ရိုးရာဓလေ့....တို့မမေ့
Labels
- ၀တ္ထုတို (8)
- ကဗျာ (15)
- ဓာတ်ပုံမှတ်တမ်းများ (1)
- ပြည်တွင်းသတင်း (5)
- ဆောင်းပါး (37)
- နိုင်ငံတကာသတင်း (3)
Wednesday, June 11, 2014
အမျိုးသမီးတို့ဧ။်စွမ်းအား(၅)မျိုးနှင့်အထက်မြတ်ဆုံးစွမ်းအား

သူတစ်ပါးကို လွှမ်းမိုးလိုသော ပုဂ္ဂိုလ်သည် မိမိ၌စွမ်းအား တစ်ခုခုတော့ ရှိရမည်။ မည်သည့်စွမ်းအားမျှ မရှိဘဲ သူ တစ်ပါးကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။ ထို့အတူပင် အမျိုး သားတစ်ယောက်ကို လွှမ်းမိုးလိုသော အမျိုးသမီးတို့ သည် စွမ်းအားငါးမျိုးနှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံရန်လို အပ်ပါသည်။ ယင်းစွမ်းအားငါးမျိုးတို့မှာ-
(၁) ရူပဗလ-ရုပ်ရည်လှပခြင်းစွမ်းအား
(၂) ဘောဂဗလ-ပစ္စည်းဥစ္စာ ပြည့်စုံခြင်းစွမ်းအား
(၃) ဉာတိဗလ-ဆွေမျိုးအသိုင်းဝိုင်း ပြည့်စုံခြင်းစွမ်းအား
(၄) ပုတ္တဗလ-သားသမီးနှင့်ပြည့်စုံခြင်းစွမ်းအား
(၅) သီလဗလ-ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းစွမ်းအား တို့ဖြစ်ကြပါသည်။
စွမ်းအားငါးမျိုးတို့ဧ။် အရေးပါမှု
*******************
အထက်ပါ စွမ်းအား(၅)မျိုးတို့တွင် ပထမအချက်နှစ်ခု သည် အိမ်ထောင်မရှိသေးသော အမျိုးသမီးများနှင့် ပို၍ သက်ဆိုင်၏။ အောက် အချက် သုံးခုသည် အိမ်ထောင် ရှင် အမျိုးသမီးတို့နှင့် ပိုသက်ဆိုင်၏။ ရုပ်ရည်လှပမှုသည် တကယ့်အနှစ်သာရရှိသော အပိုင်း မဟုတ်သော် လည်း အရေးကြီးသော အပိုင်းဟု ဆိုနိုင်၏။အဘယ်ကြောင့် ဆို အောက်အချက်လေးခုတို့ သည် ခင်မင်ရင်းနှီးမှု မရှိ ပါက အတိအကျ သိနိုင်ရန် ခက်ခဲ၏။ ထို့ကြောင့် အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်သည်။
အမျိုးသမီးတို့သည် ပစ္စည်းဥစ္စာ စသည်တို့ ပြည့်စုံမှု အရှိသော်လည်း ရုပ်ရည်လှပမှုရှိလျှင် လင်ကောင်း သားကောင်း ရရှိနိုင်ပါသည်။ ရုပ်ရည်လှပမှု မရှိ၊ ဆွေမျိုး စသည်တို့ ပြည့်စုံမှု မရှိပါသော်လည်း ပစ္စည်းဥစ္စာ တို့ ပြည့်စုံ ပါ က လင်ကောင်းသားကောင်း ရရှိနိုင် ပါသေးသည်။ ဆွေမျိုးအသိုင်းဝိုင်းနှင့် ပြည့်စုံခြင်းသည်ကား ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားသော လူမျိုးတို့၌ ပို၍ထင်ရှား ၏။ မြန်မာလူမှုပတ်ဝန်းကျင်၌မူ ပေါ် လွင် ထင်ရှားမှု သိပ် မရှိပေ။ သားသမီးတို့သည်ကား မိဘနှစ်ပါးကို မကွဲ ကွာအောင် (ခင်ပွန်းက ဇနီးသည်ကို မစွန့်ခွာ အောင်) ချည်နှောင်ထားသော ကြိုးတစ်မျှင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီး တို့၏ စွမ်းအား တစ်မျိုးဟု ဆိုရခြင်းဖြစ်သည်။
အထက်မြတ်ဆုံးစွမ်းအား
***************
နောက်ဆုံးအချက်ဖြစ်သော ကိုယ်ကျင့်တရားကောင်းမွန်မှု သီလစွမ်းအားသည် အနှစ်သာရအရှိဆုံးနှင့်အရေးကြီး ဆုံးဖြစ်၏။ ထို့ကြောင့်အထက်မြတ်ဆုံးစွမ်းအားဟုလည်း
ဆိုနိုင်ပါသည်။
အကြောင်းကား ရုပ်ရည်လှပမှု၊ စည်းစိမ်ဥစ္စာ ပြည့်စုံမှု စ သည်တို့သည် အမျိုးသမီးတို့ကို အမှန်တကယ် မစောင့်ရှောက်နိုင်ချေ။ ရုပ်ရည်လှပမှု စသည်တို့ နှင့် ပြည့်စုံသော်လည်း ကိုယ်ကျင့်သီလ မရှိပါက “အကျင့် ပျက်သူ မိန်းမပျက်” ဟုဆိုကာအမျိုးအိမ်(သို့) လင်ယောက်ျား အိမ်မှ နှင်ထုတ်ခြင်း ခံရပေမည်။ အကျင့်သီလနှင့် ပြည့်စုံပါက (မယားကျင့်ဝတ် ကျေပွန် ပါက) အမျိုးသမီးတို့သည် ထိုအိမ်မှ နှင်ထုတ်ကြမည် မဟုတ်ပေ။ ထို့ကြောင့် အမျိုးသမီးတို့သည် ကိုယ်ကျင့် တရား တည်းဟူသော သီလစွမ်းအားနှင့် ပြည့်စုံအောင် အထူးကြိုးစားသင့်ပါသည်။
D-eXistence မှ အရှင် ကောလိယ ရေးသားပြုစုတော့ " အမျိုးသမီးဘဝနှင့် ဗုဒ္ဓအမြင် " စာအုပ်မှ ကူးယူဖော်ပြပါသည်။

ပုံမာယာ ဇာချဲ့ခံရတဲ့ကံဧည့်သည်
ပုံမာယာ ဇာချဲ့ခံရတဲ့ကံဧည့်သည်
ဒီကောင်လေးကိုသိတာဘာကြာသေးတုံး။ ကျွန်တော်အလုပ်လုပ်တဲ့ ပုဂ္ဂလိကဘဏ်မှာ ငွေလာအပ် တုန်းက စပြီး သိခဲ့တာပါ။ ကိုယ့်ဘဏ်ရဲ့ဖောက်သည် တစ်ယောက်ဖြစ်နေတာရယ်၊ အပ်တဲ့ ငွေကလည်း သိန်း ဂဏန်းအကြီးသားမို့အလေးအနက်ပြုပြီးဂရုတစိုက်ဆောင် ရွက်ပေးခဲ့တယ်လေ။ကျွန်တော်ကသာကိုယ့်ဖောက်သည် တစ်ယောက်အ ပေါ်ဝန်ထမ်းတစ်ယောက်အနေနဲ့ သမား ရိုးကျထက်နည်းနည်းပါးပါးလိုက်ပြီး ဆောင်ရွက်ပေး လိုက်တာပေမယ့် သူကတော့သူ့အတွက် ကူညီပေးသူ၊ သူ့အ ကျိုးဆောင်သူအနေနဲ့ တစ်ဖက်သတ်ကျေးဇူးတင် လို့ကို မဆုံးတော့ဘူး။ နောက်တော့လည်း အိမ်နီးနားချင်း ကလည်း မရှိပြန်ဆိုတော့ ဒီကောင်လေး ကျွန်တော့်ကို တအားခင်တွယ်လာတော့တယ်။
ဒီလိုနဲ့ မနက်ပိုင်း ကျွန်တော်လက်ဘက်ရည်ဆိုင်ထိုင်ရင် လိုက်ထိုင်တတ်တယ်။ ညနေပိုင်း ဗွီဒီယိုရုံသွားရင် လဲနောက် တစ်ကောက်ကောက်။ တစ်ခါတစလေ သူ့ရင်ထမွန်းကြပ်နေတဲ့သောကတွေ ပြေရာပြေကြောင်း ထွက်ပေါက်ရှာချင်ရင် ကျွန်တော်ကိုပဲရင်ဖွင့်တော့တာမျိုး။ အဲသလိုကိုတစ် ယေက်နဲ့တစ်ယောက်ခင်လာခဲ့ကြတယ်။
ဆိုရရင်တော့ ဒီကလေးကတောသူဌေးပေါ့ဗျာ။ မွေးချင်း ဆိုလို့မြို့မှာအိမ် ထောင်ကျတဲ့ သူ့အစ်မတစ်ယောက်ထဲ သာရှိတာ။မအေကငယ်ငယ်ကတည်းကဆုံးပါးသွားတော့ ဖအေအိုကြီးနဲ့သားအဖနှစ်ယောက်တည်းနေလာခဲ့တာ။ ယာချောင်းကလည်းကျယ်တယ်။ ထန်တောကလည်း ရွာ ပတ်လည်မှာ လက်ညိုးထိုးမလွဲဆိုတော့သားအ ဖနှစ်ယောက် အတွက် ရွှေမရှားငွေ မရှား ပေါ့ ။နေတော့ လည်းအဲဒီဘက်နယ်မှာမတူမရှိနိုင်တဲ့ တိုက်ကြီးက လည်းဟိန်းလို့။ ရွာဝန်းကျင်က စေတီတန်ဆောင်း ကျောင်းဇရပ်တို့ရဲ့ အလှူရှင်ကမ္မည်း မှာသူတို့နာမည်ချည်း။ ဒီလိုနဲ့ အဖေကြီး အနိစ္စရောက်တော့ သူဌေးသားတစ် ကောင်ကြွက် ဘ၀ရောက်ရောပေါ့ဗျာ။ ဒီမှာတင်သူ့အစ်မက မောင်လေးတစ်ယောက်ထဲရွာမှာ ထားရတာစိတ် မချဘူး။ မြို့ကိုတက်လာခဲ့၊ အစ်မနဲ့ အတူ တူနေဆိုပြီး စိစဉ်တယ်။ သာမန်လူဆိုတော့ အ၀တ် ထုပ်လေးထန်းပြီး မြို့တတ်လာ၊ အလွယ်သားပေါ့။ ဒါပေမဲ့ ကောင်လေးမှာက နည်းနည်းနောနောလား၊ ရှိနေ တာကထုကြီးထည်ကြီး။ ယာတွေချောင်းတွေ၊ ထန်းတွေ တိုက်နဲ့ဝိုင်းတွေ၊ အဲဒါတွေရောင်းရတာကိုက ခက်ခက် ခဲခဲ။ အားလုံးလဲရောင်းချ ပြီးရောအစ်မဆီကိုငွေတွေလာအပ်တယ်။ အစ်မကမယူဘူးတဲ့။ မိဘအမွေအစ်မလည်း တစ်မလည်း တစ်ဝက်ဆိုင်တယ် ဆိုပြီး ကောင်လေးကဇွတ်ပေး၊အစ် မငြင်း တယ်ပေါ့လေ။ နောက်ဆုံးတော့ အစ် မယောက်ျား ကာင်လေးရဲ့ယောက်ဖက ၀င်ပြီး ညိုနှိုင်းပေး တယ်။ မိဘ အမွေဖြစ်လို့ မောင်နှ မနှစ်ယောက် သရက်စေ့နှစ်ခြမ်း ခွဲယူ။ ကောင်လေးငွေ ကိုအလဟသမဖြစ်ရအောင် မပျောက်ပျက်အောင် ဘဏ်မှာအပ်ထား။ ကောင်လေး ရဲ့ဘ၀တစ်လျှောက်လုံး စားဝတ်နေရေးအတွက် သူတို့ လင်မယားကတာဝန်ယူမယပေါ့။ ဘယ်လောက် များကောင်းလိုက်တဲ့ ”ဥာတကာ နဉ္စသင်္ဂဟော” လဲ။
ဒီလိုနဲ့ဘဏ်မှာ ငွေလာအပ်တော့ ကျွန်တောနဲ့တွေ့ရတာ ပါ။အဲဒီတုန်းကကောင်လေးရဲ့ပုံစံကိုမှတ်မိသေးတယ်။ တွေ့သမျှလူကိုအားကိုးတစ်ကြီးနဲ့ ကြည့်နေရှာတဲ့သနားစရာမျက်လုံး၊ ခင်မင်ဖွယ်ကောင်းလှ တဲ့သူရဲ့အပြုံး၊ လက်သန်းလောက်တုတ်နဲ့ ဆွဲကြိုး ရှည်ကြီးတစ်ကုံးနဲ့တစ်ကျပ်သားလောက်ရှိ တဲ့ကျောက်နီ လက်စွပ်ပြူးပြူးကြီးဝတ်ထားတဲ့ညဏ်ရည် ခပ်နိမ့်နိမ့် သနားစ ရာကျေးတောသားလေးတစ်ယောက်။
