နမောဗုဒ္ဓါယ သိဒ္ဓံ
(၁)
အောင်ဇေယျတု၊ အောင်စေမှုဖြင့်
အောင်ဆုလွှင့်နှိုး၊ အောင်သံပျိုး၍
အောင်ကျိုးကိုရည်၊ အောင်မည်ကိုမှန်း
အောင်ပန်းထွေထွေ၊ အောင်ကြောင်းဝေဟု
အောင်စေတနာ၊ အောင်သြဘာနှင့်
အောင်ရာအတိတ်၊ အောင်နိမိတ်ကြောင့်
အောင်ဟိတ်အဟုန်၊ အောင်စိတ်စုံတို့
ကုံလုံချက်ခြာ၊ ပြည်မြန်မာ၏
ရင်မှာဖြစ်တည်၊ ပြည့်စစ်သည်သား
ဇာနည်ဖွားတို့၊ ဂုဏ်အားထုတ်ဖော်
တပ်မတော်နေ့၊ ခါချမ်းမြေ့ကား
စေ့ရေတွက်စစ်၊ နှစ်ကားခုနစ်ဆယ်
စွန်းကယ်တစ်နှစ်၊ ချိန်ကောင်းစစ်ကို
တွယ်ရစ်ရင်မှာ၊ မမေ့သာမို့
ကြောင်းရာဂုဏ်မော်၊ တပ်မတော်၏
ညွှန်းဖော်ဖြစ်ရပ်၊ အထုပ္ပတ်ကိုလွှမ်းပတ်ရှည်ကြာ၊
တည်စိမ့်ငှာလျှင်
ကဗျာမော်ကွန်း၊ ဖော်ကာသွန်းမည်
ဆော်ရွှမ်းမင်္ဂလာတည်စေသတည်း။
(၂)
လူသားအစ၊တည်ဦးကပင်
မြန်မာ့ပုံသု၊ရေမြေထု၌
လူမှုအဖွဲ့၊စတည်ခဲ့၍
စုဖွဲ့ရာတွင်၊ရေကြည်လျှင်ရောက်၊
မြက်နုပေါက်လျှင်၊စခန်းထွင်၍
အေးလျှင်အတူ၊ပူလျှင်မခွဲ
တစ်သေးထဲတည့်၊အမြဲချစ်ကြည်
သွေးစည်းစည်းပြီး၊ရပ်တည်ချက်မှန်
လုံလသန်၍၊အားမာန်လက်ရုံး
ဟုန်းဟုန်းတက်ကြွ၊နှလုံးလှသည့်
အာဂနွယ်ဖွား၊မြန်မာများတို့
တိုင်းကားခြေတည်ခန့်ခန့်ထည်အောင်
ရွှေပြည်ရွှေတိုင်း၊ရွှေသမိုင်းကို
ဆစ်ပိုင်းရေးထိုးခဲ့သည်တည်း။
(၃)
ကိုယ့်မြေကိုယ့်ရေ၊ကိုယ့်ရပ်ဒေသာ
ကိုယ့်ပြည်ရွာတွင်၊ဘာသာတရား
လက်ကိုင်ထား၍၊ဘုရားဟောပြ
အဆုံးမကို။တိကျလိုက်နာ
ရောင့်ရဲစွာဖြင့်၊လောဘာရမ္မက်
လွှမ်းမတက်ဘဲ၊သမဂ္ဂါနံ
အမှန်တပေါ၊သုခေါဟူဘိ
ပါဠိအလာ၊လမ်းညွှန်စာကို
လိုက်နာကျင့်ယူ၊မြန်မာလူတို့
စိတ်တူညီညာ၊ရုံးစည်းကာနှင့်
ကြည်သာအေးမြ၊ရောင့်ရဲကြရင်း
ဘ၀အလှ တည်သတည်း။
(၄)
ဘ၀အလှ၊ တည်ခဲ့ကြလည်း
တက်ကြွခိုင်ကျည်၊ စစ်ရည်စစ်သွေး
စစ်တွေး စစ်ကြံ၊ စစ်မာန်ထက်မြ
စစ်သွေးကြွလျက်၊ ရွာမှမြို့တည်
မြို့သည် ပြည်ဖြစ်၊ ပြည်သည်နိုင်ငံ
တိုးတက်ဖန်၍၊ ဟန်လင်း ဗ္ဓိဿနိုး
တန်ခိုးဖြာဝေ၊ သရေခေတ္တရာ
ပျူနွယ်လာမှ၊ ဆင့်ကာတည်ပြန်
ပုဂံ ပင်းယ၊ အင်းဝတောင်ငူ
တစ်မူ ညောင်ရမ်း၊ တစ်ခန်းကုန်းဘောင်
ဘုန်းရောင်ပြိုးပြက်၊ တန်ခိုးလက်ကာ
ရွှေမြန်မာတို့၊ ရွှေလွှာရွှေသွေး
ရွှေရည်ရေး၍၊ ရွှေဆေး ရွှေစက်
ရွှေရည်လက်သည်
ပြိုးပြက်ရွှေပြည်ဝင်းသတည်း....။
(၅)
ခေါက်ရှာငှက်လျှင်။ ပျံသည့်သွင်သို့
မြင့်လျှင်တင်လိုက်၊ နိမ့်ဘက်ရောက်က
ကျလိုက်ခါသာ၊ ဓမ္မတာသို့
သမ္ဘာဂုဏ်ဆောင်း၊ သမိုင်းကြောင်းတွင်
အားကောင်းမောင်းသန်၊ စစ်အားမာန်တို့ ထက်သန်ခိုင်ဖြီး၊ ဂုဏ်ရှိန်ညီးက ပြည်ကြီးတိုးတက်၊ ဖွံ့ဖြိုးလျှက်တည့်။
ပြည့်တွက် ဦးဆောင်၊ ဥသျှောင်သခင် ဘုရင်မင်းမြတ်၊
စစ်ဂုဏ်ဒြပ်နှင့် သတ္တိအစွမ်း၊အံ့မခန်းရှိ စစ်၏အထာ၊
စစ်ရေးရာကို
သေချာကျန၊ တတ်ပွန်ကလျှင်
မြန်မာ့ရွှေပြည်၊ ၀ပြောစည်၏။
တစ်လီမခြား၊ပြည်သူသားတို့
မပြားမကွဲ၊ တူလက်တွဲ၍
တစ်ခဲနက်လျှင်၊ တွဲလက်ယှဉ်သော်
