Wednesday, June 11, 2014

တပ်မတော်သားအားလုံး မတ်တတ်ရပ် ကန့်ကွက်သော်လည်း ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု

တပ်မတော်သားအားလုံး မတ်တတ်ရပ် ကန့်ကွက်သော်လည်း ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု

အမျိုးသားလွှတ်တော်တွင်လာမည့် ရွေးကောက်ပွဲ၌အချိုး ကျကိုယ်စားပြု ရွေးကောက်ပွဲ(PR)စနစ် ပြောင်းလဲကျင့်သုံး ရန် ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ထောက်ခံသူများသည့်အတွက် အဆိုအတည်ဖြစ်သွားပြီဖြစ်သည်။

အဆိုကိုမဲခွဲဆုံးဖြတ်ရာ၌တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ် အားလုံးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ် များကမတ်တတ်ရပ်၍ကန့်ကွက်သော်လည်း  ပြည်ထောင်

စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စား လှယ်များ က ထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် အဆို အနိုင်ရရှိ သွားခြင်းဖြစ်သည်။

အဆိုအနိုင်ရရှိသော်လည်း ရွေးကောက်ပွဲစနစ်အရေးကြီး သည့်အတွက်လွှတ်တော်အနေဖြင့်  ကော်မရှင်ဖွဲ့၍   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေး ရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား လိုက်သည်။

No comments:

Post a Comment