လောကနီတိကျမ်းက
အရွယ်ကိုသုံးပိုင်းပိုင်းသည်။
ပထမအရွယ် ပညာရှာရမည်။
ဒုတိယအရွယ် ဥစ္စာရှာရမည်။
တတိယအရွယ် တရားရှာရမည်
ဆိုထားပါသည်။စာပေကျမ်းဂန်များတွင်အရွယ်ကို(၁၀)ပိုင်းအထိ ပိုင်းပြထား၏။
၁။ မန္ဒအရွယ်(အသက်ဆယ်နှစ်ထိအရွယ်)- ပညာနုံ့နှေးသောအရွယ်။
၂။ ခိဋအရွယ်( အသက်
၁၁နှစ်မှ ၂၀ထိ) - စိတ်ပျံ့လွင့်သောအရွယ်။
၃။ ၀ဏ္ဏအရွယ်(အသက်၂၀မှ၃၀ထိ)- အဆင်းလှပသောအရွယ်။
၎။ ဗလအရွယ်(အသက်၃၁မှ၄၀အတွင်း) - ပညာဥာဏ်ကောင်းသောအရွယ်။
၅။ ပညာအရွယ်(အသက်၄၁မှ၅၀အတွင်း )- အားကောင်းသောအရွယ်။
၆။ ဟာယနအရွယ်(အသက်၅၁မှ၆၀အတွင်း )- အားအင်ဆုတ်ယုတ်သောအရွယ်။
၇။ ပဘာရအရွယ်(အသက် ၆၁မှ၇၀အတွင်း)- လေးလံထိုင်းမှိုင်းသောအရွယ်။
၈။ ကုဋိလအရွယ်(သက်၇၁မှ၈၀အတွင်း)- ကိုင်းညွတ်သောအရွယ်။
၉။ မုဠအရွယ်(အသက်၈၁မှ၉၀အတွင်း)- တွေဝေမေ့မောသောအရွယ်။
၁၀။ အနုဌာသေယအရွယ်(အသက်၉၁မှ၁၀၀အထိ)-
မထသောအိပ်ခြင်းဖြင့်နေတတ်သောအရွယ်။
(ဇာတကပါဠိ၊ပ၊၃၁၃။အဌကထာ၊စ၊၃၉၇။သုသေတနသရုပ်ပြအဘိဓာန်)
No comments:
Post a Comment