ဒါပေမဲ့…..သူ့ယောက်ဖကျတော့ မြို့မှာနာမည်တစ်လုံးနဲ့နေ တဲ့ သူ။မြို့ ပေါ်မှာရှိသမျှ ဘာသာရေးလူမှုရေး အသင်း အဖွဲ့တိုင်းမှာ သူ့နာမည်မပါဘူး ရယ်လို့မရှိဘူး။ စီးပွားရေးလုပ်ငန်းကျတော့လဲရသာရင် ကိုယ့်နဖူး ကိုတောင် သိုက်တူးမဲ့ လူစာ။ ပေါင်းသင်း ဆက်ဆံရေး ကတော့ ဘာကောင်းသလဲမမေးနဲ့.. စဏ္ဍာလကနေ ဓမ္မကထိသိတယ်ဆိုတဲ့ လူသားမျိုး။ခက်နေတာက တစ်လုံး နှစ်လုံးသုံးလုံးနဲ့ ခြာခြာလည်နေတာကိုပဲ။ စီးပွားလေးတက်မလို့ဖြစ်လိုက်၊ အဲဒီအလုံးတွေ နှိပ်စက် လိုက်နဲ့နှဲသမားပါဆိုတော့။ဘာပြောပြောသူလဲရှင် လောင်း လည့်တုန်းကရွှေထီးဆောင်းခဲ့ရတဲ့သူဌေးမျိုး ရိုးပါ။ ခုတော့…သူ့ခမျာ ဆုံးသွားရက်တောင် လည်ပြီထင်တယ်။
ဒီမှာအစ်ကို..ကျွန်တော်ပြန်တော့မယ်ဗျာ။ ကျွန်တော် ဒီမှာမနေချင်တော့ဘူး။ မနေချင်တာထက်မနေနိုင်တော့ တာဗျ။ ပြောရရင်တော့ယောက်ဖကြီးအသူဘကိစ္စက စပြီးပြောရတော့တာ ပဲ။ တကယ်ပါဗျာ။ တစ်သက်နဲ့တစ် ကိုယ် ဒီလောက်လူပင်ပန်း စိတ်ပင်ပန်းတာမရှိခဲ့ပါဘူး။
အစ်ကိုလဲသိပြီးသားပါ။ ယောက်ဖကြီးကဘောလုံးပွဲဆို မလွတမ်း ထဲ ကကိုး။ အဲဒီညမှာ ဘော်လုံးပွဲပြတဲ့ ဗွီဒီယို ရုံထဲ ပစ်လဲကျတာဆေးရုံရောက် တဲ့အထိ လူမှန်းသိတာ မဟုတ်ဘူး။ ဆေးရုံရောက်တော့ မျက်လုံးလေးတစ် ချက်ဖွင့်ပြီး သတိတော့လည်သေးသား ကုတင်မနွေးပါ ဘူးဗျာ၊ အသက် ပျောက်ကရော။ ညကြီးသန်ကောင် ဆိုတော့ ကျွန်တော်တို့မောင်နှမနှစ် ယောက်သာ အလောင်းကြီးနဲ့ငုတ်တုတ်။ ဘာမှလုပ်တတ်ကိုင် တတ်စီမံတတ် ကြတာမဟုတ်ဘူးလေ။ ကျွန်တော်ဖြင့်လေ မြန်မြန်မိုးလင်းပါစေလို့ပဲဆု တောင်း မိတော့တယ်။မနက်လည်းလင်းရော ဇာတ်လမ်းကတော့ စတော့တာပဲ။ဒါရိုက်တာက ယောက်ဖကြီးရဲ့အစ်မအကြီး ဆုံး၊ ဆန်မရှိ အစားကြီးတယ် ဆိုတဲ့မိန်းမမ်ျိုး၊ကိုယ့်  ဘာသာ ဘာမှမဟုတ်တာ။ နေရာတကာသြဇာပေးချင် လူတတ်ကြီးလုပ်ချင်တော့တာဗျ။
ယောက်ဖကြီးရဲ့မိတ်ဆွေတွေကအလောင်းကိုဆေးရုံမှာပဲထား။ ဆေးရုံ ကနေသုသာန်ကိုသယ်ပြီးသဂြိုလ်ရင်ကရိကထနည်းမယ်။ နာရေးရှင်လည်း သက်သာမယ်ပေါ့လေ။ အဲဒီမှာဗျာ. .ယောက်ဖကြီးရဲ့အစ်မက သူ့မောင်ကို ဆေးရုံကနေ မသဂြိုလ်နိုင်ဘူး။ သူ့မောင်ဟာအနုံညာတမဟုတ်ဘူး။ အာဂန္တု မဟုတ်ဘူး၊ ဆွဲအချတော့မခံနိုင်ဘူး၊ အိမ်နဲ့ယာ နဲ့အဆင့်အတန်းနဲ့နေတာ။ အခုအိမ်ပြန်သယ်ရမယ်လုပ် ပါလေရော။ အိမ်သယ်တယ်ဆိုတာ ပြောတော့ လွယ်ပေ မဲ့ ကုန်ဖို့ကစပြီ၊ အလောင်းသယ်ရမဲ့ယဉ်ခ။ အပိုကုန်လာ တာပြောပါ တယ်။
ထားဦး..အသုဘချမယ်ဆိုတော့ နာရေးကူညီမူအသင်းကို အကြောင်းကြားရုံပဲမဟုတ်လား။ ပြီးတော့..ယောက်ဖကြီး ကအသင်းမှာအမူဆောင်လေ။ အသင်းကနာရေး ယာဉ် လွတ်လိုက်ရင်အပြည့်အစုံပါပြီးသားမဟုတ်လား။အလောင်း ထည့်ဖို့သေတ္တာ။သံဝေဂဓမ္မဂါထာတွေ ရွတ်ဆိုပေးမဲ့ တိတ်ခွေရော စက်ရောဘာလိုသေး တုန်း။အလှူငွေ ကျတော့ လည်း ကိုယ်သဒ္ဒါသလောက်ပဲ လှူရတာ၊ တကယ့်ကိုကူညီစောင့်ရှောက်တဲ့အဖွဲ့အစည်းလေးပါ။ ဒါကိုပဲ အဲဒီ မိန်းမကအလောင်းတကာတင်တဲ့ယာဉ်နဲ့ သူ့မောင်ကိုမတင်နိုင်ဘူး။ရှေးရိုးမ ပျက်လှည်းဘီးတပ် လှည်းအသစ်နဲ့ တင်မယ်လုပ်ပြန်လေရော။ အဲဒီတော့ အလောင်းစင်လုပ်ရတယ်။ အလောင်းစဉ်ပြင်ဖို့ ပိတ် စတွေဗျာ ဘယ်ဝေယျာ ဝေစ္စအဖွဲ့ကိုပဲ သွားငှားငှား အပေါ သား ဆိုတာအစိကိုလည်းအသိမဟုတ်လား။ အဲဒါကိုပဲ အသစ်မှဆိုတော့ဝယ်လိုက်အုံးဟ။ ပြီးတော့…ရှိသေး. သူ့မောင်က ရဟန်းတကာဆိုတော့ ရွှေထီးလေး လည်း စိုက်ရမယ်။ဒါကိုလည်းမဌားနဲ့… အသစ်မှဆိုတော့ ၀ယ် ရပြန်ရော။
ပင့်သံဃာကိုတော့ တစ်ပါးတစ်ထောင်မှလှူမှ ထင်တယ် လို့ကျွန်တော် အစ်မက ပြောရုံရှိသေးနည်းတယ်..ငါ့မောင် ကဂုဏ်နဲ့ဒြပ်နဲ့နေတာ၊ငါးထောင် မှသင့် တယ်ဆိုတော့ ကျွန်တော့အစ်မကလည်း..အင်းပေါ့လေ။ ထင်ထားတာ ကတစ်ပါးငါးထောင်၊ငါးပါးဆိုတော့ နှစ်သောင်းခွဲလောက်ဆိုတော့ အပမ်းမ ကြီးပါဘူးတော့လေ။ ဘယ်ဟုတ်ပါ့မလဲဗျာ.. .ပင့်သဃာက ယောက်ဖကြီး သာအသက်ငါးဆယ် မကျော်ဘဲ ငါးနှစ်သားလောက်ဆို ဘယ်လောက်ကောင်း လိုက်မလဲနော်.. ဟုတ်ဘူးလား အစ်ကို..။
ထားပါတော့လေ..ဒါကလှူတာတန်းတာ၊သွားလေသူအတွက် ရည်စူး တာဆိုတော့ ယောက်ဖကြီး အတွက်မို့ထား ပါတော့။ မယောင်ရာဆီလူးတာ ကရှိသေး။ သူ့မောင်ဟာ ဂီတ၀ါသနာပါတယ်၊ သူ့မောင်ရဲ့နောက်ဆုံခရီးမှာ အဆို နဲ့အတီးနဲ့ အမှုတ်နဲ့ ဖြစ်ချင်ပါတယ်ဆိုတော့ငှား ရပြန်ပြီ၊ ဆိုင်းဝိုင်းကြီး နဲ့ငိုချင်းသည် လေးငါးသောင်းပက်ကနဲ့ပေါ့။
အသုဘလိုက်ပို့တဲ့သူတွေကို ကမ်းတာကျတော့လည်း သူတကာကမ်း သလိုယပ်တောင်တစ်ချောင်း ပိုချင်သေး ရင်ဆေးလိပ်နဲ့ မီးခြစ်၊ ထပ်ဦးမ လားဆပ်ပြာ မှုန့်သေး တစ်ထုပ်ဆိုတော်ရောပေါ့။ ခုတော့ဗျာ….ဒါတွေအပြင် ဆပ့်ပညမွေးတစ်ခဲဆီဆောင်းလိုက်လေသဗျ။
အလောင်းမြေကျတော့လဲ ဂူသွင်းတာရက်မလည်မချင်း လာတာနှမးဖြူး တာ၊ပုံကြီးချဲ့တာ၊သြဇာပေး တာတွေပြော ရရင် အစိကိုစိတ်ပျက်သွားမျာဆိုးလို့မပြောတော့ပါဘူး။ ကျွန်တော်တို့မောင်နှမနှစ်ယောက်ထဲရှိတဲ့အခါကျွန် တော် အစ်မကိုပြောတယ်။ အစ်မ..ကျွန်တော့်လက်စွပ်နဲ့ ဆွဲကြိုးတွေပေါင်ထား တဲ့ငွေတွေလဲ ကုန်တော့ မယ်၊ ရက်လည်မှာ ကုန်ဦးမှာဆိုတော့ လောက်မှ လောက်ပါ့ မလားပေါ့။အစ်မကလဲအပူကြားထဲက အေးအေးလေးပြော တယ်။ တစ်ချို့ကိုအကြွေးခဏထားတာပေါ့တဲ့၊နာရေးကူငွေရတော့ အားလုံးအဆင် ပြေသွားမှာတဲ့..ဟုတ်သားပဲ၊ ကူငွေရရင် ကုန်ငွေကြေလောက်ပါရဲ့လို့ ကျွန်တော်တွေးမိတယ်… အစ်ကို။
ရက်လည်ဆွမ်းသွပ်မှာ အစ်မကမုန့်ဟင်း ခါးလောက် ကျွေးချင်တာကို လည်းမအဆာကျယ်ကြီး က ခေါက်ဆွဲဆိုလို့ပိုကုန်သွားတာကိုလည်းထား လိုက်ပါဦး၊အဲဒီနေ့ကယောက်ဖကြီးရဲ့အပေါင်းအသင်းတစ်ယောက်က ကူငွေ ခံဖို့ငွေဖလား တစ်လုံးနဲ့ ဗလာစာအုပ် လာတောင်းတော့အဲဒီမိန်းမကြီးကဘုန်းကြီးကျောင်းတောင် မကပ်ရသေးတဲ့ ခေါက်ဆွဲသုံးပန်ကန်မြောက်သွား ဖြဲ နားဖြဲစားနေရာက ဘာပြောလိုက်တယ်တုံး.. သူ့မောင်ရဲ့ နာရေးကို ဘယ်သူ ဆီကမှအကူအညီမယူဘူး၊ ကုန်ချင် သလောက်ကုန်ပါစေ မိသားစုကပဲအ ကုန်အကျခံမယ်။ တစ်သက်လုံးကသူတစ်ပါးကိုကူညီခဲ့တဲ့သူ၊သူတစ်ပါးကို ဒုက္ခမပေးခဲ့တဲ့သူမို့ သေကာမှအကူအညီခံတယ်ဆိုတာ လူကြားလို့မကောင်း ဘူးနဲ့ တစ်ချက်လွှတ်ပိတ်ပင် လိုက် တယ်။သွားးပါလေရော… ကျွန်တော့်အစ်မ မျက်နှာဆိုတာ ဇီးရွက်လောက်တောင်ရှိမယ်မထင်ဘူး။ဒီလိုနဲ့ရေစက်ချ တရားနာပြီးတော့ မိတ်ဆွေသင်္ဂဟတွေ ပြန်ကုန်ကြပြီ။ သူတို့သမီးယောင်းမနှစယောက်ထဲရှိတဲ့အခါ အစ်မက နာရေး စားရိတ်တွေ အကုန်အကျများကြောင်း ၊ယောက် ဖကြီး အနေနဲ့ဘယ်လောက်များ ကူညီထည့်ဝင်မလဲဆိုတဲ့ အကြောင်းစကားစပ်လိုက်တော့အဲဒီမိန်းမကြီးဗိန်း မောင်း တီးတော့တာပဲ။ပြောလိုက်တာများပက်ပက်စက်စက် ၊ဟောက်လိုက် ဟိန်းလိုက်တာလဲ အော်ကြီးဟစ်ကျယ်။ သူ့မောင်ဟာမိသားစုကို တစ်သက် လုံးကျွဲနွားလို ရုန်းကန်ကျွေးရတဲ့ အကြောင်း၊ ကိုယ့်လင်သား..ပြီးတော့ ကိုယ့်ကျေးဇူးရှင်ရဲ့နာရေးကို ဇနီးမယားတစ်ယောက် အနေနဲ့ တာဝန်ယူသင့် ကြောင်း၊သူ့လိုမုဆိုးမ တစ်ယောက်ဆီက ကြေးမခွဲသင့်ကြောင်းပြောလိုက် တာများပေါက်ပေါက်ဖောက်သလိုပါပဲ။ပြောလို့လဲအား ရရော၊လက်ကိုင်အိတ် ကြီးတစ်ထောင်လောက်ကြီး ချိုင်းကြား ညှပ်၊ ခေါက်ဆွဲတွေအပြည့်ထည့်ထား တဲ့ငါးဆင့်ချိုင့်ကြီးဆွဲပြီးထွက်သွားပါလေရော။