နိုင်ငံတော်ကြီး၊ ဂုဏ်ရှိန်ဟီး၍
ရွှေထီးရွှေနန်း၊ရွှေကြငှန်းနှင့်
မှတ်တမ်း ပထမ၊ ပုဂံမျသည်
တစ်လီတောင်ငူ၊ နောင်မူ ကုန်းဘောင်
ဘုန်းရောင်တိုးတက်၊ ပြိုးပြိုက်ပြက်သည်
လင်းလက်ရောင်ဝါထွန်းသည်တည်း....။
(၆)
စစ်မက်ဆိုလျှင်၊ ရဲစိတ်ဝင်၍
စစ်တွင်ရွှင်ပျော်၊စစ်စိတ်မော်သည်
အနော်ရထာ၊ မင်းမဟာ၏
ကြောင်းလျာဆက်စပ်၊ တွေးခေါ်တတ်သည့်
မြတ်သောအမွေ၊ ခံယူလေ၏။
မှန်စေကြောင်းလှစ်၊ မင်းကျန်စစ်၏
ကျစ်လျစ်ခံ့တည်၊ သွေးစည်စည်းရုံး
ချစ်ထုံးနှောင်ထား၊ တိုင်းရင်းသားတို့
မပြားမကွဲ၊တူလက်တွဲသည့်
ခိုင်မြဲစဉ်လာ၊ခံယူပါ၏။
တစ်ဖြာမှတ်စွဲ၊ မင်းရဲကျော်စွာ
မဟာဗႏ ၶဳလ၊ရဲစြစိတ္ထား
စွန့်စွန့်စားသည့်၊ စစ်အားစစ်ရည်
စစ်နှည် စစ်တွေး၊ စစ်ရေးစစ်ရာ
စစ်ဗျူဟာကို။ လေ့လာပိုက်ဖြား
မြဲမှတ်သား၏။
ထင်ရှားဂုဏ်တင့်၊ မင်းဘုရင့်နောင်
ဦးအောင်ဇေယျ၊ မြန်မာ့ဥသျှောင်
စစ်ခေါင်းဆောင်တို့၊ ရှေ့ဆောင်ပြညွှန်
စစ်ရေးဝန်ကို၊
အားသွန်ထမ်းရွက်ခဲ့သည်တည်း။
(၇)
ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်ရပ်ဒေသာ
ကိုယ့်ပြည်ရွာဝယ်၊ ဘာသာတရား
ဆုံးမများကို၊ လေးစားလိုက်နာ
ရောင့်ရဲစွာနှင့်၊လောဘာရမက်
လွှမ်းမတက်ဘဲ၊နှစ်သက်ရွှင်ကြည်
နေလာသည်တွင်၊ သူ့လျှင်ကိုယ်က
စ၍မကျူး၊ သူကျူးလျှင်လည်း
ငုံ့ပြီးမခံ၊ပြန်တွန်းလှန်သည့်
စစ်မှန်ပြည့်လျင်း၊ စစ်သွေးတင်းလည်း
ချင်းနင်းမောက်မော်၊ မသူတော်တို့
ကျူးကျော်သည့်စစ်၊ သုံးကြိမ်ဖြစ်၏။
စစ်ဖြစ်တိုင်းမှာ၊ ရှုံးရရှာ၍
ကြုံလာသနစ်၊ ပြန်ဆန်းစစ်သော်
ကျစ်လျစ်ခိုင်ဖြီး၊ အင်အားကြီးသည့်
တပ်စည်းရခိုင်၊ တို့မပိုင်ခဲ့။
နိုင်ငံ့ဥသျှောင်၊ခေါင်းဆောင်သည့်မင်း
လွန်ညံ့ဖျင်း၏။
``မခုခံရ၊ ခုခံသသူ
သူပုန်ဟူ ´´ဟု။ ရှင်လူသိကြား
မိန့်စကားကို၊ နားမျှလေပင်
မပန်ဆင်ဘဲ၊လူလျှင်လူချင်း
အားမာန်သွင်း၍၊အလျင်းကြောက်စိတ်
ထိတ်သည့်မူရာ၊ မရှိပါဘဲ
သွေးဖြာသက်ဆုံး၊ရှုံးချင်ရှုံးစေ
တို့တိုက်လေအံ့။
မကြေကမ္ဘာ၊တို့ပြည်ရွာကို
ဝင်ကာစိုးယူ၊ဘယ်လိုလူမှ
ရွံ့မူမထား၊ရဲဝံ့ငြားလည်း
နှုတ်ဖျားမြည်တမ်း၊ သပြေတန်းမျ
အုံကြွပွင့်အန်၊ တက်ခေါက်သံသည်
နိုင်ငံပြည်လုံး၊ ဟိန်းသတည်း။
(၈)
ရှေးအတီတေ၊ရှေးပဝေက
တည်နေခဲ့ရှာ၊ တို့ပြည်ရွာကို
တို့သာပိုင်စိုး၊ တို့အမျိုးသာ
အချုပ်ခြာဟု၊ စွဲလာမှတ်ရစ်
ခံယူဖြစ်လည်း၊ နိမ့်လေနောက်ကျ
ယှဉ်မရသော်၊ လောဘသမား
လူမျိုးခြားတို့၊ စစ်အားကိုပြု
တိုင်းပြည်လုသော်၊ ခုခုခံခံ
ဓားလှံလွှင့်မြောက်၊ မကြောက်တရား
ရင်မှာပွား၍၊ သွေးသားသက်ကြွေ
မမှုလေဘဲ၊ တို့မြေတစ်စ
ပဲ့မကျအောင်၊ ရဲစွစိတ်ထား
စွန့်စွန့်စားလည်း၊ တိုင်းကားပြည်မှောက်
သူ့လက်ရောက်၍၊ သားပေါက်နွံနစ်
သူ့ကျွန်ဖြစ်သည်၊
ရာနှစ်ကျော်လွန်ခဲ့သည်တည်း။
(၉)
ဗြဟ္မစိုရ်တရား၊ထုံမွှမ်းထားသည့်
တရားမျှတ၊လွတ်လပ်မှလျှင်
အေးမြသာယာ ကိုယ့်ပြည်ရွာတွင်
