Labels
- ၀တ္ထုတို (8)
- ကဗျာ (15)
- ဓာတ်ပုံမှတ်တမ်းများ (1)
- ပြည်တွင်းသတင်း (5)
- ဆောင်းပါး (37)
- နိုင်ငံတကာသတင်း (3)
Wednesday, June 25, 2014
ဥပဒေအထက်တွင်……ဘယ်သူရှိသလဲ…..?
ဧရာဝတီအင်တာနက်သတင်းစာမျက်နှာတွင် ဇွန်လ(၂၂) ရက်နေ့ကဖော်ပြထားသည့် ပုဒ်မ(၁၈)လက်မခံ နိုင်သူ တိုက်ပွဲဝင်နှင်းဆီစုစုနွေးဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းတစ်ပုဒ် ကိုတွေ့သည့်အတွက် စိတ်ဝင်တစား ဖတ်လိုက်မိပါ သည်။ ပုဒ်မ(၁၈)ကိုတော့ ကျွန်မလုံးဝလက်မခံနိုင်ပါ ဘူး။အဲဒီပုဒ်မနဲ့လာဖမ်းမယ်ဆိုရင် မလိုလားအပ် တဲ့ပြသနာတွေရှိလာနိုင်ကြောင်း ကြိုတင်အသိပေးထားပါ ရစေ ဆိုလို့ ပုဒ်မ(၁၈)နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်ကို ဖတ်လိုက်ရာ……
ပုဒ်မ(၁၈)-(က )-နိုင်ငံတော်၏တရားစီရင်ရေးအာဏာ ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားရုံးများအပါအ၀င် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်။
(ခ) - ပြည်ထောင်စုတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်။ ပြည်ထောင်စု လွှတ်တော်တရားချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။
(ဂ)- ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့်အာဏာများရှိသည်။
(ဃ)- တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီးတရား လွှတ်တော် တစ်ရပ်စီလည်းကောင်း၊ ပြည်နယ်တိုင်း တွင် ပြည်နယ်တရားလွှတ်တော်တစ်ရပ်စီလည်းကောင်း ထားရှိသည်။ ဟု ပါရှိသည်။
သူမကို ပုဒ်မ(၁၈)ဖြင့်ဖမ်းမည်ဆိုလျှင် ….မလိုလားအပ် တဲ့ပြသနာတွေဖြစ်သွားနိုင်တယ်လို့ တာဝန်ရှိသူကို ပြန် လည်ခြိမ်းခြောက်ထားပြန်သေးသည်ကိုတွေ့ရပြန်သည်။ ထို့အပြင် သူမခင်ပွန်းသည် နာမည်က ကိုမာကီးဆို သဖြင့် မြန်မာတော့မဖြစ်နိုင်…..ဒါဆိုလျှင်………..
နှလုံးသားအသိ ဦးနှောက်၏အရှိတရားများဖြင့် ကာကွယ်စောင့်ရှောက်ကြမည်ဆိုပါလျှင်
အဘယ့်ကြောင့်ဆိုသော် ….တိုင်းတစ်ပါးသားတို့သည် အစတွင်တော့ ခြေလေးလက်ကလေးဝင် နောက်တော့ခေါင်း ကလေးဝင် နောက်ဆုံးတော့ တစ်ကိုယ်လုံးဝင်ကာ မိမိ တို့ နိုင်ငံ ၏အချုပ်အခြာ အာဏာကိုပါ ထိပါးလာသည် အထိ အနှောင့်အယှက်ပေးလာသည်ကိုတွေ့နေရပါ သည်။ နိုင်ငံတစ်ခုကို ကြိုးကိုင် ချယ်လှယ်ဖို့ရာမှာ ပထမ ဦးစွာ Missionary(သာသနာပြု) မယ်၊ ဒုတိယအနေဖြင့် Merchant(ကုန်သည် ပွဲစား)များနှင့်ဒေသတစ်ခုကို စတင်ထိုးဖောက်ပြီးတဲ့နောက်ပိုင်းမှာ ၄င်းနိုင်ငံကို သိမ်းပိုက်ဖို့ရာ မှာနောက်ဆုံး အနေဖြင့် Military (စစ်တပ်) ကို လွှတ်ကာ သြဇာအာဏာအကျိုးစီးပွားကို အလုံးစုံ ထူထောင်ခြင်းဖြင့် အဆုံးသတ်လေ့ရှိကြသည်။ ဤ သည်မှာ M သုံးလုံးဖြင့် နိုင်ငံတစ်နိုင်ငံကို သိမ်း ပိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူတစ်ဦးတစ်ယောက်အနေဖြင့် မိမိ အတွင်း အဇ္ဈတ္တသန္တာန်မှာ နက် နက်ရှိုင်း ရှိုင်းဖြင့် မိမိ ယုံကြည် ရာဘာသာကို ကိုးကွယ်ခွင့်ပြုထားသည် ဆိုသော်လည်း မိမိကြောင့် မိမိနိုင်ငံနှင့် လူမျိုးကို ဖြင့် မထိ ခိုက်စေလိုပါ။
စာရေးသူတို့ငယ်ငယ်က မိဘများက သွန်သင်ဆုံးမ သည်။ ကျောင်းမှာ ဆရာ/မတို့က လမ်းညွှန်သည်။ နွေရာသီမှာဗုဒဘာသာသင်တန်းတက်ရသည်။ ထို့အတွက် ဘာသာသာတရားနှင့် ပတ်သက်လာ လျှင် ငယ်စဉ်ကတည်းကတိုင် ဦးနှောက်ထဲမှာရော နှလုံးသား ထဲ မှာပါ စွဲမြဲနေခဲ့ရပါသည်။ ယနေ့ခေတ်ဟာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးကရွာကြီး တစ် ရွာဖြစ်လာပြီး လွတ်လပ်ပွင့်လင်းလာ တယ်။ တစ်ချို့ ကတော့ ငွေမျက်နှာတစ်ခုတည်းကိုသာကြည့်ကာ ကိုယ့်နိုင်ငံ အမျိုးသားအကျိုးစီးပွားကို သာ မက ကိုယ့်အသားကိုတောင်ဖဲ့ရောင်းမယ့်သူတွေ ဒုနဲ့ဒေးပါ။ ထိုကဲ့သို့ သော လူမျိုးများရှိနေသည့်အတွက် ထို အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၏ သြ၀ါဒခံ အဖွဲ့တစ်ဖွဲ့ဖြစ် သော ၀ံသာနု ရက္ခိတ အဖွဲ့မျိုး ရှိသင့် ပါသည်။ မည်သည့်ဘာသာ မည်သည့် လူမျိုး ပင်ဖြစ် ပါစေ ကိုယ့်အမျိုး ဘာသာ သာသနာ ကိုတော့ ကာ ကွယ်စောင့်ရှောက်ကြရမှာက အားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။