အဲဒါကြောင့်အစ်ကိုရော..ကျွန်တော်ဆွဲကြိုးနဲ့လက်စွပ်ကတော့ပြန်လမ်း မမြင်တော့ပါဘူး။ ကျွန်တော်အနေနဲ့ကလည်း ရကောင်းစေလို့မအောင်းမေ့ ပါဘူး။ အစ်မမှာ လည်းအကြွေးတွေလည်ပင်းခိုက်နေပြီလေ။
ကျွန်တော်ပြန်တော့မယ်ဗျာ။ တောမှာယာလေးထန်းလေးဝယ်ပြီး ကိုယ့်တစ်ဝမ်းတစ်ခါးအတွက် ရှာစားတော့မယ်။ ဒီမှာတော့မနေ့တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်မှာ ကအစ်မသား ကျွန်တော့တူ အိပ်ယာထဲ လဲ နေပြီလေ။ အစ်ကိုလဲ ရိပ်မိတယ်မဟုတ်လား။ ဟိုရောဂါလို့ပြော တယ်။ဒီက လေးကကိစ္စကျရင်လည်း သူ့တူဆိုပြီး ဟိုမိန်းမကြီးကလာဦးမှာ။ဒီတော့ အစ်ကိုရာဘဏ်မှာ အပ်ထားတဲ့ပိုက်ဆံတွေ ပြန်ထုတ်ချင်တယ်အစ်ကို။
ကောင်လေးကို ဘယ်လိုပြောရပါ့။ ဘဏ်မှာငွေစာရင်းဖွင့်တုန်းကနာမည်ကသာကောင်လေး နာမည်၊ လက်မှတ်ထိုးတာက သူ့ယောက်ဖ။ ယာက်ဖကြီး အလီလီလာထုတ်ယူတဲ့ငွေတွေက လောင်းကစား
လောင်မီးကြောင့်ပြာဖြစ်ကုန်ပြီ။ ဘဏ်မှာငွေက မကျန်တော့…။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Tuesday, June 10, 2014
မိုးတစ်ညရဲ့ စိတ်အလျင်
မိုးတစ်ညရဲ့ စိတ်အလျင်
“အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လွင် စစ်မျက်နှာဖွင့် တိမ်ခိုးလွှင့်ကာ ဆင် မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်အသွင် ပြိုမှာလေလားမိုးရဲ့ စိုးအောင်ခုပင် အမ္ဗန်မောင်ဖန်အားလေတဲ့အင်…”
ညိုတစ်ယောက် တီဗွီခလုတ်ကလေးကိုဖွင့်လိုက်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် မိုးသက်လေနှင်သီချင်းက လာနေ တယ်။ ဒီသီချင်းလေးကိုညိုသိပ်ကြိုက်တယ်လေ။ အို..မိုး သီချင်းနဲ့ပတ်သက်လို့ကတော့ ဘယ်သီချင်းဖြစ် ဖြစ်ညို မကြိုက်တာ မရှိခဲ့ပါဘူး။ မိုးကိုညိုသိပ်ချစ်တယ်လေ။ ဒါပေမယ့်…မိုးတစ်ညဟာ ညို့အတွက်ဝမ်းသာ ကြည် နူး မှု၊ ၀မ်းနည်းကြေကွဲမှုတွေနဲ့ကြုံခဲ့ရူးတယ်လေ။ မိုးဆို တာအေး ချမ်းခြင်းနိမိတ်၊ ပျော်ရွှင်ခြင်းနိမိတ်တွေကိုသာ ဖန်တီးပေးတတ်တယ်လို့ ညိုထင်တယ်လေ။
အခုတော့..ဒီမိုးတစ်ညဟာ ညို့အတွက် ၀မ်းနည်းရမှာ လား။ ၀မ်းသာပီတိဖြစ်ရမှာလားဆိုတာကို ဝေခွဲ မရအောင်ကိုစိတ်က ဒွိဟဖြစ်ခဲ့ရတယ်။ ………………………….
တကယ်တော့ ညို့မှာ ခင်တွယ်စရာဆိုလို့ ချစ်ခင်ပွန်း ဦးကျော်မောင်ရယ်၊ သားသမီးသုံးဦးရယ်သာ ရှိတာပါ။ ဒီမိသားစုလေးတစ်စည်းတလုံးတည်းနဲ့ပျော်ရွှင်နေတုန်းဗြုန်းကနဲ သမီးကြီးခင်ငြိမ်းချမ်းသာက နိုင်ငံခြားကို ပညာတော်သင် အဖြစ်နဲ့ လွန်ခဲ့တဲ့လက ထွက်ခွာသွားခဲ့ရပြီ။ သမီးကြီးနဲ့ ခွဲရလို့ လွမ်းဆွတ်သတိရနေတုန်းမှာ သားလတ် ထက်မင်းခန့်က ဦးစီးအရာရှိအဖြစ် နယ်ကိုပြောင်းရွှေ့ သွားပြန်ပြီ။အခု..သမီးငယ်နှိုင်းစံမမှီကလည်း တောင်ပေါ် မြို့တော်တစ်ခုမှာ လက်ထောက်ကထိကရာထူးနဲ့ ပြောင်းေ ရွှ့ ခဲ့ ရပြန်ပါပြီကော။ သားသမီးတွေနဲ့ဝေး ကွာလို့ ခံစားရ တဲ့ ဝေဒနာက မပျောက်သေးမီ ခင်ပွန်း သည် ကလည်း မြို့နယ်ပညာရေးမှူးရာထူးတိုးတဲ့။ အဖိုးကြီးအဖွားကြီးနှစ်ယောက် ဘုရားသွားကျောင်း တက် အေးအေးချမ်းချမ်းနဲ့ ဘ၀ကိုတည်ဆောက် ၊ဆေးပေး မီးယူနဲ့ တစ်ဦးကို တစ်ဦး ဖေးမမယ် လို့ကြံ တုန်းမှာခင်ပွန်းသည်က နယ်ပြောင်းရပြန်ပါရော။
“အမေကြီး မင်းသားသမီးတွေလည်း မရှိဘူး။ကိုယ်က လည်း နယ်ပြောင်းရမှာဆိုတော့ မင်းတစ်ယောက်ထဲ မဖြစ် ပါဘူးကွာ။ကိုယ်နဲ့သာတစ်ခါတည်းလိုက် ခဲ့ပေတော့.. ဟုတ်ပလား…”
“မဖြစ်ပါဘူးအဖေကြီးရယ်။ အိမ်ကိုဒီအတိုင်းပစ်ထားခဲ့လို့ လည်းမရဘူး။ပြီးတော့အဖေကြီးသားသမီးတွေက လည်း တစ်ပတ်တစ်ခါဖုန်းဆက်တတ်တာ။ တော်ကြာသူတို့အမေ ကိုမတွေ့ရင် ကလေးတွေစိတ်ပူနေပါဦးမယ်။ ဒီမှာဒေါ်ထွေးလည်း အဖော်ရှိတာပဲ အဖေကြီး ကျွန်မ အတွက် နောက်ဆံမတင်းပါနဲ့။ စိတ်ချလက်ချ တာသွားပါ ရှင်”
“အေးပါကွာ မင်းကျန်းမာရေးကို အထူးဂရုစိုက်နော်… ကိုယ်လည်း ရောက်ရောက်ချင်းဖုန်းဆက်ပါ့မယ် ”ရောက် ရောက်ချင်းဖုန်းဆက်ပါ့မည်ဟု ပြောသွားသောခင်ပွန်းသည်သည် နှစ်ပတ်မြောက်တဲ့အထိဖုန်းကပေါ်မလာသည့် အတွက်ကြောင့် ညိုစိတ်ပူမိသည်။ ဖုန်းသံမြည်တိုင်း ခင်ပွန်းသည်ဆီကများလား။သားနဲ့သမီးတို့ဆီကများလား ဟု မျှော်လင့်ချက်တို့ ပျက်သွားရမြဲပင်။
“ကလင်…ကလင်..”
ဟော..ပြောရင်းဆိုရင်းဖုန်းသံကမြည်လာပြန်သည်။ဒီတစ်ခါတော့ ညိုမျှော်လင့်ထားတဲ့သူတွေဆီက ဖြစ်မှာပါလို့..စိတ်ကူးပြီး ဖုန်းအကိုင်မှာတော့…
“ဟေ့..မယ်ညို..”
“ဟုတ်ကဲ့..ပြောပါ..”
“အမလေး …မယ်ညိုရယ် ကိုယ်ပါကွ… မစိုးပါ။ မတွေ့ တာကြာတော့ မေ့နေပြီလား။မိန်းမနော် ကျွန်မကတော့ သတိရနေရတာ ရှင်ကတော့ အရာရာ ကိုမေ့နေပြီပေါ့လေ…”
“ဟယ်..စိုးရေ ကိုယ်မမေ့ပါဘူးကွာ။ ရုတ်တရက်ဆိုတော့ ကျွန်မကြောင်သွားလို့ပါ..”
“ကဲ..ကဲ.. တော်ပါ..တော်ပါ.. ရှင်အားရင် ကျွန်မအိမ်ကို လာခဲ့ပါလား။ ဒီမှာဧည့်သည်ရောက်နေတယ်ကွ။ ရှင်နဲ့ တွေ့ချင်လို့တဲ့ကွ..”
“ဧည့်သည်..ဟုတ်လား..ညိုနဲ့တွေ့ချင်ရင် ညို့အိမ်ကိုလာခဲ့ပေါ့ကွ။ဘယ်သူများလဲ..”
“လုပ်မနေနဲ့ညိုရေ…တို့တစ်တွေဆုံတုန်း ပျော်ပျော်ပါး ပါးတွေ့ကြမယ်ကွာ။ ငယ်ဘ၀အလွမ်းပြေပေါ့..ဒါပဲနော်။ လာဖြစ်အောင်သာလာခဲ့ပေတော့။ မယ်မင်းကြီးမရေ…”
စိုးကတော့ ဖုန်းချသွားလေပြီ။ လာမယ်မလာဘူးဆို တဲ့စကားတောင်မပြောလိုက်ရပါ။ စိုးသည် ငယ်က အကျင့်ကို ယခုချိန်အထိ မပျောက်သေး။ တစ်ဇွတ်ထိုး လုပ်သည့်နေရာတွင် နှစ်ယောက်မရှိသူဖြစ်လေသည်။ ညိုလာမည်ဟု တစ်ထစ်ချယုံကြည်ကာ ဖုန်းချသွား သည့် သူငယ်ချင်းမျှော်နေမှာစိုးတာကြောင့်ရယ်၊ ညို့ကိုတွေ့ ချင်တာဘယ်သူများလည်းဆိုတာ သိချင်တာရယ်ကြောင့် စိုးဆီကို အရောက်သွားဖို့ ဆုံးဖြတ်လိုက်မိပါသည်။
……………………..
အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဆိုတဲ့ စကားအတိုင်းပဲ ကျွန်မဟာမလာသင့်တဲ့နေရာကို လာခဲ့ မိပြီဆိုတာကို စိုးအိမ်ရောက်မှသိခဲ့ရတာပါ။ ညိုဟာ.. သူငယ်ချင်းတွေပျော်ပျော်ပါးပါးပြန်ဆုံကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ စိုးအိမ်ကိုအလာ…ဧည့်ခန်းမှာ ထိုင်နေတဲ့ သူကိုတွေ့လိုက်ရတော့ လှည့်ပြန်သွားဖို့ဆုံးဖြတ်လိုက်မိ တယ်။ ဟုတ်တယ်လေ..ညိုဟာ မြန်မာအမျိုးသမီးတစ်ယောက်၊ ပြီးတော့ ခင်ပွန်းသည်အပေါ်သစ္စာရှိတဲ့ အိမ်ရှင်မကောင်း တစ်ယောက်ပဲဖြစ်ချင်တယ်လေ။ ခင်ပွန်းသည်ကွယ်ရာ မှာ ညိုစိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အခြားယောက်ျား တစ်ဦးနဲ့နှစ်ယောက်ထဲ စကားလက် ဆုံကြဖို့ မသင့်တော်ဘူးဆိုတာ ညိုသိတယ်။ ဒါကြောင့် လှည့်ပြန်မယ်အလုပ်မှာ…
“ဟေ့..မယ်ညို..အမလေးကွာ စိုးကမင်းလာမှ လာပါ့ မလားလို့ စိတ်တထင့်ထင့်နဲ့။နာရီဝက်ရှိ လို့မှမလာရင် စိုးက မင်းအိမ်ကိုလိုက်ပြီးခေါ်တော့မလို့ကွ..သိလား..”