ချုပ်ခြာပိုင်စိုး၊ ဂုဏ်ရ်ာတိုး၍
အမျိုးလှလျှက်၏၊ အသက်၀၀
ရှူ၍ရဟု စိတ်ကစွဲထင်
တို့ဘ၀င်ဝယ်၊ သခင်စိတ်ဓာတ်
မွန်မွန်မြတ်ကို၊ မပြတ်ပိုက်ထွေး
သိမ်းမြန်းမွေးမို့၊ တုံ့နှေးမပြု
ညီညာမှုဖြင့်၊ အန်တုဆင်နွှဲ
တော်လှန်ပွဲလည်း၊ အမြဲမပြတ်
ကြိမ်ကြိမ်ထပ်ခဲ့။
ယုတ်ပတ်စိတ်ထား၊ နယ်ချဲ့များကို
တို့ဓားတို့မာန်၊ တို့လှံတို့မြှား
တို့စွမ်းအားဖြင့်၊ ဆင့်ဆင့်တိုက်ပွဲ
စဉ်ကာနွှဲသော်၊ အောင်ပွဲမလှ
ရှုံးနိမ့်ရမို့၊ အာဂဇာနည်
မျိုးစစ်သည်၏၊ နီနီစွေးစွေး
မြန်မာ့သွေးတို့၊ စွန်းထေးပျံ့လွင်
ပြည်တစ်ခွင်ဝယ်
မြေပြင်အလုံး ဖုံးသတည်း…။
(၁၀)
ထိုမှစသည်၊ နှစ်ကြာရှည်သော်
စစ်ရည်စစ်သွေး၊ စစ်ရေးကိုပြု
အံတုမှုနှင့်၊ အောင်ဆုရည်မှန်း
လွတ်လပ်ပန်းကို၊ ဆွတ်လှမ်းမကြုံ
မရတုံဟု၊ ယုံယုံကြည်ကြည်
မျိုးဇာနည်တို့၊ အရှည်မျှော်တွေး
မျိုးသားရေးကို၊ အလေးပေးကာ
ဦးတည်လာ၍၊ မြန်မာအသင်း
ဖွဲ့ခြင်းအစ၊ ကလျာဏဟု
ယုဝတွင်မည်၊ အဖွဲ့တည်၍
ညီညာရုံးစု၊ဆောင်ရွက်မှုဖြင့်
ခုခုခံခံ၊ တို့တွန်းလှန်ခဲ့။
တစ်ဖန်ညီညာ၊ တို့ဗမာဟု
မည်ကာတစ်နည်း၊ အစည်းအရုံး
အားလုံးသခင်၊ မှည့်ခေါ်တွင်ကာ
အစဉ်ရှေ့က၊ လမ်းညွှန်ပြသည်
မြန်မာ့ကျွန်ဇာတ် ပြတ်ရေးတည်း။
(၁၁)
အင်္ဂလိပ်အခက်၊ တို့အချက်ဟု
ရှေ့ဆက်ခရီး၊ မျှော်ရည်ပြီးသော်
စုစည်းချက်ခြာ၊ ကျစ်လျစ်စွာနှင့်
ခိုင်မာပီပြင်၊ လက်နက်ဆင်၍
စစ်ပြင်ကျိုးကုတ်၊ စွမ်းရည်ထုတ်သော်
မျိုးယုတ်မိစ္ဆာ၊မှုစရာလား
တိုင်းတစ်ပါးရန်၊ တို့တွန်းလှန်ဟု
ဖန်ဖန်ထပ်ထပ်၊ ပြန်သုံးသပ်ကာ
တို့ဗမာခေါ်၊ ညီညာရုံးစု
သင်းဖွဲ့မှု၏၊ ရှေးရှုပြညွှန်
လွတ်ရေးဝန်ကို၊ အားသွန်ကြိုးရေး
ဦးမလေးသည့်၊ စစ်သွေးလျှံဖိတ်
ရဲသည့်စိတ်နှင့်၊ သုံးကျိပ်ရဲဘော်
ညီနောင်ဖော်တို့၊ တပ်တော်ဖွဲ့မူ
တောင်သူလယ်သမား၊ လုပ်သားများနှင့်
ဘုရားသားမှန်၊ သံဃာမယွင်း
ညီရင်းနောင်စု၊ ဖွဲ့တည်မှုနှင့်
ပြည်သူ့တပ်မတော်၊ ထွန်းသစ်ပေါ်သည်
နံစော်ညစ်ထေး၊ ကျွန်ဇာတ်ဆွေးကို
မနှေးသုတ်သင်၊ တိုက်ပွဲဝင်သည်
သခင်ပန်းတို့၊ လန်းရန်တည်း။
(၁၂)
ဘီအိုင်အေမှ၊ နိဒါန်းစ၍
ထိုမှတစ်လီ၊ဘီဒီအေခေါ်
မည်ပြောင်းသော်လည်း၊ တော်တည့်ဖြောင့်မှန်
သစ္စာနှံ၍၊ ကျင့်ကြံအားထုတ်
မဆုတ်မနစ်၊ စွမ်းရည်စစ်နှင့်
ရင်နှစ်မျက်ဖျော်၊တပ်မတော်သည်
အေးသော်အတူ၊ ပူသော်မခွဲ
စဉ်လက်တွဲ၍၊ သွေးထဲသားထဲ
သည်းရင်ထဲက၊ လှိုက်လှဲခိုင်မာ
ပြည်သူသာလျှင်၊ နှစ်လွှာတွင်ယှက်
စွယ်တော်ရွက်မို့၊ လက်တွဲတုန့်လှစ်
ပြည်သူ့စစ်ဖြင့်၊ အမြစ်မြေလှန်
ဖက်ဆစ်ရန်ကို၊တော်လှန်တိုက်ပွဲ
စဉ်ဆက်နွှဲသော်၊ အောင်ပွဲလီလီ
အောင်ခဲ့သည်မို့
အောင်စည်တီးကာ မော်သည်တည်း။
(၁၃)
အမျိုးမြင့်မြတ်၊ လွပ်လပ်လေပြီ
ဆိုရမည်လည်း၊ ထိုဆီကာလ
ထိုခေတ်ကလျှင်၊ ကမ္ဘာခွင်မှာ
လက်ျာ လက်ဝဲ၊ သွင်မူကွဲတို့
ပြည်ထဲရေးရာ၊ ၀င်နှောက်လာ၍
တိုင်းကားပြည်သီး၊ နိုင်ငံကြီးငယ်