သို့သော် ….လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နီပေါနိုင် ငံ ကို အလည်အပတ်ရောက်ခဲ့ စဉ် က မြတ်စွာဘုရားရှင်သည် အိန္ဒိယတိုက်ငယ်၏ ရာဇကု မာရဟုပြောခဲ့သည်ကိုစိတ်မကောင်းဖြစ်မိပါသည်။ ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ဗုဒဘာသာ မြန်မာ မိဘနှစ်ပါး က မြန်မာ့မြေပေါ်မှာမွေးဖွား ခဲ့ တဲ့ မြန်မာစစ် တစ်ယောက်ဖြစ်ပါလျက် မြန်မာတို့၏အလေးအမြတ်ထားသော ဗုဒ မြတ်စွာသည် အတုမရှိ အနှိုင်းမဲ့ ပုဂိုလ်ဆိုတာ ဗုဒ ဘာသာဝင်တိုင်းလေးလေးနက်နက်ယုံကြည်ကြသကဲ့သို့လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကျင့်ကြံပွားများ အားထုတ်ထားကာ စင်္ကြ ၀ဠာတိုက်တစ်သောင်းအထိအာဏာစက်ပြန့်ခဲ့သော ဂေါတ မဘုရားရှင်အား အိန္ဒိယတိုက်ငယ်၏ရာဇကုမာရ ဟုပြောခဲ့ခြင်းသည် ဗုဒဘာသာကို ယုံကြည်မှု အားနည်း လို့လား၊ ဘာသာ ရေးအသိအမြင်နည်းလို့လား ဟု စိတ်မကောင်းများစွာဖြစ်မိရပါသည်။ထို့ပြင်ဗုဒဘာသာ မြန်မာ အမျိုးသမီး တစ်ဦးသည် သံဃာနှင့်တစ်ပြေးတည်းမထိုင် ရခြင်းများ ကိုလည်းမသိလေရော့ သလား။ အမေစုသည် လူထုခေါင်းဆောင်တစ်ဦးပါ။အမေစုကို လေးစားအားကျ အထင်ကြီး အတုယူကြတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဒါတွေ ကို နောင်လာ နောက်သားကလေးသူငယ်များက အားကျအတုယူလျှင်ဖြင့် ….အင်း ….. မတွေးရဲစရာပါ။
မြန်မာလူမျိုးတို့သည် ရိုးသားသည်။ အေးချမ်း သည်။ စိတ်ထားဖြူစင်သည်။ သံယောဇဉ်နှင့် မေတ္တာ တရား ကို ရှေ့တန်းတင်သည်။ တစ်ချို့အရာများမှာ ဦးနှောက်ဖြင့် ဆုံးဖြတ်ရမည့်အစားနှလုံးသားဖြင့် ဆုံးဖြတ်တတ်ကြသည်။ ထို့အတွက်ကြောင့် မျိုးစောင့် ဥပဒေပြဌာန်းဖို့ လုပ်ဆောင်ကြရသည် အထိ ဖြစ်လာ ရသည်။ စည်းကမ်းတို့ ဥပေဒတို့ဆိုသည်မှာ လူတွေကြောင့်ဖြစ် လာရခြင်းပါ။ စည်းကမ်းဆိုသည့် စကားကို တန်ဖိုးမထားတတ်တဲ့လူတစ်ချို့ကြောင့်သာ ဥပေဒ၊စည်းကမ်းတွေထုတ်ပြန်ပြီး စည်းကမ်း နည်းလမ်း တကျဖြစ်အောင်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်တို့မှာ လက်ထပ် ထိမ်းမြားခြင်းကို ၄င်းတို့ဘာသာအလိုက်ဥပဒေအမျိုး မျိုးထုတ်ပြန်ထားသော်လည်း မြန်မာမှာ နှစ်ဦးသဘောတူရုံ မျှဖြင့်ရနေသည်။ဘာဥပဒေမှမရှိပါ။ ခြံဝန်းတိုင်းမှာလည်း စည်းဆိုတာရှိပါသည်။ မြစ်ရိုး ချောင်းရိုးများမှာကမ်းဆိုသော အနားသတ်ရှိသည်။ နေရာတိုင်းမှာစည်းကမ်းနည်းလမ်း ဥပဒေများရှိလျှင် လုံခြုံအေးချမ်းနိုင်မည်ဟုယူဆမိပါသည်။
ထို့ကြောင့်မိမိအမျိုးဘာသာသာသနာအတွက် ငါတို့ အရိုး ကို ခြံစည်းရိုးလုပ်စရာ မလိုသေးပါ။ နှလုံးသားအသိနဲ့ ဦးနှောက်၏အရှိတရားများဖြင့်သာကာကွယ်စောင့်ရှောက် ကြမည်ဆိုပါလျှင်.....။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Tuesday, June 24, 2014
အခက်အခဲများကို အကောင်းဆုံးရင်ဆိုင်နိုင်ပြီလား...?
လူ့လောကတွင် လူတိုင်းပင် အခက်အခဲအကျပ် အတည်းနှင့်ကြုံတွေ့ဖူးသူများဖြစ်သည်။ အခက်အခဲကို ရဲရဲရင်ဆိုင်ဖြေရှင်းနိုင်သူသာ အောင်မြင်သူဖြစ်ပြီး အခက် အခဲကို ရှောင်လွှဲအရှုံးပေးသူသည် ကျဆုံးသူဖြစ် သည်။ နိုင်ငံရေးသမားကောင်းဆိုသည်မှာလည်း ကြုံတွေ့ လာသော အခက်အခဲအကျပ်အတည်းများကို ရဲရဲရင်ဆိုင်ကာ ဇွဲရှိရှိနှင့် ဖြေရှင်းနိုင်သူဖြစ်သည်။ အခက် အခဲတွေ့ပါက တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး စဉ်းစားချင့် ချိန်ကာအချိန်အခါနှင့်အခြေအနေကိုလိုက်ပြီးမှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကျော်လွှားရပါမည်။ လူတို့ သည် အပြောင်း အလဲပြုလုပ်ရမည်ဖြစ်သော်လည်းစိန်ခေါ်မှုကို ရင်ဆိုင် ရမှာကြောက်ကြသည်။
နိုင်ငံရေးသမားကောင်းဖြစ်ရန် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေ ရှင်းကြရမည်။ အခြေတစ်ရပ်ကိုရောက်ဖို့ အန္တရာယ် အခက်အခဲများကို ကျော်ဖြတ်ရကြောင်းသိထားရပါမည်။အ သိဥာဏ်ရှိရှိနှင့်အခက်အခဲများကို ကျော်လွှားရပါမည်။ နိုင်ငံရေးသမားကောင်းသည် အခက်အခဲများကိုကျော်လွှားရာတွင် ပထမဦးစွာ ဖြန့် ကျက်တွေးခေါ်သည်။ ဖြေရှင်းရမည့် နည်းလမ်းရပါက ဇွဲရှိရှိနှင့်ဆောင်ရွက်ရမည်။ အခက်အခဲကို မဖြေရှင်း ပဲရှောင်ရှားသူ၊ခေါင်းရှောင်သူသည်မည်သည့်အခါ မှခေါင်းဆောင်မဖြစ်ပေ။ ထိုစိတ်ဓာတ်သည် နိုင်ငံရေးသမားကောင်း၏စိတ်ဓာတ်လည်းမဟုတ်ပါ။ နိုင်ငံရေးသမားကောင်းဖြစ်သူတိုင်းသည် အကောင်းဆုံးခေါင်းဆောင်များပင်ဖြစ်နိုင်သည်။ သို့ကြောင့် နိုင်ငံရေးဆောင်ရွက်ရာတွင် မိမိ၏အဖွဲ့ အစည်းအောင်မြင်မှုရရန်မိမိသည်လည်း နိုင်ငံရေးလောက တွင် အောင်မြင်မှုရရန် အခက် အခဲ အကျပ်အတည်းများ ကို ကျော်လွှားရာတွင် သတ္တိရှိပါ။ စိတ်ရှည်ပါ နည်းလမ်း မှန် ကိုတွေးခေါ်ကာ ရဲရဲရင်ဆိုင်ဖြေရှင်းရပါမည်။
