Labels
- ၀တ္ထုတို (8)
- ကဗျာ (15)
- ဓာတ်ပုံမှတ်တမ်းများ (1)
- ပြည်တွင်းသတင်း (5)
- ဆောင်းပါး (37)
- နိုင်ငံတကာသတင်း (3)
Tuesday, April 5, 2016
၇၁နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ၊ကဗျာရှည်ပြိုင်ပွဲ တတိယဆုရ
တပ်မတော်မော်ကွန်း ဆော်ရွှမ်း မင်္ဂလာ ဖော်ညွှန်းအလင်္ကာ
နမောဗုဒ္ဓါယ သိဒ္ဓံ


(၁)
အောင်ဇေယျတု၊ အောင်စေမှုဖြင့်
အောင်ဆုလွှင့်နှိုး၊ အောင်သံပျိုး၍
အောင်ကျိုးကိုရည်၊ အောင်မည်ကိုမှန်း
အောင်ပန်းထွေထွေ၊ အောင်ကြောင်းဝေဟု
အောင်စေတနာ၊ အောင်သြဘာနှင့်
အောင်ရာအတိတ်၊ အောင်နိမိတ်ကြောင့်
အောင်ဟိတ်အဟုန်၊ အောင်စိတ်စုံတို့
ကုံလုံချက်ခြာ၊ ပြည်မြန်မာ၏
ရင်မှာဖြစ်တည်၊ ပြည့်စစ်သည်သား
ဇာနည်ဖွားတို့၊ ဂုဏ်အားထုတ်ဖော်
တပ်မတော်နေ့၊ ခါချမ်းမြေ့ကား
စေ့ရေတွက်စစ်၊ နှစ်ကားခုနစ်ဆယ်
စွန်းကယ်တစ်နှစ်၊ ချိန်ကောင်းစစ်ကို
တွယ်ရစ်ရင်မှာ၊ မမေ့သာမို့
ကြောင်းရာဂုဏ်မော်၊ တပ်မတော်၏
ညွှန်းဖော်ဖြစ်ရပ်၊ အထုပ္ပတ်ကိုလွှမ်းပတ်ရှည်ကြာ၊
တည်စိမ့်ငှာလျှင်
ကဗျာမော်ကွန်း၊ ဖော်ကာသွန်းမည်
ဆော်ရွှမ်းမင်္ဂလာတည်စေသတည်း။
(၂)
လူသားအစ၊တည်ဦးကပင်
မြန်မာ့ပုံသု၊ရေမြေထု၌
လူမှုအဖွဲ့၊စတည်ခဲ့၍
စုဖွဲ့ရာတွင်၊ရေကြည်လျှင်ရောက်၊
မြက်နုပေါက်လျှင်၊စခန်းထွင်၍
အေးလျှင်အတူ၊ပူလျှင်မခွဲ
တစ်သေးထဲတည့်၊အမြဲချစ်ကြည်
သွေးစည်းစည်းပြီး၊ရပ်တည်ချက်မှန်
လုံလသန်၍၊အားမာန်လက်ရုံး
ဟုန်းဟုန်းတက်ကြွ၊နှလုံးလှသည့်
အာဂနွယ်ဖွား၊မြန်မာများတို့
တိုင်းကားခြေတည်ခန့်ခန့်ထည်အောင်
ရွှေပြည်ရွှေတိုင်း၊ရွှေသမိုင်းကို
ဆစ်ပိုင်းရေးထိုးခဲ့သည်တည်း။
(၃)
ကိုယ့်မြေကိုယ့်ရေ၊ကိုယ့်ရပ်ဒေသာ
ကိုယ့်ပြည်ရွာတွင်၊ဘာသာတရား
လက်ကိုင်ထား၍၊ဘုရားဟောပြ
အဆုံးမကို။တိကျလိုက်နာ
ရောင့်ရဲစွာဖြင့်၊လောဘာရမ္မက်
လွှမ်းမတက်ဘဲ၊သမဂ္ဂါနံ
အမှန်တပေါ၊သုခေါဟူဘိ
ပါဠိအလာ၊လမ်းညွှန်စာကို
လိုက်နာကျင့်ယူ၊မြန်မာလူတို့
စိတ်တူညီညာ၊ရုံးစည်းကာနှင့်
ကြည်သာအေးမြ၊ရောင့်ရဲကြရင်း
ဘ၀အလှ တည်သတည်း။
(၄)
ဘ၀အလှ၊ တည်ခဲ့ကြလည်း
တက်ကြွခိုင်ကျည်၊ စစ်ရည်စစ်သွေး
စစ်တွေး စစ်ကြံ၊ စစ်မာန်ထက်မြ
စစ်သွေးကြွလျက်၊ ရွာမှမြို့တည်
မြို့သည် ပြည်ဖြစ်၊ ပြည်သည်နိုင်ငံ
တိုးတက်ဖန်၍၊ ဟန်လင်း ဗ္ဓိဿနိုး
တန်ခိုးဖြာဝေ၊ သရေခေတ္တရာ
ပျူနွယ်လာမှ၊ ဆင့်ကာတည်ပြန်
ပုဂံ ပင်းယ၊ အင်းဝတောင်ငူ
တစ်မူ ညောင်ရမ်း၊ တစ်ခန်းကုန်းဘောင်
ဘုန်းရောင်ပြိုးပြက်၊ တန်ခိုးလက်ကာ
ရွှေမြန်မာတို့၊ ရွှေလွှာရွှေသွေး
ရွှေရည်ရေး၍၊ ရွှေဆေး ရွှေစက်
ရွှေရည်လက်သည်
ပြိုးပြက်ရွှေပြည်ဝင်းသတည်း....။
(၅)
ခေါက်ရှာငှက်လျှင်။ ပျံသည့်သွင်သို့
မြင့်လျှင်တင်လိုက်၊ နိမ့်ဘက်ရောက်က
ကျလိုက်ခါသာ၊ ဓမ္မတာသို့
သမ္ဘာဂုဏ်ဆောင်း၊ သမိုင်းကြောင်းတွင်
အားကောင်းမောင်းသန်၊ စစ်အားမာန်တို့ ထက်သန်ခိုင်ဖြီး၊ ဂုဏ်ရှိန်ညီးက ပြည်ကြီးတိုးတက်၊ ဖွံ့ဖြိုးလျှက်တည့်။
ပြည့်တွက် ဦးဆောင်၊ ဥသျှောင်သခင် ဘုရင်မင်းမြတ်၊
စစ်ဂုဏ်ဒြပ်နှင့် သတ္တိအစွမ်း၊အံ့မခန်းရှိ စစ်၏အထာ၊
စစ်ရေးရာကို
သေချာကျန၊ တတ်ပွန်ကလျှင်
မြန်မာ့ရွှေပြည်၊ ၀ပြောစည်၏။
တစ်လီမခြား၊ပြည်သူသားတို့
မပြားမကွဲ၊ တူလက်တွဲ၍
တစ်ခဲနက်လျှင်၊ တွဲလက်ယှဉ်သော်
နိုင်ငံတော်ကြီး၊ ဂုဏ်ရှိန်ဟီး၍
ရွှေထီးရွှေနန်း၊ရွှေကြငှန်းနှင့်
မှတ်တမ်း ပထမ၊ ပုဂံမျသည်
တစ်လီတောင်ငူ၊ နောင်မူ ကုန်းဘောင်
ဘုန်းရောင်တိုးတက်၊ ပြိုးပြိုက်ပြက်သည်
လင်းလက်ရောင်ဝါထွန်းသည်တည်း....။
(၆)
စစ်မက်ဆိုလျှင်၊ ရဲစိတ်ဝင်၍
စစ်တွင်ရွှင်ပျော်၊စစ်စိတ်မော်သည်
အနော်ရထာ၊ မင်းမဟာ၏
ကြောင်းလျာဆက်စပ်၊ တွေးခေါ်တတ်သည့်
မြတ်သောအမွေ၊ ခံယူလေ၏။
မှန်စေကြောင်းလှစ်၊ မင်းကျန်စစ်၏
ကျစ်လျစ်ခံ့တည်၊ သွေးစည်စည်းရုံး
ချစ်ထုံးနှောင်ထား၊ တိုင်းရင်းသားတို့
မပြားမကွဲ၊တူလက်တွဲသည့်
ခိုင်မြဲစဉ်လာ၊ခံယူပါ၏။
တစ်ဖြာမှတ်စွဲ၊ မင်းရဲကျော်စွာ
မဟာဗႏ ၶဳလ၊ရဲစြစိတ္ထား
စွန့်စွန့်စားသည့်၊ စစ်အားစစ်ရည်
စစ်နှည် စစ်တွေး၊ စစ်ရေးစစ်ရာ
စစ်ဗျူဟာကို။ လေ့လာပိုက်ဖြား
မြဲမှတ်သား၏။
ထင်ရှားဂုဏ်တင့်၊ မင်းဘုရင့်နောင်
ဦးအောင်ဇေယျ၊ မြန်မာ့ဥသျှောင်
စစ်ခေါင်းဆောင်တို့၊ ရှေ့ဆောင်ပြညွှန်
စစ်ရေးဝန်ကို၊
အားသွန်ထမ်းရွက်ခဲ့သည်တည်း။
(၇)
ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်ရပ်ဒေသာ
ကိုယ့်ပြည်ရွာဝယ်၊ ဘာသာတရား
ဆုံးမများကို၊ လေးစားလိုက်နာ
ရောင့်ရဲစွာနှင့်၊လောဘာရမက်
လွှမ်းမတက်ဘဲ၊နှစ်သက်ရွှင်ကြည်
နေလာသည်တွင်၊ သူ့လျှင်ကိုယ်က
စ၍မကျူး၊ သူကျူးလျှင်လည်း
ငုံ့ပြီးမခံ၊ပြန်တွန်းလှန်သည့်
စစ်မှန်ပြည့်လျင်း၊ စစ်သွေးတင်းလည်း
ချင်းနင်းမောက်မော်၊ မသူတော်တို့
ကျူးကျော်သည့်စစ်၊ သုံးကြိမ်ဖြစ်၏။
စစ်ဖြစ်တိုင်းမှာ၊ ရှုံးရရှာ၍
ကြုံလာသနစ်၊ ပြန်ဆန်းစစ်သော်
ကျစ်လျစ်ခိုင်ဖြီး၊ အင်အားကြီးသည့်
တပ်စည်းရခိုင်၊ တို့မပိုင်ခဲ့။
နိုင်ငံ့ဥသျှောင်၊ခေါင်းဆောင်သည့်မင်း
လွန်ညံ့ဖျင်း၏။
``မခုခံရ၊ ခုခံသသူ
သူပုန်ဟူ ´´ဟု။ ရှင်လူသိကြား
မိန့်စကားကို၊ နားမျှလေပင်
မပန်ဆင်ဘဲ၊လူလျှင်လူချင်း
အားမာန်သွင်း၍၊အလျင်းကြောက်စိတ်
ထိတ်သည့်မူရာ၊ မရှိပါဘဲ
သွေးဖြာသက်ဆုံး၊ရှုံးချင်ရှုံးစေ
တို့တိုက်လေအံ့။
မကြေကမ္ဘာ၊တို့ပြည်ရွာကို
ဝင်ကာစိုးယူ၊ဘယ်လိုလူမှ
ရွံ့မူမထား၊ရဲဝံ့ငြားလည်း
နှုတ်ဖျားမြည်တမ်း၊ သပြေတန်းမျ
အုံကြွပွင့်အန်၊ တက်ခေါက်သံသည်
နိုင်ငံပြည်လုံး၊ ဟိန်းသတည်း။
(၈)
ရှေးအတီတေ၊ရှေးပဝေက
တည်နေခဲ့ရှာ၊ တို့ပြည်ရွာကို
တို့သာပိုင်စိုး၊ တို့အမျိုးသာ
အချုပ်ခြာဟု၊ စွဲလာမှတ်ရစ်
ခံယူဖြစ်လည်း၊ နိမ့်လေနောက်ကျ
ယှဉ်မရသော်၊ လောဘသမား
လူမျိုးခြားတို့၊ စစ်အားကိုပြု
တိုင်းပြည်လုသော်၊ ခုခုခံခံ
ဓားလှံလွှင့်မြောက်၊ မကြောက်တရား
ရင်မှာပွား၍၊ သွေးသားသက်ကြွေ
မမှုလေဘဲ၊ တို့မြေတစ်စ
ပဲ့မကျအောင်၊ ရဲစွစိတ်ထား
စွန့်စွန့်စားလည်း၊ တိုင်းကားပြည်မှောက်
သူ့လက်ရောက်၍၊ သားပေါက်နွံနစ်
သူ့ကျွန်ဖြစ်သည်၊
ရာနှစ်ကျော်လွန်ခဲ့သည်တည်း။
(၉)
ဗြဟ္မစိုရ်တရား၊ထုံမွှမ်းထားသည့်
တရားမျှတ၊လွတ်လပ်မှလျှင်
အေးမြသာယာ ကိုယ့်ပြည်ရွာတွင်
ချုပ်ခြာပိုင်စိုး၊ ဂုဏ်ရ်ာတိုး၍
အမျိုးလှလျှက်၏၊ အသက်၀၀
ရှူ၍ရဟု စိတ်ကစွဲထင်
တို့ဘ၀င်ဝယ်၊ သခင်စိတ်ဓာတ်
မွန်မွန်မြတ်ကို၊ မပြတ်ပိုက်ထွေး
သိမ်းမြန်းမွေးမို့၊ တုံ့နှေးမပြု
ညီညာမှုဖြင့်၊ အန်တုဆင်နွှဲ
တော်လှန်ပွဲလည်း၊ အမြဲမပြတ်
ကြိမ်ကြိမ်ထပ်ခဲ့။
ယုတ်ပတ်စိတ်ထား၊ နယ်ချဲ့များကို
တို့ဓားတို့မာန်၊ တို့လှံတို့မြှား
တို့စွမ်းအားဖြင့်၊ ဆင့်ဆင့်တိုက်ပွဲ
စဉ်ကာနွှဲသော်၊ အောင်ပွဲမလှ
ရှုံးနိမ့်ရမို့၊ အာဂဇာနည်
မျိုးစစ်သည်၏၊ နီနီစွေးစွေး
မြန်မာ့သွေးတို့၊ စွန်းထေးပျံ့လွင်
ပြည်တစ်ခွင်ဝယ်
မြေပြင်အလုံး ဖုံးသတည်း…။
(၁၀)
ထိုမှစသည်၊ နှစ်ကြာရှည်သော်
စစ်ရည်စစ်သွေး၊ စစ်ရေးကိုပြု
အံတုမှုနှင့်၊ အောင်ဆုရည်မှန်း
လွတ်လပ်ပန်းကို၊ ဆွတ်လှမ်းမကြုံ
မရတုံဟု၊ ယုံယုံကြည်ကြည်
မျိုးဇာနည်တို့၊ အရှည်မျှော်တွေး
မျိုးသားရေးကို၊ အလေးပေးကာ
ဦးတည်လာ၍၊ မြန်မာအသင်း
ဖွဲ့ခြင်းအစ၊ ကလျာဏဟု
ယုဝတွင်မည်၊ အဖွဲ့တည်၍
ညီညာရုံးစု၊ဆောင်ရွက်မှုဖြင့်
ခုခုခံခံ၊ တို့တွန်းလှန်ခဲ့။
တစ်ဖန်ညီညာ၊ တို့ဗမာဟု
မည်ကာတစ်နည်း၊ အစည်းအရုံး
အားလုံးသခင်၊ မှည့်ခေါ်တွင်ကာ
အစဉ်ရှေ့က၊ လမ်းညွှန်ပြသည်
မြန်မာ့ကျွန်ဇာတ် ပြတ်ရေးတည်း။
(၁၁)
အင်္ဂလိပ်အခက်၊ တို့အချက်ဟု
ရှေ့ဆက်ခရီး၊ မျှော်ရည်ပြီးသော်
စုစည်းချက်ခြာ၊ ကျစ်လျစ်စွာနှင့်
ခိုင်မာပီပြင်၊ လက်နက်ဆင်၍
စစ်ပြင်ကျိုးကုတ်၊ စွမ်းရည်ထုတ်သော်
မျိုးယုတ်မိစ္ဆာ၊မှုစရာလား
တိုင်းတစ်ပါးရန်၊ တို့တွန်းလှန်ဟု
ဖန်ဖန်ထပ်ထပ်၊ ပြန်သုံးသပ်ကာ
တို့ဗမာခေါ်၊ ညီညာရုံးစု
သင်းဖွဲ့မှု၏၊ ရှေးရှုပြညွှန်
လွတ်ရေးဝန်ကို၊ အားသွန်ကြိုးရေး
ဦးမလေးသည့်၊ စစ်သွေးလျှံဖိတ်
ရဲသည့်စိတ်နှင့်၊ သုံးကျိပ်ရဲဘော်
ညီနောင်ဖော်တို့၊ တပ်တော်ဖွဲ့မူ
တောင်သူလယ်သမား၊ လုပ်သားများနှင့်
ဘုရားသားမှန်၊ သံဃာမယွင်း
ညီရင်းနောင်စု၊ ဖွဲ့တည်မှုနှင့်
