
ကျွန်မမှာ အမှတ်တရများစွာရှိပါသည်။ ပျော်ရွှင်ကြည်နူးရသည့်အမှတ်တရများကိုလည်း တန်ဖိုးထား သကဲ့ သို့ ၀မ်းနည်းမှုများကိုလည်း အမှတ်တရတန်ဖိုးထားပါသည်။ အမှတ်တရတန်းဖိုးထားရသည်များထဲတွင် အာဇာနည်နေ့လည်းအပါအ၀င်ဖြစ်ပါသည် ။ ကျွန်မတို့ငယ်စဉ်အခါက အာဇာနည်နေ့တိုင်း ကျောင်းမှာ ရှိသည့် အာဇာနည်ကျောက်တိုင်ကိုအလေးပြုကြရသည်။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် များကို အလေးပြုဆိုတဲ့ အသံကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အလေးပြုရင်း ကျွန်မ မျက်ရည်က ကြွေကျ မြေခခဲ့ရပါသည် ။ဗိုလ်ချုပ်နှင့်တကွ အာဇာနည်အားလုံးကို မမြင်ဖူးခဲ့ပါ။ သို့သော်… ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေသောအာဇာနည်များအားလုံးသည် တိုင်းပြည်အတွက် အသက်ပေးခဲ့ ရသော လှေလှော်ရင်းတက်ကျိုးခဲ့ရသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေ ကွဲသောကြောင့် ကျရ သည့်မျက်ရည်များပင်ဖြစ်ပါသည်။….မျက်ရည်များကြားမှပင် ဆရာဇော်ဂျီရေးဖွဲ့ခဲ့သည့် “ ….သခင် အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊ ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏။ မြေခ သတင်း၊ မိုးကြိုးခွင်းသို့၊ အိမ်တွင်းအိမ်ပြင်၊တို့လမ်းခွင်၌၊မချင့်မရဲ၊ ၀မ်းနည်းခံခက်၊ မျက်စိမျက်နှာ၊ ညှိုးကြရှာသည်။ ရွာဦးပါမှ၊ သင်္ချိုင်းထိ..” ကဗျာကို သတိရလိုက်မိပါသည်။ ကဗျာလေးကိုခံစားရင်းမျက်ရည်ဝဲမိသလို မျက်ရည်ဝဲရင်း ဒီကဗျာလေး၏ အတိမ်အနက်ကိုသတိထားမိပါသည်။ ဗိုလ်ချုပ်ကို မည်မျှအလေးထားကြောင်းပေါ်လွင်စေ သည့် ကဗျာလေးလည်းဖြစ်ပါသည်။
သို့အတွက်ကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်များအားလုံးအသက်ပေးပြီးရယူခဲ့ရသည့် မြန်မာ့ လွတ်လပ်ရေးကိုကျွန်မတို့လူငယ်ထုက အသက်ပေးပြီးကာကွယ်မှသာ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်များ၏ အသက်ပေးဆပ်ရမှုနှင့် ထိုက်တန်မည်ဟု ငယ်စဉ်ကတည်းက တွေးခဲ့ဘူးပါသည်။ မိမိကိုယ်တိုင်ရော မိမိပတ်ဝန်းကျင်ကိုရော အမြဲမေးခဲ့ဘူးသည့်စကားတစ်ခွန်းရှိပါသည်။ ဗိုလ်ချုပ်ကိုတကယ် ချစ်ကြပါရဲ့ လားလို့.. ဗိုလ်ချုပ်ကိုတကယ်ချစ်မချစ်ဆိုလျှင် မိမိတို့လုပ်ရပ်များက သက်သေပြနေမည်မှာမလွဲပါ။
ဗိုလ်ချုပ်သည် တိုင်းတစ်ပါးသား ကုလားဖြူများကို မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်နိုင်ခဲ့ပါ သည်။ လွတ်လပ်ရေး၏အနှစ်သာရကို ဗိုလ်ချုပ်မခံစားခဲ့ရပါ။ သို့သော်..ကျွန်မတို့တစ်တွေခံစားနေကြရပါပြီ။ အသက် ပေးကာအရယူခဲ့လေသောမြန်မာ့လွတ်လပ်ရေးသည် ယနေ့ခေတ် ယနေ့ကာလ တွင်မျှအချည်းအနှီးဖြစ်ကြရ တော့မှာလား။