အသွယ်သွယ်တွင်
ချယ်လှယ်လိုမှု၊သူတို့ပြု၏။
ဗိုလ်လုစိုးမိုး၊သွေးထိုးမြှောက်ပင့်
ချီးမြှင့်-ပံ့ပိုး၊ ရိုက်ချိုး-နှောင့်ယှက်
စွက်ဖက်-သပ်သွင်း
ဝါဒခြင်းပြိုင်၊ အားခြင်းဆိုင်၍
အနိုင်အထက်၊ စားကျက်လုမြဲ
စစ်အေးပွဲ၏၊ ငရဲဂယက်
လောင်မီးစက်သည်၊ ကူးလျှက်တို့ပြည်
ရောက်လာသည်တွင်၊ အစဉ်လက်တွဲ
စည်းရုံးမြဲမှ၊ သွေးကွဲဖြုတ်လက်
ကျောခိုင်းလျှက်လျှင်၊ လက်နက်ဆွဲကိုင်
ယမ်းငွေ့လှိုင်သော်၊ မခိုင်စိတ်ဝမ်း
ဘ၀င်နွမ်း၍၊ မချမ်းမမြေ့
ကပ်ဘေးတွေ့သည်၊ စေ့ရေတွက်စစ်
ရာဝက်နှစ်မျှ၊ ဖျစ်ဖျစ်ထန်သည်း
အရှိန်ကြီးသည်
စစ်မီးလောင်မြိုက်ခဲ့သည်တည်း။
(၁၄)
နယ်ချဲ့စနက်၊ သွေးခွဲချက်ကြောင့်
တစ်ဖက်နားဝင်၊ မကောင်းထင်ကာ
ဆွေစဉ်မျိုးရင်း၊ မြင်မရှင်းဘဲ
ချက်ခြင်းခုပေး၊ တို့အရေးဟု
လူမျိုးစုရေး၊ အလေးပေးကာ
သွေးဝေးလာသူ
ဘာသာရေးကို၊ ဘန်းပြဆို၍
အလိုရှိရာ၊ တောင်းဆိုလာသူ
ဝါဒရေးရာကိုင်ဆွဲကာဖြင့်
အာဏာရရေး၊ဦးမလေးသူ
သူ့လူငါ့လူ၊ ရာထူးယူ၍
ပြည်သူများအား၊ ကျောခိုင်းထားသူ။
တစ်လူတစ်မင်း၊တစ်ဗိုလ်ချင်းကြောင့်
ပြည်တွင်းစစ်မီး၊ ထိန်ထိန်ညီးသော်
ငိုညည်းဆွတ်ကျင်၊ သောကရင်နှင့်
မရွှင်ဗျာပါ၊ ဝေဒနာနှင့်
ပြာပုံဘ၀၊တွင်းဆုံးကျနှင့်
ဒုက္ခဝေစီ၊ ကပ်ထေါလီနှင့်
တည်မှီမရ၊ သောကာလတွင်
ဖေးမဆယ်ယူ၊ကယ်တင်သူမှာ
ငြူစူမဲ့ကင်း၊သဘောရှင်း၍
ရင်တွင်းဆန္ဒ၊ နှလုံးလှသည့်
အာဂဇာနည်။
သားစစ်သည်သာ ဖြစ်ကြောင်းတည်း။
(၁၅)
ဗိုလ်ချုပ်အောင်ဆန်း၊ သူမျှော်မှန်းသည့်
ပန်းတိုင်ဟူသည်၊ ပြည်ထောင်စုစစ်
စနစ် ဧကန်၊ ဖြစ်သည်မှန်လည်း
ဖန်ဖန်သပ်သွင်း၊ သွေးခွဲခြင်းနှင့်
အတင်းစွက်ဖက်၊ ထိုးနှက်ချက်ကား
ပြည်ဖျက်အန္တရာယ်၊ ဖက်ဒရယ်မူ
သပွတ်အူကို၊ ကူးယူဇွတ်တင်း
ကြိုးပမ်းခြင်းကြောင့်၊ ပြည်တွင်းရေးရာ
တင်းမာလာ၍၊ ပျက်ကာပြိုပေါက်
ချောက်ထဲအကျ၊ တစ်ခဏတွင်
ကယ်မဖေးကူ၊ ဆယ်တင်သူမှာ
ပြည်သူကဖွား၊ ပြည့်သားအစစ်
ပြည့်ရင်နှစ်ဟု၊ ပြည်ချစ်မျက်ဖျော်
တပ်မတော်သည်၊ တော်လှန်ရေးကောင်စီ
ထိုအမည်နှင့်၊ တိုင်းပြည်အာဏာ
ထိန်းရရှာသည်၊
မြန်ပြည်ဓွန့်ရှည် တည်ရေးတည်း။
(၁၆)
ဆိုရှယ်လစ်ဟု၊ တစ်ခေတ်တစ်ခါ
ထိုချိန်မှာက၊ ကမ္ဘာတစ်ခွင်
အလွန်တွင်ကျယ်၊ မြစ်တွယ်ကျစ်လျစ်
စနစ်ကိုပင်၊ ကိုယ့်အစဉ်နှင့်
အသွင်ပြောင်းမှန်၊ မြန်မာ့ဟန်ဖြင့်
နိုင်ငံတော်သစ်၊ တည်သည်ဖြစ်ရာ
စနစ်ကကောင်း၊ မူကကောင်းလည်း
လူကောင်းကျန်ရစ်၊ လူသစ်မသမာ
ကိုယ်ကျိုးရှာတို့၊ နေရာလုခြင်း
ရှုပ်မရှင်းနှင့်၊ ပြည်တွင်းစီးပွား
တစ်အားထိုးကျ၊ ခြေမလှ၍
ခေတ်ကတောင်းဆို၊ ခေတ်အလိုရ
ဆန္ဒပြသော်
``ဂ-ငယ်သုံးခု၊ဥသျှစ်ထု´´ဟု
စာပြုညွှန်းတင်၊ သမိုင်းတွင်သား
ထိုစကားကို၊ မှတ်သားစံပြု
အတုရယူ၊ သွင်မူအသစ်
သမိုင်းလှစ်သည့်၊ ``ရှစ်လေးလုံး´´ခေါ်
မှောင်ဖုံးလှိုက်အူ၊ ဗလောင်ဆူသည့်
တိုင်းပူပြည်ပျက်၊ မည်းကွက်သမိုင်း
