Tuesday, July 29, 2014

သူသိပါစေ....





ချိုသာကြည်မြ  သြရှရှနဲ့..
.နူးညံ့ချိုသာ ပြောဆိုလာသည့်
ချစ်သူ့အသံ..ကြားရုံမျှဖြင့်
ရင်ဝယ်ပီတိ ဂွမ်းဆီထိ
ရွှင်မြူးပျော်မိ နှိုင်းမသိ...။
ချစ်သူ့အသံမကြားရသော်
နှလုံးသားဝယ် မွန်းကြပ်လှောင်ပိတ်
တိတ်တိတ်ကလေးကြေကွဲမိ..။
ချစ်သူကိုယ်စား တန်ဖိုးထားတဲ့
အရုပ်ကလေး ပိုက်ကာထွေးရင်း
သန်းကောင်ကျော်လဲ အိပ်မပျော်ဘဲ
ချစ်သူကိုသာလွမ်းနေမိ....။
 

No comments:

Post a Comment