ပြည်သူ့တပ်မတော်၊ ထွန်းသစ်ပေါ်သည်
နံစော်ညစ်ထေး၊ ကျွန်ဇာတ်ဆွေးကို
မနှေးသုတ်သင်၊ တိုက်ပွဲဝင်သည်
သခင်ပန်းတို့၊ လန်းရန်တည်း။
(၁၂)
ဘီအိုင်အေမှ၊ နိဒါန်းစ၍
ထိုမှတစ်လီ၊ဘီဒီအေခေါ်
မည်ပြောင်းသော်လည်း၊ တော်တည့်ဖြောင့်မှန်
သစ္စာနှံ၍၊ ကျင့်ကြံအားထုတ်
မဆုတ်မနစ်၊ စွမ်းရည်စစ်နှင့်
ရင်နှစ်မျက်ဖျော်၊တပ်မတော်သည်
အေးသော်အတူ၊ ပူသော်မခွဲ
စဉ်လက်တွဲ၍၊ သွေးထဲသားထဲ
သည်းရင်ထဲက၊ လှိုက်လှဲခိုင်မာ
ပြည်သူသာလျှင်၊ နှစ်လွှာတွင်ယှက်
စွယ်တော်ရွက်မို့၊ လက်တွဲတုန့်လှစ်
ပြည်သူ့စစ်ဖြင့်၊ အမြစ်မြေလှန်
ဖက်ဆစ်ရန်ကို၊တော်လှန်တိုက်ပွဲ
စဉ်ဆက်နွှဲသော်၊ အောင်ပွဲလီလီ
အောင်ခဲ့သည်မို့
အောင်စည်တီးကာ မော်သည်တည်း။
(၁၃)
အမျိုးမြင့်မြတ်၊ လွပ်လပ်လေပြီ
ဆိုရမည်လည်း၊ ထိုဆီကာလ
ထိုခေတ်ကလျှင်၊ ကမ္ဘာခွင်မှာ
လက်ျာ လက်ဝဲ၊ သွင်မူကွဲတို့
ပြည်ထဲရေးရာ၊ ၀င်နှောက်လာ၍
တိုင်းကားပြည်သီး၊ နိုင်ငံကြီးငယ်
အသွယ်သွယ်တွင်
ချယ်လှယ်လိုမှု၊သူတို့ပြု၏။
ဗိုလ်လုစိုးမိုး၊သွေးထိုးမြှောက်ပင့်
ချီးမြှင့်-ပံ့ပိုး၊ ရိုက်ချိုး-နှောင့်ယှက်
စွက်ဖက်-သပ်သွင်း
ဝါဒခြင်းပြိုင်၊ အားခြင်းဆိုင်၍
အနိုင်အထက်၊ စားကျက်လုမြဲ
စစ်အေးပွဲ၏၊ ငရဲဂယက်
လောင်မီးစက်သည်၊ ကူးလျှက်တို့ပြည်
ရောက်လာသည်တွင်၊ အစဉ်လက်တွဲ
စည်းရုံးမြဲမှ၊ သွေးကွဲဖြုတ်လက်
ကျောခိုင်းလျှက်လျှင်၊ လက်နက်ဆွဲကိုင်
ယမ်းငွေ့လှိုင်သော်၊ မခိုင်စိတ်ဝမ်း
ဘ၀င်နွမ်း၍၊ မချမ်းမမြေ့
ကပ်ဘေးတွေ့သည်၊ စေ့ရေတွက်စစ်
ရာဝက်နှစ်မျှ၊ ဖျစ်ဖျစ်ထန်သည်း
အရှိန်ကြီးသည်
စစ်မီးလောင်မြိုက်ခဲ့သည်တည်း။
(၁၄)
နယ်ချဲ့စနက်၊ သွေးခွဲချက်ကြောင့်
တစ်ဖက်နားဝင်၊ မကောင်းထင်ကာ
ဆွေစဉ်မျိုးရင်း၊ မြင်မရှင်းဘဲ
ချက်ခြင်းခုပေး၊ တို့အရေးဟု
လူမျိုးစုရေး၊ အလေးပေးကာ
သွေးဝေးလာသူ
ဘာသာရေးကို၊ ဘန်းပြဆို၍
အလိုရှိရာ၊ တောင်းဆိုလာသူ
ဝါဒရေးရာကိုင်ဆွဲကာဖြင့်
အာဏာရရေး၊ဦးမလေးသူ
သူ့လူငါ့လူ၊ ရာထူးယူ၍
ပြည်သူများအား၊ ကျောခိုင်းထားသူ။
တစ်လူတစ်မင်း၊တစ်ဗိုလ်ချင်းကြောင့်
ပြည်တွင်းစစ်မီး၊ ထိန်ထိန်ညီးသော်
ငိုညည်းဆွတ်ကျင်၊ သောကရင်နှင့်
မရွှင်ဗျာပါ၊ ဝေဒနာနှင့်
ပြာပုံဘ၀၊တွင်းဆုံးကျနှင့်
ဒုက္ခဝေစီ၊ ကပ်ထေါလီနှင့်
တည်မှီမရ၊ သောကာလတွင်
ဖေးမဆယ်ယူ၊ကယ်တင်သူမှာ
ငြူစူမဲ့ကင်း၊သဘောရှင်း၍
ရင်တွင်းဆန္ဒ၊ နှလုံးလှသည့်
အာဂဇာနည်။
သားစစ်သည်သာ ဖြစ်ကြောင်းတည်း။
(၁၅)
ဗိုလ်ချုပ်အောင်ဆန်း၊ သူမျှော်မှန်းသည့်
ပန်းတိုင်ဟူသည်၊ ပြည်ထောင်စုစစ်
စနစ် ဧကန်၊ ဖြစ်သည်မှန်လည်း
ဖန်ဖန်သပ်သွင်း၊ သွေးခွဲခြင်းနှင့်
အတင်းစွက်ဖက်၊ ထိုးနှက်ချက်ကား
ပြည်ဖျက်အန္တရာယ်၊ ဖက်ဒရယ်မူ
သပွတ်အူကို၊ ကူးယူဇွတ်တင်း
ကြိုးပမ်းခြင်းကြောင့်၊ ပြည်တွင်းရေးရာ
တင်းမာလာ၍၊ ပျက်ကာပြိုပေါက်
ချောက်ထဲအကျ၊ တစ်ခဏတွင်
ကယ်မဖေးကူ၊ ဆယ်တင်သူမှာ
ပြည်သူကဖွား၊ ပြည့်သားအစစ်
ပြည့်ရင်နှစ်ဟု၊ ပြည်ချစ်မျက်ဖျော်
တပ်မတော်သည်၊ တော်လှန်ရေးကောင်စီ
ထိုအမည်နှင့်၊ တိုင်းပြည်အာဏာ
ထိန်းရရှာသည်၊
မြန်ပြည်ဓွန့်ရှည် တည်ရေးတည်း။
(၁၆)
ဆိုရှယ်လစ်ဟု၊ တစ်ခေတ်တစ်ခါ
ထိုချိန်မှာက၊ ကမ္ဘာတစ်ခွင်
အလွန်တွင်ကျယ်၊ မြစ်တွယ်ကျစ်လျစ်
စနစ်ကိုပင်၊ ကိုယ့်အစဉ်နှင့်
အသွင်ပြောင်းမှန်၊ မြန်မာ့ဟန်ဖြင့်
နိုင်ငံတော်သစ်၊ တည်သည်ဖြစ်ရာ
စနစ်ကကောင်း၊ မူကကောင်းလည်း
လူကောင်းကျန်ရစ်၊ လူသစ်မသမာ
ကိုယ်ကျိုးရှာတို့၊ နေရာလုခြင်း
ရှုပ်မရှင်းနှင့်၊ ပြည်တွင်းစီးပွား
တစ်အားထိုးကျ၊ ခြေမလှ၍
ခေတ်ကတောင်းဆို၊ ခေတ်အလိုရ
ဆန္ဒပြသော်
``ဂ-ငယ်သုံးခု၊ဥသျှစ်ထု´´ဟု
စာပြုညွှန်းတင်၊ သမိုင်းတွင်သား
ထိုစကားကို၊ မှတ်သားစံပြု
အတုရယူ၊ သွင်မူအသစ်
သမိုင်းလှစ်သည့်၊ ``ရှစ်လေးလုံး´´ခေါ်
မှောင်ဖုံးလှိုက်အူ၊ ဗလောင်ဆူသည့်
တိုင်းပူပြည်ပျက်၊ မည်းကွက်သမိုင်း
ဖြစ်စဉ်ရိုင်းတွင်၊ ဆယ်တင်ဖေးကူ
ထွေးဖက်သူမှာ၊ သည်းအူရင်ကြား
ပြည်ကဖွားသည့်၊ ပြည်သားလူမော်၊
တပ်မတော်သာ ဖြစ်ကြောင်းတည်း။
(၁၈)
နိုင်ငံ့အာဏာ၊ ယူပြီးကာမှ
ကျလာဝန်တာ။ အဖြာဖြာကို
သေချာစေ့ငု၊ သုံးသပ်မှုဖြင့်
ယခုချက်ခြင်း၊ ဖန်းဆင်းသမှု
နတ်တို့ပြုသို့၊ ဂရုဓမ္မ
ကြိုးလုံ့လနှင့်၊စစရာရာ
စွမ်းဆောင်ကာလျှင်၊ မြန်မာတစ်ခွင်
သာစေချင်၍၊ ရွာပင်မြို့အလား
ထင်မှတ်မှားဖို့၊ ရွတ်ထားထိပ်ထက်
ဦးတည်ချက်များ၊ ဆယ့်နှစ်ပါးနှင့်
သုံးပါးတာဝန်၊ မြတ်ဝိသာဉ်ကို
အစဉ်အမြဲ၊ရင်မှာစွဲ၍
အကောင်းကိုစု၊ အကောင်းပြုသော်
သာဓုသံသာ၊ ညံစာစာသည်
မြန်မာပြည်လုံး ဟိန်းသတည်း
(၁၉)
နိုင်ငံရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
အနာဂတ်တွင်၊ တို့ပြည်ခွင်သည်
ကြယ်စင်ဝင်းပ၊ ရွှန်းရွန်းမြသား
ထောက်မမှီကင်း၊ လောင်းရိပ်ရှင်းသည့်
ကိုယ့်မင်းကိုယ်ချင်း၊ ရပ်တည်ခြင်းဖြင့်
တောင့်တကြံ့ခိုင်၊ နိုင်ငံတော်သစ်
အမှန်ဖြစ်ရန်၊ စိတ်ရည်သန်၍
ဘေးရန်ဖယ်ရှား၊ ဆောင်ရွက်သွား၏။
စီးပွားရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
မြန်မာ့စီးပွား ဖွံ့ဖွံ့ထွား၍
ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကျိုးကိုယ်ဆေင်
ခိုင်ခံ့အောင်လျှင်၊ စီအစဉ်များ
ချမှတ်ထား၍၊ တိုးပွားအောင်စု
လုံ့လပြု၏။
လူမှုရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
မြန်မာမျိုးသား၊ဂုဏ်ရည်ထွား၍
မျိုးသားလက္ခဏာ၊ မပျောက်ရာအောင်….
ပညာရည်တင့်၊ သိဥာဏ်ပွင့်အောင်….
ရွှန်းတင့်ကျန်းမာ၊ ကြံ့ခိုင်လာအောင်…
ကြံဆောင်ရွယ်ရည်၊ လုပ်ဆောင်သည်တွင်
ရွှေပြည်ဖွံ့ဖြိုး တိုးသတည်း။
(၂၀)
တိုင်းပြည်ရေးရာ၊ ကြုံဆုံလာသော်
ရှောင်ကာမတွန့်၊ မရွံ့လေသော
မြတ်မနောနှင့်၊သဘောပြည့်တင်း
ဆောင်ရွက်ခြင်းကြောင့်၊ ရေးခင်းဖြာဖြာ
ပြေလည်ကာပင်၊ ဘယာမသန်း
ဖြာဖြာလန်းလျှက်၊ အေးချမ်းသာယာ
ဝပြောကာနှင့်၊ ခက်ဖြာဖွံ့ဖြိုး
စွမ်းကုန်တိုး၍၊ အကျိုးရလဒ်
မွန်မွန်မြတ်တို့၊ထပ်ထပ်ပြည့်လျှမ်း
ပြည်တစ်ဝှမ်းတွင်….
ပန်းတို့ဝေေ၀၊ မွှေးပွင့်နေ၏။
စမ်းရေလည်းအေး၊ လမ်းတွေဖွေး၏။
ငြိမ်းအေးသာယာ၊ တို့ပြည်သာကို
ဝင်ကာထိုးဖောက်၊ နှောက်ယှက်ဖျက်ဆီး
ဘေးတီးလှုံ့ဆော်၊ မသူတော်တို့
မလျော်မကန်၊ သဘောဥာဏ်ဖြင့်
ဖန်ဖန်ထပ်ထပ်၏၊ လုပ်ဇာတ်ကိုခင်း
သပ်သွင်းခြေထိုး၊ အကျင့်ဆိုးကို
အမျိုးကိုချစ်၊ ပြည်ကိုချစ်သည့်
ကျစ်လျစ်စွမ်းအား၊ သဘောထားမြတ်
ထိုလေးရပ်နှင့်၊ မပြတ်သုတ်သင်
တိုက်ပွဲဝင်သည်
အစဉ်နိုးကြား ရှိလျှက်တည်း။
(၂၁)
နိုင်ငံ့အာဏာမက်မောစွာဖြင့်
သိမ်းကာပိုက်ပြု၊ ပိုင်စိုးမှုကို
မပြုလိုသော၊ မြတ်မနောတွင်
သဘောထားမှန်၊ အရင်းခံ၍
တမံရေမြောင်း၊ ခြေခံကောင်းနှင့်….
ကျောင်းသစ်ထွေထွေ၊ဆေးခန်းတွေနှင့်….
ပြေပြေလျားလျား၊ လမ်းတံတားနှင့်….
လုပ်အားဖြန့်ဝေ၊ စက်ရုံတွေနှင့်…..
လူနေမှုတင့်၊ စီးပွားမြင့်၍
ရှုချင်ဖွယ်ရာ၊ ရပ်တကာတွင်
သာယာအေးချမ်း၊ဘေးမသန်းဘဲ
ပြည့်ဝမ်းစည်ပင်၊ ကြွယ်ပေါဖျင်၏။
ပြည်ခွင်တစ်ရိုး၊ ဆင့်ဆင့်ဖြိုး၍
တိုးတက်ခေတ်မီ၊ ရှိလာသည်တွင်
ရွှေပြည်အသက်၊ ခြေပန္နက်ဟု
ပြည့်တွက်ဝိဥာဉ်၊ ပမာတင်စား
ဂုဏ်ဒြပ်များနှင့်၊ ပိုင်းခြားဝေဖန်
အခြေခံသော၊ နိုင်ငံဥပဒေ
ထွန်းပေါ်စေရေး၊ ဦးစားပေး၍
မနှေးဆော်ဖန်၊ ညီလာခံကို
အမြန်ခေါ်ယူခဲ့သည်တည်း။
(၂၂)
အမိပြည်သာ၊ ရွှေမြန်မာ၏
ဆင်းလျာကောင်းခြင်း၊ အလှဝင်းသည့်
ကျော့ရှင်းရွှန်းစို၊ ယဉ်နဂိုတွင်
ဒီမိုကရေစီ၊ ဇာခြည်လွှာပါး
လွှမ်းခြုံထားက၊ လှအားပေါ်တွင်
အယဉ်ကိုဆင့်၊အသွင်တင့်လိမ့်။
မျှော်လင့်အမှန်၊ အခြေခံသည့်
နိုင်ငံဥပဒေ၊ ပေါ်ထွန်းစေဖို့
တို့တွေအားသွန်၊ တို့ခွန် တို့အား
စွမ်းရည်များနှင့်၊ တို့အား တို့ကိုး
တို့မျိုး တို့ချစ်၊ တို့ပြည်ချစ်၍
ကျစ်လျစ်ခိုင်မာ၊ ညီညာပြည့်တင်း
ပြည်တွင်းအားသာ၊ အားကိုးရာတည့်။
ပေးစာ ကမ်းစာ၊ ကျွန်စာမမျှော်
ကျွန်စော်မနံ၊ကျွန်မခံဘဲ
မြဲမြံခိုင်ကျည်၊ သွေးစည်းစည်သည့်
ပြည်ထောင်စုဟိတ်၊ မြတ်သည့်စိတ်ဖြင့်
ယိုဖိတ်ပွင့်အန်၊ ညီလာခံကို
အမြန်ခေါ်ယူခဲ့သည်တည်း။
(၂၃)
ရေကိုသားလည်း၊ အကြားမထင်
ပမာပင်သို့
တွဲယှဉ်ကာထား၊ ပြည်သူများနှင့်….
