၁၂ကြိမ်မြောက်
ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးများကျင်းပနေပြီဖြစ်သည်။ အစည်း အဝေး ပထမနေ့ တွင်ပြည်ထောင်စုလွှတ်တော်နာယ ကကြီးကနှုတ်ခွန်း ဆက်အမှာ
စကားပြောကြားခဲ့သည်။ “ယခုပြည်ထောင်စု လွှတ်တော်သည် ၂၀၁၅ခုနှစ်၌ အဓိကျသည့် ဦးဆောင်အစည်းအဝေးဖြစ်ကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က သတင် သွင်းခွင့်ရှိသည့်
နိုင်ငံတော်အတွက် နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လွှတ်တော်၏အဓိကလုပ်ငန်းတာဝန်ဖြစ်သည့်အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို စိစစ်
အတည်ပြုနိုင် ရေးများဆောင်ရွက်ရန်ဖြစ်ကြောင်း နာယကကြီး၏ မိန့်ကြားချက်အရသိရှိရပါ သည်။
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များမှာ
ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ ပထမသက်တမ်းကာလ၊ လုပ်ဆောင်ချက်များကို
အဆုံးအဖြတ်ပေးမည်ဖြစ်ပေရာ နိုင်ငံတော်နှင့်နိုင်ငံသား တို့ အကျိုးစီးပွားအခရာကျလှပေသည်။
၂၆.၁.၂၀၁၅
ရက်နေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်
ပြည်ထောင်စုအရအသုံးခန့်မှန်းခြေငွေစာရင်း၂၀၁၅ ခုနှစ်ပြည်ထောင်စုအရအသုံးဆိုင်ရာဥပဒေကြမ်းကိုတင်သွင်းခဲ့သည်။
ထိုဥပဒေကြမ်းကို ၀န်ကြီး ဌာန အလိုက်အရအသုံးဆိုင်ရာ ဘဏ္ဍာငွေကိစ္စရပ်များ၊ GDPအချိုးနှိုင်းယှဉ်ခြင်းများ၊
နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးအခြေအနေ အရပ်ရပ်များကောက်ခံရရှိသည့် အခွန်ငွေအခြေအနေများကိုရှင်းလင်း တင်ပြခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော် နာယကကလည်း လွှတ်တော်ဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုကြေညာခဲ့ပါသည်။
ယနေ့လွှတ်တော်အသီးသီး၏တာဝန်သိမှု၊တာဝန်ယူမှုတို့နှင့်အတူ
နှိုင်းနှိုင်းချိန်ချိန် ညှိညှိနှိုင်းနှိုင်းဆောင် ရွက်နေသည်ကို ပြည်သူအများမျက်ဝါးထင်ထင်တွေ့ကြုံနေကြရပြီဖြစ်သည်။
သို့ဖြစ်ရာ ပါလီမန်ခေတ်က လွှတ် တော်များ၏ဆောင်ရွက်ချက်များကို ချိန်ထိုးတင်ပြလိုပါသည်။
ထိုစဉ်က
ဝန်ကြီးဌာနအသီးသီးသည် ဘတ်ဂျက်နှစ်ကုန်ဆုံးကာနီးတွင် ပိုငွေများပြန်လည်အပ်နှံလေ့ရှိ
ကြသည်။ ပိုငွေဖြစ်ရသည်မှာလည်း ခန့်မှန်းတွက်ချက်စဉ်က သာသာထိုးထိုး ပိုပိုလျှံလျှံတင်ပြခဲ့ သော ကြောင့်
တကယ်တမ်းသုံးစွဲသောအခါသုံးမကုန်သဖြင့် ပိုလျှံနေခြင်းဖြစ်သည်။ ထိုသို့အပ်နှံမှုများများလာ သောအခါ ဘဏ္ဍာရေးဝန်ကြီးကကုန်သလောက်တောင်းရန်ညှိနှိုင်းသော်လည်း မတောင်းတတ်။ မတင်ပြ တတ် သဖြင့်
အကြပ်အတည်းတွေ့ခဲ့ရသည်။ ထို့ကြောင့်လန်ဒန်မှစီးပွားရေးပညာရှင်တစ်ယောက် ကိုပင့်ဖိတ်ကာ
ဝန်ကြီးများအားဘတ်ဂျတ်ဆွဲနည်းသင်တန်းပေးစေခဲ့သည်။ ပညာရှင်က တစ်လခန့်ကြိုးစား ပမ်းစား သင်ကြားပို့ချခဲ့သော်
လည်း ၀န်ကြီးများက သဘောပေါက်နား လည်ခြင်းမရှိခဲ့သည့်အတွက် အလွယ်ကူဆုံးနည်းလမ်းကျင့်သုံးရန်
ပညာရှင်ကလမ်းညွှန်ခဲ့သည်။ထိုနည်းမှာ လွန်ခဲ့သောသုံးနှစ်က မိမိတို့ဝန်ကြီးဌာနအလိုက် အမှန်တကယ်ကုန်ကျခဲ့သော