“တော်စမ်းပါစိုးရယ်။ ညိုကိုတွေ့ချင်တဲ့ဧည့်သည်ဟာ ဦးမင်းထက်နိုင်မှန်းသိရင် ညိုမလာပါဘူး။ တကယ်တော့ စိုး..ညို့ကို ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ညိုလာမိ တာမှားသွားပြီ…”
“မမှားပါဘူးညိုရယ်..ဧည့်သည်ဟာ ကိုယ်ပါဆိုရင် ညိုလာမှာမဟုတ်မှန်းသိလို့ စိုးကိုမပြောခိုင်းတာပါကွယ်..”
“အင်းပေါ့လေ..ရှင်ဟာအမြဲတမ်းလိမ်ညာဖုံးကွယ်တတ်တဲ့ သူဆိုတော့ ဒီကိစ္စဟာ ရှင့်အတွက်မဆန်းပေမယ့် ကျွန်မ အတွက်တော့ ဆန်းတယ်ရှင့်။ ခင်ပွန်းသည် ကွယ်ရာမှာ ရည်းစားဦးနဲ့ချိန်းတွေ့တယ်ဆိုပြီး ပတ်ဝန်းကျင် သိသွား ရင်မကောင်းဘူးရှင့်။ ကျွန်မရဲ့ဂုဏ်သိက္ခဏာ ၊ကျွန်မ ခင်ပွန်းရဲ့ ဂုဏ်သိက္ခာ၊ ပြီးတော့…ကျွန်မသားသမီး တွေ ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းရအောင် ရှင်တမင်ဖန်တီးထား တာတော့ မဟုတ်လောက်ပါဘူးနော်..”
“ပြောရက်လိုက်တာ ညိုရယ်…ကိုယ်ဟာ တဒင်္ဂသာယာ မှုနောက် ကိုလိုက်ခဲ့မိတဲ့အတွက်ကြောင့်သာ မင်းအပေါ် ကို သစ္စာမဲ့သလိုဖြစ်သွားရတာပါကွယ်။ တကယ်တော့… ကိုယ်ဟာ ညို့ကိုအခုချိန်ထိ…ချစ်…”
“တော်ပါရှင်..လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေပါနဲ့.. ရှင့်မှာလည်း ရှင့်အိမ်ထောင်နဲ့အခြေတကျဖြစ်နေပါပြီ။ ကျွန်မမှာလည်း ကျွန်မအိမ်ထောင်နဲ့ ကျွန်မအခြေ တကျဖြစ်နေပါပြီ။ ကျွန်မဟာ ကျွန်မရဲ့မိသားစု ဘ၀လေး ပြိုကွဲ အောင် ကာယကံ၊ ၀ဇီကံနဲ့ကျူးလွန်သူမှန်သမျှကို ကျွန်မအသက်နဲ့ လဲပစ်မယ်သိလား။ ရှင့်လိုသစ္စာမရှိ ကတိမတည်သူရဲ့ပါးစပ်ကထွက်လာတဲ့စကားတွေကို ကျွန်မ ယုံကြည်မယ်ထင်သလား..ဦးမင်းထက်နိုင်. .ဝေး ပါသေး ရဲ့ရှင်..”
“ပြောချင်တာသာပြောပါတော့ ညိုရယ်။ ကိုယ်ကမင်းပြော သမျှကို ခါးဆီးခံဖို့ရောက်လာတဲ့သူပါကွာ။ ကိုယ့်ရဲ့ အပြစ်တွေကို ကိုယ်ပေးဆပ်ဖို့ရောက်လာတာပါ။ ဒီဘ၀ နဲ့မကျေလည်းနောင်ဘ၀အထိလိုက်ပြီးဆပ်မယ့်သူပါ ကွာ။ အခုလည်း မင်းကိုတောင်းပန်ချင်လွန်းလို့ ရောက် လာ တဲ့သူပါ။ ညိုရဲ့ခွင့်လွှတ်ဖို့ကို မမျှော်လင့်ရခဲ့ပေမယ့် ညို့ကိုတောင်းပန်လိုက်ရရင်ပဲ ကိုယ်ကျေနပ်ပါပြီ။ ကိုယ် ဟာ ညိုနဲ့တွေ့ပြီးတောင်းပန်ရုံကလွဲပြီး ညို့ရဲ့ဂုဏ် သိက္ခာညှိုးနွမ်းအောင် အနှောင့်အယှက်ပေးမယ့် သူမဟုတ် ဘူးဆိုတာတော့ ယုံစေချင်တယ်ကွာ။ ကိုယ်လည်း.. အခုသစ္စာစူးနေပါပြီကွာ..”
“အဲဒါကတော့ ရှင်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အရာတွေပဲ မဟုတ်လား။ တော်ပါတော့ရှင်..အခုမှတော့ တယောလာ ထိုးမနေပါနဲ့တော့။ ဟိုတစ်ချိန်တုန်းကလို ရှင်ပြောတိုင်း ယုံမယ့် ခပ်ညံ့ညံ့ညိုမဟုတ်တော့ဘူးဆိုတာ ရှင်မြဲမြဲ မှတ်ထားပါ ဦးမင်းထက်နိုင်။ ကျွန်မရဲ့ဂုဏ်သိက္ခာ ကိုလေးစား ရင် ရှင်ရှေ့ဆက်ဇာတ်လမ်းမဆင်ပါနဲ့တော့။ ကျွန်မဟာ ကျွန်မခင်ပွန်းသည်အပေါ် သစ္စာရှိတဲ့မြန်မာ အမျိုးသမီးကောင်းတစ်ယောက်၊ဟီရိသြတ္တပ္ပတရား လက်ကိုင်ထားတဲ့ မိန်းမကောင်းတစ်ယောက်အဖြစ်နဲ့ ပဲ လောကအလယ်မှာ ရပ်တည်သွားပါရစေ။ ရှင့်အနေနဲ့ ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် ကျွန်မကို မဆက် သွယ်ပါနဲ့တော့ ဦးမင်းထက်နိုင်…”
ညိုလည်းဦးမင်းထက်နိုင်ကို ပြောချင်တာတွေပြောကာ ပြန်လာမိလိုက်တာ စိုးကို နှုတ်မဆက်မိမှန်းကို အိမ်ရောက်မှသာ သတိထား မိတော့ တယ်ရင်ထဲမှာတော့ နာကျင်ခြင်း ၊ဒေါသဖြစ်ခြင်းတွေ နဲ့ ဗလောင်ဆူနေပြီ။
“ဟော..ညိုရေ..ဆရာကြီးဆီကဖုန်းလာတယ်။ခဏနေ ရင်ပြန်ဆက်မယ်တဲ့..”
တစ်ချိန်လုံးထိုင်မျှော်နေတုန်းကတော့ ပေါ်မလာ။ လာမည့်လာတော့ လည်း ညိုအပြင်သွားမှပဲလာရ တယ် လို့။ခွင့်လွှတ်ပါ အစ်ကိုကြီးရယ်..ညိုလေ.. အစ်ကိုကြီး ကွယ်ရာမှာ လော်လီဖောက်ပြားလိုတဲ့စိတ်နဲ့ ဦးမင်း ထက်နိုင်ကို သွားတွေ့ခဲ့တာ မဟုတ်ပါဘူးရှင်။ ညိုဟာ အစ်ကိုကြီးကိုလေးစားမြတ်နိုးပြီး အစ်ကိုကြီးအပေါ်မှာ ဘယ်သောအခါမှ သစ္စာဖောက်မယ့်သူမဟုတ်ဘူးဆိုတာ ယုံပါအစ်ကိုကြီးရယ်..။ပြီးတော့.. ညိုရဲ့သား သမီးတွေ လောကအလယ်မှာ မျက်နှာငယ်ရအောင်လည်း မလုပ်ဘူးဆိုတာ ယုံပါအစ်ကိုကြီးရယ်..”
“ကလင်..ကလင်…”ဟူသည့်အသံကြောင့် ညိုရဲ့အတွေး အာရုံပျက်သွားသည်။ အစ်ကိုကြီးရဲ့ဖုန်းပဲဖြစ်ပါစေလို့ ဆုတောင်းပြီး အကိုင်မှာတော့…
“ညိုလေးလား..အစ်ကိုကြီးပါ။ ခုနကဖုန်းဆက်သေး တယ်။ ညိုလေးအပြင်သွားတယ်ဆိုလို့ ညိုလေး အသံကြား ချင်တာနဲ့ ဖုန်းဆက်လိုက်တာ။ ဘယ်လိုလဲ ညိုလေးနေကောင်းတယ်မဟုတ်လား…”
“ဟုတ်ကဲ့…အစ်ကိုကြီး ညိုနေကောင်းပါတယ်။ ဒါနဲ့ အစ်ကိုကြီးရောအဆင်ပြေရဲ့လားဟင်..အစ်ကိုကြီးအဆင် မှ ပြေပါ့မလားလို့ ညိုမှာစိတ်ပူနေရတာ..”
“ပြေပါတယ် ညိုလေးရယ်။ ညိုလေး ရဲ့မေတ္တာစေတနာကြောင့် အစ်ကိုကြီးဘ၀မှာ အရာအားလုံးအဆင်ပြေခဲ့ တာချည်းဘဲ မဟုတ်လား..”
“အစ်ကိုကြီးအဆင်ပြေရင်ညို့ကိုလာခေါ်ကွာ။ ညို အစ်ကိုကြီး နဲ့လိုက်ခဲ့မယ်..”
“ဟောဗျာ…ဆိုင်းမဆင့်ဗုံမဆင့်ပါလား မရွှေညို.. အစကတည်းက လိုက်ခဲ့ပါဆိုတော့ အိမ်ကိုစိတ်မချရ တာနဲ့၊ သားသမီးတွေနဲ့အဆက်အသွယ်ပြတ်မှာစိုးတာနဲ့ ဘာလဲ..အခုတော့..အစ်ကိုကြီးနဲ့မခွဲနိုင်လို့လားဟင်..ညိုလေး ဒါမှမဟုတ် စိတ်မချလို့လာ။စိတ်ချပါ ညိုလေးရယ်.. အစ်ကိုကြီးမှာ ညိုလေးနဲ့သားသမီးသုံးယောက်ကလွဲပြီး တွယ်တာစရာမရှိပါဘူးကွာ..”
“ကဲပါ..အစ်ကိုကြီးရယ်၊အစ်ကိုကြီးအလုပ်အားအားချင်း ညို့ကိုလာခေါ်ပါနော်..”
“အိုကေ..ညိုလေးရေ…စိတ်ချလာခေါ်မယ်..ဟုတ်ပြီလား..”
ညိုသည် ခင်ပွန်းသည် ဦးကျော်ကျော်မောင်နှင့် ဖုန်းပြောပြီး မှစိတ်ထဲမှာ အနည်းငယ်ပေါ့ပါးသွားသည်။ ခင်ပွန်းသည် ဦးကျော်ကျော်မောင်လာခေါ်လျှင် လိုက် သွားတော့မည်။ သားနှင့်သမီးတို့ဆီကိုတော့ ဖုန်းနဲ့ ပဲ အကြောင်းကြားလိုက်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက် သည်။
“ညိုရေ..မိုးတွေအရမ်းသည်းလာပြီ။ ပြတင်းတံခါးတွေ ပိတ်လိုက်မယ်နော်..”
ဟော…ပြောရင်းဆိုရင်း မိုးတွေရွာလာပြန်ပြီ။သြော်… မိုး… မိုး… မိုးရွာတိုင်းမှာ ညိုအတွက် ရင်ထဲမှာ ခံစားချက် တစ်ခု မဟုတ်တစ်ခုကြုံနေရတာ တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် တမင်သက်သက်ဖန်လာတဲ့ ကံကြမ္မာ ကိုဘဲ ရိုးမယ်ဖွဲ့ရမလား။မိုးဟာ ညို့ကိုပျော်ရွှင်မှု၊ ၀မ်းသာ ကြည်နူးမှုကိုလည်း ပေးသလို စိတ်ညစ်စရာ ကြေကွဲ စရာတွေနဲ့ကြုံရတာလည်း ဒီမိုးပဲမဟုတ်လား။ ဘယ်လို ဘဲပြောပြော မိုးက ပေးတဲ့အမှတ်တရတွေကတော့ ညို့အတွက် ကုန်ရောကုန်ပါဦးမလားဟု… စိတ်မှာတွေးမိရင်း……………………………………

အားသစ်ဝေယှက် တွဲလက်ခိုင်ညီ ရွှေပြည်တော်သစ် မူးယစ်ကင်းစင်

အစဉ်ရွှင်လန်းတက်ကြွနေတတ်သည့် မေသစ္စာတစ်ယောက် ယနေ့ပို ၍ပင်တက်ကြွနေမိသည်။
သြစတေးလျနိုင်ငံမှ Master Battadနှင့် အဖွဲ့ရောက်ရှိ လာမည်။ (၇)ရက်တာ လှည့်လည်မည်။ မြန်မာ့ယဉ်ကျေး မှုအမွေအနှစ်များကို အထူးပြုလေ့လာမည်ဖြစ်ကြောင်း ကြိုသိထားရသည်။ သည် အတွက် မေသစ္စာတက် ကြွနေခြင်းဖြစ် သည်။ ထိုသို့သော ကမ္ဘာလှည့်ခရီးသည် များမှ တစ်ဆင့် “ကမ္ဘာမှာ မြန်မာဟေ့”ဟုဝံ့ကြွားခွင့် ရတော့မည် မဟုတ်ပါလား။ ရောက်လာသမျှသော Forengerများကို မြန်မာတို့၏ စိတ် အလှနှင့်ရုပ်အလှ ကို ပြောပြလမ်းညွှန်ရသော အလုပ်ကို သစ္စာဂုဏ်ယူ သည်။
လေယာဉ်ဆိုက်တော့ ည၇း၄၅နာရီရှိပေ ပြီ။ မေသစ္စာ ကြာကြာမစောင့်လိုက်ရပါ။ Master Battadနှင့် အဖွဲ့ရောက်ရှိလာသည်။
“Hello…Master …Wearmy Welcome from Myanmar” ဟု ဖော်ရွေပျူငှာစွာ နှုတ်ဆက်မိသည်။
“ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်။ အခုလို ဖော်ရွှေ ပျူငှာ စွာ ကြိုဆိုတဲ့အတွက်လည်း ၀မ်းသာကြည်နူးမိပါ တယ်”
Master Battad၏ ပီသကြည်မြသော မြန်မာသံ စစ်စစ်နှုတ် ထွက်စကားကြောင့် မေသစ္စာ အံ့သြ သွားရ သည်။ မေသစ္စာ၏မျက်ဝန်းအလှုပ်ကို အကဲဖမ်း လိုက်နိုင်သော Master Battadက ….