ပြည့်သားအမော်၊ တပ်မတော်နှင့်…
ဆီလျှော်မျှတ၊ အစိုးရတို့
တကွတူရှိ၊ အားတြိ၏
စွဲရှိကိုင်ထား၊ သဘောထားမြတ်
ထိုလေးရပ်ကြောင့်၊ သပ်လျှိုထိုးခွဲ
နင်ပဲငဆ၊ ဆဲရေးပြသည့်
ပြည်ပအားကိုး၊ ပုဆိန်ရိုတည့်
အဆိုးမြင်ငြား၊ ဖျက်သမားကို
ပြည့်အားနှင့်နှင်၊ တို့ဆန့်ကျင်ကာ
``ငါနှင့်ငါသာ၊ အဟုတ်ပါတည်း
ငါနှင့်မတူ၊ ငါ့မူမလိုက်
ငါမကြိုက်က၊ နင့်ထိုက်နင့်ကံ
နင်သာခံ´´ဟု၊ နိုင်ငံကြီးက
ဘေးတီးစွက်ဖက်၊ ကန့်ကွက်ပိတ်ဆို့
လက်တို့ဘေးပြော၊ သဘောမျိုးမျိုး
စရိုက်ဆိုးကို ၊ ရိုက်ချိုးတုံ့နှင့်
တို့ဆန့်ကျင်ပြီး၊ တို့လျှင်တို့လမ်း
တို့စခန်းကို၊ လမ်းမပျောက်အောင်
လှမ်းလျှောက်ရာတွင်၊ ကြယ်စင်ထွန်းပ
လမ်းညွှန်ပြသို့၊ လမ်းပြမြေပုံ
ခုနစ်စုံသည်၊ ထုံးပုံမှီးက
ခရီးကန္တာ၊ သွားစဉ်ခါတွင်
လမ်းရှာမတွေ့၊မဖြောင့်မွေ့၍
မျက်စေ့လည်ကာ၊ ယောင်ချာချာသော်
မိုးမှာဝင်းပ၊ ရွှန်းရွှန်းမြသား
လမ်းပြသည့်သွင်၊ ခုနစ်စဉ်ဟု
ကြယ်စင်ငွေစ၊ မြင်ခဏ၌
သောကကင်းကွာ၊စိတ်ချမ်းသာသို့
မြန်မာရွှေပြည်၊ သာဝေစည်၍
ရွှေပြည်တော်သစ်ဖြစ်ရန်တည်း..။
(၂၄)
မုခ်ဝ ခုနစ်တန်၊ ဘုံပျံခုနစ်ဆင့်
နန်းမြင့်ခုနစ်လီ၊ ပမာညီသို့
ထုံးမှီနည်းကျ၊ လမ်းပြမြေပုံ
ခုနစ်စုံကား၊ ဆိုင်းငံ့ထားသည့်
မျိုးသားညီလာခံ၊ ပြန်လည်ကျင်းပ
စုဝေးကြပြီး၊ အရေးကြီးသည့်
ဖွဲ့စည်းပုံသေ၊ အခြေခံမူ
တို့သည်းအူကို၊ ညီတူရေးဆွဲ
သွေးမကွဲဘဲ၊ ခိုင်မြဲဝန်းရံ
ညီလာခံက၊ ပြန်ပြန်ထပ်ထပ်
ညှိသုံးသပ်၍၊ ဆုံးဖြတ်ကြစေ
ဥပဒေတည့်၊ ထွေထွေမူကြမ်း
ပြည့်နိဒါန်းကို၊ စိတ်ဝမ်းလက်ညီ
ပြည်သူ့ဆီက၊ ဖြစ်တည်ထုတ်ပြန်
ဆန္ဒမှန်ကို၊ ခံယူပြဌာန်း
ဆက်လျှောက်လှမ်း၍၊ ဆုံးဖြတ်ကြစေ
ဥပဒေတည့်၊ ထွေထွေမူကြမ်း
ပြည့်နိဒါန်းကို၊ စိတ်ဝမ်းလက်ညီ
ပြည်သူ့ဆီက၊ ဖြစ်တည်ထုတ်ပြန်
ဆန္ဒမှန်ကို၊ ခံယူပြဌာန်း
ဆက်လျှောက်လှမ်း၍၊ စည်းကမ်းကျကျ
တရားမျှသည့်၊ ရွေးကောက်ပွဲကြီး
ကျင်းပပြီးသော်၊
လွှတ်တော်ဆင့်ဆင့် ခေါ်မည်တည်း။
(၂၅)
မဲပေးနိုင်သူ၊ ပြည်သူအများ
ရွေးကောက်ထားသည့်၊ ပြည့်သားသွယ်သွယ်
ကိုယ်စားလှယ်တို့၊ ယှက်နွှယ်ပေါင်းစည်း
ညီညွတ်ပြီးသော်၊ လွှတ်တော်စည်းဝေး
ခေါ်ယူပေးလျှင်၊ ရွေးချယ်တင်ပြ
အစိုးရသည်၊ ဓိကချုပ်ကိုင်
ပြည့်မဏ္ဍိုင်မို့၊ မယိုင်မယိမ်း
မတိမ်းမစောင်း၊ အကောင်းကိုယှဉ်
မကောင်းစင်၍၊ အစဉ်ခေတ်မီ
စွမ်းရည်ဖွံ့ဖြိုး၊ လူမျိုးတိုးတက်
တန်ခိုးထက်သည့်၊ အမျက်ရတနာ
ရွှေပြည်သာဟု၊ ကမ္ဘာလယ်တွင်
ကြွားဝံ့ထင်အောင်၊ ရွက်ဆောင်ဖို့ရေး
လွှဲပြောင်းပေး၍၊ ရွှေရေးချယ်စီ
တို့ရွှေပြည်သည်
ရွှေရည်ရွှန်းလက်တော့မည်တည်း။
(၂၆)
ပြည်သူ့ဆန္ဒ၊ အာသီသမှာ
လုံးဝအေးချမ်း၊ သာယာလန်း၍
ဝမ်းပမ်းကြည်သာ၊ ၀ပြောစွာလျှင်
ခိုင်မာတိုးတက်၊ ခေတ်မီလျက်က
တွဲလက်ခြေတည်၊ ပြည်ထောင်စုဖွား
တိုင်းရင်းသားတို့၊မပြားမကွဲ
စဉ်လက်တွဲကာ၊ ညီညာရုံးစု
တည်ထောင်ပြုသည်၊ မြုတေရတနာ
တို့ပြည်သာသည်၊ ခိုင်မာဂုဏ်ဟီး
တည်တံ့ပြီးလျှင်၊ ဖွဲ့စည်းပုံသေ
ဥပဒေလည်း၊ ခြေခြေမြစ်မြစ်
ပေါ်ထွန်းဖြစ်၍။ စနစ်ကျန
စည်းပြည့်ဝပြီး၊ မျှတတည်ကြည်
စံရည်မီသည့်၊ ပါတီဖြာဖြာ
စုံညီပါသော၊ ရပ်ရွာကြည်ညို
ဒီမိုကရေစီ၊ ဖွဲ့သီစနစ်
တည်ထွန်းဖြစ်ရေး၊ မျှော်ရည်တွေးမို့
မနှေးချပြ၊ အစိုးရ၏
ဝါဒမူမှန်၊ အရင်းခံသည်
နှုန်းစံနှင့်ညီ၊ ထုံးလည်းပီ၏။
ရွယ်ရည်မျှော်ကိုး၊ ရယူနိုးသော်
အကျိုးလိုလျှင်၊ အကြောင်းယှဉ်၍
ဆင်ခြင်သုံးသပ်၊ ဆက်စပ်ရှုမျှော်
တပ်မတော်၏၊ ဆီလျော်မှန်ကန်
သွင်သဏ္ဍာန်မို့၊ လက်ခံရယူ
ပြည်သူအများ၊ နှလုံးသားတွင်
ထင်ရှားပန္နက်စိုက်သတည်း။
(၂၇)
ပြည်သူပဓာန၊ အဓိကမှာ
တပ်မတော်သာမို့၊ နှစ်လွှာတစ်ရွက်
သွယ်ကာယှက်၍၊ တွယ်ဖက်သောခါ
အရာဟူသမျှ၊ သာမညတည့်
အမိမြန်မာ၊ ကျွန်ဇာတာဟောင်း
သမိုင်းပြောင်း၍၊ ပြည်ကောင်းဖို့ရည်
ခြင်္သေ့ဆီသည်၊ နရနီခေါ်
သဂီင်္ရွှေခွက်၊ ရွှန်းရွှန်းလက်၌
တွဲလျှက်ခြေတည်၊ ရှိရသည်သို့
ပြည်ထောင်စုသား၊ တို့သွေးသားတို့
စွဲထားတို့ရင်၊ တို့ဝိဥာဉ်ဝယ်
အစဉ်ပြည့်သိပ်၊ မျိုးချစ်စိတ်ကြောင့်
ကောင်းဟိတ်စုံစီ၊ ညီသည့်ဓိဌာန်
မှန်သည့်စိတ်ဓာတ်၊ မြတ်သည့်အရေး
အလေးအနက်၊ ခံယူချက်ဖြင့်
ပန္နက်ပုံဖော်၊ နိုင်ငံတော်သည်
ရွှေလှော်ဇမ္ဗူ၊နှုန်းအတူသို့
ထွန်းပြူဝင်းစက်၊ ရွှန်းရွှန်းလက်သည်
ရွှေစက်ရွှေရည် သွန်းသို့တည်း။
(၂၈)
အမျိုးစစ်သည်၊ ပြည်ချစ်ဂုဏ်မော်
တပ်မတော်ကား၊ အေးသော်အတူ
ပူသော်မခွဲ၊ စဉ်လက်တွဲ၍
သွေးထဲသားထဲ၊ သည်းရင်ထဲက
လှိုက်လှဲခိုင်မာ၊ ပြည်သူသာမို့
စဉ်လာပုံပြ၊ အစိုးရကို
ကျွန်းဟုဆိုလျှင်၊ ကိုင်းအသွင်ကား
မြတ်စစ်သားတည့်၊
စစ်သားကိုပင်၊ရေဆိုလျှင်မူ
ကြာဟူသည်ကား၊ ပြည်သူများတည့်
ကိုင်းကားကျွန်းမှီ၊ ကိုင်မှီသည်ကျွန်း
သွန်းသွန်းဖြိုးဆင့်၊ ရေသည်မြင့်က
ကြာပွင့်ကြာငုံ၊ မြင်လှည့်တုံမို့
ယုံယုံကြည်ကြည်၊ ဦးတည်သည်ကား
သုံးပါးတာဝန်၊ ဒို့ဝိဥာဉ်ကို
အစဉ်စော့်ရေး၊ အသက်ပေး၍
မနှေးကာကွယ်ရမည်တည်း။
(၂၉)
ငါတို့ဘိုးဘေး၊ပဝေရှေးက
စစ်သွေးဟူဘိ၊ စစ်ဇာတိသာ
မရှိပါမူ၊ နောက်လူဆင့်ပွား
မျိုးဆက်များတွင်၊ စစ်အားခန်းခြောက်
မျိုးဂုဏ်ပျောက်လိမ့်။
ထိုးဖောက်အဖျက် ၊ရန်စနက်ကြောင့်
ပြိုပျက်ချုပ်ခြာ၊ ပြည့်အာဏာသည်
ပမာမယွင်း၊ ရာဟုနင်းသည့်
လမင်းပမာ၊ ရှိမည်သာမို့
ယခုကပင်၊ တပ်အသွင်ကို
အားအင်တောင့်လျက်၊ စွမ်းရည်ထက်သည့်
တိုးတက်မြင့်မား၊ စွမ်းအားခိုင်ကျည်
ခေတ်မီတပ်မတော်၊ ထွန်းပေါ်တည်ရေး
အလေးပေးကာ
မနှေးဆောင်ရွက်ရမည်တည်း။
(၃၀)
တို့ပြည်သာသည်၊ မဟာဗျူဟာ
အရေးပါသည့်၊ နေရာပထ၀ီ
တည်မှီဒေသ၊ပိုင်ဆိုင်ကြပြီး
များလှတွက်စေ၊ လူဦးရေလည်း
ပေါထွေခိုင်ဖြီး၊ နိုင်ငံကြီးကြား
တည်နေငြားမို့၊ သမားရိုးကျ
နည်းမမျှသည့်
ဟိုသည်ကစ၊ ခြိမ်းခြောက်ကြတတ်
ပြဿနာစုံ၊အခက်ပုံကို
ယုံကြည်မြဲမြံ၊သန္နိဌာန်နှင့်
တွန်းလှန်ကြမည်။
နိုင်ငံတည်တံ့၊ခိုင်မြဲခံ့အောင်
ပြည်ထောင်စုစိတ်၊မျိုးချစ်စိတ်ကို
ဟိတ်ခတ်ခြေခံ၊ထိန်းသိမ်းရန်နှင့်
နိုင်ငံပြည်သား၊တိုင်းရင်းသားတို့
မပြားမကွဲ၊တူလက်တွဲ၍
ခိုင်မြဲဘ၀၊လုံခြုံကြရန်
ရှင်သန်တည်ရေး၊ အလေးပေးကာ
ဆောင်ရွက်ပါသည်၊
စဉ်လာကောင်းသည့်တပ်မတော်တည်း။
(၃၁)
အမျိုးသားရေး၊ ဦးဆောင်ပေးမို့
ကြီးလေးကဏ္ဍ၊ ထမ်းရွက်ရသည့်
ပြည့်သားမျက်ဖျော်၊ တပ်မတော်အကြောင်း
စာလုံးပေါင်း၍၊ ငြိမ့်ငြောင်းစီရီ
ကဗျာသီလည်း၊ မပီမပြင် ဂုဏ်အင်ကဲညီ၊ စာမပီရှင့်။
စာစီခန့်ညား၊ ကျမ်းများထိုထို ညွှန်းဖွဲ့ဆိုလည်း၊
ဂုဏ်ကိုမပီ ကျမ်းမမည်ရှင့်။
တေးသီသံသာ၊ ဖွဲ့ဆိုပါလည်း တံတျာငုပ်လျှိုး၊ ဂုဏ်မတိုးရှင့်။ ဖြိုးဖြိုးချယ်သ၊ ရောင်စုံလှနှင့် ဆေးသပန်းချီ၊
စုတ်ချက်ညီလည်း မပီဝိုးဝါး၊ ဂုဏ်အင်များကို
ခြေဖျားမြူပင်၊ မီမထင်နိုင် ဂုဏ်မြင့်ခိုင်၏။ သံတိုင်ကျောက်သား၊ ခိုင်မတ်မားသို့ ပါက်ဖွားမေတ္တာ၊ စေတနာနှင့်
ရင်မှာလွှမ်းဖြာ၊ ကရုဏာမိုး ဖြန်းဖြန်းဖြိုး၍၊ အမျိုးကိုမြှင့် မြန်ဂုဏ်ဝင့်အောင်၊ မလင့်မနား ကြိုးကြိုးစားနှင့်၊ လှုပ်ရှားပုံဖော် တပ်မတော်၏၊ လျော်ကန်လေသော မြတ်သောအမှု၊ တိုင်းကျိုးပြုကို ရှုမြင်တွေ့ရ၊ ခံစားရ၍ ရင်မှဖြစ်ထွန်း၊ ဤမော်ကွန်းကို ဖော်ညွှန်းအလင်္ကာ၊ ဖွဲ့သီပါသည် ကမ္ဘာရှည်သ၍ တည်စေသတည်း။
နမောဗုဒ္ဓါယ သိဒ္ဓံ
(၁)
အောင်ဇေယျတု၊ အောင်စေမှုဖြင့်
အောင်ဆုလွှင့်နှိုး၊ အောင်သံပျိုး၍
အောင်ကျိုးကိုရည်၊ အောင်မည်ကိုမှန်း
အောင်ပန်းထွေထွေ၊ အောင်ကြောင်းဝေဟု
အောင်စေတနာ၊ အောင်သြဘာနှင့်
အောင်ရာအတိတ်၊ အောင်နိမိတ်ကြောင့်
အောင်ဟိတ်အဟုန်၊ အောင်စိတ်စုံတို့
ကုံလုံချက်ခြာ၊ ပြည်မြန်မာ၏
ရင်မှာဖြစ်တည်၊ ပြည့်စစ်သည်သား
ဇာနည်ဖွားတို့၊ ဂုဏ်အားထုတ်ဖော်
တပ်မတော်နေ့၊ ခါချမ်းမြေ့ကား
စေ့ရေတွက်စစ်၊ နှစ်ကားခုနစ်ဆယ်
စွန်းကယ်တစ်နှစ်၊ ချိန်ကောင်းစစ်ကို
တွယ်ရစ်ရင်မှာ၊ မမေ့သာမို့
ကြောင်းရာဂုဏ်မော်၊ တပ်မတော်၏
ညွှန်းဖော်ဖြစ်ရပ်၊ အထုပ္ပတ်ကိုလွှမ်းပတ်ရှည်ကြာ၊
တည်စိမ့်ငှာလျှင်
ကဗျာမော်ကွန်း၊ ဖော်ကာသွန်းမည်
ဆော်ရွှမ်းမင်္ဂလာတည်စေသတည်း။
(၂)
လူသားအစ၊တည်ဦးကပင်
မြန်မာ့ပုံသု၊ရေမြေထု၌
လူမှုအဖွဲ့၊စတည်ခဲ့၍
စုဖွဲ့ရာတွင်၊ရေကြည်လျှင်ရောက်၊
မြက်နုပေါက်လျှင်၊စခန်းထွင်၍
အေးလျှင်အတူ၊ပူလျှင်မခွဲ
တစ်သေးထဲတည့်၊အမြဲချစ်ကြည်
သွေးစည်းစည်းပြီး၊ရပ်တည်ချက်မှန်
လုံလသန်၍၊အားမာန်လက်ရုံး
ဟုန်းဟုန်းတက်ကြွ၊နှလုံးလှသည့်
အာဂနွယ်ဖွား၊မြန်မာများတို့
တိုင်းကားခြေတည်ခန့်ခန့်ထည်အောင်
ရွှေပြည်ရွှေတိုင်း၊ရွှေသမိုင်းကို
ဆစ်ပိုင်းရေးထိုးခဲ့သည်တည်း။
(၃)
ကိုယ့်မြေကိုယ့်ရေ၊ကိုယ့်ရပ်ဒေသာ
ကိုယ့်ပြည်ရွာတွင်၊ဘာသာတရား
လက်ကိုင်ထား၍၊ဘုရားဟောပြ
အဆုံးမကို။တိကျလိုက်နာ
ရောင့်ရဲစွာဖြင့်၊လောဘာရမ္မက်
လွှမ်းမတက်ဘဲ၊သမဂ္ဂါနံ
အမှန်တပေါ၊သုခေါဟူဘိ
ပါဠိအလာ၊လမ်းညွှန်စာကို
လိုက်နာကျင့်ယူ၊မြန်မာလူတို့
စိတ်တူညီညာ၊ရုံးစည်းကာနှင့်
ကြည်သာအေးမြ၊ရောင့်ရဲကြရင်း
ဘ၀အလှ တည်သတည်း။
(၄)
ဘ၀အလှ၊ တည်ခဲ့ကြလည်း
တက်ကြွခိုင်ကျည်၊ စစ်ရည်စစ်သွေး
စစ်တွေး စစ်ကြံ၊ စစ်မာန်ထက်မြ
စစ်သွေးကြွလျက်၊ ရွာမှမြို့တည်
မြို့သည် ပြည်ဖြစ်၊ ပြည်သည်နိုင်ငံ
တိုးတက်ဖန်၍၊ ဟန်လင်း ဗ္ဓိဿနိုး
တန်ခိုးဖြာဝေ၊ သရေခေတ္တရာ
ပျူနွယ်လာမှ၊ ဆင့်ကာတည်ပြန်
ပုဂံ ပင်းယ၊ အင်းဝတောင်ငူ
တစ်မူ ညောင်ရမ်း၊ တစ်ခန်းကုန်းဘောင်
ဘုန်းရောင်ပြိုးပြက်၊ တန်ခိုးလက်ကာ
ရွှေမြန်မာတို့၊ ရွှေလွှာရွှေသွေး
ရွှေရည်ရေး၍၊ ရွှေဆေး ရွှေစက်
ရွှေရည်လက်သည်
ပြိုးပြက်ရွှေပြည်ဝင်းသတည်း....။
(၅)
ခေါက်ရှာငှက်လျှင်။ ပျံသည့်သွင်သို့
မြင့်လျှင်တင်လိုက်၊ နိမ့်ဘက်ရောက်က
ကျလိုက်ခါသာ၊ ဓမ္မတာသို့
သမ္ဘာဂုဏ်ဆောင်း၊ သမိုင်းကြောင်းတွင်
အားကောင်းမောင်းသန်၊ စစ်အားမာန်တို့ ထက်သန်ခိုင်ဖြီး၊ ဂုဏ်ရှိန်ညီးက ပြည်ကြီးတိုးတက်၊ ဖွံ့ဖြိုးလျှက်တည့်။
ပြည့်တွက် ဦးဆောင်၊ ဥသျှောင်သခင် ဘုရင်မင်းမြတ်၊
စစ်ဂုဏ်ဒြပ်နှင့် သတ္တိအစွမ်း၊အံ့မခန်းရှိ စစ်၏အထာ၊
စစ်ရေးရာကို
သေချာကျန၊ တတ်ပွန်ကလျှင်
မြန်မာ့ရွှေပြည်၊ ၀ပြောစည်၏။
တစ်လီမခြား၊ပြည်သူသားတို့
မပြားမကွဲ၊ တူလက်တွဲ၍
တစ်ခဲနက်လျှင်၊ တွဲလက်ယှဉ်သော်
နိုင်ငံတော်ကြီး၊ ဂုဏ်ရှိန်ဟီး၍