ဗြိတိသျှဝန်ကြီးချုပ် ၀န်စတန်ချာချီက“ သတ္တိရှိမှုသည် လူသားတို့၏ အရည်အချင်းများထဲတွင် ပထမဦးဆုံး မှန်ကန်စွာ အလေးထားထိုက်သော အရည်အချင်းဖြစ် ပါပေ ၏။ အဘယ့်ကြောင့်ဆိုသော် ထိုအရည်အချင်းက အခြားသူအားလုံးကိုအာမခံနိုင်သောကြောင့်ဖြစ်၏။ဟုဆို ထားပါသည်။ မာတင်လူသာ ကင်းကလည်း “လူ တစ်ယောက်ကို နောက်ဆုံးအကဲဖြတ်တဲ့ ကိစ္စကတော့ သက်တောင့်သက်သာနဲ့ အဆင်ပြေနေတဲ့အချိန်မှာ သူ ဘယ်မှာ ရပ်တည်နေသလဲ ဆိုတာကိုအကဲဖြတ်ဖို့မဟုတ် ဘဲ စိန်ခေါ်မှုတွေ နဲ့ အငြင်းပွား မှုတွေဖြစ်နေတဲ့ အချိန်မှာ သူဘယ်မှာရပ်တည်ခဲ့သလဲဆိုတာပဲ..”ဟုဆိုပါသည်။အ ခက်အခဲများသည်မိမိတို့ကိုအရောင်တင်ပေးမည့် စိန်ခေါ် ချက်များဟုခံယူပြီး အောင်ပွဲဆင်နိုင်သူသာ နိုင်ငံရေးသမား
ကောင်းဖြစ်ပါလိမ့်မည်။ လွှတ်တော်နိုင်ငံရေးဖြင့် ပြီးပြည့် စုံသော ဒီမိုကရေစီပန်းတိုင်သို့သွားရာတွင်လည်း အခက်အခဲပေါင်းများ စွာဖြင့်ကြုံတွေ့ရဦး မှာဖြစ်ပါ သည်။ ထို့ကြောင့် အခက် အခဲများကိုရဲရဲရင့်ရင့်ရင်ဆိုင် အောင်ပွဲ ခံ ဖို့အသင့်ပြင် ထားနိုင်သူသာ နိုင်ငံရေး သမားကောင်း ဟု ဆိုရမှာဖြစ်ပါ သည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
ဆရာမြင့်ဝင်းမောင်ရေးသားသည့် ဒီမိုကရက်တစ် နိုင်ငံရေးသမားကောင်းစာအုပ်ကိုမှီငြမ်းပါ သည်။
မနက်ဖြန်…..ရှေ့သို့
မနက်ဖြန်…..ရှေ့သို့
မျက်မှောက်ကာလသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ်ရောက်ရှိရန် ပုံဖော်တည်ဆောက်နေသောအချိန်အခါကောင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ပြောင်းလဲရာတွင်လည်းစနစ်ဟောင်းမှစနစ်သစ် သို့ ရုတ်တရက်ချက်ခြင်းပြောင်းလဲ ခဲ့ခြင်းမဟုတ်ပြန်ပါ။ Changesတိုင်းသည် အကောင်းချည်းမဖြစ်နိုင်သကဲ့သို့ အဆိုးချည်းပဲလည်းမဖြစ်နိုင်ပါ။ အရာရာတိုင်းသည် ကောင်းသောပြောင်းလဲခြင်းဖြင့်ပြောင်းလဲလျှင် ဆိုဖွယ်ရာမရှိသော်လည်း ပြောင်းလဲလိုက်သည့်အချိန်ကျမှ အဆိုးဘက်သို့ဦးတည်သွားသည်များလည်းရှိနိုင်ပါသည်။ အဆိုးဘက်သို့ဦးတည်သွားလျှင်အနှုတ်လက္ခဏာ ဆောင် သွားပေမည်မဟုတ်ပါလော။ အနှုတ်ဟူသည် မိမိရှိသည့် အထဲမှလျှော့နည်းသွား သည့်သဘောပင်။ အနှုတ် လက္ခဏာသည် အမုန်းဆီသို့ဦးတည်နေသည့် လက္ခဏာ ပင်ဖြစ်ပါသည်။ ကျွန်ုပ် တို့ပြည်ထောင်စုသမ္မတမြန် မာနိုင် ငံတော်ကြီးသည် အပြုံးဘက်သို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဦးတည်ချီ တက်လျက်ရှိနေ ပါသည်။
ယခုလို အကောင်းဘက်သို့ ဦးတည်ချီတက်ပြောင်းလဲ လာခြင်းများသည် ချက်ခြင်းရခဲ့သည်မဟုတ်ပြန်ပါ။ “ခုရေတွင်းတူး ခုရေကြည်သောက်”ခဲ့ရခြင်းမျိုးမဟုတ်ပါ။ ယနေ့ကဲ့သို့ အချိန်အခါကောင်းမျိုးကို ရောက်ခဲ့ သည်မှာ စနစ်တကျပြုပြင်ဖန်တီးကာတစ်ဆင့်ချင်းပုံဖော်တည်ဆောက် ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ယနေ့နိုင်ငံတော်သစ်ကြီး၏အခြေအနေကောင်းအချိန်အခါကောင်းကိုပြောမည်ဆိုပါက နိုင်ငံတော်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(တပ်မတော်အစိုးရ) ၏ အခန်းကဏ္ဍကိုလည်းချန်လှပ်ထားလို့မရပါ။ ၄င်းအစိုး ရလက်ထက်တွင် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒ (Road Map) ချမှတ်ကာ တစ်ဆင့်ချင်း ဆောင်ရွက်ခဲ့ သည့်အမွေခံကောင်းများကြောင့်သာယနေ့လိုအချိန်ကောင်း အခါကောင်းရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရာ မှာ နိုင်ငံရေးတစ်ခုတည်းသာကဘဲ စီးပွားရေး၊လူမှုရေး အခြေခံခိုင်မာအောင်လည်း ဆောင်ရွက်ခဲ့ရပြန်ပါသည်။ တစ်ဖန်တိုင်းပြည်တစ်ပြည်သည် တည်ငြိမ်မှအေးချမ်း မည်။ အေးချမ်းမှဖွံ့ဖြိုး တိုးတက်အောင်ကြိုးစားဆောင် ရွက်လျက်ရှိပါသည်။
