Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Thursday, June 12, 2014

ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဆုံးဖြတ်

ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်  ကော်မတီဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်း စုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်မရရှိစေ ရန် တားဆီး နေသော ပုဒ်မ ၅၉ (စ)ပါ ပြဋ္ဌာန်းချက်များ ကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော် မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော်ကိုယ်စား လှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့ တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်း အဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို့ မဲပေး တာက တော်တော်များ တယ်။ မပြင်ဆင်ဖို့မဲက အသာရသွားတော့ ၅၉ (စ) ပြင်ဆင်ဖို့ ကတော့ ဒီလွှတ်တော် သက်တမ်း အတွင်း မှာ ဘယ်လို မှ မဖြစ်နိုင်တော့ဘူး” ဟု ဖွဲ့စည်းပုံ ပြင် ဆင်ရေး လွှတ်တော် ကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဧရာဝတီသို့ ပြော ဆိုသည်။

အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၇ ဦး ပါဝင်ရာ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များရှိခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပြီး သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရမည့် သူသည် မိမိကိုယ် တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော် လည်းကောင်း၊ ထို တရားဝင်သားသမီးတ ဦးဦး၏ ဇနီးနှင့် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ်   နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသို့မဟုတ် တိုင်းတစ် ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများ သည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစား နိုင်ခွင့် ရှိသူများ မဖြစ်စေရ ဟု ဖော်ပြ ထားပြီး ယင်းသတ် မှတ်ချက် သည် နိုင်ငံခြား သား ၂ ဦးရှိနေသော ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတဖြစ်ခွင့် မရှိစေရန် တားဆီးထားခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဝင်လည်းဖြစ်သူ ဗိုလ်မှူး ကြီးဟောင်း ဦးတင်မောင်ဦးက ပုဒ်မ ၅၉ (စ) ပြင် ဆင်ဖွယ်ရှိ သည်ဟု ဧရာဝတီသို့ မေလတွင်   ပြောဆို ခဲ့ သော်လည်း လွှတ်တော်ကော်မတီက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ဆုံးဖြတ်မှုကိုမှု တိတိကျကျ ဖြေဆို   ခြင်းမပြုဘဲ တိမ်းရှောင်ဖြေဆိုသွားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ် တော်ကော် မတီတွင် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး၊ တပ်မတော်သား လွှတ်တော် အမတ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၂ ဦး၊ အခြား နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။

Wednesday, June 11, 2014

နယုန်မိုးသေး မြက်သားမွေးဟုဆိုသည့် မိုးတွင်းကာလတွင် မိုးရွာသွန်းခြင်းမရှိ



 နယုန်မိုးသေး မြက်သားမွေးဟုဆိုသည့် မိုးတွင်းကာလတွင် မိုးရွာသွန်းခြင်းမရှိသည့်အတွက် မလှိုင်မြို့ မြို့ပေါ်ကျောင်းတိုက် ၁၁ကျောင်းတိုက်မှ ဆရာတော်ကြီးများ ၈.၆.၂၀၁၄ မှ ၁၀.၆.၂၀၁၄နေ့ထိ
'မိုးကမ္မဝါစာတမ်းနင့်ငါးရံ့မင်းပရိတ်တော်များ'ရွတ်ဖတ် ပူဇော်မည်ဟု သိရသည်။

တပ်မတော်သားအားလုံး မတ်တတ်ရပ် ကန့်ကွက်သော်လည်း ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု

တပ်မတော်သားအားလုံး မတ်တတ်ရပ် ကန့်ကွက်သော်လည်း ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု

အမျိုးသားလွှတ်တော်တွင်လာမည့် ရွေးကောက်ပွဲ၌အချိုး ကျကိုယ်စားပြု ရွေးကောက်ပွဲ(PR)စနစ် ပြောင်းလဲကျင့်သုံး ရန် ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ထောက်ခံသူများသည့်အတွက် အဆိုအတည်ဖြစ်သွားပြီဖြစ်သည်။