ရွှေထီးရွှေနန်း၊ရွှေကြငှန်းနှင့်
မှတ်တမ်း ပထမ၊ ပုဂံမျသည်
တစ်လီတောင်ငူ၊ နောင်မူ ကုန်းဘောင်
ဘုန်းရောင်တိုးတက်၊ ပြိုးပြိုက်ပြက်သည်
လင်းလက်ရောင်ဝါထွန်းသည်တည်း....။
(၆)
စစ်မက်ဆိုလျှင်၊ ရဲစိတ်ဝင်၍
စစ်တွင်ရွှင်ပျော်၊စစ်စိတ်မော်သည်
အနော်ရထာ၊ မင်းမဟာ၏
ကြောင်းလျာဆက်စပ်၊ တွေးခေါ်တတ်သည့်
မြတ်သောအမွေ၊ ခံယူလေ၏။
မှန်စေကြောင်းလှစ်၊ မင်းကျန်စစ်၏
ကျစ်လျစ်ခံ့တည်၊ သွေးစည်စည်းရုံး
ချစ်ထုံးနှောင်ထား၊ တိုင်းရင်းသားတို့
မပြားမကွဲ၊တူလက်တွဲသည့်
ခိုင်မြဲစဉ်လာ၊ခံယူပါ၏။
တစ်ဖြာမှတ်စွဲ၊ မင်းရဲကျော်စွာ
မဟာဗႏ ၶဳလ၊ရဲစြစိတ္ထား
စွန့်စွန့်စားသည့်၊ စစ်အားစစ်ရည်
စစ်နှည် စစ်တွေး၊ စစ်ရေးစစ်ရာ
စစ်ဗျူဟာကို။ လေ့လာပိုက်ဖြား
မြဲမှတ်သား၏။
ထင်ရှားဂုဏ်တင့်၊ မင်းဘုရင့်နောင်
ဦးအောင်ဇေယျ၊ မြန်မာ့ဥသျှောင်
စစ်ခေါင်းဆောင်တို့၊ ရှေ့ဆောင်ပြညွှန်
စစ်ရေးဝန်ကို၊
အားသွန်ထမ်းရွက်ခဲ့သည်တည်း။
(၇)
ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်ရပ်ဒေသာ
ကိုယ့်ပြည်ရွာဝယ်၊ ဘာသာတရား
ဆုံးမများကို၊ လေးစားလိုက်နာ
ရောင့်ရဲစွာနှင့်၊လောဘာရမက်
လွှမ်းမတက်ဘဲ၊နှစ်သက်ရွှင်ကြည်
နေလာသည်တွင်၊ သူ့လျှင်ကိုယ်က
စ၍မကျူး၊ သူကျူးလျှင်လည်း
ငုံ့ပြီးမခံ၊ပြန်တွန်းလှန်သည့်
စစ်မှန်ပြည့်လျင်း၊ စစ်သွေးတင်းလည်း
ချင်းနင်းမောက်မော်၊ မသူတော်တို့
ကျူးကျော်သည့်စစ်၊ သုံးကြိမ်ဖြစ်၏။
စစ်ဖြစ်တိုင်းမှာ၊ ရှုံးရရှာ၍
ကြုံလာသနစ်၊ ပြန်ဆန်းစစ်သော်
ကျစ်လျစ်ခိုင်ဖြီး၊ အင်အားကြီးသည့်
တပ်စည်းရခိုင်၊ တို့မပိုင်ခဲ့။
နိုင်ငံ့ဥသျှောင်၊ခေါင်းဆောင်သည့်မင်း
လွန်ညံ့ဖျင်း၏။
``မခုခံရ၊ ခုခံသသူ
သူပုန်ဟူ ´´ဟု။ ရှင်လူသိကြား
မိန့်စကားကို၊ နားမျှလေပင်
မပန်ဆင်ဘဲ၊လူလျှင်လူချင်း
အားမာန်သွင်း၍၊အလျင်းကြောက်စိတ်
ထိတ်သည့်မူရာ၊ မရှိပါဘဲ
သွေးဖြာသက်ဆုံး၊ရှုံးချင်ရှုံးစေ
တို့တိုက်လေအံ့။
မကြေကမ္ဘာ၊တို့ပြည်ရွာကို
ဝင်ကာစိုးယူ၊ဘယ်လိုလူမှ
ရွံ့မူမထား၊ရဲဝံ့ငြားလည်း
နှုတ်ဖျားမြည်တမ်း၊ သပြေတန်းမျ
အုံကြွပွင့်အန်၊ တက်ခေါက်သံသည်
နိုင်ငံပြည်လုံး၊ ဟိန်းသတည်း။
(၈)
ရှေးအတီတေ၊ရှေးပဝေက
တည်နေခဲ့ရှာ၊ တို့ပြည်ရွာကို
တို့သာပိုင်စိုး၊ တို့အမျိုးသာ
အချုပ်ခြာဟု၊ စွဲလာမှတ်ရစ်
ခံယူဖြစ်လည်း၊ နိမ့်လေနောက်ကျ
ယှဉ်မရသော်၊ လောဘသမား
လူမျိုးခြားတို့၊ စစ်အားကိုပြု
တိုင်းပြည်လုသော်၊ ခုခုခံခံ
ဓားလှံလွှင့်မြောက်၊ မကြောက်တရား
ရင်မှာပွား၍၊ သွေးသားသက်ကြွေ
မမှုလေဘဲ၊ တို့မြေတစ်စ
ပဲ့မကျအောင်၊ ရဲစွစိတ်ထား
စွန့်စွန့်စားလည်း၊ တိုင်းကားပြည်မှောက်
သူ့လက်ရောက်၍၊ သားပေါက်နွံနစ်
သူ့ကျွန်ဖြစ်သည်၊
ရာနှစ်ကျော်လွန်ခဲ့သည်တည်း။
(၉)
ဗြဟ္မစိုရ်တရား၊ထုံမွှမ်းထားသည့်
တရားမျှတ၊လွတ်လပ်မှလျှင်
အေးမြသာယာ ကိုယ့်ပြည်ရွာတွင်
ချုပ်ခြာပိုင်စိုး၊ ဂုဏ်ရ်ာတိုး၍
အမျိုးလှလျှက်၏၊ အသက်၀၀
ရှူ၍ရဟု စိတ်ကစွဲထင်
တို့ဘ၀င်ဝယ်၊ သခင်စိတ်ဓာတ်
မွန်မွန်မြတ်ကို၊ မပြတ်ပိုက်ထွေး
သိမ်းမြန်းမွေးမို့၊ တုံ့နှေးမပြု
ညီညာမှုဖြင့်၊ အန်တုဆင်နွှဲ
တော်လှန်ပွဲလည်း၊ အမြဲမပြတ်
ကြိမ်ကြိမ်ထပ်ခဲ့။
ယုတ်ပတ်စိတ်ထား၊ နယ်ချဲ့များကို
တို့ဓားတို့မာန်၊ တို့လှံတို့မြှား
တို့စွမ်းအားဖြင့်၊ ဆင့်ဆင့်တိုက်ပွဲ
စဉ်ကာနွှဲသော်၊ အောင်ပွဲမလှ
ရှုံးနိမ့်ရမို့၊ အာဂဇာနည်
မျိုးစစ်သည်၏၊ နီနီစွေးစွေး
မြန်မာ့သွေးတို့၊ စွန်းထေးပျံ့လွင်
ပြည်တစ်ခွင်ဝယ်
မြေပြင်အလုံး ဖုံးသတည်း…။
(၁၀)
ထိုမှစသည်၊ နှစ်ကြာရှည်သော်
စစ်ရည်စစ်သွေး၊ စစ်ရေးကိုပြု
အံတုမှုနှင့်၊ အောင်ဆုရည်မှန်း
လွတ်လပ်ပန်းကို၊ ဆွတ်လှမ်းမကြုံ
မရတုံဟု၊ ယုံယုံကြည်ကြည်
မျိုးဇာနည်တို့၊ အရှည်မျှော်တွေး
မျိုးသားရေးကို၊ အလေးပေးကာ
ဦးတည်လာ၍၊ မြန်မာအသင်း
ဖွဲ့ခြင်းအစ၊ ကလျာဏဟု
ယုဝတွင်မည်၊ အဖွဲ့တည်၍
ညီညာရုံးစု၊ဆောင်ရွက်မှုဖြင့်
ခုခုခံခံ၊ တို့တွန်းလှန်ခဲ့။
တစ်ဖန်ညီညာ၊ တို့ဗမာဟု
မည်ကာတစ်နည်း၊ အစည်းအရုံး
အားလုံးသခင်၊ မှည့်ခေါ်တွင်ကာ
အစဉ်ရှေ့က၊ လမ်းညွှန်ပြသည်
မြန်မာ့ကျွန်ဇာတ် ပြတ်ရေးတည်း။
(၁၁)
အင်္ဂလိပ်အခက်၊ တို့အချက်ဟု
ရှေ့ဆက်ခရီး၊ မျှော်ရည်ပြီးသော်
စုစည်းချက်ခြာ၊ ကျစ်လျစ်စွာနှင့်
ခိုင်မာပီပြင်၊ လက်နက်ဆင်၍
စစ်ပြင်ကျိုးကုတ်၊ စွမ်းရည်ထုတ်သော်
မျိုးယုတ်မိစ္ဆာ၊မှုစရာလား
တိုင်းတစ်ပါးရန်၊ တို့တွန်းလှန်ဟု
ဖန်ဖန်ထပ်ထပ်၊ ပြန်သုံးသပ်ကာ
တို့ဗမာခေါ်၊ ညီညာရုံးစု
သင်းဖွဲ့မှု၏၊ ရှေးရှုပြညွှန်
လွတ်ရေးဝန်ကို၊ အားသွန်ကြိုးရေး
ဦးမလေးသည့်၊ စစ်သွေးလျှံဖိတ်
ရဲသည့်စိတ်နှင့်၊ သုံးကျိပ်ရဲဘော်
ညီနောင်ဖော်တို့၊ တပ်တော်ဖွဲ့မူ
တောင်သူလယ်သမား၊ လုပ်သားများနှင့်
ဘုရားသားမှန်၊ သံဃာမယွင်း
ညီရင်းနောင်စု၊ ဖွဲ့တည်မှုနှင့်
ပြည်သူ့တပ်မတော်၊ ထွန်းသစ်ပေါ်သည်
နံစော်ညစ်ထေး၊ ကျွန်ဇာတ်ဆွေးကို
မနှေးသုတ်သင်၊ တိုက်ပွဲဝင်သည်
သခင်ပန်းတို့၊ လန်းရန်တည်း။
(၁၂)
ဘီအိုင်အေမှ၊ နိဒါန်းစ၍
ထိုမှတစ်လီ၊ဘီဒီအေခေါ်
မည်ပြောင်းသော်လည်း၊ တော်တည့်ဖြောင့်မှန်
သစ္စာနှံ၍၊ ကျင့်ကြံအားထုတ်
မဆုတ်မနစ်၊ စွမ်းရည်စစ်နှင့်
ရင်နှစ်မျက်ဖျော်၊တပ်မတော်သည်
အေးသော်အတူ၊ ပူသော်မခွဲ
စဉ်လက်တွဲ၍၊ သွေးထဲသားထဲ
သည်းရင်ထဲက၊ လှိုက်လှဲခိုင်မာ
ပြည်သူသာလျှင်၊ နှစ်လွှာတွင်ယှက်
စွယ်တော်ရွက်မို့၊ လက်တွဲတုန့်လှစ်
ပြည်သူ့စစ်ဖြင့်၊ အမြစ်မြေလှန်
ဖက်ဆစ်ရန်ကို၊တော်လှန်တိုက်ပွဲ
စဉ်ဆက်နွှဲသော်၊ အောင်ပွဲလီလီ
အောင်ခဲ့သည်မို့
အောင်စည်တီးကာ မော်သည်တည်း။
(၁၃)
အမျိုးမြင့်မြတ်၊ လွပ်လပ်လေပြီ
ဆိုရမည်လည်း၊ ထိုဆီကာလ
ထိုခေတ်ကလျှင်၊ ကမ္ဘာခွင်မှာ
လက်ျာ လက်ဝဲ၊ သွင်မူကွဲတို့
ပြည်ထဲရေးရာ၊ ၀င်နှောက်လာ၍
တိုင်းကားပြည်သီး၊ နိုင်ငံကြီးငယ်
အသွယ်သွယ်တွင်
ချယ်လှယ်လိုမှု၊သူတို့ပြု၏။
ဗိုလ်လုစိုးမိုး၊သွေးထိုးမြှောက်ပင့်
ချီးမြှင့်-ပံ့ပိုး၊ ရိုက်ချိုး-နှောင့်ယှက်
စွက်ဖက်-သပ်သွင်း
ဝါဒခြင်းပြိုင်၊ အားခြင်းဆိုင်၍
အနိုင်အထက်၊ စားကျက်လုမြဲ
စစ်အေးပွဲ၏၊ ငရဲဂယက်
လောင်မီးစက်သည်၊ ကူးလျှက်တို့ပြည်
ရောက်လာသည်တွင်၊ အစဉ်လက်တွဲ
စည်းရုံးမြဲမှ၊ သွေးကွဲဖြုတ်လက်
ကျောခိုင်းလျှက်လျှင်၊ လက်နက်ဆွဲကိုင်
ယမ်းငွေ့လှိုင်သော်၊ မခိုင်စိတ်ဝမ်း
ဘ၀င်နွမ်း၍၊ မချမ်းမမြေ့
ကပ်ဘေးတွေ့သည်၊ စေ့ရေတွက်စစ်
ရာဝက်နှစ်မျှ၊ ဖျစ်ဖျစ်ထန်သည်း
အရှိန်ကြီးသည်
စစ်မီးလောင်မြိုက်ခဲ့သည်တည်း။
(၁၄)
နယ်ချဲ့စနက်၊ သွေးခွဲချက်ကြောင့်
တစ်ဖက်နားဝင်၊ မကောင်းထင်ကာ
ဆွေစဉ်မျိုးရင်း၊ မြင်မရှင်းဘဲ
ချက်ခြင်းခုပေး၊ တို့အရေးဟု
လူမျိုးစုရေး၊ အလေးပေးကာ
သွေးဝေးလာသူ
ဘာသာရေးကို၊ ဘန်းပြဆို၍
အလိုရှိရာ၊ တောင်းဆိုလာသူ
ဝါဒရေးရာကိုင်ဆွဲကာဖြင့်
အာဏာရရေး၊ဦးမလေးသူ
သူ့လူငါ့လူ၊ ရာထူးယူ၍
ပြည်သူများအား၊ ကျောခိုင်းထားသူ။
တစ်လူတစ်မင်း၊တစ်ဗိုလ်ချင်းကြောင့်
ပြည်တွင်းစစ်မီး၊ ထိန်ထိန်ညီးသော်
ငိုညည်းဆွတ်ကျင်၊ သောကရင်နှင့်
မရွှင်ဗျာပါ၊ ဝေဒနာနှင့်
ပြာပုံဘ၀၊တွင်းဆုံးကျနှင့်
ဒုက္ခဝေစီ၊ ကပ်ထေါလီနှင့်
တည်မှီမရ၊ သောကာလတွင်
ဖေးမဆယ်ယူ၊ကယ်တင်သူမှာ
ငြူစူမဲ့ကင်း၊သဘောရှင်း၍
ရင်တွင်းဆန္ဒ၊ နှလုံးလှသည့်
အာဂဇာနည်။
သားစစ်သည်သာ ဖြစ်ကြောင်းတည်း။
(၁၅)
ဗိုလ်ချုပ်အောင်ဆန်း၊ သူမျှော်မှန်းသည့်
ပန်းတိုင်ဟူသည်၊ ပြည်ထောင်စုစစ်
စနစ် ဧကန်၊ ဖြစ်သည်မှန်လည်း
ဖန်ဖန်သပ်သွင်း၊ သွေးခွဲခြင်းနှင့်
အတင်းစွက်ဖက်၊ ထိုးနှက်ချက်ကား
ပြည်ဖျက်အန္တရာယ်၊ ဖက်ဒရယ်မူ
သပွတ်အူကို၊ ကူးယူဇွတ်တင်း
ကြိုးပမ်းခြင်းကြောင့်၊ ပြည်တွင်းရေးရာ
တင်းမာလာ၍၊ ပျက်ကာပြိုပေါက်
ချောက်ထဲအကျ၊ တစ်ခဏတွင်
ကယ်မဖေးကူ၊ ဆယ်တင်သူမှာ
ပြည်သူကဖွား၊ ပြည့်သားအစစ်
ပြည့်ရင်နှစ်ဟု၊ ပြည်ချစ်မျက်ဖျော်
တပ်မတော်သည်၊ တော်လှန်ရေးကောင်စီ
ထိုအမည်နှင့်၊ တိုင်းပြည်အာဏာ
ထိန်းရရှာသည်၊
မြန်ပြည်ဓွန့်ရှည် တည်ရေးတည်း။
(၁၆)
ဆိုရှယ်လစ်ဟု၊ တစ်ခေတ်တစ်ခါ
ထိုချိန်မှာက၊ ကမ္ဘာတစ်ခွင်
အလွန်တွင်ကျယ်၊ မြစ်တွယ်ကျစ်လျစ်
စနစ်ကိုပင်၊ ကိုယ့်အစဉ်နှင့်
အသွင်ပြောင်းမှန်၊ မြန်မာ့ဟန်ဖြင့်
နိုင်ငံတော်သစ်၊ တည်သည်ဖြစ်ရာ
စနစ်ကကောင်း၊ မူကကောင်းလည်း
လူကောင်းကျန်ရစ်၊ လူသစ်မသမာ
ကိုယ်ကျိုးရှာတို့၊ နေရာလုခြင်း
ရှုပ်မရှင်းနှင့်၊ ပြည်တွင်းစီးပွား
တစ်အားထိုးကျ၊ ခြေမလှ၍
ခေတ်ကတောင်းဆို၊ ခေတ်အလိုရ
ဆန္ဒပြသော်
``ဂ-ငယ်သုံးခု၊ဥသျှစ်ထု´´ဟု
စာပြုညွှန်းတင်၊ သမိုင်းတွင်သား
ထိုစကားကို၊ မှတ်သားစံပြု
အတုရယူ၊ သွင်မူအသစ်
သမိုင်းလှစ်သည့်၊ ``ရှစ်လေးလုံး´´ခေါ်
မှောင်ဖုံးလှိုက်အူ၊ ဗလောင်ဆူသည့်
တိုင်းပူပြည်ပျက်၊ မည်းကွက်သမိုင်း
ဖြစ်စဉ်ရိုင်းတွင်၊ ဆယ်တင်ဖေးကူ
ထွေးဖက်သူမှာ၊ သည်းအူရင်ကြား
ပြည်ကဖွားသည့်၊ ပြည်သားလူမော်၊
တပ်မတော်သာ ဖြစ်ကြောင်းတည်း။
(၁၈)
နိုင်ငံ့အာဏာ၊ ယူပြီးကာမှ
ကျလာဝန်တာ။ အဖြာဖြာကို
သေချာစေ့ငု၊ သုံးသပ်မှုဖြင့်
ယခုချက်ခြင်း၊ ဖန်းဆင်းသမှု
နတ်တို့ပြုသို့၊ ဂရုဓမ္မ
ကြိုးလုံ့လနှင့်၊စစရာရာ
စွမ်းဆောင်ကာလျှင်၊ မြန်မာတစ်ခွင်
သာစေချင်၍၊ ရွာပင်မြို့အလား
ထင်မှတ်မှားဖို့၊ ရွတ်ထားထိပ်ထက်
ဦးတည်ချက်များ၊ ဆယ့်နှစ်ပါးနှင့်
သုံးပါးတာဝန်၊ မြတ်ဝိသာဉ်ကို
အစဉ်အမြဲ၊ရင်မှာစွဲ၍
အကောင်းကိုစု၊ အကောင်းပြုသော်
သာဓုသံသာ၊ ညံစာစာသည်
မြန်မာပြည်လုံး ဟိန်းသတည်း
(၁၉)
နိုင်ငံရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
အနာဂတ်တွင်၊ တို့ပြည်ခွင်သည်
ကြယ်စင်ဝင်းပ၊ ရွှန်းရွန်းမြသား
ထောက်မမှီကင်း၊ လောင်းရိပ်ရှင်းသည့်
ကိုယ့်မင်းကိုယ်ချင်း၊ ရပ်တည်ခြင်းဖြင့်
တောင့်တကြံ့ခိုင်၊ နိုင်ငံတော်သစ်
အမှန်ဖြစ်ရန်၊ စိတ်ရည်သန်၍
ဘေးရန်ဖယ်ရှား၊ ဆောင်ရွက်သွား၏။
စီးပွားရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
မြန်မာ့စီးပွား ဖွံ့ဖွံ့ထွား၍
ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကျိုးကိုယ်ဆေင်
ခိုင်ခံ့အောင်လျှင်၊ စီအစဉ်များ
ချမှတ်ထား၍၊ တိုးပွားအောင်စု
လုံ့လပြု၏။
လူမှုရေးတွက်၊ ဦးတည်ချက်လျှင်
လေးချက်ပီစွာ၊ ဓိဌာန်ကာဖြင့်
မြန်မာမျိုးသား၊ဂုဏ်ရည်ထွား၍
မျိုးသားလက္ခဏာ၊ မပျောက်ရာအောင်….