၂၀၀၈ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြု ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် အညီ ၂၀၁၀ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့ ရာတွင်ယုံကြည်ချက်အဖုံဖုံ ပေါင်းစည်းမှုအထွေထွေ ဖြင့် ပါတီများစွာမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ယနေ့တွင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ပါတီပေါင်း (၅၉)ပါတီရှိပါသည်။
ယနေ့မြန်မာနိုင်ငံတော်ကြီးမှာများမြောင်လှသော ပါတီ များစွာရှိနေစေကာမူ ပြည်သူ့အပေါ်တွင်ထားရှိ သော စေတနာ၊ မေတ္တာမှန်ကန်မွန်မြတ်ဖို့လိုအပ်သကဲ့သို့ လက်တွေ့လုပ်ဆောင်ချက်များသည် တိကျ ခိုင်မာဖို့ လို အပ်ပါသည်။ သို့မှသာ ပြည်သူ့အကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မှာဖြစ်ပြီး ပြည်သူကလေးစား အားကိုးရ သည့် ပြည်သူ့ပါတီဖြစ်ပေမည်။ ထို့ပြင်…မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန်မှာ ပါတီများတွင်လည်း တာဝန် အပြည့် ရှိသည်မဟုတ်ပါလား။ တစ်မြေတည်းနေတစ်ရေ တည်းသောက် တစ်မိုး အောက်မှာ အတူတကွ ချစ်ကြည် ရင်းနှီးစွာနေထိုင်ရင်းမိမိနိုင်ငံခေတ်မီဖွံ့ဖြိုးတိုတးက်စေရန် မှာ မိမိတို့တာဝန်ပင်ဖြစ်ပါသည်။
အဆုံးသတ်ခြင်းသည် ပျောက်ကွယ်သွားခြင်းမျိုးမဟုတ်ဘဲ နောက်တစ်ခုပြန်စရန်အတွက် ဖြစ် ပါသည်။ ထို့ကြောင့် ခေတ်ဟောင်းစနစ်ဟောင်းများကို အဆုံးသတ်ခဲ့ပြီဖြစ်ကာ ခေတ်သစ်စနစ်သစ်သို့ အစပျိုးနေ ချိန်မှာ အပေါင်းလက္ခဏာဆောင်ရလေအောင်အားလုံးက တက်ညီလက်ညီ ရွက်ချီမည်ဆိုပါ လျှင် အေးချမ်းသာ ယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့်ဒီမိုကရေစီနိုင်ငံဖြစ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ၀ံ့ထယ်နေမှာဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ တွင် နှစ်ပေါင်း (၁၂၃)နှစ်၊ ပြည်တွင်းဆူပူသောင်းကျန်း မှုနှစ်ပေါင်း(၆၀)၊ စီးပွားရေးပိတ်ဆို့မှုနှစ်(၂၀)ကျော်ခါး ဆီးခံခဲ့ရပြီးပါပြီ။ယနေ့ကမ္ဘာနိုင်ငံအသီးသီးသည်လည်း ဘေးအန္တရာယ်အမျိုးမျိုးကို နေ့စဉ်နှင့်အမျှ ဆိုသကဲ့သို့ ကြုံတွေ့ခံစားနေရ ပါသည်။ မြန်မာနိုင်ငံသည်လည်း ယခုမှတည်ငြိမ်အေးချမ်းစအချိန်၊ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်စတင်လျှေက်လှမ်းနေအချိန်မှာမိမိစကား တစ်ခွန်းကြောင့် ပြည်သူများ ဒုက္ခ မရောက်စေရအောင် အထူးကြိုးစားဆောင်ရွက်ဖို့လိုအပ်ပါသည်။
ယနေ့ကာလသည် နိုင်ငံတော်၏ရှေ့ခရီးကို အေးချမ်းသာ ယာစွာ လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ မိမိတို့သည် အပေါင်းလက္ခဏာဆောင်မည်လားအနှုတ်လက္ခဏာဆောင် မည်လား သေချာဝေဖန်သုံးသပ်ကာစဉ်းစားဆင်ခြင်သင့် လှပါသည်။

Monday, June 23, 2014
ရွှေပြည်တော် မျှော်တိုင်းဝေးရတော့မှာလား အမေစု
ရွှေပြည်တော်
မျှော်တိုင်းဝေးရတော့မှာလား အမေစု
အရမ်းသန်းညွန့်ရေးသားသည့် `လူထုခေါင်းဆောင် အန်တီစု ခွေးတော့ သတိပြု ´ဆောင်းပါးကို ဖတ်မိပြီး အမေစုအတွက်စိတ်မကောင်းဖြစ်မိပါတယ်။ အမေစုနား မှာ အကြံဥာဏ်ကောင်းပေးမယ့်သူမရှိ ။ မြှောက်ပင့်ပြီး မိမိတို့ကိုယ်ကျိုးအတွက် အမေစုကိုအသုံး ချနေတာ ကိုတွေ့မြင်နေရတဲ့အတွက်ကြောင့်ပါ။ တကယ်တော့ လူထုခေါင်းဆောင်ဆိုတာ အရာရာ အတွက် အကောင်း ဆုံးဖြစ်နေရမှာပါ။ အခုချိန် မှာ ပြည်သူလူထုယုံကြည် အားထားမှုရရှိ ဖို့ ပြည်သူလူထု အတွက် လိုအပ်ချက် ကိုကူညီဖြည့်ဆည်းပေး ဖို့ နိုင်ငံတကာ မှာ မြန်မာနိုင်ငံ မျက်နှာမငယ်ရ အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ဖို့ စသဖြင့်ပေါ့။ လိုအပ်ချက်တွေကို အတတ်နိုင် ဆုံးဖြည့် ဆည်းပေးရမှာပါ။ မိမိသမ္မတဖြစ်မှလုပ်ပေးမှာထက် မဖြစ်ခင်က ကူညီ ထောက်ပံ့မယ်။ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်မယ်ဆိုရင်သန်းခြောက်ဆယ်သော
