လူတိုင်းဟာ
သူတို့ရဲ့အားလပ်ချိန်တွေမှာ
တစ်ချို့က စာဖတ်တယ်။
တစ်ချို့က လမ်းလျှောက်တယ်။
အဲ...လူတစ်ချို့ကြပြန်တော့
ပန်းပင်လေးတွေစိုက်ကြတယ်။
ထူးဆန်းတဲ့အရာဝတ္ထုလေးတွေ စုကြတယ်။
ကိုယ်ကတော့
အားလပ်ချိန်မှာရော
မအားမလပ်တဲ့အချိန်မှာရော
မင်းကိုသတိရခြင်းတွေပဲစုဆောင်းပါတယ်....။
No comments:
Post a Comment