Leader do not make democracy people do ဒီမိုကရေစီကို ပြည်သူလူထုကသာ ဖော်ဆောင်နိုင်တယ်။ ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲက မဖော်ဆောင်နိုင်ဘူးဆိုတဲ့ စာသားလေးကို သဘောကျမိပါတယ်။ ဒီမိုကရေစီကို လူတစ်ဦးတစ်ယောက်ထဲက အကောင်အထည်ဖော်နိုင်သည်မဟုတ်ဘဲ ပြည်သူလူထုကသာ ဒီမိုကရေစီကျင့်စဉ်ကို စည်းကမ်းနည်းလမ်းကျနစွာ ကျင့်ကြံမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ်ရရှိမှာဖြစ်ပါသည်။
Mobocracy(လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုမျိုး)၊
Anarchy(အကြမ်းဖက်နည်းနဲ့ယူသည့် မင်းမဲ့ဝါဒမျိုး)၊
Electocracy( မဲဆန္ဒရှင်ပြည်သူများကို မဟုတ်မမှန်မက်လုံးတွေပေး၊ လိမ်ညာမဲဆွယ်ပြီးယူရင်တဲ့ ရွေးကောက်ပွဲအဓိက၀ါဒ)၊
Autocracy(လူတစ်ဦးတစ်ယောက်ကို ဗဟိုပြုပြီးမှီခိုလွန်းတဲ့သဘော)၊
Polyarchy(လူထုကို မဲထုတ်စက်လိုသဘောထားပြီး လူနည်းစုရေပေါ်ဆီ လူတတ်၊ လူလည်တစ်သိုက်က အုပ်စိုးဖို့ကြိုးစားမှု)
တို့သည် ဒီမိုကရေစီမဖြစ်နိုင်တော့ပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူ့အတွက် ပြည်သူကိုယ်တိုင် တင်မြှောက်တဲ့အစိုးရလို့အဓိပါယ်ဖွင့်ဆိုထားကြသည့်အတွက် ဒီမိုကရေစီ၏ခေါင်းဆောင်သည်ပြည်သူ သာဖြစ်ပါကြောင်း……………….
No comments:
Post a Comment