“သြော်….အရမ်းအံ့သြနေသလားခင်ဗျာ၊ကျွန်တော်က သြစတေးလျနိုင်ငံသားဖြစ်ပေမယ့် ရန်ကုန်ချက်မြှုပ်ပါ။ ဒီနိုင်ငံမှာ ကျွန်တော်ဆယ်နှစ်သား အထိ နေထိုင်ခဲ့ပါ တယ်.။ ကျွန်တော့်ဇာတိချက်ကြွေ မွေးရပ်မြေရဲ့ သဘာဝ အလှနဲ့ရိုးရာယဉ်ကျေးမှုအလှတွေကို လေ့လာချင်လို့ အခုလိုလာခဲ့ရတာပါ်။ လေ့လာစရာတွေက များ၊ အချိန်က (၇)ရက်ထဲဆိုတော့ မမေသစ္စာကိုပဲ အားကိုးရတော့ မယ်..”
“ဟုတ်ကဲ့..ရပါတယ်ရှင် အခု… Master Battadတို့ အဖွဲ့အတွက် ဆီဒိုးနားဟိုတယ်မှာ စီစဉ်ထားပါတယ်။ ဒီနေ့ညတော့ ကောင်းကောင်းအနားယူပြီးနောက်နေ့ကျမှဘဲ တိုင်းရင်းသားကျေးရွာကို သွားလည်ကြတာပေါ့ နော်..”
“တိုင်းရင်းသားကျေးရွာဆိုတာ ဘာလဲဟင်…သူက ရွာတစ်ရွာဘဲလား”
“ဟုတ်တယ်လို့ပြောလို့ရပါတယ်။ကျွန်မတို့မြန်မာနိုင်ငံကြီး ဟာ ပြည်ထောင်စုဖွားတိုင်းရင်းသားမျိုးနွယ်စုပေါင်း(၁၃၅) မျိုးနဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။တိုင်းရင်းသားကျေး ရွာ ဆိုတာကလည်း မြန်မာတစ်နံတစ်လျားမှာ ရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုကို တစ်နေရာထဲမှာ လေ့လာနိုင်အောင်စီစဉ်ထားတာ လေ။ တိုင်းရင်းသားကျေးရွာကိုရောက်သွားတာနဲ့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကို ရောက်သွားပြီလို့သတ်မှတ်နိုင်ပါတယ်…”
မေသစ္စာရှင်းပြချက်ကို Master Battadက လက်ခံသွား သည်။ သို့သော် ထင်မှတ်မထားသော ထောင့် ဖြတ်မေး ခွန်းတစ်ခုကို Master Battadက မေးဖြစ်အောင်မေး လိုက်သေးသည်။
“သြော်..ဒါနဲ့မမေသစ္စာကို တစ်ခုလောက်မေးချင်ပါတယ်။ မင်းတို့နိုင်ငံမှာ မူးယစ်ဆေးဝါးတွေကို တရားမ၀င် ထုတ် လုပ်နေတယ်။ရောင်းဝယ်နေတယ်။ ဘိန်းချက်စက်ရုံတွေ လဲ အများကြီးဆိုတာ ဟုတ်ပါသလား…”
မေသစ္စာအကြောက်အကန်ငြင်းလိုက်သည်။ ငြင်းဆိုချက်အတွက်ခိုင်လုံသော အထောက်အထားပြ ရန်ကိုလည်း ခေါင်းထဲတွင် စီစဉ်လိုက်သည်။
“No…..No….ကျွန်မတို့မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး လုံးဝ ကင်းစင်တဲ့နိုင်ငံတစ်ခုပါ။ ဒေသအလိုက် ဘိန်းမဲ့ ဇုံ တွေကိုလ်ညးကမ္ဘာသိအောင် ကြေငြာပြီးသားပါ။ ဒီ ကိစ္စက ကိုလိုနီစနစ်ကထားခဲ့တဲ့အမွေဆိုးတစ်ခုပါ။ ကျွန်မတို့နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနဲ့ ပတ်သက်လို့ဆောင်ရွက်နေတာတွေ အောင်မြင်နေ တာတွေ ကို အချိန်ရရင်ရသလောက် ရှင်းပြချင်ပါသေး တယ်..။
………………………………………
“ကလင်..ကလင်…” ဖုန်းသံမြည်လို့ကောက်ကိုင်လိုက်သည့်အခါတွင်ထင် မှတ် မထားသော ဘုန်းလက်ျာဖြစ်နေသည်။ ကျောင်းပြီး သည်မှစကာ လုပ်ငန်းခွင်ဝင်သွားသည့်တိုင် ဘုန်းလက်ျာ သည် အချိန်အားရလျှင်ရသလို ဖုန်းဆက် တတ် သည်။ မေသစ္စာဘုန်းလက်ျာနှင့်ထိပ်ထားတို့သည် ငယ်ကျွမ်းဆွေများဖြစ်ကြသည်။ တစ်ယောက်အခက် အခဲရှိလျှင် တစ်ယောက်ကကူညီဖြေရှင်းပေးတတ် ကာ မွေးချင်းထက်ရင်းကြသည်.။ဘုန်းလက်ျာဒုရဲအုပ် အဆင့်ဖြင့် မူးယစ်ဗဟိုတွင် တာဝန်ထမ်းဆောင်နေ သည်။ ထိပ်ထားက မူးယစ်ပြတိုက်မှာတာဝန်ကျသည်။ ဧည့်လမ်းညွှန်ဖြင့်ခြေထောက်ဗွေပါနေသော မေသစ္စာနှင့် လူချင်းတွေ့ရန်ကားခက်လှသည်။
“မေရေ…ငါမန္တလေးကနေဆက်နေတာဟ။ နောက်နှစ်ရက်လောက်နေရင် ငါသင်တန်းဆင်းရတော့မယ်။ သင်တန်းပြီးခွင့်လေးရ တုန်းနင်တို့နဲ့တွေ့မလားလို့။တို့တွေမဆုံဖြစ်တာကြာပြီမဟုတ်လား။ ဟိုထိပ်ထားမရော နင်နဲ့တွေ့ဖြစ်သေးလား…”
“အေး…တွေ့တယ်ဟ။နင်နဲ့မတွေ့ရတာသာကြာနေတာ။နင်..အခုတက်နေတာ ဘာသင်တန်းလဲ..”
“မူးယစ်အထူးအဖွဲ့သင်တန်းပါ…”
“ဟယ်..ဟုတ်လား။ နင်သင်တန်းဆင်းရင်လာဖြစ်အောင် လာခဲ့ဟာ။ အခုငါ လိုက်ပြီး Guideလုပ်ပေးနေရ တဲ့နိုင်ငံခြားသား ဧည့်သည်အဖွဲ့က မူးယစ်ဆေးဝါး အကြောင်းစိတ်ဝင်စားနေတယ်ဟ။ ငါတို့နိုင်ငံမှာ မူးယစ်ဆေး ၀ါးပပျောက်ရေးအတွက် ဘယ်လောက်ကြိုး ပမ်း ခဲ့ရသလဲဆိုတာနင်လာပြီးရှင်းပြဟာ..” “အမလေးမေသစ္စာရယ်။နင်ကလဲ ငါတို့သူငယ် ချင်းတွေ အေးအေးဆေးဆေးတွေ့ရမလားမှတ်တယ်။ တကတဲမှ ပဲ သူကအလုပ်အပ်နေပြီ။ ကဲ..ကဲ…နင်ရမယ့် Guideကြေးထဲက ငါ့ကို ဝေစုတစ်ဝက်ပေးရင်လာခဲ့ မယ်..”
“အေးပါ..ဘုန်းလက်ျာရယ်..နင်ကလဲတကယ်ပဲ ပြောမပြောချင်ဘူး။ မူးယစ်ကင်းစင်နေတဲ့ တို့ရဲ့ရွှေပြည်သစ်ကြီး အကြောင်း ကို ခေါင်းမော့ရင်ကော့ပြီး ပြောပြရတာ နိုင်ငံသား တစ်ယောက်အနေနဲ့ဘယ်လောက်ဂုဏ်ယူဖို့ ကောင်းလိုက်မလဲ။ ငါကနင့်ကို ဂုဏ်ဒြပ်တွေရစေချင်လို့ဟဲ့..သိရဲ့လား..” ………………………………..
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးဆောင်ရွက်မှုများကို ဘုန်းလက်ျာနှင့်မေသစ္စာတို့ရှင်းပြနေသည်။
“Master ခင်ဗျား. ကျွန်တော်တို့နိုင်ငံမှာ အစိုးရ အဆက်ဆက် ကမူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင် ဘယ်အစိုးရကမှ လျစ်လျူရှုမထားခဲ့ ပါဘူး။ ရှေးမြန်မာ မင်းများရဲ့ လက်ထက်ကလည်း ဥပဒေထုတ်ပြန်ပြီး တား မြစ်ခဲ့တယ်။ လွတ်လပ်ရေးရပြီးပြန်တော့လဲ အစွမ်း ရှိသမျှ ကာကွယ်တားဆီးမှုတွေလုပ်ခဲ့ကြပါတယ်။ ဒီဘက် ပိုင်း ကျတော့လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၃အရ မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်း လဲ စေသော ဆေးဝါး များဥပဒေ ကိုပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေရဲ့ရည်ရွယ်ချက်(၅)ချက်အနက်က လူသား မျိုးနွယ် ပျက်သုဉ်းစေမည့် မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်း လဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ထမ်းဆောင်သွားဖို့ ဆိုတာပါတယ်..”
“အမျိုးသားရေးတာဝန်တစ်ရပ်ဆိုတာ ဘာလဲဟင်..”
“သြော်..ဒီလိုပါ။မူးယစ်ဆေးဝါးရဲ့ဆိုးဝါးလှတဲ့ အန္တရာယ် ကို ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိဖြင့် ကာကွယ်တားဆီးဖို့ရာ မှာ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်လို့ဆိုလိုတာပါ..”
“oh good “
“ကျွန်တော်တို့မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက် လို့ ထုတ်လုပ်မှုပပျောက်အောင် တားဆီးနှိမ်နင်း ခဲ့ပါ တယ်။ ဒီကိစ္စမှာ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အကောက်အခွန်တို့က အဓိကတာဝန် ယူဆောင်ရွက်ပါ တယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ တိကျခိုင်မာတဲ့ စီမံချက်တွေရေးဆွဲပြီးမူးယစ်အထူးတပ်ဖွဲ့ဖွဲ့စည်းဆောင် ရွက်ခဲ့တာမနည်းတော့ပါဘူး။ ရဲမင်းအောင်စစ်ဆင်ရေး၊ ဂုမ္မာန်စစ်ဆင်ရေး၊ နေမင်းအောင်စစ် ဆင်ရေး၊ တံခွန် တိုင် စစ်ဆင်ရေးစတဲ့ စစ်ဆင်ရေးတွေနဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးကာကွယ်ခဲ့ပါတယ်။
“oh…အတော်ကို အလေးထားလုပ်ဆောင်တာပါလား..”
“ဟုတ်ပါတယ်…မူးယစ်ဆေးဆိုတာကလဲ အများသိကြတဲ့ အတိုင်း လူသားအားလုံးရဲ့ရန်သူ၊ လူသား တွေရဲ့ စံနှုန်းတွေကို ပျက်ကြားအောင်ဖျက်ီးနေတဲ့ အဓိကလက်သည်ပါ။ဒီအဖျက်ရန်စွယ်ကို နှိမ်နင်းတားဆီးဖို့ ဆိုရာမှာ မျက်နှာစာအသီးသီးကချဉ်းကပ်နိုင်ဖို့လိုပါတယ်။ ရေရှည် လုပ်ငန်းဖြစ်လို့ အချိန်အား ငွေအားစိုက်ပြီး အားထုတ်ပြီး လုပ်ဆောင်သွားရမှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နဲ့ပတ်သက်ပြီးသူတစ်ပါးအကူအညီရသည်ဖြစ်စေ မရ သည်ဖြစ်စေ မမှိတ်မသုန်ဆောင်ရွက်သွားမှာပါ။ ကျွန် တော်တို့ရည်မှန်းတာက ခရစ်နှစ် ၂၀၁၅မှာဘိန်း လုံးဝပပျောက်ရမယ်။ဒီရည်မှန်းချက်ပေါက်မြောက်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်သွား မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်..”
“ဟုတ်ပါတယ်ရှင်…ကျွန်မတို့မြန်မာနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဘယ်လောက်များအလေးအ နက်ထားပြီးဆောင်ရွက်နေ တယ်ဆိုတာ Masterကိုသက်သေပြစရာရှိတယ်…”
“သက်သေပြမယ်…ဘာနဲ့သက်သေပြမှာလဲ …Miss”
“မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်ကြီးနဲ့လေ…”
“oh..wonderful…”
………………………………………………….
