့တော့ ဦးမင်းထက်နိုင်…”

ညိုလည်းဦးမင်းထက်နိုင်ကို ပြောချင်တာတွေပြောကာ  ပြန်လာမိလိုက်တာ စိုးကို နှုတ်မဆက်မိမှန်းကို အိမ်ရောက်မှသာ သတိထား မိတော့ တယ်ရင်ထဲမှာတော့ နာကျင်ခြင်း ၊ဒေါသဖြစ်ခြင်းတွေ နဲ့ ဗလောင်ဆူနေပြီ။

“ဟော..ညိုရေ..ဆရာကြီးဆီကဖုန်းလာတယ်။ခဏနေ ရင်ပြန်ဆက်မယ်တဲ့..”

တစ်ချိန်လုံးထိုင်မျှော်နေတုန်းကတော့ ပေါ်မလာ။ လာမည့်လာတော့ လည်း ညိုအပြင်သွားမှပဲလာရ တယ် လို့။ခွင့်လွှတ်ပါ အစ်ကိုကြီးရယ်..ညိုလေ.. အစ်ကိုကြီး ကွယ်ရာမှာ လော်လီဖောက်ပြားလိုတဲ့စိတ်နဲ့ ဦးမင်း ထက်နိုင်ကို သွားတွေ့ခဲ့တာ မဟုတ်ပါဘူးရှင်။ ညိုဟာ အစ်ကိုကြီးကိုလေးစားမြတ်နိုးပြီး အစ်ကိုကြီးအပေါ်မှာ ဘယ်သောအခါမှ သစ္စာဖောက်မယ့်သူမဟုတ်ဘူးဆိုတာ ယုံပါအစ်ကိုကြီးရယ်..။ပြီးတော့.. ညိုရဲ့သား သမီးတွေ   လောကအလယ်မှာ မျက်နှာငယ်ရအောင်လည်း မလုပ်ဘူးဆိုတာ ယုံပါအစ်ကိုကြီးရယ်..”

“ကလင်..ကလင်…”ဟူသည့်အသံကြောင့် ညိုရဲ့အတွေး အာရုံပျက်သွားသည်။ အစ်ကိုကြီးရဲ့ဖုန်းပဲဖြစ်ပါစေလို့ ဆုတောင်းပြီး အကိုင်မှာတော့…

“ညိုလေးလား..အစ်ကိုကြီးပါ။ ခုနကဖုန်းဆက်သေး တယ်။ ညိုလေးအပြင်သွားတယ်ဆိုလို့ ညိုလေး အသံကြား ချင်တာနဲ့ ဖုန်းဆက်လိုက်တာ။ ဘယ်လိုလဲ ညိုလေးနေကောင်းတယ်မဟုတ်လား…”

“ဟုတ်ကဲ့…အစ်ကိုကြီး ညိုနေကောင်းပါတယ်။ ဒါနဲ့ အစ်ကိုကြီးရောအဆင်ပြေရဲ့လားဟင်..အစ်ကိုကြီးအဆင် မှ ပြေပါ့မလားလို့ ညိုမှာစိတ်ပူနေရတာ..”

“ပြေပါတယ် ညိုလေးရယ်။ ညိုလေး ရဲ့မေတ္တာစေတနာကြောင့် အစ်ကိုကြီးဘ၀မှာ အရာအားလုံးအဆင်ပြေခဲ့ တာချည်းဘဲ မဟုတ်လား..”

“အစ်ကိုကြီးအဆင်ပြေရင်ညို့ကိုလာခေါ်ကွာ။ ညို အစ်ကိုကြီး နဲ့လိုက်ခဲ့မယ်..”

“ဟောဗျာ…ဆိုင်းမဆင့်ဗုံမဆင့်ပါလား မရွှေညို.. အစကတည်းက လိုက်ခဲ့ပါဆိုတော့ အိမ်ကိုစိတ်မချရ တာနဲ့၊ သားသမီးတွေနဲ့အဆက်အသွယ်ပြတ်မှာစိုးတာနဲ့ ဘာလဲ..အခုတော့..အစ်ကိုကြီးနဲ့မခွဲနိုင်လို့လားဟင်..ညိုလေး ဒါမှမဟုတ် စိတ်မချလို့လာ။စိတ်ချပါ ညိုလေးရယ်.. အစ်ကိုကြီးမှာ ညိုလေးနဲ့သားသမီးသုံးယောက်ကလွဲပြီး တွယ်တာစရာမရှိပါဘူးကွာ..”

“ကဲပါ..အစ်ကိုကြီးရယ်၊အစ်ကိုကြီးအလုပ်အားအားချင်း ညို့ကိုလာခေါ်ပါနော်..”

“အိုကေ..ညိုလေးရေ…စိတ်ချလာခေါ်မယ်..ဟုတ်ပြီလား..”

ညိုသည် ခင်ပွန်းသည် ဦးကျော်ကျော်မောင်နှင့် ဖုန်းပြောပြီး မှစိတ်ထဲမှာ အနည်းငယ်ပေါ့ပါးသွားသည်။ ခင်ပွန်းသည် ဦးကျော်ကျော်မောင်လာခေါ်လျှင် လိုက် သွားတော့မည်။ သားနှင့်သမီးတို့ဆီကိုတော့ ဖုန်းနဲ့ ပဲ အကြောင်းကြားလိုက်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက် သည်။

“ညိုရေ..မိုးတွေအရမ်းသည်းလာပြီ။ ပြတင်းတံခါးတွေ ပိတ်လိုက်မယ်နော်..”

ဟော…ပြောရင်းဆိုရင်း မိုးတွေရွာလာပြန်ပြီ။သြော်… မိုး… မိုး…  မိုးရွာတိုင်းမှာ ညိုအတွက် ရင်ထဲမှာ ခံစားချက် တစ်ခု မဟုတ်တစ်ခုကြုံနေရတာ တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် တမင်သက်သက်ဖန်လာတဲ့ ကံကြမ္မာ ကိုဘဲ ရိုးမယ်ဖွဲ့ရမလား။မိုးဟာ ညို့ကိုပျော်ရွှင်မှု၊ ၀မ်းသာ ကြည်နူးမှုကိုလည်း ပေးသလို စိတ်ညစ်စရာ ကြေကွဲ စရာတွေနဲ့ကြုံရတာလည်း ဒီမိုးပဲမဟုတ်လား။ ဘယ်လို ဘဲပြောပြော မိုးက ပေးတဲ့အမှတ်တရတွေကတော့ ညို့အတွက် ကုန်ရောကုန်ပါဦးမလားဟု… စိတ်မှာတွေးမိရင်း……………………………………

                        ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

No comments:

Post a Comment