Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Thursday, June 12, 2014

ပျားအကောင်ရေ ၃ သိန်းကျော် အအုံခံတဲ့ တရုတ်ပြည်က အံ့ဖွယ်လူသား

ပျားအကောင်ရေ ၃ သိန်းကျော် အအုံခံတဲ့ တရုတ်ပြည်က အံ့ဖွယ်လူသား

ကမ္ဘာစံချိန်တင်ဖို့ ရည်ရွယ်ချက်နဲ့ တရုတ်ပြည်က အသက် ၅၄ နှစ် အရွယ် အမျိုးသား တစ်ဦးဟာ သူ့ရဲ့ ကိုယ်ပေါ်ကို ပျား အကောင်ပေါင်း ၃၂၆၀၀၀ ကောင်ကို အုံစေ ပါတယ်။

အချိန်အားဖြင့် ၂ နာရီခွဲကျော် ကြာပြီး ပြန်ဆေးကြာတဲ့ အခါမှာ သူဟာ ဘာမှ မဖြစ်တာကို အံ့ဖွယ် တွေ့ရှိ ရ ပါတယ်။ နှစ်ပေါင်း ၃၄ နှစ်ကျော်ကြာ ပျား မွေးမြူရေး ခြံ မှာ လုပ်ကိုင်ခဲ့ပြီး ပျားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ လူသား ဖြစ် ပါတယ်။ သာမန် လူတစ်ယောက် အနေနဲ့ ပျား အတုတ် ခံရရင် သေနိုင်တဲ့ အထိ ဖြစ်ပေမယ့် သူကျတော့ ဘာ အနာ ကွက် သေးသေးလေး တွေ   တောင်မှ မရှိပါဘူး။ ပျားအကောင်ရေ ၃သိန်း ကျော် အုံစေဖို့ အတွက် အရင်ဆုံး ပျား ဘုရင်မ များကို ကိုယ်မှာ ကပ်စေ ပါတယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်းစီ   မွေးမြူရေးခြံထဲက ပျားကို ခေါင်းကနေ ပုံလောင်းပြီး  အုံစေ ပါတယ်။ သူဟာ ဘာ မှ မခံစားရတဲ့ အပြင်  ဆေးလိပ်တောင် သောက်နေ လိုက် ပါသေး တယ်။

ထူးခြားတဲ့ ခန္ဓာကိုယ် နဲ့ အရည်အပြား စွမ်းရည် ရှိသူ Gao Bingguo ဟာ ပျား အရေအတွက် အများဆုံး အုံတဲ့ လူသား အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့ ပါတယ်။

Wednesday, June 11, 2014

ဖမ်းဆီးခံ နိုင်ဂျီးရီးယား ကျောင်းသူအား မွတ်ဆလင် အကြမ်းဖက်သမား ၁၅ ဦးမှ တစ်နေ့ ၁၅ ကြိမ် မုဒိန်းကျင့်ခဲ့

ဖမ်းဆီးခံ နိုင်ဂျီးရီးယား ကျောင်းသူအား မွတ်ဆလင် အကြမ်းဖက်သမား ၁၅ ဦးမှ တစ်နေ့ ၁၅ ကြိမ် မုဒိန်းကျင့်ခဲ့

ဘိုကိုဟာရမ်အစ္စလမ္မစ်စစ်သွေးကြွအဖွဲ့ကဖမ်းဆီးသွားသည့် ကျောင်းသူလေးများထဲမှချီဘော့အမျိုးသမီးငယ် ကျောင်းသူလေးမှ သူမ၏ ရင်နင့်ဖွယ်ဖြစ်ရပ်အား ပြန်ပြောပြခြင်းဖြစ်သည်။ အဆိုပါ ကျောင်းသူလေးမှာ မွတ်ဆလင်အကြမ်းဖက် သမား များ လက်ထဲက မလွတ်မြောက်ခင်အထိ အစ္စလမ္မစ်  ၁၅ ယောက်က သူမကို တစ်နေ့ ၁၅ ကြိမ် နေ့စဉ် မုဒိမ်းကျင့်တာကို ခံခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တသုံးပတ်က မိန်းကလေးများ ဖမ်း ဆီး ခံခဲ့ရခြင်းမှာ ၎င်းအဖွဲ့၏လက်ချက် ဖြစ်ပြီး ဖမ်းဆီး ထားသည့် မိန်းကလေးများကို ကျွန်အဖြစ်ရောင်း စားမည် ဟုဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင်အဘူဘာကာရှီကာယူ က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ဖမ်းဆီးခံရသည့် မိန်းကလေးများ၏ ကံကြမ္မာအတွက် စိုးရိမ်ပူပန်မှုများ မြင့် တက်လာခဲ့သည်။