ဖြစ်စဉ်ရိုင်းတွင်၊ ဆယ်တင်ဖေးကူ
ထွေးဖက်သူမှာ၊ သည်းအူရင်ကြား
ပြည်ကဖွားသည့်၊ ပြည်သားလူမော်၊
တပ်မတော်သာ ဖြစ်ကြောင်းတည်း။
(၁၈)
နိုင်ငံ့အာဏာ၊ ယူပြီးကာမှ
ကျလာဝန်တာ။ အဖြာဖြာကို
သေချာစေ့ငု၊ သုံးသပ်မှုဖြင့်
ယခုချက်ခြင်း၊ ဖန်းဆင်းသမှု
နတ်တို့ပြုသို့၊ ဂရုဓမ္မ
ကြိုးလုံ့လနှင့်၊စစရာရာ
စွမ်းဆောင်ကာလျှင်၊ မြန်မာတစ်ခွင်
သာစေချင်၍၊ ရွာပင်မြို့အလား
ထင်မှတ်မှားဖို့၊ ရွတ်ထားထိပ်ထက်
ဦးတည်ချက်များ၊ ဆယ့်နှစ်ပါးနှင့်
သုံးပါးတာဝန်၊ မြတ်ဝိသာဉ်ကို
အစဉ်အမြဲ၊ရင်မှာစွဲ၍
အကောင်းကိုစု၊ အကောင်းပြုသော်
သာဓုသံသာ၊ ညံစာစာသည်
မြန်မာပြည်လုံး ဟိန်းသတည်း
(၁၉)
နိုင်ငံရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
အနာဂတ်တွင်၊ တို့ပြည်ခွင်သည်
ကြယ်စင်ဝင်းပ၊ ရွှန်းရွန်းမြသား
ထောက်မမှီကင်း၊ လောင်းရိပ်ရှင်းသည့်
ကိုယ့်မင်းကိုယ်ချင်း၊ ရပ်တည်ခြင်းဖြင့်
တောင့်တကြံ့ခိုင်၊ နိုင်ငံတော်သစ်
အမှန်ဖြစ်ရန်၊ စိတ်ရည်သန်၍
ဘေးရန်ဖယ်ရှား၊ ဆောင်ရွက်သွား၏။
စီးပွားရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
မြန်မာ့စီးပွား ဖွံ့ဖွံ့ထွား၍
ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကျိုးကိုယ်ဆေင်
ခိုင်ခံ့အောင်လျှင်၊ စီအစဉ်များ
ချမှတ်ထား၍၊ တိုးပွားအောင်စု
လုံ့လပြု၏။
လူမှုရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
မြန်မာမျိုးသား၊ဂုဏ်ရည်ထွား၍
မျိုးသားလက္ခဏာ၊ မပျောက်ရာအောင်….
ပညာရည်တင့်၊ သိဥာဏ်ပွင့်အောင်….
ရွှန်းတင့်ကျန်းမာ၊ ကြံ့ခိုင်လာအောင်…
ကြံဆောင်ရွယ်ရည်၊ လုပ်ဆောင်သည်တွင်
ရွှေပြည်ဖွံ့ဖြိုး တိုးသတည်း။
(၂၀)
တိုင်းပြည်ရေးရာ၊ ကြုံဆုံလာသော်
ရှောင်ကာမတွန့်၊ မရွံ့လေသော
မြတ်မနောနှင့်၊သဘောပြည့်တင်း
ဆောင်ရွက်ခြင်းကြောင့်၊ ရေးခင်းဖြာဖြာ
ပြေလည်ကာပင်၊ ဘယာမသန်း
ဖြာဖြာလန်းလျှက်၊ အေးချမ်းသာယာ
ဝပြောကာနှင့်၊ ခက်ဖြာဖွံ့ဖြိုး
စွမ်းကုန်တိုး၍၊ အကျိုးရလဒ်
မွန်မွန်မြတ်တို့၊ထပ်ထပ်ပြည့်လျှမ်း
ပြည်တစ်ဝှမ်းတွင်….
ပန်းတို့ဝေေ၀၊ မွှေးပွင့်နေ၏။
စမ်းရေလည်းအေး၊ လမ်းတွေဖွေး၏။
ငြိမ်းအေးသာယာ၊ တို့ပြည်သာကို
ဝင်ကာထိုးဖောက်၊ နှောက်ယှက်ဖျက်ဆီး
ဘေးတီးလှုံ့ဆော်၊ မသူတော်တို့
မလျော်မကန်၊ သဘောဥာဏ်ဖြင့်
ဖန်ဖန်ထပ်ထပ်၏၊ လုပ်ဇာတ်ကိုခင်း
သပ်သွင်းခြေထိုး၊ အကျင့်ဆိုးကို
အမျိုးကိုချစ်၊ ပြည်ကိုချစ်သည့်
ကျစ်လျစ်စွမ်းအား၊ သဘောထားမြတ်
ထိုလေးရပ်နှင့်၊ မပြတ်သုတ်သင်
တိုက်ပွဲဝင်သည်
အစဉ်နိုးကြား ရှိလျှက်တည်း။
(၂၁)
နိုင်ငံ့အာဏာမက်မောစွာဖြင့်
သိမ်းကာပိုက်ပြု၊ ပိုင်စိုးမှုကို
မပြုလိုသော၊ မြတ်မနောတွင်
သဘောထားမှန်၊ အရင်းခံ၍
တမံရေမြောင်း၊ ခြေခံကောင်းနှင့်….
ကျောင်းသစ်ထွေထွေ၊ဆေးခန်းတွေနှင့်….
ပြေပြေလျားလျား၊ လမ်းတံတားနှင့်….
လုပ်အားဖြန့်ဝေ၊ စက်ရုံတွေနှင့်…..