ပြည်သူများရဲ့ အသဲကြားက မဲတစ်ပြားဟာ အမေစု အတွက် ပဲဖြစ်မှာပါ။ `ခွေးဆိုတာ သူထမင်းကျွေးတဲ့သူ ကို ဘဲ သခင်လို့မြင်တာ။ ဒါတောင်ကျွေးတဲ့ လက် ကိုပြန်ပြန်ကိုက်တတ်တဲ့ ခွေးဆိုတာရှိသေးတယ်ကွ။ ခွေး က ဒီမိုကရေစီမသိဘူး။ လူ့အခွင့်အရေးမသိဘူး။ အများကောင်းစားရေးဝါဒသူမသိဘူး။ သခင်အားရ ကျွန်ပါးဝဘဲ လုပ်တာ။ အန်တီစုက နိုင်ငံတကာအမြင် ၊နိုင်ငံတကာအတွေးတွေနဲ့ ခွေးကိုလူ့အခွင့်အရေး သွားပေးတော့ ခြေသလုံးဖက်မကိုက်တာကံ ကောင်း၊ နေပြည်တော်နယ်မြေ မှာ ပုဒ်မ ၄၃၆ပြင်ဆင်ရေးတရား သွားဟော တာ ခွေးခပ်ဆိုးဆိုးတစ် ကောင် အန်တီစု ကိုလိုက်ကိုက်တယ်ဆိုပြီး အင်တာနက်မှာ ဖတ်လိုက် ရတော့ရုတ်တရက်စိတ်ပူသွား သေးတယ်။ဘာပဲ ပြောပြော တို့မြန်မာအယူမှာ ခွေးကိုက်ခံရရင် ကံနိမ့်တယ်လို့ မှတ် ယူကြတာလေ။ ဒါတောင်တော်သေးရဲ့ သတင်းကြား ရတာ ခွေးအိုကြီးတစ်ကောင်လိုက် ကိုက်တာ။ ကိုယ်တိုင် ကချိနဲ့နဲ့ဆိုတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မင်းတို့ တစ်တွေ သတိထားဖို့လိုတယ်။ လူထု ခေါင်းဆောင်ဟာ ဘယ်လောက်ပဲသတ္တိရှိရှိ ခွေးနဲ့တော့ ဖက် မကိုက်သင့် ဘူး။ ခွေးနဲ့နပန်းမလုံးသင့်ဘူး..´ အရမ်းညန်းညွန့်ရေး သားသည့် `လူထုခေါင်းဆောင်အန်တီစု ခွေးတော့ သတိပြု ´ဆောင်းပါးကောက်နှုတ်ချက်ပါ)
နိုင်ငံရေးဆိုသည်မှာ ပြည်သူများ၏လိုအင်ဆန္ဒများကို ပြည့် ၀စွာရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ သို့ကြောင့် ပြည်သူများ၏ စိတ်ပိုင်း ရုပ်ပိုင်းလိုအပ်ချက် မှန်သမျှသည် မိမိဖြေရှင်းပေး ရမည့်ကိစ္စများဟု ခံယူထားရမည်ဟု ဆရာမြင့်ဝင်းမောင်ရေးသားသည့် ဒီမိုကရက်တစ် နိုင်ငံရေးသမားကောင်းစာအုပ်တွင် ဖော်ပြ ထားသည်ကိုတွေ့ရပါသည်။
အခုတော့ အမေစုနားမှာ ရှိနေကြပါသော အမေစုကို ၀န်းရံနေကြပါလေသော သူများသည် အကောင်းဆုံး အကြံဥာဏ်ပေး ရမည့်အစား…. ပြည်သူကိုခွေးနှင့်နှိုင်း လိုနှိုင်း ကိုယ့် ပြောသမျှ အဟောဝတမဟုတ်ပါက အားလုံးသည်လူမဟုတ်တော့သလိုလို။ ပြည်သူ့ခေါင်းဆောင် ၏နောက်လိုက်လုပ်နေပြီး ကိုယ့်ကို အနည်းငယ်ဝေဖန် သည့် ပြည်သူ ကိုခွေးနှင့်နှိုင်းခြင်းသည် ကောင်းသော လုပ်ရပ်ဟုတ်မဟုတ် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မည်။ ပြည်သူသည် သခင်ပါ။ ပြည်သူ တင်မြှောက်မှ သာလျှင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်မှာပါ။ အခုတော့ မိမိကို ဝေဖန်သုံးသပ်ပြသည့်ပြည်သူ ကိုခွေးနှင့်နှိုင်း လိုက်ခြင်းသည် ပြည်သူတစ်ရပ်လုံး ကို စော်ကားလိုက်ခြင်းနှင့်အတူတူပါ။ အမေစုသည် လူထုခေါင်းဆောင်၊ဒီမိုကရေစီ၏ရှေ့ဆောင်လမ်းပြကြယ်ဖြစ် ပါ တယ်။ အမေစုဘာလုပ်လုပ် ပြည်သူကအမေစုကို ဗိုလ်ချုပ်သမီးမို့ အပြစ် မမြင် ချစ်ခင်ကြပါသည်။ သို့သော် ….ကိုယ့်အတ္တ ကိုယ့်အကျိုးအတွက် နိုင်ငံရေး လုပ်နေသည့်သူများသာ အမေစုနားမှာရှိနေလျှင်ဖြင့် …..အင်း..ရွှေပြည်တော်မျှော်တိုင်းဝေးနေမှာအမှန်ပါ…။

Friday, June 20, 2014
သန္တိဝေဒနာ
ရေကတကယ်ကိုရှားသည်။ ရေရှားသည့်အရပ်ဖြစ်သည့်အထဲတွင် သူတကာအိမ်ဝိုင်းထက်ပိုပြီး မြင့်သော တောင်ကုန်းခေါင်ခေါင်ရှိ အိမ်ဝိုင်းဖြစ်သည့်အတွက် ရေအခက်အခဲရှိလှသည်။ နွေမိုးဆောင်းမဟူ ရေ တစ်ထမ်း နှစ်ဆယ်အစိတ်ပေးရတတ်သည်။ ဈေးကြီး သည် ဈေးများသည်ဟု စိတ်သဘောမှာ မနောကွက်စရာ မရှိသော်လည်း ရေထမ်းသမားလာဖို့အရေးမျက်နှာ ချိုတော့သွေး ရသည်။ ကျသင့်သည့်ရေထမ်း ခအပြင် အပိုဆောင်း ငွေပေး ၍ တစ်မျိုး မုန့်ပဲသရေစာကျွေး ၍တစ်သွယ်ထမင်းဟင်းပေး၍တစ်ဖုံပီယ၀ါစာချိုသာသော စကားဖြင့် မောင်မောင်ဘဘလုပ်၍တစ်နည်း စည်းရုံးရေး လက်နက်မျိုးစုံသုံးပါမှ ရေထမ်းကရတတ်သည်။ဒါတောင် ဆယ် ကွေ့တစ်ကွေ့ကိုးကွေ့တစ်ခါမျှသာ။သည်မျှခက် ရ သည့်ကြား မှ ၀ါသနာ ကတား မရ။ ပန်းအလှစိုက် ပျိုးခြင်း သည် ဒေါ်ကေသီ၏၀မ်းတွင်းဝါသနာ။ ငယ်စဉ်တောင်ကျေး ကလေး ဘ၀က တည်းကစိုက်ချင် ပျိုးချင်စိတ်ကရှိသည်။ ပန်းဆိုလျှင် နှစ်သက်သည်။ ပန် လိုက် မည်။ဘုရားတင်လိုက်မည်ဆိုသည့် သဘာဝက မိန်းကလေးတိုင်းတွင် ရှိတတ်ကြသည်ဆိုသော် လည်း ဒေါ်ကေသီကမူ ကိုယ်တိုင်စိုက်သည့်ပန်း ကိုယ် တိုင်ပန်၍ ကိုယ်ပျိုးသည့်ပန်းကိုမှ ဘုရားအိုးထိုး ချင်သူ သာဖြစ် သည်။ထိုဓလေ့အထုံသည်ရေပေါသောနေရာ အတွက်မထောင်းသာလှ။ဒေါ်ကေသီ ၏မွေးရာချက်မြှုပ် မှာ ဧရာဝတီမြစ်နံဘေးတွင်ဖြစ်သည်။ ဘိုးဘွား စဉ်ဆက် ပိုင်ဆိုင် ခဲ့သည့် ခြံဝန်း ကျယ်ကြီး သည် အသီးအပင် တို့ဖြင့်ဝေ ဆာနေသည်။ တစ်နှစ်တစ်ခါမြတ်ရေ၀င်တတ် ၍ နှုန်းတင်မြေနု တို့ဖြင့် မြေဆီမြေသြဇာကြွယ်ဝလှ သည်။ ရေနားနီးသဖြင့် သစ်ပင်ပန်း မာလ်ဖြစ်ထွန်းလွယ် သည်။ အစေ့ချရုံနှင့် အပင်ပေါက်ကာ ကိုင်းချိုးထိုးရုံနှင့် ရှင်သန်လွယ်သော