ထို့ပြင် ဘိုကိုဟာရမ်အဖွဲ့သည် ဒေသတွင်း၊ သို့မဟုတ် နယ်ပယ်တစ်ခုရှိ အဆိုးရွားဆုံး အကြမ်းဖက် အဖွဲ့အစည်း များထဲမှ တစ်ဖွဲ့ဖြစ် ကြောင်း အိုဘားမား က ပြောကြား ခဲ့သည်။ဧပြီလ၁၄ရက်နေ့ နိုက်ဂျီးရီးယားနိုင်ငံအရှေ့

 မြောက်ပိုင်း ချီဘို့ခ်မြို့ရှိ ကျောင်းတစ်ကျောင်းမှ က ဖမ်းဆီးသွားခဲ့သော အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အကြား ကျောင်းသူ ၂၂၀ ကျော်ကို ချက်ဒ် နျင့် ကင်မရွန်း တို့ကဲ့သို့အိမ်နီးချင်းနိုင်ငံများသို့ဘိုကိုဟာရမ်အဖွဲ့က ရောင်း စား လိုက်ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိကြောင်း အမေ ရိကန်အရာရှိများကပြောကြားခဲ့သည်။

သို့သော်အဆိုပါမိန်းကလေးများကိုယင်းတို့၏နိုင်ငံများသို့   ရောင်းစားခဲ့ခြင်း မရှိကြောင်းချက်ဒ်နှင့်ကင်မရွန်း အစိုးရတို့ က ပြောကြားခဲ့သည်။ နိုက်ဂျီးရီးယားနိုင်ငံ၌ မိန်းကလေးများ အဓမ္မဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံး စိုးရိမ်မှုများ မြင့်တက်နေသည့်အချိန်နျင့် လုံခြုံ ရေးပိုင်းစိုးရိမ်ရသည့် အခြေအနေတွင် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို ယင်း၏မြိုကတော်ဖြစ်သော အဘူဂျာ ၌ မေလ ၇ ရက်နေ့ က စတင်ကျင်းပခဲ့သည်။

လူမှုရေး လုပ်ငန်းမှာ ဦးဆောင်နေတဲ့ အင်ဂျလီနာဂျိုလီ

လူမှုရေး လုပ်ငန်းမှာ ဦးဆောင်နေတဲ့ အင်ဂျလီနာဂျိုလီ
********************************
လက်တလော ရုံတင်လျက် ရှိတဲ့ Maleficent ရုပ်ရှင် ရဲ့ အောင်မြင်မှုနဲ့ အတူ အင်ဂျလီနာ ဂျိုလီဟာ အနုပညာ လောကမှာ ပြန်လည် နေရာ ရရှိလာ ပါပြီ။

တစ်ဖက်မှာ သူမှ ဦးဆောင်လုပ်ကိုင်နေတဲ့ ပရဟိတ လုပ်ငန်း များလည်း ပိုမိုလို့ တိုးချဲ့ လာပါတယ်။ လက်တလော လေးတင် ဆင်းရဲမွဲတေ တဲ့ နိုင်ငံနဲ့ စစ်ဘေးဒုက္ခခံစား ကြုံတွေ့ နိုင်ငံများမှာ အမျိုးသမီးများ ငြင်းပန်း အနှိပ်စက် ခံရမှုနဲ့ ပက်သက်လို့ တားမြစ် ကာကွယ် လှုံ့ဆော်မှု အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ် ပါတယ်။ ကုလသမဂ္ဂ လက်အောက် ပရဟိတ လုပ်ငန်း များစွာရဲ့ သံတမန် ရာထူးကို ရယူ ထားပြီး ကမ္ဘာ ပတ်လို့ ကြိုးစား လုပ်ကိုင်လျက် ရှိပါတယ်။

အသက် ၃၉ နှစ် ရှိပြီ ဖြစ်တဲ့ အင်ဂျလီနာ ဂျိုလီဟာ အနုပညာလုပ်ငန်းနဲ့ လူမှုရေး လုပ်ငန်းကို ပူးတွဲ လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ လန်ဒန်မှာ ကျင်းပ ပြုလုပ်မယ့် The End Sexual Violence in Conflict ထိပ်သီး အစည်းအဝေးမှာလည်း ဦးဆောင် ပါဝင် ခဲ့ကြောင်း သိရပါတယ်။