Monday, September 22, 2014

ပါဖောမန့်များ၏နောက်ဝယ်



ယနေ့မြန်မာ့နိုင်ငံရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် ဒီမိုကရေစီ ခေတ်မှာ ပွင့်လင်းမြင်သာမှုတွေရှိနေ ပါပြီ။ ဆန္ဒဖော်ထုတ်ပွဲတွေလည်း လုပ်သင့်သလောက်လုပ် နေကြပါပြီ။ ဘယ်သူတွေဘယ်လိုပဲဆန္ဒဖော် ထုတ်ပွဲ တွေလုပ်နေပါစေ အပြစ်မပြောလိုပါ။ ဒီမိုကရေစီခေတ်မှာ ကိုယ့်စိတ်ကြိုက် ကိုယ့်သဘော ကိုယ့်ဆန္ဒ အလျောက် လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနိုင်ပြီဖြစ်တဲ့အတွက် ကိုယ် မလုပ်ချင်လည်း မလုပ်လို့ ရပေမယ့် သူများလုပ်နေသည်များကိုလည်း ဆန့်ကျင်ပုတ်ခတ်ဝေဖန်မှုမျိုးမလုပ်ချင်ပါ။ သို့သော်… စာရေးသူ အနေဖြင့် အမြင်မတော်တာတစ်ခုကိုတော့ တင်ပြပါရစေ။ မြန်မာစကားပုံတစ်ခုရှိပါတယ်။ အမြင် မတော် ဆင် တော်နဲ့ ခလောက်ဆိုသလိုပေါ့။အမြင်မတော်တာလေးကိုတော့ ပြောချင်ပါတယ်။ ဒီမိုကရေစီ ခေတ်မို့ လွတ်လပ်ပွင့်လင်း စွာပြောပါရစေ။ 

ဘွဲ့ဆိုတာ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ စာသင်နှစ်အတိုင်း မပျက်မကွက် တတ်ရောက်ရတာဖြစ်ပြီး အဖြေလွှာပေါ်မှာ ဖြေဆိုနိုင်မှသာ စာမေးပွဲအောင်တာပါ။ စာမေးပွဲအောင်မှ တစ်နှစ် တစ်တန်းတက်ပြီး သတ်မှတ်ထားတဲ့နှစ်အလိုက်တက်ရပြီးမှ ဘွဲ့ရတာပါ။ ဘွဲ့ရသည်ဆိုစေဦး ဘွဲ့နှင်းသဘင်အ ခမ်းအနားကိုမတက်ရောက်ရင် ဘွဲ့ဝတ်စုံဆိုတာ ၀တ်လို့မရပါဘူး။ (ဘွဲ့နှင်း သဘင် မတက် ရောက်နိုင်ပေမယ့် ဘွဲ့ဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်သည်များကတော့ ခြွင်းချက်ပေါ့)။ အခမ်းအနား များစွာထဲမှာ ဘွဲ့နှင်းသဘင်အခမ်း အနားကိုတက်ရသည်မှာ ကြည်နူးပီတိဖြစ်ပြီး ဂုဏ်ယူဖို့ လည်းကောင်း ပါသည်။ ဘွဲ့ဝတ်စုံကြီးကိုဝတ်၊ ဘွဲ့နှင်းသဘင်ခန်းမကြီးထဲမှာထိုင်၊ ဘွဲ့လက်မှတ်အပ်နှင်းမယ့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခ ဆရာ၊ ဆရာမဆရာကြီး/ဆရာမကြီးများ၊ ပါမောက္ခချုပ်ကြီးတို့မှ ဘွဲ့ဝတ်စုံ များ ကိုယ်စီဝတ်ကာလျှောက် လှမ်းမှ တစ်လှမ်းချင်းလျှောက်လှမ်းလာချိန်မှာ မြန်မာ့ဆိုင်းဝိုင်းကလည်း ဘွဲ့ လက်ခံ ရ ယူမည့် လူငယ် မောင်မယ် များကို ဂုဏ်ပြုတီးခတ်နေသည်မှာ ကြည်နူးပီတိဖြစ် စရာပါ။ပြောချင် တာက ဘွဲ့ဝတ်စုံသည် ကြီး ကျယ်ခမ်းနားပြီး ဂုဏ်ယူစရာကောင်းသည့်ဝတ်စုံတစ်ခုပါ။တန်ဖိုးထားတတ် မယ်ဆိုရင် တန်ဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ဘွဲ့ဝတ်စုံဝတ်၊ဘွဲ့လက်မှတ်ကိုင်ကာ ဘွဲ့နှင်းသဘင် ခန်းမ ရှေ့တွင် ဓာတ်ပုံအရိုက်ခံလိုက်ရသည့် အချိန် မိမိရင်ထဲ မည်သို့ခံစားရလိမ့်မလဲ။ မိဘတိုင်း၏ရင်ထဲမှာရော မည်သို့ခံစားရမလဲ စဉ်းစားဖူးပါသလား။ ဘွဲ့ရပြီးအလုပ်ရသည်မရသည်က နောက် ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနားတက်ရသည့် ဘွဲ့ရကျောင်းသားတစ် ယောက်၏ရင်တွင်းမှာ အတိုင်းမသိဝမ်းသာပီတိဖြစ်ရ တာအမှန်ပါ။

