Tuesday, June 24, 2014

မနက်ဖြန်…..ရှေ့သို့

မနက်ဖြန်…..ရှေ့သို့





မျက်မှောက်ကာလသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ်ရောက်ရှိရန် ပုံဖော်တည်ဆောက်နေသောအချိန်အခါကောင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ပြောင်းလဲရာတွင်လည်းစနစ်ဟောင်းမှစနစ်သစ် သို့ ရုတ်တရက်ချက်ခြင်းပြောင်းလဲ ခဲ့ခြင်းမဟုတ်ပြန်ပါ။ Changesတိုင်းသည် အကောင်းချည်းမဖြစ်နိုင်သကဲ့သို့ အဆိုးချည်းပဲလည်းမဖြစ်နိုင်ပါ။ အရာရာတိုင်းသည် ကောင်းသောပြောင်းလဲခြင်းဖြင့်ပြောင်းလဲလျှင် ဆိုဖွယ်ရာမရှိသော်လည်း ပြောင်းလဲလိုက်သည့်အချိန်ကျမှ အဆိုးဘက်သို့ဦးတည်သွားသည်များလည်းရှိနိုင်ပါသည်။ အဆိုးဘက်သို့ဦးတည်သွားလျှင်အနှုတ်လက္ခဏာ ဆောင် သွားပေမည်မဟုတ်ပါလော။ အနှုတ်ဟူသည် မိမိရှိသည့် အထဲမှလျှော့နည်းသွား သည့်သဘောပင်။ အနှုတ် လက္ခဏာသည် အမုန်းဆီသို့ဦးတည်နေသည့် လက္ခဏာ ပင်ဖြစ်ပါသည်။ ကျွန်ုပ် တို့ပြည်ထောင်စုသမ္မတမြန် မာနိုင် ငံတော်ကြီးသည် အပြုံးဘက်သို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဦးတည်ချီ တက်လျက်ရှိနေ ပါသည်။

ယခုလို အကောင်းဘက်သို့ ဦးတည်ချီတက်ပြောင်းလဲ လာခြင်းများသည် ချက်ခြင်းရခဲ့သည်မဟုတ်ပြန်ပါ။ “ခုရေတွင်းတူး ခုရေကြည်သောက်”ခဲ့ရခြင်းမျိုးမဟုတ်ပါ။ ယနေ့ကဲ့သို့ အချိန်အခါကောင်းမျိုးကို ရောက်ခဲ့ သည်မှာ စနစ်တကျပြုပြင်ဖန်တီးကာတစ်ဆင့်ချင်းပုံဖော်တည်ဆောက် ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

ယနေ့နိုင်ငံတော်သစ်ကြီး၏အခြေအနေကောင်းအချိန်အခါကောင်းကိုပြောမည်ဆိုပါက နိုင်ငံတော်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(တပ်မတော်အစိုးရ) ၏ အခန်းကဏ္ဍကိုလည်းချန်လှပ်ထားလို့မရပါ။ ၄င်းအစိုး ရလက်ထက်တွင် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒ (Road Map) ချမှတ်ကာ တစ်ဆင့်ချင်း  ဆောင်ရွက်ခဲ့ သည့်အမွေခံကောင်းများကြောင့်သာယနေ့လိုအချိန်ကောင်း အခါကောင်းရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရာ မှာ နိုင်ငံရေးတစ်ခုတည်းသာကဘဲ စီးပွားရေး၊လူမှုရေး အခြေခံခိုင်မာအောင်လည်း ဆောင်ရွက်ခဲ့ရပြန်ပါသည်။ တစ်ဖန်တိုင်းပြည်တစ်ပြည်သည် တည်ငြိမ်မှအေးချမ်း မည်။ အေးချမ်းမှဖွံ့ဖြိုး တိုးတက်အောင်ကြိုးစားဆောင် ရွက်လျက်ရှိပါသည်။

