Wednesday, June 11, 2014

ဖမ်းဆီးခံ နိုင်ဂျီးရီးယား ကျောင်းသူအား မွတ်ဆလင် အကြမ်းဖက်သမား ၁၅ ဦးမှ တစ်နေ့ ၁၅ ကြိမ် မုဒိန်းကျင့်ခဲ့

ဖမ်းဆီးခံ နိုင်ဂျီးရီးယား ကျောင်းသူအား မွတ်ဆလင် အကြမ်းဖက်သမား ၁၅ ဦးမှ တစ်နေ့ ၁၅ ကြိမ် မုဒိန်းကျင့်ခဲ့

ဘိုကိုဟာရမ်အစ္စလမ္မစ်စစ်သွေးကြွအဖွဲ့ကဖမ်းဆီးသွားသည့် ကျောင်းသူလေးများထဲမှချီဘော့အမျိုးသမီးငယ် ကျောင်းသူလေးမှ သူမ၏ ရင်နင့်ဖွယ်ဖြစ်ရပ်အား ပြန်ပြောပြခြင်းဖြစ်သည်။ အဆိုပါ ကျောင်းသူလေးမှာ မွတ်ဆလင်အကြမ်းဖက် သမား များ လက်ထဲက မလွတ်မြောက်ခင်အထိ အစ္စလမ္မစ်  ၁၅ ယောက်က သူမကို တစ်နေ့ ၁၅ ကြိမ် နေ့စဉ် မုဒိမ်းကျင့်တာကို ခံခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တသုံးပတ်က မိန်းကလေးများ ဖမ်း ဆီး ခံခဲ့ရခြင်းမှာ ၎င်းအဖွဲ့၏လက်ချက် ဖြစ်ပြီး ဖမ်းဆီး ထားသည့် မိန်းကလေးများကို ကျွန်အဖြစ်ရောင်း စားမည် ဟုဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင်အဘူဘာကာရှီကာယူ က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ဖမ်းဆီးခံရသည့် မိန်းကလေးများ၏ ကံကြမ္မာအတွက် စိုးရိမ်ပူပန်မှုများ မြင့် တက်လာခဲ့သည်။

ထို့ပြင် ဘိုကိုဟာရမ်အဖွဲ့သည် ဒေသတွင်း၊ သို့မဟုတ် နယ်ပယ်တစ်ခုရှိ အဆိုးရွားဆုံး အကြမ်းဖက် အဖွဲ့အစည်း များထဲမှ တစ်ဖွဲ့ဖြစ် ကြောင်း အိုဘားမား က ပြောကြား ခဲ့သည်။ဧပြီလ၁၄ရက်နေ့ နိုက်ဂျီးရီးယားနိုင်ငံအရှေ့

 မြောက်ပိုင်း ချီဘို့ခ်မြို့ရှိ ကျောင်းတစ်ကျောင်းမှ က ဖမ်းဆီးသွားခဲ့သော အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အကြား ကျောင်းသူ ၂၂၀ ကျော်ကို ချက်ဒ် နျင့် ကင်မရွန်း တို့ကဲ့သို့အိမ်နီးချင်းနိုင်ငံများသို့ဘိုကိုဟာရမ်အဖွဲ့က ရောင်း စား လိုက်ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိကြောင်း အမေ ရိကန်အရာရှိများကပြောကြားခဲ့သည်။

သို့သော်အဆိုပါမိန်းကလေးများကိုယင်းတို့၏နိုင်ငံများသို့   ရောင်းစားခဲ့ခြင်း မရှိကြောင်းချက်ဒ်နှင့်ကင်မရွန်း အစိုးရတို့ က ပြောကြားခဲ့သည်။ နိုက်ဂျီးရီးယားနိုင်ငံ၌ မိန်းကလေးများ အဓမ္မဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံး စိုးရိမ်မှုများ မြင့်တက်နေသည့်အချိန်နျင့် လုံခြုံ ရေးပိုင်းစိုးရိမ်ရသည့် အခြေအနေတွင် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို ယင်း၏မြိုကတော်ဖြစ်သော အဘူဂျာ ၌ မေလ ၇ ရက်နေ့ က စတင်ကျင်းပခဲ့သည်။

No comments:

Post a Comment