ပညာရည်တင့်၊ သိဥာဏ်ပွင့်အောင်….
ရွှန်းတင့်ကျန်းမာ၊ ကြံ့ခိုင်လာအောင်…
ကြံဆောင်ရွယ်ရည်၊ လုပ်ဆောင်သည်တွင်
ရွှေပြည်ဖွံ့ဖြိုး တိုးသတည်း။
(၂၀)
တိုင်းပြည်ရေးရာ၊ ကြုံဆုံလာသော်
ရှောင်ကာမတွန့်၊ မရွံ့လေသော
မြတ်မနောနှင့်၊သဘောပြည့်တင်း
ဆောင်ရွက်ခြင်းကြောင့်၊ ရေးခင်းဖြာဖြာ
ပြေလည်ကာပင်၊ ဘယာမသန်း
ဖြာဖြာလန်းလျှက်၊ အေးချမ်းသာယာ
ဝပြောကာနှင့်၊ ခက်ဖြာဖွံ့ဖြိုး
စွမ်းကုန်တိုး၍၊ အကျိုးရလဒ်
မွန်မွန်မြတ်တို့၊ထပ်ထပ်ပြည့်လျှမ်း
ပြည်တစ်ဝှမ်းတွင်….
ပန်းတို့ဝေေ၀၊ မွှေးပွင့်နေ၏။
စမ်းရေလည်းအေး၊ လမ်းတွေဖွေး၏။
ငြိမ်းအေးသာယာ၊ တို့ပြည်သာကို
ဝင်ကာထိုးဖောက်၊ နှောက်ယှက်ဖျက်ဆီး
ဘေးတီးလှုံ့ဆော်၊ မသူတော်တို့
မလျော်မကန်၊ သဘောဥာဏ်ဖြင့်
ဖန်ဖန်ထပ်ထပ်၏၊ လုပ်ဇာတ်ကိုခင်း
သပ်သွင်းခြေထိုး၊ အကျင့်ဆိုးကို
အမျိုးကိုချစ်၊ ပြည်ကိုချစ်သည့်
ကျစ်လျစ်စွမ်းအား၊ သဘောထားမြတ်
ထိုလေးရပ်နှင့်၊ မပြတ်သုတ်သင်
တိုက်ပွဲဝင်သည်
အစဉ်နိုးကြား ရှိလျှက်တည်း။
(၂၁)
နိုင်ငံ့အာဏာမက်မောစွာဖြင့်
သိမ်းကာပိုက်ပြု၊ ပိုင်စိုးမှုကို
မပြုလိုသော၊ မြတ်မနောတွင်
သဘောထားမှန်၊ အရင်းခံ၍
တမံရေမြောင်း၊ ခြေခံကောင်းနှင့်….
ကျောင်းသစ်ထွေထွေ၊ဆေးခန်းတွေနှင့်….
ပြေပြေလျားလျား၊ လမ်းတံတားနှင့်….
လုပ်အားဖြန့်ဝေ၊ စက်ရုံတွေနှင့်…..
လူနေမှုတင့်၊ စီးပွားမြင့်၍
ရှုချင်ဖွယ်ရာ၊ ရပ်တကာတွင်
သာယာအေးချမ်း၊ဘေးမသန်းဘဲ
ပြည့်ဝမ်းစည်ပင်၊ ကြွယ်ပေါဖျင်၏။
ပြည်ခွင်တစ်ရိုး၊ ဆင့်ဆင့်ဖြိုး၍
တိုးတက်ခေတ်မီ၊ ရှိလာသည်တွင်
ရွှေပြည်အသက်၊ ခြေပန္နက်ဟု
ပြည့်တွက်ဝိဥာဉ်၊ ပမာတင်စား
ဂုဏ်ဒြပ်များနှင့်၊ ပိုင်းခြားဝေဖန်
အခြေခံသော၊ နိုင်ငံဥပဒေ
ထွန်းပေါ်စေရေး၊ ဦးစားပေး၍
မနှေးဆော်ဖန်၊ ညီလာခံကို
အမြန်ခေါ်ယူခဲ့သည်တည်း။
(၂၂)
အမိပြည်သာ၊ ရွှေမြန်မာ၏
ဆင်းလျာကောင်းခြင်း၊ အလှဝင်းသည့်
ကျော့ရှင်းရွှန်းစို၊ ယဉ်နဂိုတွင်
ဒီမိုကရေစီ၊ ဇာခြည်လွှာပါး
လွှမ်းခြုံထားက၊ လှအားပေါ်တွင်
အယဉ်ကိုဆင့်၊အသွင်တင့်လိမ့်။
မျှော်လင့်အမှန်၊ အခြေခံသည့်
နိုင်ငံဥပဒေ၊ ပေါ်ထွန်းစေဖို့
တို့တွေအားသွန်၊ တို့ခွန် တို့အား
စွမ်းရည်များနှင့်၊ တို့အား တို့ကိုး
တို့မျိုး တို့ချစ်၊ တို့ပြည်ချစ်၍
ကျစ်လျစ်ခိုင်မာ၊ ညီညာပြည့်တင်း
ပြည်တွင်းအားသာ၊ အားကိုးရာတည့်။
ပေးစာ ကမ်းစာ၊ ကျွန်စာမမျှော်
ကျွန်စော်မနံ၊ကျွန်မခံဘဲ
မြဲမြံခိုင်ကျည်၊ သွေးစည်းစည်သည့်
ပြည်ထောင်စုဟိတ်၊ မြတ်သည့်စိတ်ဖြင့်
ယိုဖိတ်ပွင့်အန်၊ ညီလာခံကို
အမြန်ခေါ်ယူခဲ့သည်တည်း။
(၂၃)
ရေကိုသားလည်း၊ အကြားမထင်
ပမာပင်သို့
တွဲယှဉ်ကာထား၊ ပြည်သူများနှင့်….
ပြည့်သားအမော်၊ တပ်မတော်နှင့်…
ဆီလျှော်မျှတ၊ အစိုးရတို့
တကွတူရှိ၊ အားတြိ၏
စွဲရှိကိုင်ထား၊ သဘောထားမြတ်
ထိုလေးရပ်ကြောင့်၊ သပ်လျှိုထိုးခွဲ
နင်ပဲငဆ၊ ဆဲရေးပြသည့်
ပြည်ပအားကိုး၊ ပုဆိန်ရိုတည့်
အဆိုးမြင်ငြား၊ ဖျက်သမားကို
ပြည့်အားနှင့်နှင်၊ တို့ဆန့်ကျင်ကာ
``ငါနှင့်ငါသာ၊ အဟုတ်ပါတည်း
ငါနှင့်မတူ၊ ငါ့မူမလိုက်
ငါမကြိုက်က၊ နင့်ထိုက်နင့်ကံ
နင်သာခံ´´ဟု၊ နိုင်ငံကြီးက
ဘေးတီးစွက်ဖက်၊ ကန့်ကွက်ပိတ်ဆို့
လက်တို့ဘေးပြော၊ သဘောမျိုးမျိုး
စရိုက်ဆိုးကို ၊ ရိုက်ချိုးတုံ့နှင့်
တို့ဆန့်ကျင်ပြီး၊ တို့လျှင်တို့လမ်း
တို့စခန်းကို၊ လမ်းမပျောက်အောင်
လှမ်းလျှောက်ရာတွင်၊ ကြယ်စင်ထွန်းပ
လမ်းညွှန်ပြသို့၊ လမ်းပြမြေပုံ
ခုနစ်စုံသည်၊ ထုံးပုံမှီးက
ခရီးကန္တာ၊ သွားစဉ်ခါတွင်
လမ်းရှာမတွေ့၊မဖြောင့်မွေ့၍
မျက်စေ့လည်ကာ၊ ယောင်ချာချာသော်
မိုးမှာဝင်းပ၊ ရွှန်းရွှန်းမြသား
လမ်းပြသည့်သွင်၊ ခုနစ်စဉ်ဟု
ကြယ်စင်ငွေစ၊ မြင်ခဏ၌
သောကကင်းကွာ၊စိတ်ချမ်းသာသို့
မြန်မာရွှေပြည်၊ သာဝေစည်၍
ရွှေပြည်တော်သစ်ဖြစ်ရန်တည်း..။
(၂၄)
မုခ်ဝ ခုနစ်တန်၊ ဘုံပျံခုနစ်ဆင့်
နန်းမြင့်ခုနစ်လီ၊ ပမာညီသို့
ထုံးမှီနည်းကျ၊ လမ်းပြမြေပုံ
ခုနစ်စုံကား၊ ဆိုင်းငံ့ထားသည့်
မျိုးသားညီလာခံ၊ ပြန်လည်ကျင်းပ
စုဝေးကြပြီး၊ အရေးကြီးသည့်
ဖွဲ့စည်းပုံသေ၊ အခြေခံမူ
တို့သည်းအူကို၊ ညီတူရေးဆွဲ
သွေးမကွဲဘဲ၊ ခိုင်မြဲဝန်းရံ
ညီလာခံက၊ ပြန်ပြန်ထပ်ထပ်
ညှိသုံးသပ်၍၊ ဆုံးဖြတ်ကြစေ
ဥပဒေတည့်၊ ထွေထွေမူကြမ်း
ပြည့်နိဒါန်းကို၊ စိတ်ဝမ်းလက်ညီ
ပြည်သူ့ဆီက၊ ဖြစ်တည်ထုတ်ပြန်
ဆန္ဒမှန်ကို၊ ခံယူပြဌာန်း
ဆက်လျှောက်လှမ်း၍၊ ဆုံးဖြတ်ကြစေ
ဥပဒေတည့်၊ ထွေထွေမူကြမ်း
ပြည့်နိဒါန်းကို၊ စိတ်ဝမ်းလက်ညီ
ပြည်သူ့ဆီက၊ ဖြစ်တည်ထုတ်ပြန်
ဆန္ဒမှန်ကို၊ ခံယူပြဌာန်း
ဆက်လျှောက်လှမ်း၍၊ စည်းကမ်းကျကျ
တရားမျှသည့်၊ ရွေးကောက်ပွဲကြီး
ကျင်းပပြီးသော်၊
လွှတ်တော်ဆင့်ဆင့် ခေါ်မည်တည်း။
(၂၅)
မဲပေးနိုင်သူ၊ ပြည်သူအများ
ရွေးကောက်ထားသည့်၊ ပြည့်သားသွယ်သွယ်
ကိုယ်စားလှယ်တို့၊ ယှက်နွှယ်ပေါင်းစည်း
ညီညွတ်ပြီးသော်၊ လွှတ်တော်စည်းဝေး
ခေါ်ယူပေးလျှင်၊ ရွေးချယ်တင်ပြ
အစိုးရသည်၊ ဓိကချုပ်ကိုင်
ပြည့်မဏ္ဍိုင်မို့၊ မယိုင်မယိမ်း
မတိမ်းမစောင်း၊ အကောင်းကိုယှဉ်
မကောင်းစင်၍၊ အစဉ်ခေတ်မီ
စွမ်းရည်ဖွံ့ဖြိုး၊ လူမျိုးတိုးတက်
တန်ခိုးထက်သည့်၊ အမျက်ရတနာ
ရွှေပြည်သာဟု၊ ကမ္ဘာလယ်တွင်
ကြွားဝံ့ထင်အောင်၊ ရွက်ဆောင်ဖို့ရေး
လွှဲပြောင်းပေး၍၊ ရွှေရေးချယ်စီ
တို့ရွှေပြည်သည်
ရွှေရည်ရွှန်းလက်တော့မည်တည်း။
(၂၆)
ပြည်သူ့ဆန္ဒ၊ အာသီသမှာ
လုံးဝအေးချမ်း၊ သာယာလန်း၍
ဝမ်းပမ်းကြည်သာ၊ ၀ပြောစွာလျှင်
ခိုင်မာတိုးတက်၊ ခေတ်မီလျက်က
တွဲလက်ခြေတည်၊ ပြည်ထောင်စုဖွား
တိုင်းရင်းသားတို့၊မပြားမကွဲ
စဉ်လက်တွဲကာ၊ ညီညာရုံးစု
တည်ထောင်ပြုသည်၊ မြုတေရတနာ
တို့ပြည်သာသည်၊ ခိုင်မာဂုဏ်ဟီး
တည်တံ့ပြီးလျှင်၊ ဖွဲ့စည်းပုံသေ
ဥပဒေလည်း၊ ခြေခြေမြစ်မြစ်
ပေါ်ထွန်းဖြစ်၍။ စနစ်ကျန
စည်းပြည့်ဝပြီး၊ မျှတတည်ကြည်
စံရည်မီသည့်၊ ပါတီဖြာဖြာ
စုံညီပါသော၊ ရပ်ရွာကြည်ညို
ဒီမိုကရေစီ၊ ဖွဲ့သီစနစ်
တည်ထွန်းဖြစ်ရေး၊ မျှော်ရည်တွေးမို့
မနှေးချပြ၊ အစိုးရ၏
ဝါဒမူမှန်၊ အရင်းခံသည်
နှုန်းစံနှင့်ညီ၊ ထုံးလည်းပီ၏။
ရွယ်ရည်မျှော်ကိုး၊ ရယူနိုးသော်
အကျိုးလိုလျှင်၊ အကြောင်းယှဉ်၍
ဆင်ခြင်သုံးသပ်၊ ဆက်စပ်ရှုမျှော်
တပ်မတော်၏၊ ဆီလျော်မှန်ကန်
သွင်သဏ္ဍာန်မို့၊ လက်ခံရယူ
ပြည်သူအများ၊ နှလုံးသားတွင်
ထင်ရှားပန္နက်စိုက်သတည်း။
(၂၇)
ပြည်သူပဓာန၊ အဓိကမှာ
တပ်မတော်သာမို့၊ နှစ်လွှာတစ်ရွက်
သွယ်ကာယှက်၍၊ တွယ်ဖက်သောခါ
အရာဟူသမျှ၊ သာမညတည့်
အမိမြန်မာ၊ ကျွန်ဇာတာဟောင်း
သမိုင်းပြောင်း၍၊ ပြည်ကောင်းဖို့ရည်
ခြင်္သေ့ဆီသည်၊ နရနီခေါ်
သဂီင်္ရွှေခွက်၊ ရွှန်းရွှန်းလက်၌
တွဲလျှက်ခြေတည်၊ ရှိရသည်သို့
ပြည်ထောင်စုသား၊ တို့သွေးသားတို့
စွဲထားတို့ရင်၊ တို့ဝိဥာဉ်ဝယ်
အစဉ်ပြည့်သိပ်၊ မျိုးချစ်စိတ်ကြောင့်
ကောင်းဟိတ်စုံစီ၊ ညီသည့်ဓိဌာန်
မှန်သည့်စိတ်ဓာတ်၊ မြတ်သည့်အရေး
အလေးအနက်၊ ခံယူချက်ဖြင့်
ပန္နက်ပုံဖော်၊ နိုင်ငံတော်သည်
ရွှေလှော်ဇမ္ဗူ၊နှုန်းအတူသို့
ထွန်းပြူဝင်းစက်၊ ရွှန်းရွှန်းလက်သည်
ရွှေစက်ရွှေရည် သွန်းသို့တည်း။
(၂၈)
အမျိုးစစ်သည်၊ ပြည်ချစ်ဂုဏ်မော်
တပ်မတော်ကား၊ အေးသော်အတူ
ပူသော်မခွဲ၊ စဉ်လက်တွဲ၍
သွေးထဲသားထဲ၊ သည်းရင်ထဲက
လှိုက်လှဲခိုင်မာ၊ ပြည်သူသာမို့
စဉ်လာပုံပြ၊ အစိုးရကို
ကျွန်းဟုဆိုလျှင်၊ ကိုင်းအသွင်ကား
မြတ်စစ်သားတည့်၊
စစ်သားကိုပင်၊ရေဆိုလျှင်မူ
ကြာဟူသည်ကား၊ ပြည်သူများတည့်
ကိုင်းကားကျွန်းမှီ၊ ကိုင်မှီသည်ကျွန်း
သွန်းသွန်းဖြိုးဆင့်၊ ရေသည်မြင့်က
ကြာပွင့်ကြာငုံ၊ မြင်လှည့်တုံမို့
ယုံယုံကြည်ကြည်၊ ဦးတည်သည်ကား
သုံးပါးတာဝန်၊ ဒို့ဝိဥာဉ်ကို
အစဉ်စော့်ရေး၊ အသက်ပေး၍
မနှေးကာကွယ်ရမည်တည်း။
(၂၉)
ငါတို့ဘိုးဘေး၊ပဝေရှေးက
စစ်သွေးဟူဘိ၊ စစ်ဇာတိသာ
မရှိပါမူ၊ နောက်လူဆင့်ပွား
မျိုးဆက်များတွင်၊ စစ်အားခန်းခြောက်
မျိုးဂုဏ်ပျောက်လိမ့်။
ထိုးဖောက်အဖျက် ၊ရန်စနက်ကြောင့်
ပြိုပျက်ချုပ်ခြာ၊ ပြည့်အာဏာသည်
ပမာမယွင်း၊ ရာဟုနင်းသည့်
လမင်းပမာ၊ ရှိမည်သာမို့
ယခုကပင်၊ တပ်အသွင်ကို
အားအင်တောင့်လျက်၊ စွမ်းရည်ထက်သည့်
တိုးတက်မြင့်မား၊ စွမ်းအားခိုင်ကျည်
ခေတ်မီတပ်မတော်၊ ထွန်းပေါ်တည်ရေး
အလေးပေးကာ
မနှေးဆောင်ရွက်ရမည်တည်း။
(၃၀)
တို့ပြည်သာသည်၊ မဟာဗျူဟာ
အရေးပါသည့်၊ နေရာပထ၀ီ
တည်မှီဒေသ၊ပိုင်ဆိုင်ကြပြီး
များလှတွက်စေ၊ လူဦးရေလည်း
ပေါထွေခိုင်ဖြီး၊ နိုင်ငံကြီးကြား
တည်နေငြားမို့၊ သမားရိုးကျ
နည်းမမျှသည့်
ဟိုသည်ကစ၊ ခြိမ်းခြောက်ကြတတ်
ပြဿနာစုံ၊အခက်ပုံကို
ယုံကြည်မြဲမြံ၊သန္နိဌာန်နှင့်
တွန်းလှန်ကြမည်။
နိုင်ငံတည်တံ့၊ခိုင်မြဲခံ့အောင်
ပြည်ထောင်စုစိတ်၊မျိုးချစ်စိတ်ကို
ဟိတ်ခတ်ခြေခံ၊ထိန်းသိမ်းရန်နှင့်
နိုင်ငံပြည်သား၊တိုင်းရင်းသားတို့
မပြားမကွဲ၊တူလက်တွဲ၍
ခိုင်မြဲဘ၀၊လုံခြုံကြရန်
ရှင်သန်တည်ရေး၊ အလေးပေးကာ
ဆောင်ရွက်ပါသည်၊
စဉ်လာကောင်းသည့်တပ်မတော်တည်း။
(၃၁)
အမျိုးသားရေး၊ ဦးဆောင်ပေးမို့
ကြီးလေးကဏ္ဍ၊ ထမ်းရွက်ရသည့်
ပြည့်သားမျက်ဖျော်၊ တပ်မတော်အကြောင်း
စာလုံးပေါင်း၍၊ ငြိမ့်ငြောင်းစီရီ
ကဗျာသီလည်း၊ မပီမပြင် ဂုဏ်အင်ကဲညီ၊ စာမပီရှင့်။
စာစီခန့်ညား၊ ကျမ်းများထိုထို ညွှန်းဖွဲ့ဆိုလည်း၊
ဂုဏ်ကိုမပီ ကျမ်းမမည်ရှင့်။
တေးသီသံသာ၊ ဖွဲ့ဆိုပါလည်း တံတျာငုပ်လျှိုး၊ ဂုဏ်မတိုးရှင့်။ ဖြိုးဖြိုးချယ်သ၊ ရောင်စုံလှနှင့် ဆေးသပန်းချီ၊
စုတ်ချက်ညီလည်း မပီဝိုးဝါး၊ ဂုဏ်အင်များကို
ခြေဖျားမြူပင်၊ မီမထင်နိုင် ဂုဏ်မြင့်ခိုင်၏။ သံတိုင်ကျောက်သား၊ ခိုင်မတ်မားသို့ ပါက်ဖွားမေတ္တာ၊ စေတနာနှင့်
ရင်မှာလွှမ်းဖြာ၊ ကရုဏာမိုး ဖြန်းဖြန်းဖြိုး၍၊ အမျိုးကိုမြှင့် မြန်ဂုဏ်ဝင့်အောင်၊ မလင့်မနား ကြိုးကြိုးစားနှင့်၊ လှုပ်ရှားပုံဖော် တပ်မတော်၏၊ လျော်ကန်လေသော မြတ်သောအမှု၊ တိုင်းကျိုးပြုကို ရှုမြင်တွေ့ရ၊ ခံစားရ၍ ရင်မှဖြစ်ထွန်း၊ ဤမော်ကွန်းကို ဖော်ညွှန်းအလင်္ကာ၊ ဖွဲ့သီပါသည် ကမ္ဘာရှည်သ၍ တည်စေသတည်း။
Thursday, April 9, 2015
ရွှေပိတောက်တို့ အကြိုထောက်လေပြီ
ရွှေပိတောက်တို့ အကြိုထောက်လေပြီ....