၂၀၀၈ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြု ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် အညီ ၂၀၁၀ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့ ရာတွင်ယုံကြည်ချက်အဖုံဖုံ ပေါင်းစည်းမှုအထွေထွေ  ဖြင့် ပါတီများစွာမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ယနေ့တွင်
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ပါတီပေါင်း (၅၉)ပါတီရှိပါသည်။

ယနေ့မြန်မာနိုင်ငံတော်ကြီးမှာများမြောင်လှသော ပါတီ များစွာရှိနေစေကာမူ ပြည်သူ့အပေါ်တွင်ထားရှိ သော   စေတနာ၊ မေတ္တာမှန်ကန်မွန်မြတ်ဖို့လိုအပ်သကဲ့သို့ လက်တွေ့လုပ်ဆောင်ချက်များသည် တိကျ ခိုင်မာဖို့ လို အပ်ပါသည်။ သို့မှသာ ပြည်သူ့အကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မှာဖြစ်ပြီး ပြည်သူကလေးစား အားကိုးရ သည့် ပြည်သူ့ပါတီဖြစ်ပေမည်။ ထို့ပြင်…မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန်မှာ ပါတီများတွင်လည်း တာဝန် အပြည့် ရှိသည်မဟုတ်ပါလား။ တစ်မြေတည်းနေတစ်ရေ တည်းသောက် တစ်မိုး အောက်မှာ အတူတကွ ချစ်ကြည် ရင်းနှီးစွာနေထိုင်ရင်းမိမိနိုင်ငံခေတ်မီဖွံ့ဖြိုးတိုတးက်စေရန် မှာ မိမိတို့တာဝန်ပင်ဖြစ်ပါသည်။

အဆုံးသတ်ခြင်းသည် ပျောက်ကွယ်သွားခြင်းမျိုးမဟုတ်ဘဲ  နောက်တစ်ခုပြန်စရန်အတွက် ဖြစ် ပါသည်။ ထို့ကြောင့် ခေတ်ဟောင်းစနစ်ဟောင်းများကို အဆုံးသတ်ခဲ့ပြီဖြစ်ကာ ခေတ်သစ်စနစ်သစ်သို့ အစပျိုးနေ ချိန်မှာ အပေါင်းလက္ခဏာဆောင်ရလေအောင်အားလုံးက တက်ညီလက်ညီ ရွက်ချီမည်ဆိုပါ လျှင် အေးချမ်းသာ ယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့်ဒီမိုကရေစီနိုင်ငံဖြစ်သော  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ၀ံ့ထယ်နေမှာဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ တွင် နှစ်ပေါင်း (၁၂၃)နှစ်၊ ပြည်တွင်းဆူပူသောင်းကျန်း မှုနှစ်ပေါင်း(၆၀)၊ စီးပွားရေးပိတ်ဆို့မှုနှစ်(၂၀)ကျော်ခါး ဆီးခံခဲ့ရပြီးပါပြီ။ယနေ့ကမ္ဘာနိုင်ငံအသီးသီးသည်လည်း   ဘေးအန္တရာယ်အမျိုးမျိုးကို နေ့စဉ်နှင့်အမျှ ဆိုသကဲ့သို့ ကြုံတွေ့ခံစားနေရ ပါသည်။ မြန်မာနိုင်ငံသည်လည်း ယခုမှတည်ငြိမ်အေးချမ်းစအချိန်၊ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်စတင်လျှေက်လှမ်းနေအချိန်မှာမိမိစကား တစ်ခွန်းကြောင့် ပြည်သူများ ဒုက္ခ မရောက်စေရအောင် အထူးကြိုးစားဆောင်ရွက်ဖို့လိုအပ်ပါသည်။
ယနေ့ကာလသည် နိုင်ငံတော်၏ရှေ့ခရီးကို အေးချမ်းသာ ယာစွာ လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ မိမိတို့သည် အပေါင်းလက္ခဏာဆောင်မည်လားအနှုတ်လက္ခဏာဆောင် မည်လား သေချာဝေဖန်သုံးသပ်ကာစဉ်းစားဆင်ခြင်သင့် လှပါသည်။

                                ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)


No comments:

Post a Comment