မချစ်လို့လမ်းခွဲပါတယ်ဆိုမှ
ဘာအကြောင်းပြချက်လိုဦးတော့မှာလဲ..။
မမျှော်လင့်ပါဘူးလို့ တဖွဖွပြောနေပေမယ့်
ရင်ထဲမှာ တိတ်တခိုးတမ်းတနေမိတာ အပြစ်လား။
မင်းထားခဲ့တဲ့နေရာမှာတော့ မနေတော့ပါဘူး။
မင်းနောက်ဆံတင်းနေမှာစိုးလို့ပါ။
အချစ်နဲ့ထွန်းညှိခဲ့တဲ့မီး
နှလုံးသားကို လောင်မြိုက်တော့ရော
ဘာများတတ်နိုင်မှာတဲ့လဲ။
ငြိမ်းဖို့ဆိုတာ မင်းရဲ့မေတ္တာကသာ စွမ်းဆောင်နိုင်မှာပါ
အဝေးကိုလှမ်းမျှော်ကြည့်နေမိပေမယ့် အလွမ်းတွေက နှလုံးသားထဲမှာ
မပျော်ဘူး..မပျော်ဘူးလို့အထပ်ထပ်ငြီးတွားနေမိပေမယ့်
အချစ်နဲ့ဝေးတဲ့သူ ပျော်သူဘယ်ရှိပါ့မလဲ။
မလွမ်းဘယ်သူရှိပါ့မလဲ..။
No comments:
Post a Comment