အသုံးစရိတ်များကိုပေါင်း၊ရလဒ်ကိုသုံးနှင့်စား၊ ရလာသည့်ပျမ်းမျှကိန်းကိုသာ တောင်းကြရန်ဖြစ်သည်။
ထို့ကြောင့် “ဘတ်ဂျက်ဆိုတာ သုံးနဲ့စားရတာ ” ၀န်ကြီးမျာသဘောပေါက်သွားကြ
ကြောင်း ရယ်စရာ၊မောစရာအဖြစ်မှတ်သားရဖူးပါသည်။
ထို့အပြင်
နှစ်အလိုက်ခေါ်ယူသော ဘတ်ဂျက်လွှတ်တော်များကို အမည်ပေးကောင်းသော အမတ်မင်း တို့က ကင်မွန်းတပ်လေ့ရှိပါသည်။
၁၉၅၅-၅၆
ဘတ်ဂျက်လွှတ်တော်ကို ၀ါးခယ်မအမတ်ဗိုလ်မြသွေးက “ ပဒကုသလ ဘတ်ဂျတ်”ဟုလည်း
ကောင်း၊
၁၉၅၆-၅၇ဘတ်ဂျက်လွှတ်တော်ကို သာယာဝတီအမတ် သခင်ချစ်မောင်(၀ိဓူရသခင်ချစ်မောင်)က
“ပေါရိသာရဘတ်ဂျက်” ဟုလည်းကောင်း ဆီဆီလျော်လျော်အည်ပေးခဲ့ကြပါသည်။
ပဒကုသလဇာတ်တွင်ရှင်ဘုရင်သည်
ကိုယ့်သန်လျက်ကိုကိုယ်တိုင်ကိုင်စွဲကာ ပဒကုသလအားရှာဖွေ ခိုင်းခဲ့သည်။ ထိုစဉ်က လူတိုင်းကြားဖူးသည့် “အကြံရခက်လေသနော်၊ သန်လျက်တော်ယူသည့် သူခိုးကိုလ ၊ သူ့အမျိုးထုတ်ဖော်ပြောရလျှင်၊
ဓားကုတ်ပေါ်မှာဝဲ” “သူခိုးက လိမ္မာ မျက်နှာကြီးဟာမို့၊စနက်မီးပမာ၊
ထိရာကရှပါလိမ့်မယ် “ ငိုချင်းများကြောင့်ပဒကုသလဟုဆိုလိုက်လျှင် ဘာကိုဆိုလိုသည်မှန်း
လူထုကနားလည် သည်။
ထိုကဲ့သို့
အမတ်မင်း ဗိုလ်မြသွေးအညွှန်းကောင်းလောက်အောင်ပင် ပြည်တော်သာစီမံကိန်းအကောင် အထည်ဖော်ရာတွင်
ဖဆပလ၀န်ကြီးများ၊ ပါလီမန်အမတ်များ၊ စီးပွားရေးသမားကန်ထရိုက်တာများ လက်ဝါးချင်းရိုက်ကာ
တိုင်းပြည်ဘဏ္ဍာတွေကို ဝေစားမျှစားလုပ်ခဲ့ကြသည်။ ထို့ကြောင့် ထိထိမိမိဝေဖန် လိုက်ခြင်းဖြစ်ပေသည်။
ပေါရိသာဒသည်
လူသားစားသောသူဖြစ်သည်။ ပေါရိသာဒဟု ဒဲ့ဒိုးညွှန်းဆိုလိုက်သည်မှာလည်း ဖဆပလအစိုးရ၏အပြုတ်တိုက်ရေးလမ်းစဉ်ကြောင့်ဖြစ်သည်။
ထိုစဉ်ကရောင်စုံသောင်းကျန်းသူများကို အပြုတ် တိုက်ရန်အတွက်ကာကွယ်ရေးအသုံးစရိတ်ကို ယခင်နှစ်များထက်ပိုမိုကာတိုးမြှင့်တောင်းခံခဲ့သဖြင့်
ဖဆပလကို ပေါရိသာဒနှင့်နှိုင်းကာဝေဖန်လိုက်ခြင်းဖြစ်သည်။
ထိုထိုသောအမည်ပေးကင်ပွန်းတပ်ဝေဖန်မှုများကြောင့်
ဖဆပလအစိုးရသည် နောင်နှစ် ၁၉၅၇-၅၈တွင် ဘတ်ဂျက်လွှတ်တော်မခေါ်တော့ဘဲ သမ္မတ၏စာချွန်လွှာဖြင့်အတည်ပြုခဲ့ရတော့သည်။
ယနေ့လွှတ်တော်ကိုယ်စားလှယ်များမှာမူကား
ပါလီမန်အမတ်များနှင့်လုံးဝခြားနားပါသည်။ “ဘတ်ဂျက် မတတ်လွှတ်တော်မကပ်”နှင့်ဆိုရိုးစကားရှိသော်လည်း
ဘတ်ဂျက်တတ်၍ လွှတ်တော် ကပ်နေကြပြီ ဖြစ် သည်။ ဘတ်ဂျက်ရေးဆွဲခြင်း၊လွှတ်တော်တွင် အတည်ပြုချက်ရယူခြင်း၊
သုံးစွဲမှုမှန်၊မမှန်စစ်ဆေးခြင်းများကို စီးပွားရေးရှုထောင့်၊လူမှုရေးရှုထောင့်၊နိုင်ငံရေးရှုထောင့်တို့မှဝေဖန်ဆွေးနွေးကြပေတော့မည်။လုပ်ငန်း အဆင့်ဆင့်ကိုစေတနာမှန်၊ လုပ်နည်းလုပ်ဟန်မှန်နှင့်နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးအတွက်ဆောင် ရွက်ကြတော့မည်ဖြစ်ရာ ကိုယ်စားလှယ်တော်ကြီးများ၏အမြော်အမြင်ရှိမှု၊
ဇွဲလုံ့လ၀ီရိယရှိမှုများကို သမိုင်း၌ မှတ် ကျောက်တင် နိုင်တော့မည်ကားမလွဲဧကန်ဖြစ်ပေတော့မည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
No comments:
Post a Comment