မေသစ္စာနှင့်ဘုန်းလက်ျာတို့သည် နိုင်ငံခြာသားဧည့်သည်များကို မူးယစ်ပြတိုက်သို့ လိုက်ပို့ကြလေ သည်။ထိပ်ထားက ဦးဆောင်ကာ မူးယစ်ပြတိုက် အကြောင်းကို ရှင်း လင်းပြောပြနေ သည်။
“ဒီမူးယစ်ပြတိုက်ကြီးဟာ ကျွန်မတို့မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကင်းစင်တယ်ဆိုတဲ့ အထိမ်းအမှတ် ပါ။ ပြတိုက်ဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်ကလာရောက်လေ့လာတဲ့သူအားလုံးကို မူးယစ်ဆေးဝါး၏ ကြောက် မက်ဖွယ် အန္တရာယ်ကြီးမား ပုံနဲ့ ဆက်နွယ်ပေါ်ပေါက်နိုင်သောဆိုးကျိုးခံစားရပုံတို့ကို သိရှိပြီး သင်ခန်းစာယူရှောင် ရှားနိုင်ဖို့ပဲဖြစ်ပါတယ်..”
“Yes good…နိုင်ငံတိုင်းမှာ ဒီလိုမျိုးရှိသင့်တယ်…”
“ရှိသင့်တာတော့ဟုတ်ပါပြီ။ ဒါမျိုးက တမင်ဖန်တီးယူလို့ မရဘူးလေ။ ရင်ထဲမှာ တကယ်ခံယူချက်ရှိမှ ဖြစ်နိုင် တာမျိုးပါ။ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးကိုသိရုံသာသိပြီး ကင်းစင်အောင် မဆောင်ရွက်နိုင်ဘဲနဲ့ ဒီလိုပြတိုက် မျိုးရှိသင့်ပါ့မလား..မစ္စတာ။ ကျွန်မတို့ ရဲ့ ပြတိုက်ကြီး ကမူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို မြန်မာတွေရဲ့ သဘော ထားအမြင်နဲ့ ထင်ဟပ်ပြတဲ့အထိမ်းအမှတ် လည်းဖြစ်တယ်။ နောက်ပြီး ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးပ ပျောက်အောင်ကြိုးပမ်းခဲ့တဲ့သမိုင်းမှတ် တိုင်ကြီးလည်းဖြစ်ပါတယ်။ ပြီးတော့…မြန်မာတို့ ရဲ့နှလုံးသားပြတိုက်ဆို လည်းဟုတ်ပါတယ်..”
“အိုး…နှလုံးသားပြတိုက်..ဟုတ်လား။ သိပ်ထိမိတဲ့ တင်စားချက်ကလေးပဲ။ တို့တစ်ခန်းချင်းလိုက်ကြည့် ချင်တယ်။Youလိုက်ပြပေးနော်..”
နိုင်ငံခြားသား ဧည့်သည်များသည် မူးယစ်ပြတိုက် အတွင်းရှိပြ ကွက်များကို စိတ်ပါဝင်စားစွာ လိုက်လံ ကြည့်ရှုနေကြသည်။ Master Battadကလွှတ် ကနဲ ဝေဖန်လိုက်သည်။
“စိတ်ကူးလေးကမဆိုးပါဘူး။ဒါမျိုးတွေက ဖန်တီးယူလို့ရ တာပဲမဟုတ်လား။ ဒီလိုဝေဖန်လို့စိတ်မဆိုးနဲ့ နော်..”
စိတ်ဆိုးချင်စရာဖြစ်သော်လည်း သဘော ထားပြည့် ၀သောအိမ်ရှင်ပီပီ ထိပ်ထားက အပြုံးမပျက် ဆက် လက်ရှင်းပြသည်။
“စိတ်မဆိုးပါဘူးရှင်၊ တကယ်တော့ ဒါတွေဟာ စိတ်ကူးကောင်းကောင်းနဲ့လုပ်ကြံဖန်တီးပြထားတာ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံမှာ အေးချမ်းသာယာ လာတာနဲ့အမျှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နိုင်ငံနှင့်အ၀ှမ်း တပြေးညီဖြစ်ထွန်းအောင် ကြိုးပမ်းခဲ့ပါတယ်။ တစ်ဖက် ကလည်း ကမ္ဘာ့လူသားတစ်ရပ်လုံး အားခြိမ်းခြောက်နေ တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တဲ့ ဆေးဝါး အန္တရာယ်မှ ကင်းဝေးစေရန် ကြိုးပမ်းမှုကိုလည်း တစ်ပြိုင် တည်းဆောင်ရွက်ခဲ့ကြပါတယ်။ တကယ်တော့ ဒီ မူးယစ်ဆေး ၀ါးဆိုတာ မြန်မာ့မြေက စခဲ့တာ မဟုတ်ပါဘူး။ ဘိန်းဆိုတာ မြန်မာ့မြေရောက်အောင်တိုင်းတစ်ပါး သားတွေက သယ်လာတာပါ။ ဖွံ့ဖြိုးမှုနည်းပါးတဲ့ တိုင်းရင်း သားတွေဟာ စားဝတ်နေရေးအရရော အကြောက်တရားအရပါ ဘိန်းစိုက်ပေးရတာ အမြစ် တွယ်လာခဲ့တာ ထင်ရှားတဲ့သက်သေအထောက် အထားတွေရှိပါတယ်။ အခုတော့ ဒီမူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကြီးမားပုံတွေကိုလည်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသိအောင်နိုင်ငံတော်က ကြိုးပမ်းဆောင် ရွက်နေသလိုပဲ ဖွံ့ဖြိုးတိုးတက် မှုနောက်ကျခဲ့ တဲ့နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ၊ နယ်စပ်ဒေသတိုင်းရင်းသားပြည်သူတွေရဲ့ဘ၀ တိုး တက်မြင့်မားလာအောင် မြှင့်တင်ပေးနေပါတယ်။ အခုဆိုရင် ဘိန်းအစားထိုးသီးနှံများစိုက်ပျိုးလာနိုင်ခြင်းဖြင့် မူးယစ်ကင်းစင်ထူးသစ်လွင်တဲ့ နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာ ၀င့်ထယ်နိုင်ခဲ့ပါပြီ။ ဒီပြတိုက်ကြီးဟာ လည်း မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မူးယစ် ဆန့်ကျင်ရေး သမိုင်းသက်သေတစ်ခုပါဘဲ..”
“နယ်စပ်ဒေသတွေမှာ ဘိန်းမစိုက်တော့ဘူးပေါ့နော်..”
“မစိုက်တော့ပါဘူး။ဘိန်းအစားထိုးသီးနှံတွေစိုက်ပျိုးပြီးတော့ ဖွံ့ဖြိုးတိုးတက်နေပါပြီ..”
“ဒီနေရာတွေကိုရော သွားလေ့လာလို့ရမလား…”
“လှိုက်လှဲစွာဖိတ်ခေါ်ပါတယ်…Master…”
………………………………………………………
ရဟတ်ယာဉ်ပေါ်မှ မြင်တွေ့နေရသော ရှမ်းရိုးမ၏ မညီညာ မပြေပြစ်သောတောင်ကုန်းတောင် တန်းချိုင့် ၀ှမ်းလွင်ပြင်မြစ်စဉ်မြစ်ချောင်းအသွယ်သွယ်တို့ကို ငေးမော ရင်းအားလုံး၏ရင်တွင်းတွင်အတွေးကိုယ်စီ ဖြန့်ကျက်နေ ကြလေသည်။ ဘုန်းလက်ျာမှအပ ကျန်သည့် သူများသည် ပတ်ဝန်းကျင်သစ်၏အလှအပများကို စိတ်ပါဝင်စား စွာကြည့်မ၀ရှုမ၀နိုင်အောင် ညှို့ငင်စွဲဆောင်နေလေတော့ သည်။
ဘုန်းလက်ျာကတော့မူ ဒီဒေသနှင့်မစိမ်းလှပေ။ မူးယစ် ဗဟို တွင် တာဝန်ယူစဉ်ကတည်းက ရှမ်းတောင်တန်း တွင် ဆန့်ထွင်ခဲ့ရသော သူ၏ခရီးစဉ်ကား မိုင်ပေါင်းထောင်သောင်းမကပြီ။ ဝေဟင်ခရီးသာမက မြေပြင်ခရီး ထို့နောက်ခြေလျင်ခရီးကလည်း မရေတွက်နိုင် ၊ယခုခရီး စဉ်တွင်လည်း မြန်မာနိုင်ငံအတွင်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်၊သယ်ဆောင် ရောင်းဝယ်ဖောက်ကားခြင်းမရှိတော့ဘဲ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးကာ ဘိန်းပ ပျောက်ရေး အတွက် တစ်နိုင်ငံလုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း က နိုင်ငံခြားသားခရီးသွားဧည့်သည်များသိရ လေအောင် လိုက်လံပြသပေးရသဖြင့် စိတ်အားတက်ကြွနေသည်။
တစ်ချိန်က ဘိန်းမှိုင်းနှင့်ယမ်းငွေ့ဝေနေသော ထိုဒေသ သည် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှုနောက် ကျခဲ့ပေ သည်။ မဖွံ့ဖြိုးသည့်အထဲ ဆက်သွယ်ရေးခက်ခဲမှုကြောင့် လူမျိုး စီးပွားတို့ ချွတ်ခြုံကျခဲ့ရသည်။ ယခုမူ နိုင်ငံတော် ၏ကြီးမားသောအမြင်၊ ပေါ်လွင်သောစေတနာ အရပ်ရပ် တို့ကြောင့် တစတစတိုးတက်ဝေစည်နေပေ ပြီ။ ဧည့်သည်ကို ခင်မင်တတ်ပြီး ဖော်ရွှေလှိုက်လှဲပျူငှာမှုကား ထိုဒေသရှိပြည်သူတို့၏ ရိုးရာအစဉ်အလာပင်။ ကြိုတင်အကြောင်းကြားထားသဖြင့် ဘုန်းလက်ျာတို့ အဖွဲ့ကို ရွာသူကြီးဦးအိုက်နော်က အစဉ်သင့်စောင့်ကြိုနေ သည်။
“ဟာ..ဆရာ..ကြွပါခင်ဗျာ…ဆရာလာမယ်ဆိုလို့ ကျွန်တော်တို့အားလုံးဝမ်းသာနေကြတာ..”
“အော်..ဟုတ်လား။ကျွန်တော့်ကိုခင်မင်နွေးထွေးစွာနဲ့ ကြိုတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ခင်ဗျာ..။ဟောဒီ က နိုင်ငံခြားသားဧည့်သည်တွေက ပန်းဂျုံစိုက်တာကို လေ့လာချင်တယ်ဆိုလို့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်လိုက်ပို့တာပါ..”
“အော်….ဒါအတွက်လား၊ကျွန်တော်တို့တစ်တွေရဲ့ဆောင်ရွက်ချက်ကို တကူးတကလေ့လာဖို့လာတာပဲ ဗျာ။ လှိုက်လှိုက်လှဲ လှဲကြိုဆိုပါတယ်။ကဲ..ပြော ကျွန်တော်တို့ ဘာကူညီရ မလဲ..”
ဦးအိုက်နော်က ၀မ်းပမ်းတသာကြိုဆို မှုကြောင့် မေသစ္စာက ၀င်ပြောလိုက်သည်။
“သိပ်တော့အထွေအထူးမဟုတ်ပါဘူးရှင်…ဟောဒီကဧည့်သည်တွေကို ဘိန်းအစားထိုးသီးနှံဘာ ကြောင့်စိုက်တယ်ဆိုတာကိုပဲ ရှင်းပြပေးပါနော်..”
“သြော်..ဒါနဲ့မိတ်ဆက်ပေးရဦးမယ်။သူကတော့ မေသစ္စာ တဲ့ ဧည့်လမ်းညွှန်ပါ။ သူကတော့ ဒုရဲအုပ် ထိပ်ထားပါ။ သူတို့ကတော့ နိုင်ငံခြားသားဧည့်သည်တွေပါခင်ဗျာ..”
“ဟုတ်ကဲ့..တွေ့ရတာ ၀မ်းသာပါတယ်။ လိုအပ်တာကိုပြောပါ. ကျွန်တော်တို့ကူညီပါ့မယ်ခင်ဗျာ..”
“သိပ်တော့ ထွေထွေထူးထူးမရှိပါဘူးရှင်..။ဧည့်သည်တွေ ကိုသာ ဘိန်းအစားထိုးသီးနှံဘာကြောင့်စိုက်ခဲ့ ရသလဲ ဆိုတာ ရှင်းပြပေးပါနော်..”