သို့သော်လည်း လူငယ်တစ်ချို့သည် ဘွဲ့ဝတ်စုံဝတ်ဆင်ပြီး ဆန္ဒဖော်ထုတ်နေကြသည်ကိုတွေ့မြင် နေရပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် ပညာရေးစနစ်အပေါ်ဆန္ဒဖော်ထုတ်ရာတွင် ပိုမိုထိ ရောက် ထင်ရှား စေလိုသည့်အတွက်ပြုလုပ်ကြသည်ဆိုသော်လည်း ဘွဲ့ဝတ်စုံကို သရော်နေသကဲ့သို့ဖြစ်နေပါသည်။ ဘွဲ့ရတိုင်းအလုပ်ရချင်မှရနိုင်သကဲ့သို့ ဘွဲ့မရဘဲနှင့်လည်း အလုပ်လုပ်နေကြသည့်သူတွေ ဒုနဲ့ဒေးပါ။ အခြေခံပညာအထက်တန်းအောင်မြင်လို့တက္ကသိုလ်ကောလိပ်များကို ကိုယ်ရရှိသည့်အမှတ်နှင့်ကိုက်ညီ သည့် ဘာသာရပ်၊ တက္ကသိုလ်များကို ကိုယ့်စိတ်ကြိုက်ရွေးချယ်တက်ရောက်ခဲ့ကြရာမှာ တက္ကသိုလ်မှဘွဲ့ ရပြီးသည်နှင့် ချက်ခြင်းအလုပ်ပေးပါမည်ဟု မပါရှိပါ။ အချို့ဆိုလျှင် ဆယ်တန်းအောင်သည်နှင့် အလုပ်ဝင် လုပ်နေကြသည့် လူငယ်မောင်မယ်လေးများအဖို့ အဝေးသင်တက္ကသိုလ်တက်ရင်း ဘွဲ့ယူကြရသည်များ လည်းရှိ ပါသည်။ ယနေ့မြန်မာတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများမှာလည်း အလုပ်အကိုင်အခွင့် အလမ်းရှား ပါးလာပြီဖြစ်ပါသည်။ အလုပ်လက်မဲ့ရှိနေကြသည့်များထဲတွင် ကိုယ့်သင်ထားသည့်ပညာနှင့်မကိုက် ညီသည့်အတွက် အလုပ်မလုပ် လိုခြင်း၊ အလုပ်ရွေးချယ်နေခြင်း၊ ကိုယ့်လုပ်အားတန်ဖိုးနှင့်တူညီသည့်လခ မရရှိခြင်း စသည့်အကြောင်းပြချက် အမျိုးမျိုးဖြင့် အလုပ်မလုပ်ကြသည် များလည်းရှိကြပါသည်။

နေရာတိုင်းမှာ အကြောင်းရှိမှအကျိုးဖြစ်တာပါ။ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးသည် အမြဲဒွန်တွဲ နေမြဲဖြစ်ပါသည်။ လူလုပ်သည့်အရာတိုင်း အမြဲတမ်းPerfectမဖြစ်နိုင်ပါ။ အကောင်းချည်းပဲ မရှိနိုင် သကဲ့ သို့ အဆိုးချည်းပဲလည်းရှိနိုင်မည်မဟုတ်ပါ။ မိမိကအမြင် မှန်ကန်အောင်ကြည့်တတ်ဖို့လိုပါသည်။ အမျိုးသား ပညာရေးဥပဒေကို ဆန္ဒပြချင်ရုံသက်သက်နဲ့ဖြင့် ဘွဲ့ဝတ်စုံကိုဝတ်ပြီး ပါဖောမန့်လုပ်စရာမလိုပါ။ ဥပဒေထဲ က မှမည် သည့် အချက်ကိုမကြိုက်သလဲ။ ဘာအချက်ကဖြင့် မကောင်းဘူး။ စသဖြင့် ဝေဖန်လျှင် ပိုမိုသင့်တော်မည်ဖြစ်ပါသည်။ယခုလိုလုပ်နေလျှင် ဘွဲ့ရသည့်ပဂိုလ်များ၊တက္ကသိုလ်ကောလိပ်မှ ဘွဲ့တစ်ခုခု ရရှိပြီး ၄င်းဘွဲ့ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ပုဂိုလ်များကို စော်ကားသကဲ့သို့ဖြစ်နေပါသည်။

တစ်ခါတရံတွင် မိမိလုပ်လိုက်သည့်ရည်ရွယ်ချက်သည်တစ်မျိုးဖြစ်သော်လည်း ခံယူသည့်လူပေါ်မူတည် ပြီး ရလဒ်သည်ပြောင်းလဲသွားတတ်ပါသဖြင့် သတိပြုဆင်ခြင်စေလိုပါသည်။


                                                                               ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

No comments:

Post a Comment