လပြည့်ညရဲ့ကောင်းကင်ကြီးကိုမော့ကြည့်ရင်း
မင်းရဲ့နာမည်လေးကို
လမင်းကြီးရဲ့မျက်နှာပြင်မှာရေးထိုးမည်ဟု
စိတ်ကူးနေစဉ် ခဏတွင်ဝယ်
လကွယ်ညအလယ်
မတွေ့မြင်ရမှာ စိုးမိလေသောကြောင့်
နေမင်းကြီးရဲ့ မျက်နှာပြင်မှာရေးထိုး
နေမင်းကွယ်ပျောက်
ညချိန်ရောက်ရင်
မတွေ့မြင်ရမှာစိုးမိလေသောကြောင့်
ကိုယ့်နှလုံးသားမှာ မင်းအမည်လေး
ကိုယ်တိုင်ရေးထိုးမိပါသည်...
နှလုံးသားဝယ်
ကဗ္မည်းတင်စေသတည်း။
No comments:
Post a Comment