လတန်ခူးပေမို့၊ အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်၊
ဘယ်ပန်းသော် စံမတူဘု။
နန္ဒာမူ ဖန်ကူထိပ်မှာလ၊
ပစ္စေကာ ချွေးတော်သိပ်ရတယ်။
အေးရိပ်ဆာယာ။
တစ်နှစ်တွင် သည်တစ်လပေပ၊
တစ်လတွင် တစ်ရက်ထဲ။
ခက်ခဲတဲ့ရက်ဗုဒါ၊
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်း တာချိန်ယံမတော့။
ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နှင့်။
ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့၊
သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်။
လမ်းတစ်လျှောက်သင်းပါဘိ၊
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း။
စာဆိုဦးကြော့ရေးဖွဲ့ထားသည့် ၄င်းကဗျာလေးသည် ရာသီအလီလီပြောင်း ခေတ်တွေစနစ် တွေပြောင်းသွား သော်လည်း မည်သည့်အခါမျှ ရိုးမသွားပါ။ တန်ခူးလမှာ ပွင့်သောပန်းများတကာတို့ထက် ပိတောက်ပန်း သည် သင်္ကြန်နှင့် ပဏာတင့်လို့နေပါသည်။
သင်္ကြန်ကျသည်ဆိုသည်မှာ နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသောလ အတာကူးသောလဟု ဆိုကြပါသည်။ မြန်မာ့ရိုးရာအယူအဆအရ “ကမ္ဘာဦးကာလတွင်သိကြားမင်းနှင့်အာသီအမည်ရှိသော ဗြဟ္မာမင်းတို့ သည် ဗေဒင်ဆိုင်ရာ ပြသနာတစ်ရပ်နှင့်အငြင်းပွားကြရာ လူ့ပြည်မှဗေဒင်ပညာရှင် က၀ါ လမိုင်းဆရာကြီးထံ အဆုံးအဖြတ်ခံယူရန်သဘောတူညီကြပြီး နိုင်သူက ရှုံးသူ၏ဦးခေါင်းကို ဖြတ်ရန် ကတိပြုကြ သည်။က၀ါလမိုင်းဆရာကြီးက သိကြားမင်းအယူအဆမှန်ကန်ကြောင်းဆုံးဖြတ်သည်။ သိကြား မင်းက ဗြဟ္မာကြီး ဦးခေါင်းကိုမဖြတ်လိုသော်လည်း ကတိပြုခဲ့သည့်အတိုင်း ဗြဟ္မာမင်းက အဓိဌာန်ဖြင့် မိမိ ဦးခေါင်းကိုပြတ်စေ သည်။ပြတ်သွားသည့် ဗြဟ္မာဦးခေါင်းကို သမုဒ္ဒရာသို့ပစ်ချပါက ရေများခန်းခြောက သွား မည်။ မြေပြင်သို့ ပစ်ချပါက မီးဟုန်းဟုန်းတောက်သည်။လေထုအတွင်းပစ်ချပါက မိုးလေ၀သပျက်ယွင်း မည်။သို့ဖြစ်ရ်ျ သိ ကြားမင်းသည်နတ်သမီးခုနစ်ဖော်အား အလှည့်ကျပွေ့ချီထားစေသည်။ နတ်သမီးတစ်ဦး လက်မှတစ်ဦးလက်သို့ ပွေ့ချီပြောင်းရွှေ့ပေးသောကာလကို လူတို့သက်တမ်းအားဖြင့် တစ်နှစ်ပြည့် မြောက် သောအချိန်နှင့်ညီမျှသောကြောင့် သက္ကရာဇ်ဦးခေါင်းပြောင်းသည်ဟုခေါ်ဝေါ်ကာသင်္ကြန်ပွဲများကျင်းပ ကြသည်ဟု ဆိုပါသည်။
အတာသင်္ကြန်ပွဲတော်ကို ပုဂံခေတ်မှသည် ယနေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသကဲ့သို့ သင်္ကြန် နှင့်ပိတောက်သည်လည်း ခွဲလို့မရပါ။သင်္ကြန်နားနီးလျှင်ဖြင့် “တန်ခူးမည်မှတ်၊ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး”ဟူသည့်အ တိုင်း သင်္ကြန်နားနီးလျှင်ဖြင့် မိုးတစ်ကြိမ်၊နှစ်ကြိမ်ရွာသွန်းတတ်ကာ သင်္ကြန်လက်ဆေးမိုး၊ သင်္ကြန်မိုးဟု ခေါ်ဆိုကြပြီး ၄င်းမိုးနှင့်အတူ ပိတောက်ပန်းများလည်းဖူး ပွင့်ကြပါသည်။Monday, March 23, 2015
လူနှင့်နေရာ
နေရာဆိုသောကြောင့် ဗဒင်၏နေရာကိုပြောခြင်းမဟုတ်ပါ။ လူသားအားလုံးအတွက် သတ်မှတ် ထားသည့် စည်းကမ်းနှင့်အသိတရားကိုပြောခြင်းဖြစ်ပါသည်။ အသိတရားဟူသည်လူတစ်ဦး ချင်းတွင် ရှိသင့်သည့် အခြေခံလူ့ကျင့်ဝတ်တစ်ခုဖြစ်ပါသည်။ မြန်မာမှုနယ်ပယ်တွင် “မရှိတာထက် မသိတာခက်”ဆိုသည့် စကားပုံ ကို လူတိုင်းသိကြမည်ပင်။ စာရေးသူတို့မြန်မာလူမျိုးများသည် မရှိသည်ကိုခွင့်လွှတ်နိုင်ကြ သော် လည်း မသိတတ်မှုကို လူတိုင်းခွင့်မလွှတ်နိုင်ကြပါ။
လောကမှာရှိသည့်လူသားအားလုံးအတွက် သတ်မှတ်ထားသည့်စည်းကမ်းများကို ငါသာလျှင် တော်သည်။ ငါကပိုသိသည်။ ငါလုပ်တာမှန်သည်ဟု အတ္တကိုရှေ့ထားကာ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်း ရောက် ရောက်သဘောဖြင့် မျက်စိစုံမှိတ်ကာပြုမနေထိုင်ူပြောဆိုပါက ပြစ်မှုတစ်ခုကိုကျူးလွန်နေသည်ဟု စာရေးသူမြင် မိပါသည်။
တစ်ချို့လူများသည် အချင်းချင်းပြောဆိုရာတွင်ပင် သူကပိုပြီးတော်နေသယောင်ယောင်၊သိနေသ ယောင်ယောင် ဆရာကြီးလေသံဖမ်းကာပြောနေမည်ဆိုလျှင် အပြောခံရသည့်သူများက ကျေနပ်နိုင်ပါ့ မလား။ မိမိကိုတစ်ခြားသူက ထိုသို့ပြောလျှင်ရော ကျေနပ်နိုင်ပါ့မလား။
စာရေးသူတို့တစ်ချိန်ကကြုံဖူးပါသည်။ အစ်မတစ်ယောက်ကဲ့သို့ခင်မင်နေသည့်မိတ်ဆွေရှိခဲ့ပါသည်။ သူမသည်အရာရာကိုဆရာကြီးလေသံဖမ်းကာပြောတတ်ပါသည်။သို့သော်သူမကိုခင်မင်နေသော မိတ်ဆွေ တို့ သည်သူမကိုခွင့်လွှတ်ထားကြပါသည်။ သူမကိုအစ်မတစ်ယောက်လိုချစ်ခင်သည်။လေးစားသည်။ အားကိုးယုံကြည်သည်။ သူမပြောသမျှ အဟောဝတဆိုသကဲ့သို့ အရာရာကိုအကောင်းမြင်ပေးခဲ့ကြပါ သည်။
သို့သော် သူမသည်သူမအပေါ်ထားသည့် စာရေးသူတို့၏ယုံကြည်ချက်များကို တစ်ခဏအတွင်းသူမ ကိုယ် တိုင်ရိုက်ချိုးခဲ့ပါသည်။ သူမသည်စာရေးသူတို့အပေါ်ဆရာကြီးလုပ်ရုံဖြင့်အားမရခဲ့ပြန်ပါ။
စာရေးသူတို့သူငယ်ချင်းမိတ်ဆွေများစုပြီးလုပ်ငန်းတစ်ခုလုပ်ကြသည်။ ရရှိလာသည့်အကျိုး အမြတ်ကိုအားလုံးညီတူညီမျှခွဲဝေယူကြမည်ဟုလည်းယုံကြည်ကြပါသည်။ အထူးသဖြင့်ကိုယ့်အစ်မလို ယုံကြည်ရသူက ဘာလုပ်လုပ်ရတဲ့အကျိုးအမြတ်ကို သရက်စေ့ထက်ခြမ်းပဲသိလား။ အားလုံးအတူတူဝေ မျှယူမယ်နော်…. ယုံကြည်လေးစားရသူ၏စကားဖြစ်သည့်အတွက် အားလုံးကယုံကြည်ကြပါသည်။ အလုပ် လုပ်ရသည်ကိုပင်ပင်ပန်းသည်ဟုမထင်ရလောက်အောင် တက်ညီလက်ညီနှင့်ပျော်စရာလည်းအရမ်း ကောင်းခဲ့ပါသည်။ သူမကတော့အငယ်အားလုံးအပေါ်စကားမှိုင်းတိုက်ကာ ဟန်ရေးပြနေခြင်းဖြင့်သာ အချိန်ကုန်သွားခဲ့ပါသည်။ သို့ သော်အားလုံးကသူမကိုမမုန်းကြပါ။ အစ်မတစ်ယောက်လိုချစ်ခင်ကြသ ကဲ့သို့နေရာလည်းပေးခဲ့ပါသည်။
သို့သော် သူမသည်အားလုံး၏ယုံကြည်မှုတံတိုင်းကို ဖြိုဖျက်ပြီးသူမကို အလေးထားခဲ့ကြသည့် သူမ၏နေရာကို သူမကိုယ်တိုင်ဖျက်ဆီးခဲ့ပါတော့သည်။
တစ်နေ့တွင်သူမသည်ရရှိလာသည့်အကျိုးအမြတ်ကို ထိန်ချန်ထားပြီးစာရေးသူတို့အားတစ်ယောက်ကို ပိုက်ဆံ(၁၀၀၀၀)ကျပ်ဆီခွဲဝေပေးခဲ့ပါသည်။ (၁၀)သိန်းလောက်ရမည်ကိုအားလုံးကသိနေပါသည်။ အားလုံး က သိပင်သိနေသော်ငြားလည်း သူမကိုယုံကြည်ကြသည့်အတွက် ငွေကြေးကိစ္စများကို မစွက်ဖက်ခဲ့ကြပါ။ သူမက သူမ၏လုပ်ရပ်ကို မည်သူမျှ မသိဟုထင်နေပါသည်။ သူမကစာရေးသူတို့အား ယခုကဲ့သို့ပေးရ သည်ကိုပင် သူ့အိတ်ထဲမှစိုက်ထုတ်ပေးရသလိုလိုသနားစဖွယ်ဇာတ်လမ်းဆင်ခဲ့ပါသေးသည်။ အားလုံးက သူမကိုသနားဂရုဏာသက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေကြပါသည်။ သူမရဲ့ဇာတ်လမ်းကြောင့် တော့မဟုတ်ပါ။ သူမရဲ့ လုပ်ရပ်အတွက် တန်ပြန်ခံစားရမည့်သူမကို သနားနေမိကြခြင်းသာ။
စာရေးသူတို့လည်း လောကီလူသားများမို့ ငွေမမက်ပါဘူး။ ငွေမလိုချင်ပါဘူးဟုတော့မဆိုသာပါ။ အထိုက်အလျောက်တော့လိုချင်ပါသည်။ ငွေကိုလိုချင်လို့သာငွေကိုရှာနေကြရခြင်းမဟုတ်ပါလား။ သို့သော် မိမိမိတ်ဆွေအပေါင်းအသင်းများအပေါ်မှာ တစ်နပ်စားဥာဏဖြင့် ကြံစည်ပြီးတော့ မယူချင်ပါ။ ယူလို့လည်း မသင့်တော်ဘူးဟုမြင်မိပါသည်။ ၄င်းဖြစ်စဉ်ကိုသေချာသုံးသပ်ကြည့်လိုက်မိသော် စာရေးသူတို့ဆုံးရှုံးသွား သည် မှာ ငွေတစ်ခုတည်းမဟုတ်ပါ။မိမိယုံကြည်လေးစားရသည့် အစ်မတစ်ယောက်ဆုံးရှုံးသွားရသည်။
“…….လေးစားဖို့ကောင်းတယ်။”
“…….ဆီမှာအတုယူစရာတွေအများကြီးရှိတယ်”
“…… ကဖော်ရွေပျူငှာပြီး စကားပြောအလွန်ကောင်းတယ် ”
“……စသည် စသည်ဖြင့် အချိန်အတော်ကြာကြာစာရေးသူတို့အားလုံး၏ရင်ထဲမှာရှိနေခဲ့သည့် သူမ၏နေရာ သည် တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားအောင်သူမကလုပ်ခဲ့သည်။
လူဆိုလျှင်လူပီသဖို့အရေးကြီးပါသည်။ လူ့ပတ်ဝန်းကျင်၊လူ့အသိုင်းအ၀ိုင်းတွင် လူတိုင်းအတွက်ထိုက် တန်သည့်နေရာတစ်နေရာကို ဘုရားသခင်ကဖန်ဆင်းထားပြီးသားပါ။ မိမိကရိုးသားကြိုးစားဖို့သာ လိုပါသည်။
ရိုးသားဖြောင့်မတ်ခြင်းကို ဖျက်ဆီးရ်ျမရသောဂုဏ်ဟု ဆရာဇော်ဂျီက ကဗျာတစ်ပုဒ်ဖြင့် တင်စားရေးဖွဲ့ ထားပါသည်။မှန်ပါသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် ကာယကံ၊၀စီကံကို ထိန်းကျောင်ပဲ့ပြင်ပေးသည့် ပဲ့ကိုင် ရှင်ဖြစ်ပါသည်။ လူ့ဘ၀သည် ခဏသာဖြစ်သော်လည်း ထိုရခဲလှသည့် လူ့ဘ၀မှာ အသိတရားကို သတိထားရမှာဖြစ်ပါသည်။ထို့ပြင်လူနှင့်လူ့ပတ်ဝန်းကျင်တွင် ကိုယ့်အကျိုးအတ္တကိုသာရှေ့တန်းမတင်ဘဲ အများအတွက်ပါ ကိုယ်ချင်းစာနာစိတ်ကိုနှလုံးသွင်းရင်းသတိထားလက်ကိုင်ထားကာ ပြုမူနေထိုင်သင့်ပါ သည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Friday, March 20, 2015
ဘတ်ဂျက်လွှတ်တော်
၁၂ကြိမ်မြောက်
ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးများကျင်းပနေပြီဖြစ်သည်။ အစည်း အဝေး ပထမနေ့ တွင်ပြည်ထောင်စုလွှတ်တော်နာယ ကကြီးကနှုတ်ခွန်း ဆက်အမှာ
စကားပြောကြားခဲ့သည်။ “ယခုပြည်ထောင်စု လွှတ်တော်သည် ၂၀၁၅ခုနှစ်၌ အဓိကျသည့် ဦးဆောင်အစည်းအဝေးဖြစ်ကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က သတင် သွင်းခွင့်ရှိသည့်
နိုင်ငံတော်အတွက် နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လွှတ်တော်၏အဓိကလုပ်ငန်းတာဝန်ဖြစ်သည့်အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို စိစစ်
အတည်ပြုနိုင် ရေးများဆောင်ရွက်ရန်ဖြစ်ကြောင်း နာယကကြီး၏ မိန့်ကြားချက်အရသိရှိရပါ သည်။
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များမှာ
ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ ပထမသက်တမ်းကာလ၊ လုပ်ဆောင်ချက်များကို
အဆုံးအဖြတ်ပေးမည်ဖြစ်ပေရာ နိုင်ငံတော်နှင့်နိုင်ငံသား တို့ အကျိုးစီးပွားအခရာကျလှပေသည်။
၂၆.၁.၂၀၁၅
ရက်နေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်
ပြည်ထောင်စုအရအသုံးခန့်မှန်းခြေငွေစာရင်း၂၀၁၅ ခုနှစ်ပြည်ထောင်စုအရအသုံးဆိုင်ရာဥပဒေကြမ်းကိုတင်သွင်းခဲ့သည်။
ထိုဥပဒေကြမ်းကို ၀န်ကြီး ဌာန အလိုက်အရအသုံးဆိုင်ရာ ဘဏ္ဍာငွေကိစ္စရပ်များ၊ GDPအချိုးနှိုင်းယှဉ်ခြင်းများ၊
နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးအခြေအနေ အရပ်ရပ်များကောက်ခံရရှိသည့် အခွန်ငွေအခြေအနေများကိုရှင်းလင်း တင်ပြခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော် နာယကကလည်း လွှတ်တော်ဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုကြေညာခဲ့ပါသည်။
ယနေ့လွှတ်တော်အသီးသီး၏တာဝန်သိမှု၊တာဝန်ယူမှုတို့နှင့်အတူ
နှိုင်းနှိုင်းချိန်ချိန် ညှိညှိနှိုင်းနှိုင်းဆောင် ရွက်နေသည်ကို ပြည်သူအများမျက်ဝါးထင်ထင်တွေ့ကြုံနေကြရပြီဖြစ်သည်။
သို့ဖြစ်ရာ ပါလီမန်ခေတ်က လွှတ် တော်များ၏ဆောင်ရွက်ချက်များကို ချိန်ထိုးတင်ပြလိုပါသည်။
ထိုစဉ်က
ဝန်ကြီးဌာနအသီးသီးသည် ဘတ်ဂျက်နှစ်ကုန်ဆုံးကာနီးတွင် ပိုငွေများပြန်လည်အပ်နှံလေ့ရှိ
ကြသည်။ ပိုငွေဖြစ်ရသည်မှာလည်း ခန့်မှန်းတွက်ချက်စဉ်က သာသာထိုးထိုး ပိုပိုလျှံလျှံတင်ပြခဲ့ သော ကြောင့်
တကယ်တမ်းသုံးစွဲသောအခါသုံးမကုန်သဖြင့် ပိုလျှံနေခြင်းဖြစ်သည်။ ထိုသို့အပ်နှံမှုများများလာ သောအခါ ဘဏ္ဍာရေးဝန်ကြီးကကုန်သလောက်တောင်းရန်ညှိနှိုင်းသော်လည်း မတောင်းတတ်။ မတင်ပြ တတ် သဖြင့်
အကြပ်အတည်းတွေ့ခဲ့ရသည်။ ထို့ကြောင့်လန်ဒန်မှစီးပွားရေးပညာရှင်တစ်ယောက် ကိုပင့်ဖိတ်ကာ
ဝန်ကြီးများအားဘတ်ဂျတ်ဆွဲနည်းသင်တန်းပေးစေခဲ့သည်။ ပညာရှင်က တစ်လခန့်ကြိုးစား ပမ်းစား သင်ကြားပို့ချခဲ့သော်
လည်း ၀န်ကြီးများက သဘောပေါက်နား လည်ခြင်းမရှိခဲ့သည့်အတွက် အလွယ်ကူဆုံးနည်းလမ်းကျင့်သုံးရန်
ပညာရှင်ကလမ်းညွှန်ခဲ့သည်။ထိုနည်းမှာ လွန်ခဲ့သောသုံးနှစ်က မိမိတို့ဝန်ကြီးဌာနအလိုက် အမှန်တကယ်ကုန်ကျခဲ့သော
အသုံးစရိတ်များကိုပေါင်း၊ရလဒ်ကိုသုံးနှင့်စား၊ ရလာသည့်ပျမ်းမျှကိန်းကိုသာ တောင်းကြရန်ဖြစ်သည်။
ထို့ကြောင့် “ဘတ်ဂျက်ဆိုတာ သုံးနဲ့စားရတာ ” ၀န်ကြီးမျာသဘောပေါက်သွားကြ
ကြောင်း ရယ်စရာ၊မောစရာအဖြစ်မှတ်သားရဖူးပါသည်။
ထို့အပြင်
နှစ်အလိုက်ခေါ်ယူသော ဘတ်ဂျက်လွှတ်တော်များကို အမည်ပေးကောင်းသော အမတ်မင်း တို့က ကင်မွန်းတပ်လေ့ရှိပါသည်။
၁၉၅၅-၅၆
ဘတ်ဂျက်လွှတ်တော်ကို ၀ါးခယ်မအမတ်ဗိုလ်မြသွေးက “ ပဒကုသလ ဘတ်ဂျတ်”ဟုလည်း
ကောင်း၊
၁၉၅၆-၅၇ဘတ်ဂျက်လွှတ်တော်ကို သာယာဝတီအမတ် သခင်ချစ်မောင်(၀ိဓူရသခင်ချစ်မောင်)က
“ပေါရိသာရဘတ်ဂျက်” ဟုလည်းကောင်း ဆီဆီလျော်လျော်အည်ပေးခဲ့ကြပါသည်။
ပဒကုသလဇာတ်တွင်ရှင်ဘုရင်သည်
ကိုယ့်သန်လျက်ကိုကိုယ်တိုင်ကိုင်စွဲကာ ပဒကုသလအားရှာဖွေ ခိုင်းခဲ့သည်။ ထိုစဉ်က လူတိုင်းကြားဖူးသည့် “အကြံရခက်လေသနော်၊ သန်လျက်တော်ယူသည့် သူခိုးကိုလ ၊ သူ့အမျိုးထုတ်ဖော်ပြောရလျှင်၊
ဓားကုတ်ပေါ်မှာဝဲ” “သူခိုးက လိမ္မာ မျက်နှာကြီးဟာမို့၊စနက်မီးပမာ၊
ထိရာကရှပါလိမ့်မယ် “ ငိုချင်းများကြောင့်ပဒကုသလဟုဆိုလိုက်လျှင် ဘာကိုဆိုလိုသည်မှန်း
လူထုကနားလည် သည်။
ထိုကဲ့သို့
အမတ်မင်း ဗိုလ်မြသွေးအညွှန်းကောင်းလောက်အောင်ပင် ပြည်တော်သာစီမံကိန်းအကောင် အထည်ဖော်ရာတွင်
ဖဆပလ၀န်ကြီးများ၊ ပါလီမန်အမတ်များ၊ စီးပွားရေးသမားကန်ထရိုက်တာများ လက်ဝါးချင်းရိုက်ကာ
တိုင်းပြည်ဘဏ္ဍာတွေကို ဝေစားမျှစားလုပ်ခဲ့ကြသည်။ ထို့ကြောင့် ထိထိမိမိဝေဖန် လိုက်ခြင်းဖြစ်ပေသည်။
ပေါရိသာဒသည်
လူသားစားသောသူဖြစ်သည်။ ပေါရိသာဒဟု ဒဲ့ဒိုးညွှန်းဆိုလိုက်သည်မှာလည်း ဖဆပလအစိုးရ၏အပြုတ်တိုက်ရေးလမ်းစဉ်ကြောင့်ဖြစ်သည်။
ထိုစဉ်ကရောင်စုံသောင်းကျန်းသူများကို အပြုတ် တိုက်ရန်အတွက်ကာကွယ်ရေးအသုံးစရိတ်ကို ယခင်နှစ်များထက်ပိုမိုကာတိုးမြှင့်တောင်းခံခဲ့သဖြင့်
ဖဆပလကို ပေါရိသာဒနှင့်နှိုင်းကာဝေဖန်လိုက်ခြင်းဖြစ်သည်။
ထိုထိုသောအမည်ပေးကင်ပွန်းတပ်ဝေဖန်မှုများကြောင့်
ဖဆပလအစိုးရသည် နောင်နှစ် ၁၉၅၇-၅၈တွင် ဘတ်ဂျက်လွှတ်တော်မခေါ်တော့ဘဲ သမ္မတ၏စာချွန်လွှာဖြင့်အတည်ပြုခဲ့ရတော့သည်။
ယနေ့လွှတ်တော်ကိုယ်စားလှယ်များမှာမူကား
ပါလီမန်အမတ်များနှင့်လုံးဝခြားနားပါသည်။ “ဘတ်ဂျက် မတတ်လွှတ်တော်မကပ်”နှင့်ဆိုရိုးစကားရှိသော်လည်း
ဘတ်ဂျက်တတ်၍ လွှတ်တော် ကပ်နေကြပြီ ဖြစ် သည်။ ဘတ်ဂျက်ရေးဆွဲခြင်း၊လွှတ်တော်တွင် အတည်ပြုချက်ရယူခြင်း၊
သုံးစွဲမှုမှန်၊မမှန်စစ်ဆေးခြင်းများကို စီးပွားရေးရှုထောင့်၊လူမှုရေးရှုထောင့်၊နိုင်ငံရေးရှုထောင့်တို့မှဝေဖန်ဆွေးနွေးကြပေတော့မည်။လုပ်ငန်း အဆင့်ဆင့်ကိုစေတနာမှန်၊ လုပ်နည်းလုပ်ဟန်မှန်နှင့်နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးအတွက်ဆောင် ရွက်ကြတော့မည်ဖြစ်ရာ ကိုယ်စားလှယ်တော်ကြီးများ၏အမြော်အမြင်ရှိမှု၊
ဇွဲလုံ့လ၀ီရိယရှိမှုများကို သမိုင်း၌ မှတ် ကျောက်တင် နိုင်တော့မည်ကားမလွဲဧကန်ဖြစ်ပေတော့မည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
လူငယ်နှင့်ပတ်ဝန်းကျင်
ပတ်ဝန်းကျင်ဆိုသည်မှာတကယ်အရေးပါသည့်စကားဖြစ်ပါသည်။ လူသားတိုင်း good environmentကောင်းသောပတ်ဝန်းကျင်မှာကျင်လည်လျှင်ကောင်းသောအရာများနှင့်ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ စာရေးသူတက္ကသိုလ်တစ်ခုမှာနည်းပြလုပ်စဉ် ကဖြစ်သည်။စာရေးသူကလည်း ထိုကျောင်းကို ရောက်စဆို တော့ ထိုကျောင်းရဲ့အထာများကိုမသိပါ။
ထိုကျောင်းတွင် အလွန်ဆိုးသော ဆရာ/မများလက်မြှောက်ထားရသော ကျောင်းသားဆိုးဆိုးများရှိပါ သည်။ဆရာ/မများကလည်းအလွန်ဆိုးသည်ဟုသာမှတ်ချက်ပေးပြီး ပေလျကန်သဘောထားကြသည်။ ထို့ကြောင့်ကျောင်းသားများက ပိုဆိုးနေခြင်းဖြစ်မည်။ ထိုကျောင်းသားသည် ဆိုးသည်မှန်သော်လည်း ပုံသွင်းပေးမည့်ဆရာကောင်းရှိမည်ဆိုလျှင် အင်မတန်တော်သောလိမ္မာယဉ်ကျေးသောကျောင်းသား ကလေးတစ်ဦးဖြစ်လာမှာအမှန်ပါ။ဆိုးလို့ဆိုပြီးဆရာ/မများကလျစ်လျူရှုကြသကဲ့သို့ အတန်းဖော် သူငယ်ချင်းများကလည်းမြှောက်ပင့်ပေးသည့်အတွက် သူ့ကိုယ်သူမဟာသူရဲကောင်းကြီးထင်ကာဆက် လက်ဆိုးသွမ်းနေခြင်းပင်။
တစ်နေ့တွင်စာရေးသူနှင့်ထိုကျောင်းသားတို့ထိပ်တိုက်တွေ့ခဲ့ရပြန်ပါသည်။စာရေးသူက သူတို့အတန်းကို သင်ခန်းစာဝင်ပေးရသည်။နောက်တစ်နေ့တွင်စာစီစာကုံး တစ်ပုဒ်ဆီရေးခဲ့ရမည်ဟုမှာ လိုက်သည်။ အဖြေစာအုပ်များကို အတန်းခေါင်းဆောင်မှစုစည်းကာ စာရေးသူကိုလာအပ်ရန်မှာခဲ့သည်။ ထိုကျောင်းသားနှင့်တကွကျောင်းသားအနည်းစုမှာ အဖြေလွှာစာအုပ်ထပ်သည့်အထဲတွင် မပါဝင်ခဲ့ ပါ။
ထမင်းစားနားချိန် ထမင်းစားပြီးအပြန်တွင် အချို့ကျောင်းသားများကအဖြေလွှာစာအုပ်ကို လမ်းတွင် လာပေးပါသည်။ စာရေးသူကထိုသို့ပေးခြင်းကိုလက်မခံခဲ့ပါ။ သတ်မှတ်ချိန်အတွင်းမှသာ အဖြေလွှာစာအုပ် ထပ်ရမည်ဟုပြောခဲ့ပါသည်။
ထို့နောက်နားနေခန်းတွင်အခြားဆရာမများနှင့်စာဆွေးနွေးနေစဉ် ထိုကျောင်းသားမှအဖြေလွှာစာအုပ် လာထပ်ပါသည်။စာရေးသူကစည်းကမ်းအတိုင်းအပ်ရန်ပြောလိုက်သည့်အခါတွင် ထိုကျောင်းသားမှ အဖြေ လွှာစာအုပ်များကိုနားနေခန်းရှေ့တွင် လွှင့်ပစ်လိုက်ပါသည်။
စာရေးသူနှင့်တကွ ဆရာမများက ထိုကျောင်းသား၏လုပ်ရပ်ကိုအတွက်စိတ်မကောင်းဖြစ်မိပါသည်။ ထိုအချိန်တွင်ဆရာမများက ထိုကျောင်းသား၏ဌာနမှူးထံသွားရောက်တိုင်ကြားအသိပေးခဲ့ပါသည်။
ဌာနမှူးဆရာမမှ စာရေးသူအားတောင်းပန်ခဲ့သကဲ့သို့ ထိုကျောင်းသားကိုလည်း တောင်းပန်ခိုင်းပါ သည်။ ထိုကျောင်းသားသည် တောင်းပန်စရာမလိုလောက်အောင် သူ့လုပ်ရပ်များကမှန်နေသည်ဟုသာ ထင်မြင်နေပါသည်။သူ့ပတ်ဝန်းကျင်မှသူငယ်ချင်းများကလည်း သူ့ကိုမြှောက်ပင့်ကာ တောင်းပန် စရာမလို ဘူး ဟု သာတွင်တွင်ပြောနေပါသည်။
ထိုကျောင်းသားပုံစံကလည်း စာရေးသူကိုတောင်းပန်မည့်ပုံမပေါ်ပါ။ ရိုက်လျှင်လည်းခံလိုက်မည်။ ကျောင်းထုတ်ချင်လည်း ထုတ်ပါစေဆိုသည့် ဘာမထီပုံစံမျိုးဖြစ်နေသည်။ပြသနာ တစ်မျိုးမဟုတ်တစ်မျိုး နှင့် ကျောင်းရုံးခန်းကို ခဏခဏရောက်ဖူးနေခြင်းဖြစ်သည့်အတွက် သူ့အဖို့တော့အဆန်းတကြယ်ဖြစ် မနေပါ။
အားလုံးကလည်းထိုကျောင်းသားကို မြှောက်ပင့်ပေးနေသည့်အတွက် သူ့ကိုယ်သူမှန်တယ်ထင်ကာ ဇွတ်ပေကပ်နေခြင်းပင်။တကယ်တော့ အဖြေလွှာစာအုပ်ကိုလွှင့်ပစ်ခြင်းသည် ထိုကျောင်းသားအတွက် အများကြီးထိခိုက်နစ်နာစေပါသည်။ အဲဒါကိုသူမသိပါ။ဌာနမှူးဆရာမမှထိုကျောင်းသားကို ရှိခိုးတောင်း ပန်ခိုင်းသည်။ စာရေးသူက သူ့ကိုအပြစ်မယူပါ။ဆရာတပည့်ကြားမှာ အပြစ်ယူခြင်း၊ အပြစ်ပေးခြင်းဆိုတာ မျိုး မရှိသင့်ပါ။ မလိမ္မာသောကျောင်းသားကိုဆုံးမရမည်မှာ ဆရာ/မတိုင်း၏တာဝန်ပင်မဟုတ်ပါလား။
ပထမပိုင်းတွင်ထိုကျောင်းသားသည် စာရေးသူကိုကြည့်သည့်အကြည့်မှာ စိမ်းနေသည်။ အမုန်းမျက်ဝန်း နှင့်ကြည့်နေသော်လည်း စာရေးသူကမေတ္တာမပျက်ခဲ့ပါ။ သူ့ကိုလည်းမမုန်းပါ။““ကဲ…သား…သား အခုလုပ်တဲ့ လုပ်ရပ်ဟာ မှန်ရဲ့လား စဉ်းစားကြည့်ပါဦး…”
“တီချယ်က ကျွန်တော့်အဖြေလွှာစာအုပ်ကိုမှမယူတာ ကျွန်တော်ကဘာလုပ်ရမှာလဲ..”