“အော်..ဟုတ်ကဲ့ခင်ဗျ။ မူးယစ်ဆေးဝါး ချုပ်ငြိမ်း ပပျောက်ရေး အတွက် ကျွန်တော်တို့နယ်စပ်တွေ မှာ နိုင်ငံ တော်က ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးနိုင်အောင် လမ်းညွှန်ကူညီပေးခဲ့ပါ တယ်။မူးယစ်ဆေးဝါးရဲ့သံသရာ လည်ပုံကိုကြည့်ရင် စိုက်ပျိုးသူရှိလို့ ထုတ်လုပ်သူရှိတာပါ။ထုတ်လုပ်သူရှိတော့ သိုလှောင်မယ်။ သယ်ဆောင် မယ်။ရောင်းဝယ်ဖောက် ကားမယ်။အဲ..၀ယ်လို့ရပြီဆိုတော့လည်း သုံးစွဲသူက ရှိလာပြီပေါ့။တကယ်လို့သာစိုက်ပျိုး သူမရှိရင် ဒီသံသရာ ဟာ လည်စရာမရှိတော့ဘူးပေါ့ဗျာ..။တကယ်တော့ အရင်ကလည်းဘိန်းစိုက်ချင်လို့စိုက်ခဲ့ကြ တာမဟုတ်ပါ ဘူး။ ၀မ်းရေးအတွက် ထွက်ပေါက်အနေနဲ့ သာစိုက်ခဲ့ကြ တာပါ။အခြေအနေအရပ်ရပ်နဲ့အခက်အခဲမျိုးစုံတွေကြောင့် ဘိန်းကို မစိုက်ချင်ဘဲစိုက်ခဲ့ကြရတာပါလေ။ အခုတော့… ဘိန်းအစားထိုးသီးနှံ၊ဘိန်းအစားထိုး မွေးမြူရေးတဲ့။ နိုင် ငံတော်က အားပေးကူညီလာပြီလေ။ ပြီးတော့လဲ အဘက်ဘက်က ခေတ်နောက် ကျခဲ့တဲ့ ကျွန်တော်တို့ ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လဲ ငွေကုန်ကြေး ကျမြောက်မြားစွာစိုက်ထုန်အကုန်အကျခံပြီး ဆောင်ရွက်ပေးခဲ့တယ်။ ခု…ကျွန်တော်တို့စိုက်ထားတာ ပန်းဂျုံပေါ့။ နိုင်ငံတော်က မျိုးစေ့ပေးတယ်။ ဈေးကွက် ရောက်အောင် ဈေးကောင်း ရအောင်ဖန်တီးပေးတယ်။ကျွန်တော်တို့ဘိန်းမစိုက် ကြတော့ဘူး။ ပန်းဂျုံပဲ စိုက်ကြ တော့တယ်….။
ဦးအိုက်နော်၏ရှင်းလင်းတင်ပြချက်ကို နိုင်ငံခြားသားဧည့်သည်များစိတ်ဝင်စားစွာနားထောင်ကြသည်။ Master Battadက ကြားဖြတ်မေးခွန်းမေးလိုက်သည်။
“ဘိန်းမစိုက်ပဲ ပန်းဂျုံစိုက်တော့ ဘာများထူးသလဲ။ စီးပွားရေးကော ဘယ်လိုနေလဲ..”
“သိပ်ကောင်းတာပေါ့ဗျာ..။ တစ်ဘက်ကလဲ တစ်နိုင် တစ်ပိုင်မွေးမြူရေးရှိနေတော့ ဟန်ကျပန်ကျနေနိုင် ပြီပေါ့…”
“ဘိန်းကောစိုက်ဦးမှာလား..”
“ဘယ်စိုက်မှာလဲဗျာ…ဘိန်းစိုက်တာထက်ပိုပြီး စီးပွားရေးကောင်းနေမှတော့ လူသားအညွန့်တုံးမဲ့ ဘိန်း ကိုတော့ ကျွန်တော်တို့လုံးဝမစဉ်းစားတော့ပါဘူး..”
“ဟုတ်ပါတယ်ရှင်…ကျွန်မတို့နိုင်ငံမှာ ဘိန်းပပျောက်ရေး အတွက် အဘက်ဘက်က ဆောင်ရွက်နေပါတယ် ။ဒေသ ခံပြည်သူတွေလက်တွဲပါဝင်ဆောင်ရွက်နေတာလဲ Masterတို့အမြင်ပါဘဲ။ ကျွန်မတို့ရဲ့ရည်မှန်းချက် ကတော့ ခရစ်နှစ် ၂၀၁၅မှာ မြန်မာ့မြေပေါ်မှာ မူးယစ်ဆေး ၀ါးပျောက် ကွယ်ရေးပဲဖြစ်ပါတယ်။
Master Battadက ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။
……………………..
နောက်သုံးလခန့်အကြာတွင်ဖြစ်သည်။ နိုင်ငံခြားသားဧည့် သည်တစ်ဦးအကြုံနှင့်ယူဆောင်လာသော စာ တစ်စောင်နှင့်စာနယ်ဇင်းစာအုပ်တစ် ထုတ်ကြီး ကို မေသစ္စာလက်ခံရလိုက်သည်။ Master Battadက ပို့ပေးလိုက်ခြင်းဖြစ်သည်။
Miss May
တစ်ခုသောခရီးစဉ်မှာ အတူသွားခံဘူးတဲ့ Master Battadပါ။ ကျွန်တော်ဟာ Journelist တစ် ယောက် ပါ။ကိုယ့်ဇာတိမြန်မာပြည်ဟာ မူးယစ်ဆေးဝါးနဲ့ပတ် သက်ပြီး ကမ္ဘာမှာ နာမည်ကြီးနေတာကို ဘ၀င်မကျ နိုင် ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်တာဝန် အရ မြန်မာနိုင်ငံ နဲ့မူးယစ်ဆေးဝါးအနေအထားကို ပြုစုရေးသားဖို့ မြန်မာ နိုင်ငံကိုလာခဲ့တာပါ။ ကျွန်တော်တို့ခရီးစဉ် တစ်လျှောက် မှာ Miss Mayတို့ သူငယ်ချင်းတို့ ကူညီခဲ့တဲ့အတွက် ကျွန်တော်အထူးကျေးဇူးတင်ပါတယ်။
ဒါပေမယ့် အဲဒီခရီးစဉ်မှာရရှိခဲ့တဲ့ သတင်းအချက် အလက်တွေပေါ်မှာ ကျွန်တော်ဘ၀င်မကျခဲ့ဘူးဆိုတာ ၀န်ခံပါရစေ။ အဲဒါကြောင့် ကျွန်တော်တစ်ယောက်တည်း တစ်ခေါက်ပြန်လာခဲ့တယ်. မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး Meida ပေါင်းစုံမှာ ဖော်ပြလေ့ရှိ တဲ့ နေရာပေါင်းစုံ အကြောင်းအချက်ပေါင်းစုံတို့ကို ထပ်မံလေ့လာဖြစ်တယ်။
နောက်ဆုံးကောက်ချက်ဆွဲလိုက်ရင် Miss May တို့ လိုက်ပို့တဲ့ခရီးစဉ်မှာ ရရှိခဲ့တဲ့ အချက်အလက်တွေ ရယ် ကျွန်တော်တစ်ယောက်ထဲသွားခဲ့တဲ့ ခရီးစဉ်မှာ ရရှိခဲ့တဲ့အချက်အလက်တွေရယ် တစ်ထပ်တည်းဖြစ်နေ တာတွေ့ရပါတယ်။ ဆိုလိုတာက ကျွန်တော်ဘ၀င်မကျခဲ့ တာမှားနေတယ်လို့ပါ…။
တကယ်တော့ မြန်မာနိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှမတူဘဲ မူးယစ်ဆေးဝါးဆန့်ကျင်ရေးကို အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ်ဆောင်ရွက်နေတာ၊ တစ်ခြားနိုင်ငံတွေရဲ့ အကူအညီရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ မဆုတ် မနစ်ဆောင်ရွက်သွားမှာ ၂၀၁၅ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးပပျောက်ရေးရည်မှန်းချက်ထားတာတွေ ဟာ ငြင်းပယ်မရတဲ့ သစ္စာတရားတွေဆိုတာ ကျွန်တော်ပြတ်ပြတ်ထင်ထင်တွေ့ခဲ့ရပါတယ်။
ကျွန်တော်တွေ့ရှိသလို ကမ္ဘာပြည်သူတွေသိစေဖို့“ အားသစ်ဝေယှက် တွဲလက်ခိုင်ကျည် ရွှေပြည်တော် သစ် မူးယစ်ကင်းစင်..”ဆိုတဲ့ခေါင်းစဉ်နဲ့ ခရီးသွားဆောင်း ပါးတွေရေးဖြစ်ပါတယ်။သတင်းဓာတ်ပုံဆောင်းပါးစာ အုပ်တွေလဲရေးဖြစ်ပါတယ်။
အခု..ကျွန်တော့်စာအုပ်တွေကို လက်ဆောင် အဖြစ်ပေး လိုက် ပါတယ်။ ကျွန်တော့်လက်ဆောင်တွေဟာ မပြောပလောက်ပေမယ့် တိုင်းတစ်ပါးရောက် မြန်မာ့ ဇာတိဖွားကလောင်သမားတစ်ယောက်ရဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်မှုတစ်ခုအနေနဲ့ မှတ်ယူနိုင်ပါစေ…။
ခင်မင်ရင်းနှီးမှုဖြင်….
Master Battad
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တိုက်ဖျက်ရေးနေ့ ကို ဂုဏ် ပြုကြိုဆို...
…………………………………

မှတ်သားမိတဲ့စာလေးတစ်ခု
မှတ်သားမိတဲ့စာလေးတစ်ခု
မျက်စိမမြင်တဲ့ဘောလုံးအသင်းနဲ့ စိတ်မနှံ့တဲ့ဘော်လုံး အသင်းတို့ ယှဉ်ပြိုင်စကား ခဲ့ကြပါ တယ်။စိတ်မနှံ့တဲ့ သူတွေရဲ့နည်းပြကဂိုးသွင်းနိုင်တဲ့သူက အနိုင်ပဲ ဂိုးသေ ချာ သွင်း ဖို့ ပြော လိုက်ပါတယ်။ မျက်စိ မမြင်တဲ့ဘော်လုံး အသင်းကိုသူတို့နည်းပြကဘာမှမပူနဲ့ဘောလုံးမှာ ခြူလေးေ တွတပ် ထားပေးမယ် ။ခြေထောက်မှာ လည်းခြူလေးတွေ တပ်ထားပေး မယ်။ ဂိုးတိုင်နားမှာ လည်းခြူလေးတွေတပ် ထားပေးမယ်ပေါ့ရဲရဲဝံ့ဝံ့ကန်ကြပါလို့ပြောပါတယ်။အဲ..တစ် ဖက်အသင်းကိုလည်းသူတို့ရဲ့ဆရာကပြောတယ်။ ဘာမှမပူနဲ့ ။ဘောလုံးဂိုးအရေ အတွက်များများသာသွင်း လို့ ဆိုတယ်။ ဂိုးများများသွင်းနိုင်တဲ့အသင်းကအနိုင်ရမှာ ပဲ လို့မှာလိုက်တယ်တဲ့။ အဲဒီလိုယှဉ်ပြိုင်ကစားကြတဲ့ အချိန်မှာ မျက်စိမမြင်တဲ့အသင်း က တစ်ဂိုးမှမသွင်းရပဲ စိတ်မနှံ့တဲ့ အသင်းကို ၁၀ဂိုး ဂိုးမရှိ အနိုင်ရရှိသွားပါ တယ်တဲ့။ အကြောင်းကတော့ စိတ်မနှံ့တဲ့ ဘော်လုံး အသင်းက ကိုယ့်ဂိုး ကိုပြန်သွင်းမိလို့လေ။ သူ့တို့နည်းပြ က ဂိုးများများသွင်းနိုင်တဲ့အသင်းက အနိုင်ရ မယ် ဆိုတော့ ခေါင်းဆောင်ကနေစပြီးကိုယ့် ဂိုးကို ပြန်သွင်း.. ကျန်တဲ့သူတွေကလည်း တစ်ဂိုးပြီး တစ်ဂိုးသွင်းနဲ့ (၁၀) လုံး တိတိဖြစ်သွားပါလေရော။ သူတို့တွေးလိုက်တာက ဂိုးသွင်းဖို့ပဲ အရေးကြီးတာလေ။ သူ့ဂိုးပေါက်ထဲ သွင်းရ မလား။ကိုယ့်ဂိုးပေါက်ထဲသွင်းရမလား။ သိမှမသိတာ။ တစ်ဖက်အသင်းရဲ့ဂိုးဧရိယာထဲမှာ သွားသွင်းနေရင် မျက်စိမမြင်တဲ့သူတွေ ကိုရှောင်ရ တိမ်းရ ပြီးတော့ ဟို ဘက်ဂိုးကအဝေးကြီးဆိုတော့ နီးတဲ့ဂိုးပေါက်ထဲကိုပဲ သွင်းလိုက်တာလေ။ အဲဒီတော့ ကိုယ့်ဂိုးတိုင်ထဲကို ကိုယ်ပြန်သွင်း လိုက်တဲ့ အတွက် မျက်စိမမြင်ရ တဲ့ သူ တွေ က တစ်ဂိုးမှမသွင်း ရပဲ အနိုင်ရရှိသွား ပါတယ် တဲ့။ ဒီစာလေး ကိုဖတ်မိပြီးတဲ့နောက်မှာအမြင်အာရုံတွေ ဘယ်လောက်ပဲ ချို့ယွင်းနေ ပါ စေ။အသိမချို့ယွင်းဖို့ လိုပါတယ်ဆိုတဲ့ အတွေးအမြင်လေး တစ်ခုရရှိခဲ့ရပါ တယ်။

ကျောင်းဖွင့်ချိန်ဝယ်…..
ကျောင်းဖွင့်ချိန်ဝယ်…..