မည်သည့်ခေတ် မည်သည့်ကာလမဆို ကိုယ်ကျိုးရှာသမားများကရှိနေမှာအမှန်ပါ။ တိုင်းတစ်ပါးသားက လာရောက်ကျွန်ပြုခဲ့ပါသော်လည်း အသားထဲကလောက်ကောင်များမပါပါက နှစ်ပေါင်း၁၀၀ကျော်ကြာမျှ ကျွန် သက်ရှည်မည်မဟုတ်ပါ။ မျိုးချစ်စိတ်ရှိသူများက တစ်ဖက် အသားထဲကလောက်ကောင်များက တစ်ဖက်နှင့် အ ချင်းချင်းအားပြိုင်မှုများကြောင့်သာ ကျွန်သက်ရှည်ခဲ့ရခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းလို မိမိအကျိုးထက်နိုင်ငံတော့်အကျိုးကိုကြည့်သည့် သူရဲကောင်းများစွာပေါ်ပေါက် လာခဲ့သောကြောင့်သာ မြန်မာပြည်သည် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ၄ရက်နေ့မှာသူတစ်ပါးလက်အောက်မှ လွတ်မြောက်ကာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေး၏ အရသာကိုပင် မခံစားလိုက်ရဘဲ ၁၉၄၇ခုနှစ် ဇူလိုင် လ(၁၉)ရက်နေ့တွင်ပင် ကျဆုံးခဲ့ရရှာလေ သည်။ လှေလှော်ရင်း တက်ကျိုးခဲ့ရသည့် အာဇာနည် သူရဲကောင်းများအား မိသားစုအတွက် သာမက နိုင်ငံတော် အတွက် ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ခဲ့ရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည်တိုင်းတစ်ပါးသားကျူးကျော်သူနယ်ချဲ့မိစ္ဆာများကို အသက်ပေးပြီး တိုက် ထုတ်ခဲ့သည့် သမိုင်းသည် မေ့ပျောက်လို့မရပါ။ သမိုင်းစာမျက်နှာကိုကျော်လွန်လို့လည်းမရနိုင်ပါ။ သမိုင်းသည် မေ့ပျောက်ရန်မဟုတ်။သိမ်းထားရန်လည်းမဟုတ်ပြန်ပါ။ သမိုင်း သည် နောက် လာနောက် သားတို့အတုယူ လေးစားတန်ဖိုးထားရမည့်အရာများဖြစ်သလို သမိုင်းကပေးသည့် သင်ခန်းစာ များကိုလည်း မှတ်သားလိုက်နာရ မှာဖြစ်ပါသည်။
ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများအားလုံး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများကိုချစ်မြတ်နိုးတန်ဖိုးထားကြသည်။ နှစ်ပေါင်း (၆၇)နှစ်တိုင်သော် လည်း သေသော သာကြာ လျှင် မေ့ဆိုရိုးစကားရှိသော်လည်း နှစ်လရာသီအလီလီပြောင်းပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေဆိုတဲ့ အတိုင်း ရင်ထဲအသဲထဲမှာမမေ့နိုင်ကြ။ မမေ့နိုင်သောကြောင့်မမေ့ သင့်သောကြောင့် မမေ့ကြတာ အမှန်ပါ။ သို့ သော်လည်း ဗိုလ်ချုပ်ကိုချစ်နေရုံဖြင့်မပြီး လွမ်းဆွတ်တမ်းတနေ ရုံဖြင့်မပြီးသေးပါ။ ဗိုလ်ချုပ်ကို တကယ်ချစ်လျှင် ဖြင့် နိုင်ငံသားတိုင်း ဗိုလ်ချုပ်လမ်းစဉ် ကို လက်ခံကျင့်သုံးသင့် ပါ သည်။
ဗိုလ်ချုပ်သည် လက်နက်အားကိုးဖြင့် ကျူးကျော်စော်ကားခဲ့သည့် တိုင်းတစ်ပါးသားမျက်နှာဖြူများကို မုန်းတီး သည်။ မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာကို မြတ်နိုးတန်ဖိုးထားသည်။ မိမိနိုင်ငံကိုချစ်မြတ်နိုး သည်။ မွေခံ ထိုက်စေဆိုသည့်စကားအတိုင်း ကျွန်ုပ်တို့မြန်မာနိုင်ငံသားများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီး များကိုအမှန် တကယ် ချစ်မြတ်နိုးလျှင်ဖြင့် ဗိုလ်ချုပ်လမ်းစဉ် အတိုင်း မိမိတိုင်းပြည်နှင့်မိမိလူမျိုးအပေါ်သစ္စာစောင့်သိပြီး မိမိနိုင်ငံကိုကာကွယ်ရုံမှတပါး အခြားမရှိပါ။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
No comments:
Post a Comment