လူနေမှုတင့်၊ စီးပွားမြင့်၍
ရှုချင်ဖွယ်ရာ၊ ရပ်တကာတွင်
သာယာအေးချမ်း၊ဘေးမသန်းဘဲ
ပြည့်ဝမ်းစည်ပင်၊ ကြွယ်ပေါဖျင်၏။
ပြည်ခွင်တစ်ရိုး၊ ဆင့်ဆင့်ဖြိုး၍
တိုးတက်ခေတ်မီ၊ ရှိလာသည်တွင်
ရွှေပြည်အသက်၊ ခြေပန္နက်ဟု
ပြည့်တွက်ဝိဥာဉ်၊ ပမာတင်စား
ဂုဏ်ဒြပ်များနှင့်၊ ပိုင်းခြားဝေဖန်
အခြေခံသော၊ နိုင်ငံဥပဒေ
ထွန်းပေါ်စေရေး၊ ဦးစားပေး၍
မနှေးဆော်ဖန်၊ ညီလာခံကို
အမြန်ခေါ်ယူခဲ့သည်တည်း။
(၂၂)
အမိပြည်သာ၊ ရွှေမြန်မာ၏
ဆင်းလျာကောင်းခြင်း၊ အလှဝင်းသည့်
ကျော့ရှင်းရွှန်းစို၊ ယဉ်နဂိုတွင်
ဒီမိုကရေစီ၊ ဇာခြည်လွှာပါး
လွှမ်းခြုံထားက၊ လှအားပေါ်တွင်
အယဉ်ကိုဆင့်၊အသွင်တင့်လိမ့်။
မျှော်လင့်အမှန်၊ အခြေခံသည့်
နိုင်ငံဥပဒေ၊ ပေါ်ထွန်းစေဖို့
တို့တွေအားသွန်၊ တို့ခွန် တို့အား
စွမ်းရည်များနှင့်၊ တို့အား တို့ကိုး
တို့မျိုး တို့ချစ်၊ တို့ပြည်ချစ်၍
ကျစ်လျစ်ခိုင်မာ၊ ညီညာပြည့်တင်း
ပြည်တွင်းအားသာ၊ အားကိုးရာတည့်။
ပေးစာ ကမ်းစာ၊ ကျွန်စာမမျှော်
ကျွန်စော်မနံ၊ကျွန်မခံဘဲ
မြဲမြံခိုင်ကျည်၊ သွေးစည်းစည်သည့်
ပြည်ထောင်စုဟိတ်၊ မြတ်သည့်စိတ်ဖြင့်
ယိုဖိတ်ပွင့်အန်၊ ညီလာခံကို
အမြန်ခေါ်ယူခဲ့သည်တည်း။
(၂၃)
ရေကိုသားလည်း၊ အကြားမထင်
ပမာပင်သို့
တွဲယှဉ်ကာထား၊ ပြည်သူများနှင့်….
ပြည့်သားအမော်၊ တပ်မတော်နှင့်…
ဆီလျှော်မျှတ၊ အစိုးရတို့
တကွတူရှိ၊ အားတြိ၏
စွဲရှိကိုင်ထား၊ သဘောထားမြတ်
ထိုလေးရပ်ကြောင့်၊ သပ်လျှိုထိုးခွဲ
နင်ပဲငဆ၊ ဆဲရေးပြသည့်
ပြည်ပအားကိုး၊ ပုဆိန်ရိုတည့်
အဆိုးမြင်ငြား၊ ဖျက်သမားကို
ပြည့်အားနှင့်နှင်၊ တို့ဆန့်ကျင်ကာ
``ငါနှင့်ငါသာ၊ အဟုတ်ပါတည်း
ငါနှင့်မတူ၊ ငါ့မူမလိုက်
ငါမကြိုက်က၊ နင့်ထိုက်နင့်ကံ
နင်သာခံ´´ဟု၊ နိုင်ငံကြီးက
ဘေးတီးစွက်ဖက်၊ ကန့်ကွက်ပိတ်ဆို့
လက်တို့ဘေးပြော၊ သဘောမျိုးမျိုး
စရိုက်ဆိုးကို ၊ ရိုက်ချိုးတုံ့နှင့်
တို့ဆန့်ကျင်ပြီး၊ တို့လျှင်တို့လမ်း
တို့စခန်းကို၊ လမ်းမပျောက်အောင်
လှမ်းလျှောက်ရာတွင်၊ ကြယ်စင်ထွန်းပ
လမ်းညွှန်ပြသို့၊ လမ်းပြမြေပုံ
ခုနစ်စုံသည်၊ ထုံးပုံမှီးက
ခရီးကန္တာ၊ သွားစဉ်ခါတွင်
လမ်းရှာမတွေ့၊မဖြောင့်မွေ့၍
မျက်စေ့လည်ကာ၊ ယောင်ချာချာသော်
မိုးမှာဝင်းပ၊ ရွှန်းရွှန်းမြသား
လမ်းပြသည့်သွင်၊ ခုနစ်စဉ်ဟု
ကြယ်စင်ငွေစ၊ မြင်ခဏ၌
သောကကင်းကွာ၊စိတ်ချမ်းသာသို့
မြန်မာရွှေပြည်၊ သာဝေစည်၍
ရွှေပြည်တော်သစ်ဖြစ်ရန်တည်း..။
(၂၄)
မုခ်ဝ ခုနစ်တန်၊ ဘုံပျံခုနစ်ဆင့်
နန်းမြင့်ခုနစ်လီ၊ ပမာညီသို့
ထုံးမှီနည်းကျ၊ လမ်းပြမြေပုံ
ခုနစ်စုံကား၊ ဆိုင်းငံ့ထားသည့်
မျိုးသားညီလာခံ၊ ပြန်လည်ကျင်းပ
စုဝေးကြပြီး၊ အရေးကြီးသည့်
ဖွဲ့စည်းပုံသေ၊ အခြေခံမူ
တို့သည်းအူကို၊ ညီတူရေးဆွဲ
သွေးမကွဲဘဲ၊ ခိုင်မြဲဝန်းရံ
ညီလာခံက၊ ပြန်ပြန်ထပ်ထပ်
ညှိသုံးသပ်၍၊ ဆုံးဖြတ်ကြစေ