မြေနေရာလည်းဖြစ်သည်။ ခြံထွက်သီး ပင်စားပင်တို့ ရောင်းရ ငွေနှင့်ပင်တစ်နှစ်တစ်ကြိမ်ကထိန် ခင်းနိုင်သည်။လာသမျှသဟာယကို စားကောင်းဖွယ်မွန် တို့ဖြင့် အလျှံပယ် ကျွေးနိုင်သည်။ ငါ့မြေးကလက်ဆိပ်ပါ တယ်၊သူစိုက်လို့ကတော့ မရှင်တဲ့အပင်မရှိဘူးဟဲ့။ ဟု ဒေါ်ကေသီ၏အဖွားကပြောဖူးသည်။ ဒေါ်ကေသီစိုက် သမျှအပင် ရှင်သည်ချည်းတည်း။တစ်သက်လုံး ရေနား နီးနီးသစ်ပင်ကြီးငယ်တစ်ဝေေ၀နှင့်နေလာခဲ့သော ဒေါ်ကေသီ အတွက် ယခုနေရာသည် ပစ္စန္တရာဇ် အလားယိုးမှားစရာပင်။ မြေကကျောက်စရစ်ကုန်းခေါင်ခေါင် ၊မြက်တောင်အနိုင်နိုင်ပေါက်ရသည့် နေရာဖြစ်၍ အစ ကတော့မူ ဒေါ်ကေသီအတွက် နေသားမကျလှ။ ရောက်တဲ့ အရပ်မှာပျော်သလိုနေနိုင်အောင် ယောနိသောမနသီကာ ရဖြင့် နေလာသဖြင့် နေသားကျလာသည်။သို့သော်…ရှိရင်း စွဲဝါသနာကို မစွန့်နိုင်သဖြင့် စိုက်တော့ စိုက်ဖြစ်သေး သည်။ အပျိုဘ၀ကမိဘအိမ်မှာလိုတော့မဟုတ်။ အိုးကြီး အိုးငယ်နှင့်ရွက်လှလောက်ဂမုန်းလောက် နှင်းဆီလောက် သာစိုက်ဖြစ်သည်။ စိတ်ရှိသလောက်စိုက်နိုင်သည်ကာ မဟုတ်။ စိတ်အဆာပြေရုံသာ။တန်ဖိုးကြီးဓာတ်မြေသြဇာ၊ ရွက်ဖျန်းဆေး၊ပိုးသတ်ဆေများသုံးစွဲ၍ ရှားပါးလှ သည့်ရေ ကို ဖောဖောသီသီလောင်း သည့်ကြားမှပင် ဒေါ်ကေသီ ၏ ပန်းပင်တို့ရှင်သန်မှုကား အားရစရာမရှိ။ ပွင့်ရန်မူ ဝေ လာဝေးခဲ့သည်။ သို့သော် စိတ်ဓာတ်မကျဘဲ ပြုစုပေါင်း သင်ရေရွှင်ရွှင်လောင်း၍ မြေ တောင်မြှောက်ပေးခဲ့ သော ဂမုန်းပင်လေးကအရိပ်အရောင်ပြလာသည်။
…ဟောတော့..ပွင့်နေပြီတော့…
ယနေ့နံနက်အိပ်ယာအထတွင် ပွင့်ငုံခြောက်ငုံရှိသည့် အနက်မှ တစ်ငုံသော ပန်းဖူးလေးသည် လွှလွှ ဆွတ်ဖြူနေ သောဂမုန်းပန်းလေးပွင့်လာသည်။ ဒေါ်ကေသီ ၏ကြည်နူးဝမ်းမြောက်မှုကား အနှိုင်းမဲ့။ အစအဦး ပွင့် လာသော ပန်းကလေးကို တယုတယကိုင်ကာ ဆွတ်မည် ဟု ဒေါ်ကေသီဟန်ပြင်မိသေး၏။ နောက်သော်အသာ လွှတ်လိုက်ကာ မခူးသေးဟုဆုံးဖြတ်လိုက်၏။ပန်းတစ်ပွင့် ကိုဈေးတွင် အလွယ်တကူသွားဝယ်လျှင် ကိုယ်ကြိုက် ရာ အရောင်အသွေး၊အမျိုးအစားကိုကြိုက်ဈေးပေးကာဝယ်နိုင်ပေ သည်။ထိုပန်းကလေးပွင့်နိုင်ရေးအတွက် ဈေးတွင်ဝယ်လျှင်ဆယ်ပွင့်မကရနိုင်သည့် ငွေကြေးများကုန်ကျခဲ့သည်ကို ဒေါ်ကေသီမတွက်အား။အချိန်အား ကာယအားတို့အဆစ်စိုက်ထုတ်ခဲ့ရသည်ကိုလည်း ဒေါ်ကေသီ မတွေးမိ။ပန်းတစ်ပွင့်အတွက် နှလုံးစည်းချက်မမှန်ခဲ့သည် ကိုလည်း ဝေဒနာဟု ထင်မှတ် ရမှန်း မသိ။ ပန်းပွင့်လာ သဖြင့် ချမ်းသာကြည်နူးရသော သန္တသုခမှတစ်ပါးအခြား မရှိ။
တကယ်တမ်းမှာမူ ဒေါ်ကေသီသည် သဘာဝပန်းကို သာမက လူသားပန်း ကလေးများကို ပျိုးနေသော ပန်းပျိုး လက်ပိုင်ရှင် အထက်တန်းပြ ဆရာမ တစ်ဦးသာ…။
…………..
မျှော်လင့်မထားသောဧည့်သည်ကအိမ်ရောက်လာသည်။
…ဟောတော့…သားကြီးပါလား။ဘယ်တုန်းကရောက်သလဲ…
အကဲပိုရန်ကောဟု အပြစ်တင်လိုသူ တင်ပါစေ။ တစ်ဦး တည်းသောသားဖြစ်၍သမီးများထက် ဒေါ်ကေသီ ကအချစ်ပိုသည်။ တစ်ပတ်တစ်ခါ ဖုန်းဆက်စကားပြော ရသည်ကိုပင် အားမရ၍ စာမပြတ်ရေးကာ ဆက်သွယ် တတ်သည်။ မိခင်တစ်ဦး၏ရင်တွင်းထွက်စာ မျက်နှာများ သည် ကောင်းကင် ပမာရှိသည်ဆိုပါမူ သားဆီက လာသောစာသည်တစ်ထွာတစ်ညိုပမာဆိုသော် ငွေကြယ် တစ်ပွင့်မျှသာတည်း။ သို့သော်..ရင်မှဖွားသောသားသည် အစားထိုးရာမဲ့သောရတနာဟု ဒေါ်ကေသီခံယူထားသည်။
သား၏မျက်နှာကို အကဲခတ်မိကတည်းက ထူးခြားသော အကြောင်းကိစ္စ မရှိဘဲနှင့်မလာတန်ရာဟု ဦးကျော်ခေါင် ထင်ထားသည်။ထင်သည့် အတိုင်းညစာစားအပြီး မိသားစုစကားဝိုင်းတွင် သားက စကားစပြောသည်။
…ဖေဖေနဲ့မေမေ…သားလက်ထပ်တော့မယ်…
ဦးကျော်ခေါင်က ဒေါ်ကေသီကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်မှာ မင်းတို့နှစ်ယောက်တစ်ကျိပ်တည်း တစ်ဥာဏ်တည်းမဟုတ်လားဟူသော သဘော။ ဒါကိုဒေါ်ကေသီရိပ်မိသည်။သူ့ခမျာပြောအံ့မထင်သော သား၏စ ကားကိုကြားလိုက်ရသဖြင့် အံ့အားသင့်ရင်း လှိုက်မောနေ သည့်ကြား မှပင် ခေါင်းကိုအသာယမ်းပြ လိုက်ရသည်။
…ဆိုင်းမဆင့်ဗုံမဆင့်ပါလားသားရယ်…
..ဟုတ်တယ် မေမေ ..သူတို့ဘက်ကအမြန်စီစဉ်ချင်နေတယ် ဆိုလို့သား လာပြော တာ…