အဆိုကိုမဲခွဲဆုံးဖြတ်ရာ၌တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ် အားလုံးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ် များကမတ်တတ်ရပ်၍ကန့်ကွက်သော်လည်း  ပြည်ထောင်

စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စား လှယ်များ က ထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် အဆို အနိုင်ရရှိ သွားခြင်းဖြစ်သည်။

အဆိုအနိုင်ရရှိသော်လည်း ရွေးကောက်ပွဲစနစ်အရေးကြီး သည့်အတွက်လွှတ်တော်အနေဖြင့်  ကော်မရှင်ဖွဲ့၍   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေး ရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား လိုက်သည်။

မျိုးချစ်လူငယ်တစ်ဦးမှ အင်းစိန်မြို့ရှိ NLD ဆိုင်းဘုတ်အား ဆွဲဖြဲပစ်ခဲ့

မျိုးချစ်လူငယ်တစ်ဦးမှ အင်းစိန်မြို့ရှိ NLD ဆိုင်းဘုတ်အား ဆွဲဖြဲပစ်ခဲ့


ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ်တွင် မေလ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုင်းဘုတ် ဗီနိုင်စအား ဆွဲဖြဲသွားသူတစ်ဦးကို အင်းစိန်မြို့နယ် ရဲစခန်းက ပြစ်မှုပုဒ်မ ၂၉၄၊ ၅၀၀ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မြို့ပတ်လမ်း သောင်းထိုက် လက်ဖက်ရည်ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော အလျား သုံးပေ အနံ သုံးပေခန့်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနီရောင် ဗီနိုင်းစအား စိုးလင်းထွန်း (၄၃) နှစ် ယာဉ်မောင်း (ရွှေဧည့်သည်ယာဉ်လိုင်း) အင်းစိန်မြို့ နယ် နေသူ "----" ဆိုကာ ဆွဲဖြဲသွားကြောင်း သိရသဖြင့် အဆိုပါ မြို့နယ် NLD မှ အလုပ်အမှုဆောင် တွဲဖက်အတွင်းရေးမှူး ဦးမျိုးမင်းဦးက ယင်းနေရာသို့ သွားရောက်ခဲ့စဉ် စိုးလင်းထွန်းအား မတွေ့ရှိရတော့ပဲ ကြိုက်တဲ့နေရာရှင်းမယ်ဟု ပြောဆိုကာ ထွက် သွားကြောင်း ပတ်ဝန်းကျင်နေသူများက ပြောပြသဖြင့် အရေးယူပေးရန် ဦးမျိုးမင်းဦးက တရားလိုပြု တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရေးအတွက် လူထုဆန္ဒသဘောထားလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံနေချိန်ဖြစ်ပြီး ပြည်သူအများအပြားမှ ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

MiG 29 အမောင်းသင်လေယာဉ် UB တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မတော်တဆမှုဖြစ်

MiG 29 အမောင်းသင်လေယာဉ် UB တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မတော်တဆမှုဖြစ်

ယနေ့ နံနက်ပိုင်းက တောင်တွင်းကြီးခရိုင် မြိုသစ်မြို့နယ် ၊နင်းဂျန်းရွာအနီးယနေ့နံနက်၁၀နာရီခွဲခန့်က
မြို့သစ် အနောက်တောင်ဘက် နင်ကြမ်းကျေးရွာအနီး တွင်MiG 29 အမောင်း သင်လေယာဉ် UB တစ်စင်းလေ့ကျင့်ရင်း ပျက်ကျ ခဲ့ကြောင်း သိရသည် ။
ယာဉ်ပေါ် ပါ လေယာဉ်မှူး ဒုမှူးကြီး နှင့် ဗိုလ်ကြီးတစ်ဦး အရေးပေါ် ထွက်နိုင် ခဲ့ပြီး ထိခိုက်ဒဏ်ရာရ ရှိမှု မရှိကြောင်း သိရသည်
Myanmarexpressမှဖော်ပြသည်။