ဥပဒေတည့်၊ ထွေထွေမူကြမ်း
ပြည့်နိဒါန်းကို၊ စိတ်ဝမ်းလက်ညီ
ပြည်သူ့ဆီက၊ ဖြစ်တည်ထုတ်ပြန်
ဆန္ဒမှန်ကို၊ ခံယူပြဌာန်း
ဆက်လျှောက်လှမ်း၍၊ ဆုံးဖြတ်ကြစေ
ဥပဒေတည့်၊ ထွေထွေမူကြမ်း
ပြည့်နိဒါန်းကို၊ စိတ်ဝမ်းလက်ညီ
ပြည်သူ့ဆီက၊ ဖြစ်တည်ထုတ်ပြန်
ဆန္ဒမှန်ကို၊ ခံယူပြဌာန်း
ဆက်လျှောက်လှမ်း၍၊ စည်းကမ်းကျကျ
တရားမျှသည့်၊ ရွေးကောက်ပွဲကြီး
ကျင်းပပြီးသော်၊
လွှတ်တော်ဆင့်ဆင့် ခေါ်မည်တည်း။
(၂၅)
မဲပေးနိုင်သူ၊ ပြည်သူအများ
ရွေးကောက်ထားသည့်၊ ပြည့်သားသွယ်သွယ်
ကိုယ်စားလှယ်တို့၊ ယှက်နွှယ်ပေါင်းစည်း
ညီညွတ်ပြီးသော်၊ လွှတ်တော်စည်းဝေး
ခေါ်ယူပေးလျှင်၊ ရွေးချယ်တင်ပြ
အစိုးရသည်၊ ဓိကချုပ်ကိုင်
ပြည့်မဏ္ဍိုင်မို့၊ မယိုင်မယိမ်း
မတိမ်းမစောင်း၊ အကောင်းကိုယှဉ်
မကောင်းစင်၍၊ အစဉ်ခေတ်မီ
စွမ်းရည်ဖွံ့ဖြိုး၊ လူမျိုးတိုးတက်
တန်ခိုးထက်သည့်၊ အမျက်ရတနာ
ရွှေပြည်သာဟု၊ ကမ္ဘာလယ်တွင်
ကြွားဝံ့ထင်အောင်၊ ရွက်ဆောင်ဖို့ရေး
လွှဲပြောင်းပေး၍၊ ရွှေရေးချယ်စီ
တို့ရွှေပြည်သည်
ရွှေရည်ရွှန်းလက်တော့မည်တည်း။
(၂၆)
ပြည်သူ့ဆန္ဒ၊ အာသီသမှာ
လုံးဝအေးချမ်း၊ သာယာလန်း၍
ဝမ်းပမ်းကြည်သာ၊ ၀ပြောစွာလျှင်
ခိုင်မာတိုးတက်၊ ခေတ်မီလျက်က
တွဲလက်ခြေတည်၊ ပြည်ထောင်စုဖွား
တိုင်းရင်းသားတို့၊မပြားမကွဲ
စဉ်လက်တွဲကာ၊ ညီညာရုံးစု
တည်ထောင်ပြုသည်၊ မြုတေရတနာ
တို့ပြည်သာသည်၊ ခိုင်မာဂုဏ်ဟီး
တည်တံ့ပြီးလျှင်၊ ဖွဲ့စည်းပုံသေ
ဥပဒေလည်း၊ ခြေခြေမြစ်မြစ်
ပေါ်ထွန်းဖြစ်၍။ စနစ်ကျန
စည်းပြည့်ဝပြီး၊ မျှတတည်ကြည်
စံရည်မီသည့်၊ ပါတီဖြာဖြာ
စုံညီပါသော၊ ရပ်ရွာကြည်ညို
ဒီမိုကရေစီ၊ ဖွဲ့သီစနစ်
တည်ထွန်းဖြစ်ရေး၊ မျှော်ရည်တွေးမို့
မနှေးချပြ၊ အစိုးရ၏
ဝါဒမူမှန်၊ အရင်းခံသည်
နှုန်းစံနှင့်ညီ၊ ထုံးလည်းပီ၏။
ရွယ်ရည်မျှော်ကိုး၊ ရယူနိုးသော်
အကျိုးလိုလျှင်၊ အကြောင်းယှဉ်၍
ဆင်ခြင်သုံးသပ်၊ ဆက်စပ်ရှုမျှော်
တပ်မတော်၏၊ ဆီလျော်မှန်ကန်
သွင်သဏ္ဍာန်မို့၊ လက်ခံရယူ
ပြည်သူအများ၊ နှလုံးသားတွင်
ထင်ရှားပန္နက်စိုက်သတည်း။
(၂၇)
ပြည်သူပဓာန၊ အဓိကမှာ
တပ်မတော်သာမို့၊ နှစ်လွှာတစ်ရွက်
သွယ်ကာယှက်၍၊ တွယ်ဖက်သောခါ
အရာဟူသမျှ၊ သာမညတည့်
အမိမြန်မာ၊ ကျွန်ဇာတာဟောင်း
သမိုင်းပြောင်း၍၊ ပြည်ကောင်းဖို့ရည်
ခြင်္သေ့ဆီသည်၊ နရနီခေါ်
သဂီင်္ရွှေခွက်၊ ရွှန်းရွှန်းလက်၌
တွဲလျှက်ခြေတည်၊ ရှိရသည်သို့
ပြည်ထောင်စုသား၊ တို့သွေးသားတို့
စွဲထားတို့ရင်၊ တို့ဝိဥာဉ်ဝယ်
အစဉ်ပြည့်သိပ်၊ မျိုးချစ်စိတ်ကြောင့်
ကောင်းဟိတ်စုံစီ၊ ညီသည့်ဓိဌာန်
မှန်သည့်စိတ်ဓာတ်၊ မြတ်သည့်အရေး
အလေးအနက်၊ ခံယူချက်ဖြင့်
ပန္နက်ပုံဖော်၊ နိုင်ငံတော်သည်
ရွှေလှော်ဇမ္ဗူ၊နှုန်းအတူသို့
ထွန်းပြူဝင်းစက်၊ ရွှန်းရွှန်းလက်သည်
ရွှေစက်ရွှေရည် သွန်းသို့တည်း။
(၂၈)
အမျိုးစစ်သည်၊ ပြည်ချစ်ဂုဏ်မော်