သား၏စကားကို ဦးကျော်ခေါင်သတိထားလိုက်မိသည်။ ဌာနလုပ်ငန်းနှင့် ဆက်နွယ်၍ အလွှာပေါင်းစုံမှလူပေါင်း စုံနှင့် ထိတွေ့ဆက်ဆံနေရသော ဦးကျော်ခေါင်အဖို့ ပါးစပ်ဟရုံနှင့် မည်သို့သဘောရှိသည်ကို သိပြီးသား။ အထူးသဖြင့် မပြည့်စုံသည့်ကိုအကြောင်းအမျိုးမျိုးပြ ကာ တောင်းဆိုမှုနှင့်အပူကပ်မှုများသာအစဉ်လိုလို တွေ့ကြုံဖြေရှင်း နေရသော မြို့နယ်ပညာရေး မှူး အဖြစ် တစ်ဘက်မှပြောဆိုတင်ပြမှု ကို စိတ်ရှည်ရှည်ထား၍ နားထောင်တတ်သောအလေ့က ရှိနေသည်။ နားထောင်ရင်း မည်သို့ဆုံးဖြတ်ရမည်။ မည်သို့ ဖြေရှင်းရမည်။မည်သို့နှစ်သိမ့်ရမည်ကို တွေးပြီး သား။ ယခုလည်း သားဖြစ်သူ၏စကားကိုနားထောင်ရုံမှ တပါး တစ်ခွန်းတပါဒမှ ၀င်မပြော။ သားစကားအရ သားသည်သူ၏လက်ထပ်ရေးကိစ္စကို မိဘများထံမှ အကြံ ဥာဏ် တောင်းခံနေသည်မဟုတ်။သဘောထားကိုလို ချင်နေသည်မဟုတ်။ မိမိဖြစ်ချင်သည်ကိုသာရှေ့တန်းတင်နေသည်သာဖြစ်ကြောင်း ဦးကျော်ခေါင်တွေး မိသည်။ ဘ၀မှာ အရေးကြီး သည့် ကိစ္စတစ်ရပ်ကိုမိဘနှင့်မတိုင်ပင်နိုင်လောက်အောင်အဖြစ် သည်းနေပါပြီကောဟုလည်း တွေးမိသည်။ ဇနီးသည်ကို လှမ်းကြည့်မိရာ မျက်ရည်များဝေ့၀ဲလာ သည်ကို တွေ့ရ သဖြင့် ကမန်းကတမ်းအကြည့်လွှဲ လိုက်ရသေးသည်။
…တကယ်ဆိုမေမေတို့ကိုကြိုအသိပေးဖို့ကောင်းတာပေါ့ သားရယ်…
…သားလဲ အသိပေးမလို့ ပါ မေမေ။ ဒါပေမယ့်… ဒီလောက်ကြီးမြန်လိမ့်မယ် လို့လည်း မထင်မိတာရယ်။ သားရဲ့ရွေးချယ်မှုဟာလဲ မမှားတန်ကောင်း ဘူးဆိုတာ ယုံလို့ရယ် အသိ မပေးဖြစ် တာ ပါမေမေ။သူကရန်ကုန် က ပါ။ သားတို့ကျောင်းက လက်ထောက် ကထိကပါ။ မိဘတွေက စီးပွားရေး လုပ်ငန်း ရှင်ကြီးတွေပါ။ တစ်ဦး တည်းသောသမီးလို့ပြောရတော့မယ်။အစ်ကိုနှစ်ယောက် ရှိ တာ နှစ်ယောက်စလုံးက ပြည်ပရောက်ကုန်ကြပြီ။ အဲဒီနိုင်ငံ မှာဘဲအခြေချတော့မယ့်သူတွေပါ…
…ဗုဒ္ဓဘာသာတွေတော့ဟုတ်ပါတယ်နော်…
စေ့စေ့စပ်စပ်မေးနေသောဇနီးသည်၏မေးခွန်း များ ကို ဦးကျော်ခေါင်စိတ်မ၀င် စားနိုင်တော့ပါ။တင်ပြမှုပြီး လျှင် တောင်းဆိုမှုများ ရောက်လာတော့မည်ကို အလိုလို သိနေသဖြင့် မည်ကဲ့သို့ရင်ဆိုင်တုန့်ပြန်ရမည်ကို သာ တွေးနေမိတော့သည်။ ထင်သည့်အတိုင်းပင် သား ကေ တာင်းဆိုမှု၏နိဒါန်းပဏာမ ကိုစလာသည်။
…သူတို့ဘက်က မတ်တူးတစ်စင်း၊ယုဇနဥယျာဉ်မြို့တော် မှာ တိုက်တစ်လုံး လက်ဖွဲ့မယ်ပြောတယ်။လက်ရှိ ၀တ် နေတဲ့လက်ဝတ်လက်စားတွေအပါအ၀င်ပေါ့။ဘဏ်မှာ လည်း ငွေစာရင်းတစ်ခုဖွင့်ထားမယ်တဲ့။သားတို့ဘက်က ရောဘာလက်ဖွဲ့မှာလဲဟင်…
…ဘုရားရေ…ဘုရားတရင်းဒေါ်ကေသီ၏နှုတ်ဆွံ့အ သွား သည်။ ကြိုတင်မျှော်လင့် ထားသော ဦးကျော်ခေါင်က မူ ဆေးဆေး သက်သာစွာတစ်လုံးချင်းပြောလိုက်မိသည်။
…ဒီမယ်သား..ဖေဖေနဲ့မေမေတို့လက်ထပ်တုန်း ကတော့ ဖေဖေ့ဘက်ကလည်းဘာမှလက်မဖွဲ့လိုက်ဘူး။ မေမေ့ဘက်ကလည်းအလားတူပဲ။တို့လင် မယားနှစ်ယောက်မှာရှိတာက ဆယ်တန်းအောင် လက်မှတ်လေး တစ်စောင်စီ၊ ဆရာဖြစ်လက်မှတ်လေး ကိုယ်စီနဲ့ပဲဘ၀ကိုစခဲ့ကြရတာသား။သားမှာက ဖေဖေတို့ထက်ပို ပါတယ်ကွာ။ သားမှာ ဆရာဝန်ဘွဲ့ဆိုတဲ့ အတတ်ပညာ၊ ကထိကဗိုလ်ကြီးဆိုတဲ့ရာထူး ဒါတွေရှိနေပြီလေ။ ဒါတွေကဖေဖေနဲ့မေမေတို့ရဲ့လက်ဖွဲ့ပဲပေါ့…
…ဟာ..မဟုတ်သေးပါဘူးဖေဖေ ရာ။ သူတို့ဘက်က ဒီလောက်ထိအောင်လက်ဖွဲ့နေမှတော့ သားတို့ဘက် ကလဲ နည်းနည်းပါးပါးတော့စာရင်းပေါက်သင့်တာပေါ့…
…စာရင်းပေါက်သင့်တယ်..ဟုတ်လား..သား..ဒီမှာသား မင်း ဖေဖေကပြော သ လို ဆရာဝန်ဘွဲ့နဲ့ဗိုလ်ကြီးရာထူး သာ မေမေတို့ကလက်ဖွဲ့လိုက်တယ်မထင်နဲ့ မေမေ့နှလုံးသားရော ဖေဖေ့နှလုံးသားပါဆွဲထုတ်ပြီး လက်ဖွဲ့လိုက်တယ်မှတ်ပါသား။ဘာကြောင့်ဆိုသားအပေါ် အင်မတန်အထင်ကြီး အားကိုးနေတဲ့ မေမေတို့သားကို သူများ ပေးလိုက်ရကတည်းကနှလုံးသားကတစ်ပါတည်းပါ သွားပြီသားရဲ့…ဒေါ်ကေသီ၏စကား က ရှိုက်သံနှောလာ သည်။ ဦးကျော်ခေါင်မနေ သာတော့။ တပ်ဆင့်လှမ်းလာ မည့်သား၏ခြေလှမ်းကိုမျှော် လင့် ရင်း လက်ဖွဲ့ကဏ္ဍကို ဇွတ်ဝင်ဖြတ်လိုက်သည်။
…သား..ဖေဖေတို့အကြောင်း သားသိပါတယ်နော်။ ဒီအချိန် ဒီကာလလို့သတ်မှတ်လာတာက သား။ လိုချင်လို့တောင်းဆိုလာတာကလဲသား။ဒီကိစ္စနှစ်ရပ်လုံးမှာ ဖေဖေတို့အစီအမံမပါဘူးလေ။ သားက သားဖြစ်ချင် တာချည်း ဇွတ်ပြောနေတာ ကိုး။ဖေဖေ တို့ဘက်ကိုလည်း ပြန်ကြည့်ဦးလေ ။ပေးနိုင် မပေးနိုင်ဆိုတာလဲ သားချင့်ချိန်နိုင်ပါတယ်ကွာ။ တကယ် လို့ ပေးနိုင် တယ်ပဲထားဦး။ ဖေဖေတို့ မှာက သားအစ်မနဲ့ သားညီမလေး အတွက်ကရှိသေးတယ်မဟုတ်လား…