ကျောင်းသားတစ်ယောက်မေးရမည့်မေးခွန်းမဟုတ်ဟုထင်မြင်မိပါသည်။
“ဒီမယ်သား..သားလုပ်ရပ်ကလည်းမှန်တယ်။သားသူငယ်ချင်းတွေကလည်းသားကိုအားပေးတယ်။ ခုချိန်မှာ တော့သူတို့ရှေ့မှာသားကသူရဲကောင်းကြီးပေါ့။ဟုတ်လား။ဒါပေမယ့်အဲလိုလုပ်လိုက်လို့ သားမှာဘာအကျိုး များရသွားသလဲ။စောစောကမင်းတို့ဌာနမှူးက မိဘတွေခေါ်ပြီးမလိမ္မာတဲ့ကျောင်းသားကို မိဘတွေဆီပြန် အပ်မယ်လို့ ပြောသွားတယ်မဟုတ်လား။ ဒါဆို သားဘာဖြစ်သွားမလဲ။ သားကိုအားပေးတဲ့ သူငယ်ချင်းတွေ ကရော သားကိုဆက်ပြီးကောင်းချီးပေးကြပါဦးမလား။ ကဲ…ပြောစမ်းပါဦး။
စာရေးသူက ထိုကျောင်းသားကို ဂရုဏာမျက်ဝန်းဖြင့်စေ့စေ့ကြည့်ကာမေးလိုက်ပါသည်။ မေတ္တာဆို တာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိသည်ဆိုသည်မှာအမှန်ပင်။ သူ့အပေါ်နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံခဲ့သည့် သူကလည်းရိုကျိုးစွာဆက်ဆံလာပါသည်။
“ဟုတ်ပါတယ် တီချယ်…ကျွန်တော်မှားသွားပါတယ်။ ကျွန်တော်တောင်းပန်ပါတယ်။ မနက်ကတည်းက စိတ်ရှုပ်နေလို့ပါ။ အခုလည်း တီချယ်ကအဖြေလွှာစာအုပ်ကိုမယူတော့ ကျွန်တော်လည်းစိတ် ညစ်သွားလို့ ပါ ဗျာ.. ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်။”
လူတိုင်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်စိတ်ညစ်စရာတွေကို ဒီလိုထွက်ပေါက်ပေးမယ်ဆိုရင်တော့ မင်းမှားသွားမှာပေါ့။ မင်းကအခုမှငယ်ငယ်လေးရှိ သေးတယ်။ နောင် မင်း ကြုံတွေ့ရမှာတွေကအများကြီးရှိသေးတယ်လေ။ တီချယ်က တီချယ့်တပည့်ကိုချစ်လို့ပြောတာနော်.. အမှားကို အမှားအမှန်ကိုအမှန်အတိုင်းသိအောင်ပြောပြတာ။ မင်းတို့လမ်းမှားမရောက်အောင်စောင့်ရှောက် ရမှာက တီချယ်တို့ရဲ့တာဝန်မဟုတ်လား…”
“ဟုတ်ကဲ့ပါ တီချယ် ကျွန်တော်ထပ်တောင်းပန်ပါတယ်။ ဒါကလည်းကျွန်တော်အပြစ်ပေးခံရမှာကြောက်လို့ တောင်းပန်တာမဟုတ်ပါဘူးဗျာ တကယ်ကိုရင်ထဲကတောင်းပန်တာပါ..”
“သားကိုသားမှားမှန်းသိလို့ သားရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်တယ်ဆိုရင် တီချယ်တို့ကခွင့် လွှတ်ရ မှာပေါ့။ ဆိုးတယ်ဆိုတာမကောင်းပေမယ့် ခွင့်လွှတ်လို့ရတဲ့ဆိုးနည်းမျိုးနဲ့ဆိုးလို့ရတယ်။ ဒါပေမယ့် မိုက်ရိုင်းတယ်ဆိုတာတော့ ဘယ်သူမှလက်မခံဘူးသား…”
မိမိရဲ့လုပ်ရပ်ဟာ ကိုယ့်ဘ၀မှာအရိပ်လိုလိုက်တတ်တယ်။ ကောင်းတာ လုပ်ရင်ကောင်းတဲ့ အရိပ်ရ ပေမယ့် မကောင်းတဲ့လုပ်ရပ်လုပ်ရင်လည်း မကောင်းတဲ့အရိပ်က အမြဲစိုးမိုးနေတတ်တာပဲ။သား အရင်က ဆိုးခဲ့တယ်။အဲ.. ဒါပေမယ့် ခုချိန်ကစပြီး လိမ္မာတဲ့ကလေးအဖြစ် တီချယ်တို့သတ်မှတ်လိုက်ပြီ။ ခုချိန်ကစပြီး သားကလူလိမ္မာလေးဖြစ်သွားပြီ။ မိမိရဲ့ကောင်းကျိုး မိမိကျောင်းရဲ့ကောင်းကျိုး၊ မိမိမြို့ရွာ၊ မိမိနိုင်ငံရဲ့ ကောင်းကျိုးတွေကို သယ်ပိုးမယ့်အနာဂတ်ရဲ့တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်သွားပြီ။
စာရေးသူပြောသည်များကို လိုက်နာမှတ်သားနေသည့် ထိုကျောင်းသားလေး၏မျက်နှာသွင်ပြင်နှင့် အမူလွန်ခဲ့သောမိနစ်အနည်းငယ်အချိန်ကနှင့်မတူတော့ဘဲ ကြည်လင်ရွှင်ပျလာကာလူဆိုး လူမိုက်ကလေး အသွင်မှ လိမ္မာယဉ်ကျေးသောလူငယ်လေးအသွင်သို့ပြောင်းလဲသွားသည်ဟုထင်မိပါသည်။
ပျက်အစဉ်ပြင်ခဏဟူသောဆိုရိုးစကားနှင့်အညီ ကျောင်းတွင်နာမည်ဆိုးနှင့်ကျော်ကြားနေသော ထိုလူ ငယ်လေးသည် လိမ္မာသော စာတော်သော လူရည်ချွန်၊လူရည်မွန်ကလေးတစ်ဦးဖြစ်လာခဲ့သည်။ ထို လူငယ်လေးကိုကြည့်ကာ ပီတိဖြစ်ရသည်မှာစာရေးသူပါ။ အဖြေစာအုပ်ကိုလွှင့်ပစ်စဉ်က ဒေါသရှေ့ထား ကာ သူ့ကိုဆူပူကြိမ်းမောင်းကာ အပြစ်တင်အပြစ်ပြောခဲ့မိမည်။အပြစ်ယူခဲ့မည်ဆိုလျှင် ထိုကဲ့သို့ လိမ္မာသော စာတော် သောကလေးတစ်ဦးဆုံးရှုံးသွားမှာအမှန်ပင်။
လူတိုင်းသည်မိမိကိုယ်ကို အကောင်းမြင်တတ်ကြ၊ အထင်ကြီးတတ်ကြသည်။ ငါစွဲတော့ လူတိုင်း မှာရှိကြပါသည်။ အနည်းနှင့်အများသာကွာချင်ကွာမည်။ အဲဒါကိုပတ်ဝန်းကျင်က မြှောက်ပင့်ပေးလျှင် ပိုဆိုးမည်။
တကယ်တော့လူတိုင်းသည် အတ္တကိုအခြေခံကာ ငါစွဲရှိသည်မှန်သော်လည်း တစ်ခါတရံမှာ မိမိလုပ်သည်ကိုမှန်ရဲ့လားဟု စိုးရိမ်တတ်ကြပါသည်။ထိုအချိန်တွင်ပတ်ဝန်းကျင်မှမှားနေလျှင် မှားတဲ့ အကြောင်း မကောင်းလျှင်မကောင်းတဲ့အ ကြောင်းပြောပေးရမည်။ တစ်ခါပြောလို့ရချင်မှရမည်။ မရလျှင်နှစ်ခါသုံးခါထပ်ပြောမည်ဆိုပါက မိမိကိုယ်ကိုအထင်ကြီးနေသူဟာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ် လာမည်။ ပြုပြင်လာမည်။ စေတနာနှင့်ပြော မည့်သူမှာလည်းအမုန်းတရားကို လက်ခံနိုင်မှဖြစ်မည်။ အမုန်းခံနိုင်ရမည်။
လူဆိုသည်မှာတစ်ဦးတစ်ယောက်တည်းနေလို့မရပြန်ပါ။ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းရှိဖို့လို အပ်ပါသည်။သို့သော် ပတ်ဝန်းကျင်ကောင်းရှိရန် မိတ်ဆွေကောင်းများရှိရန်လိုအပ်ပါသည်။ မိမိပတ်ဝန်း ကျင်မှ သူများက မိမိလုပ်ရပ်မှားမှန်းသိပြီးအမှားကိုပြင်နိုင်အောင် ပြောဖို့လိုပါသည်။
လူငယ်မောင်မယ်များအနေဖြင့် အကောင်းဆုံးပတ်ဝန်းကျင်ရှိသင့်ပါသည်။ လူငယ်ဆိုသည်မှာ တက်ကြွသည်။ရဲရင့်သည်။စွန့်စားလိုစိတ်ရှိသည်။ စူးစမ်းလိုစိတ်ရှိသည်။ မလုပ်ဖူးသည်များကို လက်တဲ့စမ်း သည့်သဘောဖြင့် လုပ်ကြည့်ချင်ကြသည်။လုပ်သင့်သည်အရာ မလုပ်သင့်သည့်အရာကို မခွဲခြားတတ်။ မခွဲခြားချင်ကြ။လုပ်ချင်သည်ကိုသာသိကြသည်။
ထိုအချိန်မျိုးတွင်ပတ်ဝန်းကျင်ကောင်းနှင့်တွေ့လျှင်တော်သေးသည်။ ကျားကျားမီးယပ်ဆိုသည့် ပတ်ဝန်းကျင်မျိုးဖြင့်တွေ့ပါကလမ်းမှားရောက်နိုင်ပေမည်။ထို့ကြောင့်နောင်အနာဂတ်တွင်လင်းလက်တောက်ပမည့်ကြယ်ပွင့်ကလေးများခရီးဆုံးပန်းတိုင်မရောက်ခင်မှေးမှိန်ပျောက်ကွယ်မသွားစေဖို့ရာပတ်ဝန်းကျင် ကောင်းများရှိဖို့လိုအပ်ပါသည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Monday, March 9, 2015
ကိုယ်စီတာဝန်ကျေပွန်စို့
အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုသည်မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ် အခြာအာဏာ၊ နိုင်ငံ တကာ အသိအမှတ်ပြုမှုများဆိုသည့်စံနှုန်းနှင့် ကိုက်ညီရမှာဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ပိုင်နက် နယ်မြေ တိတိကျကျရှိသည်။ လူဦးရေသည်လည်း သန်းငါးဆယ်ကျော်ရှိသည်။ အုပ်ချုပ်သည့်အစိုးရလည်း ရှိသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည်။ ကမ္ဘာမှာ မြန်မာဟု ဂုဏ်ယူဝံ့ကြွား နိုင်သည့် ဂုဏ်ယူစရာနိုင်ငံဖြစ်သောကြောင့် နိုင်ငံတကာ၏အသိအမှတ်ပြုမှုလည်းခံယူနိုင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ သမိုင်း မတင်မီခေတ်၊ ရှေးဟောင်းခေတ်မြန်မာနိုင်ငံ၊ ကျေးပိုင်ကျွန်ပိုင်စနစ်များရောနှောနေသောမြေရှင်ပဒေသရာဇ်ခေတ်(ခေတ် လယ်)၊ မြေရှင်ပဒေသရာဇ်ခေတ်(ခေတ်နှောင်း)၊ ဗြိတိ သျှကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေတ်(၆)ခေတ်ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာ့နိုင်ငံရေးခရီးသည် ပန်းမွေ့ယာရွှေ ကော်ဇောခင်းထားသည့် လမ်းပေါ်သို့ ငြင်သာသိမ်မွေ့စွာလျှောက်လှမ်းခဲ့ရသည်မဟုတ်ပါ။ နှစ်ပေါင်းကြာ ရှညကာ အဆိုးသံသရာထဲမှာတ၀ဲလည်လည်ဖြစ်နေရသဖြင့် တစ်ဦးနှင့်တစ်ဦး သံသယစိတ်ဖြင့် အကောင်း မမြင်နိုင်ကြပါ။ တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှုပျက်ပြားကာ သွေးကပြော သောစကားထက် ဘေးပြော သည်ကို ယုံခဲ့ကြပါသည်။ ထို့အတွက်ကြောင့်လည်း ခေတ်ဟောင်းမှာ တ၀ဲလည်လည်ဖြစ်ခဲ့ရသည်မှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ရပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံကသေးသော်လည်း သယံဇာတပေါကြွယ်ဝသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ 100ကျော်နေထိုင်ကြသည်။ အေးချမ်းပျော်ရွှင်စွာနေခဲ့ရသည့် ကာလများထက် သူတစ်လူငါတစ်မင်း၊ တစ်ဗိုလ် တစ်မင်း၊တစ်တော တစ်ကြက်ဖလုပ်ချင်ကြသူများကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ရသည်များ လည်း သမိုင်းမှာအထင်အရှားရှိခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ခေတ်ပြောင်းလျှင် စနစ်ပါလိုက်လံပြောင်းလဲတတ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ခေတ်ပြောင်းလဲလျှင် စနစ်ပါပြောင်းလဲမှဖြစ်ပါသည်။ ရှေးခေတ်က စနစ်များကို ယနေ့ခေတ်ထိ ဆက်လက် ကျင့်သုံးနေမည်ဆိုပါက အံမ၀င်ခွင်မကျနိုင်သည်များရှိနိုင်ပါသည်။ သို့သော် ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ထောင်ပြီဆိုကတည်းက ဒီမိုကရေစီနိုင်ငံ နှင့်လိုက်လျောညီ ထွေဖြစ်ရ လေ အောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစ်ဆင့်ချင်းတစ် ဆင့်ချင်းလုပ်ဆောင်နေပါပြီ။ သို့သော် ဒီမိုကရေစီ သည် ခရီးဆုံးပန်းတိုင် မဟုတ် လျှောက်လှမ်း ရမည့် ခရီးဖြစ်သည့်အတွက် ခုရေတွင်းတူး ခုရေကြည်သောက်၍ မရနိုင်ပါ။
“ယနေ့အချိန်အခါတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၏ အောင်မြင်မှုကြောင့် မြန်မာ့ နိုင်ငံရေးတွင်မတူညီသည့် သဘောထားများကိုစေ့စပ်ဆွေးနွေးခြင်းနည်းလမ်းများဖြင့် အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ် အသက်ဝင်ရှင်သန်နေပြီဖြစ်ပါသည်။ ထို့ကြောင့်မိမိတို့အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်ရင်ဆိုင်နေရသည့် လက်နက်ကိုင်ပဋိ ပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိစေရန် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေး သဘောတူညီ ချက်လက်မှတ်ရေးထိုးခြင်း၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် အမျိုးသားနိုင်ငံရေးအင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို မဆုတ်မနစ်ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ဖြည့်ဆည်းရမည့်ကွက်လပ်များ၊ အခက်အခဲများ၊စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်း သား ညီအစ်ကို မောင်နှမများ က စုပေါင်းညီညွတ်စွာကြိုးပမ်းရန်လိုအပ်ပါသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ပေးပို့သော (၆၈)ကြိမ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသ၀ဏ်လွှာမှာ ဖော်ပြထားသည်ကို တွေ့ရပါသည်။
ယနေ့ကာလတွင် နိုင်ငံတော်အစိုးရ၊လွှတ်တော်နှင့်တပ်မတော်တို့သည် ပြည်သူလူထုနှင့်အတူ အေးချမ်းသာယာသည့် နိုင်ငံတော်ကိုတည်ဆောက်နေပြီဖြစ်ရာ မဝေးတော့သောအချိန်တွင် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကိုပေါ်ထွန်းလာမှာအမှန်ပင်ဖြစ်ပါသည်။
မိမိတို့နိုင်ငံသည် နှစ်ပေါင်းတစ်ရာကျော်တိုင် သူ့ကျွန်ဘ၀ရောက်ခဲ့ရပြီးပါပြီ။ လွတ်လပ်ရေးရခဲ့ သော်လည်း ကိုယ့်လူမျိုးအချင်းချင်းသွေးစည်းညီညွတ်မှုမရှိခဲ့ကြသောကြောင့် နှစ်ပေါင်း(၆၀)ကျော်မျှပြည်တွင်းဆူပူ သောင်း ကျန်းမှုကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ယနေ့ ဒီမိုကရေစီခေတ်ကိုတည် ဆောက် ရန်ကြိုးစား နေချိန် တွင် သွေးကစကားထက် ဘေးစကားများကိုယုံကြည်ခဲ့ သောကြောင့် အခက်အခဲများကို ရင်ဆိုင် နေရပြန် ပါ သည်။ မိမိနိုင်ငံအေးချမ်းဖို့၊ဖွံ့ဖြိုးတိုးတက်ဖို့၊ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာဖို့ဆိုလျှင် နိုင်ငံတွင်းမှီတင်း နေထိုင်ကြသည့်နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။
သို့အတွက်ကြောင့်…. ကျွန်ုပ်တို့တိုင်းရင်း သားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးကာ အတူတကွ ပူးပေါင်းလက်တွဲကာတူညီသောရည်မှန်းချက်များဖြင့် အတူတူချီ တက်သွားမည်ဆိုပါက ဒီမိုကရေစီပန်းတိုင်ကို မဝေးတော့သောတစ်နေ့မှာရောက်ရှိတော့မည်မှာမလွဲဧကန်အမှန်ပင်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Subscribe to:
Posts (Atom)



