Friday, August 8, 2014

I hope your love


-တစ်ဦးကိုတစ်ဦးချစ်မှ
အချစ်ဆိုတာ သာယာမှာပါ…။
မင်းကို ကိုယ်ယုံကြည်တယ်
ကံကြမ္မာကမျက်လှည့်ပြရင်တောင်
အရာရာကို ရင်ဆို့သတ္တိတော့
တို့မွေးမှရမယ်နော်…။

-အချစ်ဆိုတာ ဆောင်းအိပ်မက်လိုပါပဲ
စိတ်ကူးတွေက လေဟာနယ်ထဲရောက်လာလိုက်
ရင်ဘတ်ထဲမှာပုန်းခိုလိုက်
ကိုယ်တိုင်စိုက်တဲ့အချစ်သစ်ပင်
ဘယ်လိုရှင်သန်အောင်မွေးမြူရမလဲ
စိုးရိမ်မိတာက တစ်ခုထဲပဲ
အဲဒါက ကိုယ့်ကို မင်းမချစ်မှာကိုပါ
ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုချစ်စေချင်တာ
ချစ်သူတိုင်းရဲ့ဆန္ဒပါကွာ…။

-တစ်ဦးရဲ့ဆန္ဒကို တစ်ယောက်ကပုံဖော်ပေးမယ်ဆိုရင်တော့
အချစ်ကြောင့်လှတဲ့ကမ္ဘာကြီး လှပြီးရင်းလှနေမှာပေါ့ကွာ…
အကြင်နာဆိုတာ ရင်မှာသိမ်းထားရတာမဟုတ်ဘူး…
နှလုံးသားချင်းပေါင်းစပ်ဖို့ ဆက်သွယ်ထားတဲ့ပေါင်းကူးတံတားပါ..။

-ဒါကြောင့်…တံတားလေးတစ်ခုခိုင်မာမှဖြစ်မှာမို့
မင်းရင်ထဲက အကြင်နာတွေကို
Tell your heart out
ရင်ထဲရှိတာသွန်ချလိုက်ပါ…။
ဆက်လက်ပြီးစီးဆင်းမသွားရအောင်တော့
ကိုယ့်ရင်ဘတ်ကြီးနဲ့ တမံလုပ်ထားမှာပါ…
ကဲ…ဟုတ်ပြီလား
Tell your heart outနော်
Don’t forget it
I aways believe your love

No comments:

Post a Comment