…ဟုတ်တယ်လေ..သားမမကMasterတက်လို့မပြီးသေး ဘူး။ သားညီမလေးက G.T.Cမှာ တစ်နှစ်ကျန်သေး တယ်။ဒီနှစ်ယောက်ရဲ့ပညာသင်စရိတ်ကဘယ်လောက်ကြီး တယ်ဆိုတာ သားသိပါတယ်လေ။သားတောင်မှ သား ညီမလေးအတွက်ထောက်ပံ့နေသေးတာမဟုတ်လား…
ဟန်မဆောင်တတ်သော သား၏ကွပ်ကနဲပျက်သွားသော မျက်နှာကိုဦးကျော်ခေါင်ပြက်ပြက်ထင်ထင်မြင်လိုက်ရသည်။ တစ်ခုမရရင် တစ်ဆင့် တက်တတ်သောသား၏စကားကို သာ စောင့်နေမိသည်။
…ထားပါတော့မေမေရာမင်္ဂလာဧည့်ခံပွဲကဟိုတယ်မှာလုပ် မှာ တဲ့။အဲဒါက အကျဉ်းချုံ့လုပ်တာတောင် မနည်းကုန် မှာတဲ့။ အဲဒါ..သားတို့ဘက်က ဘယ်လောက်ထည့်နိုင် မလဲ ဟင်…
…တစ်ပြားမှမထည့်နိုင်ဘူးကွာ…ဦးကျော်ခေါင် ၏ တုန့်ပြန်သံက တင်းမာလှသည်။ဒေါ်ကေသီမှာခင်ပွန်း သည်၏ေ ဒါသနှင့်သားဖြစ်သူ လောဘ တို့ လွန်ဆွဲမှုတွင် ပွဲကြည့်ပရိသတ် လုပ်နေသည်။ ဖခင်၏ဗူးဆို ဖရုံမသီး တတ်သည့်စိတ်ကို သိသောသား က လေအေးနှင့်ချော့ လာသည်။
…သားဆိုလိုတာက တစ်မျိုးပါဖေဖေ။သူတို့အသိုင်းအ၀ိုင်းမှာကမင်္ဂလာဆောင် ဧည့်ခံပွဲမှာ ယောက်ျားလေးဘက်ကဘယ်လောက်အကုန်ခံ တယ်လို့ပြောနိုင်မှမိန်းကလေးရှင်မှာမျက်နှာပွင့်တာဖေဖေ ရဲ့။သားတို့လူငယ်ချင်းတစ် ယောက်အကြောင်းတစ်ယောက် သိပြီး နားလည်ပြီးသားပါ။ ခု.. သားတို့ဘက်ကတစ်ပြားမှ မထည့်နိုင်ဘူးဆိုလည်းဖြစ်ပါတယ်။ဒါပေမယ့် ဘေးကကြားကောင်းအောင်တော့ ဘယ်၍ဘယ်၍ဆိုတာသတင်းလွှင့်ရလိမ့်မယ်ဖေဖေ…
…ပကာသနအတွက်သတင်းလွှင့်ရုံသက်သက်ဆိုလို့ ကတော့ကွာသိန်းတစ်ရာသိန်းတစ်ထောင်အာပေါင်အာရင်း အပြည့်သာလွှင့်လိုက်ပေါ့သားရာ…ယခုမှပင် ဒေါ်ကေသီ ဟင်းချင်နိုင်တော့ သည်။ သို့သော်ချဖြစ်သော ဟင်းမှ မဆုံးခင် တစ်ဝက်တစ်ပျက်ချအပြီး တွင်သားဖြစ်သူ ၏တောင်းဆိုမှုကြောင့်ရွှေရင်ဆို့ရပြန်သေးသည်။
…သြော်..ဒါထက် မေမေ မင်္ဂလာဧည့်ခံပွဲကျရင် ညွတ်နေအောင်ဝတ်ခဲ့ရမယ်နော်။ အ၀တ်အစားက လည်းကောင်း မှ လက်ဝတ် ရတနာတွေကလည်း အပြည့်ပါမှဗျ။ မေမေ့မှာမရှိတာကိုသားသိပါတယ်။ မေမေ့ တပည့်တွေထဲမှာ သူဌေးတွေပြည့် လို့ဘဲဟာ သူတို့ဆီက ငှားဝတ်ခဲ့ပေါ့နော်..မေမေ…
…မဖြစ်နိုင်ပါဘူးသားရယ် မေမေဘယ်တုန်းက သူများ ပစ္စည်းနဲ့ ဟန်ဒြပ်လုပ်ဖူးလို့တုန်းသားရဲ့။ ဒီမှာသား တို့ မေမေဟာ ပစ္စည်းဥစ္စာ ဓနကြွယ်ဝသူတွေ မဟုတ်ပါဘူးကွယ်။ မေမေတို့မှာ ကြွယ်ဝချမ်းသာ တာက မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးပဲရှိ တယ်။သားကိုမေမေ တို့ချစ်တယ်။သားနဲ့ ဆက်နွယ်လာမယ့် မိန်းကလေးကို လဲသမီးလေး လိုချစ် မယ်။ဒီချစ်ခြင်းမေတ္တာတွေရင် မှာအပြည့်ဆင်ပြီးလာရင်မလုံလောက်သေးဘူးလားကွယ်…
ဒေါ်ကေသီ၏စကားကြောင့်သားဖြစ်သူငိုင်ကျသွားသည်။ သို့သော်…တောင်းဆိုချက်တစ်ခုကိုမူတောင်းဖြစ်အောင်တောင်း လိုက်သေးသည်။
…မေမေ မနက်ဖြန်ကျရင်သားချစ်သူ အိမ်လည်လာမှာနော်။ သူကသားနဲ့ တပါတည်း လိုက်လာတာ။ ခု..သူ့အမျိုး တွေဆီမှာတည်းတယ်။ နက်ဖြန်ကျရင် သားတို့ဆီ လာလည်မှာတဲ့။ သားချစ်သူ ဟတ်ထိသွားအောင် မေမေ့လက် ရာဂွတ်ရှယ်နဲ့ ဧည့်ခံပေးပါဦးနော်…
……………..
သားပူဆာသဖြင့် ဈေးသို့အစောကြီးသွားရသည်။ သားကြိုက်တတ်သည့်အစားအသောက်နှင့် ရန်ကုန်သူ များမက်လောက် သည့် အညာထွက်ဟင်းလျာများ ၀ယ်ခြမ်းပြီး အိမ်သို့သုတ်ခြေတင်ခဲ့သည်။ အိမ်အ၀င်တွင်…
မနေ့ကကိုင်ရုံသာကိုင်ကြည့်မိပြီး မခူးရက်၍ ယနေ့မှခူး ဆွတ်ကာ ဘုရားတင်ရန်ရည်ရွယ်ခဲ့သည့် ဂမုန်းပွင့်ဦး ကို သားကိုယ်တိုင်ခူးဆွတ်ကာ သူ၏ချစ်သူအားပန် ဆင်ပေးနေ သည်ကို မြင်တွေ့လိုက်ရာ… ပန်းပျိုးလက် ပိုင်ရှင် ဒေါ်ကေသီအဖို့ သန္တဝေဒနာတို့ဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းဆို့နစ်သွားလေေ တာ့သည်။
ခင်လယ်လယ်ချစ်
Ineternet ချစ်သူ
Internet တဲ့
နှလုံးသားချင်း
ချိတ်ဆက်မိတဲ့ ကွန်ယက်လေး….။
အနေဝေးနေပေမယ့်….
Keyboard ပေါ်လက်တင်လိုက်ရုံနဲ့
နှလုံးသားနှစ်ခု….
နီးကပ်စွာခံစားခဲ့ရ….
မီးစိမ်းလေးမြင်နေရရင်
ချစ်သူမျက်နှာမြင်နေရသလို
ကြည်နှုးပျော်ရွှင်ခဲ့ရပြန်၏
တွေ့လိုဇောနဲ့
Computer ရှေ့ထိုင်မိစဉ်
သူမရှိလျှင် ငိုချင်လာမိ
မျှော်တော်ဇောနဲ့မောနေ၏
နှောင်တွယ်မိတဲ့ သံယောဇဉ်ြုကိုး
Connection ဓားနဲ့ အခါခါပိုင်းဖြတ်ပေမယ့်
ထပ်ထပ်ရစ်ပတ်…..။
နှလုံးသားချင်းကတော့နီးလျက်ပါ……
ကြယ်စင်လင်းလက်
Subscribe to:
Posts (Atom)