တပ်မတော်ကား၊ အေးသော်အတူ
ပူသော်မခွဲ၊ စဉ်လက်တွဲ၍
သွေးထဲသားထဲ၊ သည်းရင်ထဲက
လှိုက်လှဲခိုင်မာ၊ ပြည်သူသာမို့
စဉ်လာပုံပြ၊ အစိုးရကို
ကျွန်းဟုဆိုလျှင်၊ ကိုင်းအသွင်ကား
မြတ်စစ်သားတည့်၊
စစ်သားကိုပင်၊ရေဆိုလျှင်မူ
ကြာဟူသည်ကား၊ ပြည်သူများတည့်
ကိုင်းကားကျွန်းမှီ၊ ကိုင်မှီသည်ကျွန်း
သွန်းသွန်းဖြိုးဆင့်၊ ရေသည်မြင့်က
ကြာပွင့်ကြာငုံ၊ မြင်လှည့်တုံမို့
ယုံယုံကြည်ကြည်၊ ဦးတည်သည်ကား
သုံးပါးတာဝန်၊ ဒို့ဝိဥာဉ်ကို
အစဉ်စော့်ရေး၊ အသက်ပေး၍
မနှေးကာကွယ်ရမည်တည်း။
(၂၉)
ငါတို့ဘိုးဘေး၊ပဝေရှေးက
စစ်သွေးဟူဘိ၊ စစ်ဇာတိသာ
မရှိပါမူ၊ နောက်လူဆင့်ပွား
မျိုးဆက်များတွင်၊ စစ်အားခန်းခြောက်
မျိုးဂုဏ်ပျောက်လိမ့်။
ထိုးဖောက်အဖျက် ၊ရန်စနက်ကြောင့်
ပြိုပျက်ချုပ်ခြာ၊ ပြည့်အာဏာသည်
ပမာမယွင်း၊ ရာဟုနင်းသည့်
လမင်းပမာ၊ ရှိမည်သာမို့
ယခုကပင်၊ တပ်အသွင်ကို
အားအင်တောင့်လျက်၊ စွမ်းရည်ထက်သည့်
တိုးတက်မြင့်မား၊ စွမ်းအားခိုင်ကျည်
ခေတ်မီတပ်မတော်၊ ထွန်းပေါ်တည်ရေး
အလေးပေးကာ
မနှေးဆောင်ရွက်ရမည်တည်း။
(၃၀)
တို့ပြည်သာသည်၊ မဟာဗျူဟာ
အရေးပါသည့်၊ နေရာပထ၀ီ
တည်မှီဒေသ၊ပိုင်ဆိုင်ကြပြီး
များလှတွက်စေ၊ လူဦးရေလည်း
ပေါထွေခိုင်ဖြီး၊ နိုင်ငံကြီးကြား
တည်နေငြားမို့၊ သမားရိုးကျ
နည်းမမျှသည့်
ဟိုသည်ကစ၊ ခြိမ်းခြောက်ကြတတ်
ပြဿနာစုံ၊အခက်ပုံကို
ယုံကြည်မြဲမြံ၊သန္နိဌာန်နှင့်
တွန်းလှန်ကြမည်။
နိုင်ငံတည်တံ့၊ခိုင်မြဲခံ့အောင်
ပြည်ထောင်စုစိတ်၊မျိုးချစ်စိတ်ကို
ဟိတ်ခတ်ခြေခံ၊ထိန်းသိမ်းရန်နှင့်
နိုင်ငံပြည်သား၊တိုင်းရင်းသားတို့
မပြားမကွဲ၊တူလက်တွဲ၍
ခိုင်မြဲဘ၀၊လုံခြုံကြရန်
ရှင်သန်တည်ရေး၊ အလေးပေးကာ
ဆောင်ရွက်ပါသည်၊
စဉ်လာကောင်းသည့်တပ်မတော်တည်း။
(၃၁)
အမျိုးသားရေး၊ ဦးဆောင်ပေးမို့
ကြီးလေးကဏ္ဍ၊ ထမ်းရွက်ရသည့်
ပြည့်သားမျက်ဖျော်၊ တပ်မတော်အကြောင်း
စာလုံးပေါင်း၍၊ ငြိမ့်ငြောင်းစီရီ
ကဗျာသီလည်း၊ မပီမပြင် ဂုဏ်အင်ကဲညီ၊ စာမပီရှင့်။
စာစီခန့်ညား၊ ကျမ်းများထိုထို ညွှန်းဖွဲ့ဆိုလည်း၊
ဂုဏ်ကိုမပီ ကျမ်းမမည်ရှင့်။
တေးသီသံသာ၊ ဖွဲ့ဆိုပါလည်း တံတျာငုပ်လျှိုး၊ ဂုဏ်မတိုးရှင့်။ ဖြိုးဖြိုးချယ်သ၊ ရောင်စုံလှနှင့် ဆေးသပန်းချီ၊
စုတ်ချက်ညီလည်း မပီဝိုးဝါး၊ ဂုဏ်အင်များကို
ခြေဖျားမြူပင်၊ မီမထင်နိုင် ဂုဏ်မြင့်ခိုင်၏။ သံတိုင်ကျောက်သား၊ ခိုင်မတ်မားသို့ ပါက်ဖွားမေတ္တာ၊ စေတနာနှင့်
ရင်မှာလွှမ်းဖြာ၊ ကရုဏာမိုး ဖြန်းဖြန်းဖြိုး၍၊ အမျိုးကိုမြှင့် မြန်ဂုဏ်ဝင့်အောင်၊ မလင့်မနား ကြိုးကြိုးစားနှင့်၊ လှုပ်ရှားပုံဖော် တပ်မတော်၏၊ လျော်ကန်လေသော မြတ်သောအမှု၊ တိုင်းကျိုးပြုကို ရှုမြင်တွေ့ရ၊ ခံစားရ၍ ရင်မှဖြစ်ထွန်း၊ ဤမော်ကွန်းကို ဖော်ညွှန်းအလင်္ကာ၊ ဖွဲ့သီပါသည် ကမ္ဘာရှည်သ၍ တည်စေသတည်း။
No comments:
Post a Comment