ကျောင်းတွေဖွင့်ပါပြီ။ ပညာသင်နှစ်တစ်နှစ် စတင်ခဲ့ပါ ပြီ။ ကျောင်းပရ၀ုဏ်အတွင်းဆရာ/မများ၏စာသင်သံ၊
ကျောင်းသားများ၏ စာအံသံ၊ အဖြူအစိမ်းဝတ်ကျောင်း သား/သူလေးများ၏ တက်ကြွဖြတ် လတ်တဲ့ လှုပ်ရှား မှုလေး များဖြင့် အခြေခံပညာကျောင်းများ စတင်သက် ၀င်လှုပ်ရှားလာခဲ့ပါပြီ…။
ကလေးများကျောင်းသွားကျောင်းပြန်လာကြသည်ကို ကြည့်ရင်း မိမိလည်း ငယ်ရွယ်စဉ် ကျောင်းသား ဘ၀ ကို ပြန်လည်တွေးတောရင်း လွမ်းဆွတ်လာခဲ့ပါတော့ သည်။ ဇွန်လဆန်းဆိုလျှင် ကျောင်းများပြန်ဖွင့်ပြီ။ ကျောင်းဖွင့်စအချိန်သည် မိုးတွင်းကာလဖြစ်ပါသည်။ စိန်ပန်းများလည်း ပင်လုံးကျွတ်ပွင့်နေ တတ်ရာ စိန်ပန်း ပွင့်များပေါ်မှာ မိုးစက်မိုးပေါက်များ သူ့ထက်ငါ အရင်ခုန် ဆင်းနေသည့် မြင်ကွင်းလေး သည် ပျော်ရွှင်ကြည်နူး ဖို့ကောင်း သလိုလွမ်းမောဖို့လည်းကောင်းလှပါသည်။ မိုးသံလေသံ တခြိမ်းခြိမ်း၊ ကျောင်းခေါင်မိုးများပေါ်တွင် မိုးပေါက်များကျဆင်းမှုများကြောင့် စာသင်မရတော့ သည့် အချိန် ဆို ဆရာမရော ကျောင်းသား/သူများပါ အပြင် ကိုငေးကြည့်နေရကာ ကျောင်းအဆင်း မိုးမတိတ် လျှင်… ဆိုတဲ့ အတွေးကလည်း ၀င်လာခဲ့ပြန်ပါ သည်။ ဟုတ်သည် လေ…ကျောင်းဝတ်စုံ အင်္ကျီ အသစ်လေး များ၊ ကျောင်းစာအုပ်များကို မိုးစိုမှာကို အားလုံး စိုးကြောက်ကြသည်မှာလည်း မဆန်းပါ။ ဒါပေမယ့် ….မိုးရွာလျှင်တော့ ပျော်ပါသည်။ ပညာလိုချင်သောကြောင့်၊စာသင်ချင်သောကြောင့်
ကျောင်းကို လာခဲ့ကြပေမယ့် ….အကြောင်းအမျိုး မျိုးကြောင့် စာမသင်ဖြစ် လျှင်…ပျော်ကြသည် မှာ ကျောင်း သား/ သူများရဲ့ အစဉ်အလာပင်….။အဲဒါက အတိတ်က ပုံရိပ်လေးများကို သတိရသည့်အတွက် ရေးသားခြင်းပါ။ ယနေ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေသကဲ့ သို့ “ပညာခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင် နိုင် မည့်အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင်အဖွဲ့ အစည်းပေါ် ထွန်းရေး ”ဟူသော ပညာရေး ၀န်ကြီးဌာန၏မျှော်မှန်းချက်၊ ပညာရေး ဖြင့်ခေတ်မီ ဖွံ့ဖြိုးသော နိုင်ငံတော်ကြီး တည်ဆောက် အံ့” ဟူသောပညာရေးဆောင်ပုဒ်နှင့်အညီ ပညာရေးနှင့် ပတ် သက်၍ လည်း ပြုပြင်ပြောင်းလဲမှုများလုပ် ဆောင်နေ သည် ကို တွေ့ရှိရပါသည်။
ယခုပညာသင်နှစ်မှစ တင်၍ အခြေခံပညာကျောင်းများ ၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်းများ၏ အတန်း တင်စာမေးပွဲ များ ကို အစိုးရစစ်စနစ်သို့ ပြောင်းလဲစစ်ဆေးသွား မည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
အစိုးရစနစ်သို့ပြောင်းလဲသွားသည်မှာကောင်းတော့လည်း ကောင်းပါသည်။ ဆရာစစ်စာလျှင် အစိုးရစစ်ဆိုတော့ ပိုပြီးအသက်ဝင်လေး နက်လာလိမ့်မည်ဟုထင်ပါသည်။ ခက်နေသည် က မြန်မာပြည် ပညာရေး သည် အဖြေလွှာပေါ်မှာသာ ဆုံးဖြတ်နေသည်ဖြစ်သောကြောင့် ကြက်တူးရွေးနှုတ်
တက် ပဲဖြစ်နေသည်။ အစိုးရပဲ စစ်စစ်၊ ကျောင်းတွင်း ဆရာစစ်ပဲဖြစ်ဖြစ် သိပ်မထူးခြားဟုထင်ပါသည်။ အတန်း ပညာသင်ယူရင် ကလေးများ၏ Mind Setကိုပါ ပြုပြင်ပေး ရမှာဖြစ်ပါတယ်။ သင်ခန်းစာကို ပြီး အောင်တာဝန်ကျေရုံ သက်သက်သာဆိုလျှင် ကလေးများသည် တစ်နှစ်တစ် တန်း မှန်မှန်တက်နေရ သော်လည်း အတွေးအမြင် အသိပညာဗဟုသုတ ကြွယ်ဝမလာဘဲ ကျောင်းသာပြီး သွားရတဲ့အဖြစ် မျိုးတွေရှိခဲ့ပါတယ်။ Graduactedဆို သည်က အတန်းပညာရေးဆိုင်ရာတွင် ဘွဲ့တစ်ခုရ ရှိခြင်းသာ ဖြစ် ပြီး Educatedဆိုသည်က “အသိဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့်လူမှုပိုင်းဆိုင်ရာပြည့်စုံခြင်းသဘောတို့ ပါဝင်ပါသည်။ ထို့အတွက်ကြောင့် ကျောင်းသားလူငယ်များကို ငယ်ရွယ် စဉ်မှစတင်ကာအတန်းပညာရောအသိပညာရော ပြည့် ၀စေ ရန်လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
စာရေးသူတို့ငယ်ရွယ်စဉ်အခါက ဆရာ/ဆရာမများသည် အကြောင်းအရာတစ်ခုကို သင်တော့မည်ဆိုလျှင် ၄င်းနှင့် ဆက်စပ်သည့်အကြောင်းအရာများကို ဗဟုသုတအဖြစ် အရင်ပြောပြလေ့ရှိပါသည်။ သင်ထောက်ကူပစ္စည်းများဖြင့်လည်း ရှင်းလင်းပြသလေ့ရှိ ပါသည်။ ထို့နောက်မှသင်ခန်းစာကိုဆက် လက် သင်ကြားပေးပါသည်။ သည့်အတွက် စာရေးသူတို့ အနေဖြင့် အတန်းပညာရော အတွေ့အကြုံ ဗဟုသုတ များပါ ရရှိခဲ့ပါသည်။
Gradite- A person who has been awarded a first academic degree, successfully complete a degree.
Educate- Give intellectual, moral and social instruction to
Graduaction တွင် အမြင့်ဆုံး ph.D ရကာ မိမိရဲ့ နာမည်ရှေ့ တွင် ဒေါက်တာဟု တပ်ခံရပြီး သည့်နောက် တွင် အတန်းပညာပြီးဆုံးသောကြောင့် ဘွဲ့ရသည့်သူ များနှင့်ထူးမခြားနားလှပါ။ အသိ ဆိုင်ရာ Intellectual သဘောပါသည့် Education တွင်မူ ကျောင်း ပညာရေး အပြင် အခြားသိမှုပညာ များပါသိမြင်တတ်ကျွမ်းနား လည်သဘောပေါက်သည့်အသိပညာရှင်ဖြစ်ပြီး “ခပ်၍ မကုန်၊ ယူ၍မခန်း ” လောက်အောင် အသိအမြင်ဗဟု သုတကြွယ်ဝသည့်သူမျိုးဖြစ်အောင် ငယ်စဉ်ကလေး ဘ၀ ကတည်း ကစတင်ကာ သိမှုသဘော၊ ဝေဖန် ဆန်းစစ် တတ်သည့်သဘော၊ အတွေးအမြင် ဗဟုသုတများ ကို ကလေးငယ်များ၏ဦးနှောက်ထဲသို့ စိမ့်ဝင်ပျံ့နှံ့ သွားအောင် သင်ကြားပြသပေးရ မှာဖြစ်ပါ တယ်။ အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊ သိပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာဆိုတဲ့ အတိုင်း ဆရာကျင့်ဝတ်နှင့်အညီသင်ကြား ပြသပေးစေ လိုပါသည်။
(၂၀၁၄-၁၅)ခုနှစ်ပညာသင်နှစ်အတွက် မူလတန်း၊အ လယ်တန်းကျောင်းလခကင်းလွတ်ခွင့် ပေးခြင်းသည်
ကျောင်းသားမိဘများအတွက်တော့ သောကတစ် ၀က်အေးငြိမ်းစေပါသည်။ သို့ သော် အသွင်သဏ္ဍာန် ပဲပြောင်းလဲနေရုံနှင့်မရ အနှစ်သာရပါ ပြောင်းလဲဖို့ လို အပ် ပါသည်။
ယနေ့အချိန်မှာ မြန်မာနိုင်ငံ၏ပညာရေးစနစ်ကိုပြောင်းလဲရန်အတွက် သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ တစ်ဖြေးဖြေး ချင်းပြောင်းလဲလာသည်ကိုတော့ တွေ့နေသည့်အတွက် ၀မ်းသာမိပါသည်။
မိဘများသည်သန္ဓေတည်ချိန်ထဲကသားလေးမွေးရင်လက် ရုံး သမီးလေးမွေးရင်မျက်လုံးလို့မျှော်လင့်ထားကြသည် မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ် သစ်မှစတင်ကာ အရွယ်ရောက်လာသည်အထိ အရိပ်တ ကြည့်ကြည့်ဖြင့်နေလိုကြသည်။ပညာတတ်ကြီးများဖြစ်စေ ချင်ကြသည်။ သူ့ထက်ငါအပြိုင်အဆိုင် အကောင်း ဆုံးကျောင်းမှာထားလိုကြသည်။ အကောင်းဆုံး ကျူရှင် မှာ ထားလိုကြသည်။ အကောင်းဆုံးဆရာ/မများကို အိမ်မှာခေါ်သင်ကြသည်။ နာမည်ကြီး ဘော်ဒါများသို့ကျောင်းအိပ်ကျောင်းစားထားကြ သည်။ စာမေးပွဲရှိလျှင်လည်းမိဘများသည် သူတို့ မဖြေရုံ တမယ်ပင်။ အချို့မိဘများက သားသမီးများကို ချစ်တတ် ကြပြီးအချို့မိဘများသည် အချစ်လွန်ကြသည်များကို မျက် ၀ါး ထင်ထင်တွေ့မြင်နေရပါသည်။ မိမိသားသမီး များကို ပညာတတ်ကြီးဖြစ်စေချင် ကြသည်မှာမိဘတိုင်း၏စိတ်ထဲ မှာရှိနေမှာအမှန်ပါ။သို့သော်….ချစ်တတ်ဖို့တော့လိုပါသည်။
ကျောင်းသားလူငယ်များသည်လည်း ငယ်ရွယ်စဉ်အခါမှ စတင်ကာ အသိပညာအတတ် ပညာများကို ကောင်းမွန် စွာလေ့လာသင်ယူသင့်ပါသည်။ လူငယ်တို့သည် အနာဂတ်ရဲ့ကြယ်ပွင့် များပင်ဖြစ်ပါသည်။ ကြယ်ပွင့်များ အနာဂတ်မှာပိုမိုထွန်းလင်းတောက်ပဖို့ရန်မှာ မိဘ၊ဆရာ များ တွင် တာဝန်ရှိသကဲ့သို့ မိမိကိုယ်တိုင်လည်း တာဝန် ရှိပါသည်။ တစ်ချို့ကလေးများသည် (ကလေးတိုင်းကို မဆိုလိုပါ) မိဘ၊ဆရာသမားများ၏စေတနာကိုနားမလည် ဘဲကိုယ်ထင်ရာကိုယ်လုပ်တတ်ကြသည်။ နောင်မှနောင်တရနေမည့်အစား ယခုကတည်းကအသိပညာအတတ်ပညာများကို လေ့လာ ဆည်းပူး သင့်ပါသည်။
ဆရာ/မများအနေဖြင့်လည်း(အားလုံးကိုမဆိုလိုပါ) ကျောင်းသင်စာသင်ခန်းတွင် စာသင်သည် ကတစ်မျိုး၊မိမိကျူရှင်မှာလာသင်လျှင်တစ်ဖုံ၊ မိဘများက မိမိသားသမီးများကို ဂရုစိုက်အောင် ချဉ်းကပ် လျှင်တစ်မျိုးဖြင့် ပုံစံအမျိုးအသွင်အမျိုးမျိုးဖြင့်ပညာရေးလော ကကိုညှိုးမှိန်သွားအောင်လုပ် ဆောင်နေကြသည်များ လည်းတွေ့မြင်နေရပါသည်။
ယနေ့ခေတ်ယနေ့အခါသည်ပြုပြင်ပြောင်းလဲနေသည့်ကာ လဖြစ်သည်နှင့်အညီ ဒီမိုကရေစီ စံနှုန်း များနှင့်အညီ ကျင့်ကြံနေ ထိုင်ဖို့ရာမှာသည် မှန်ကန်တဲ့အသိ၊ အတွေး၊ မှန်ကန်တဲ့လုပ်ရပ် များဖြင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုပါသည်။ ပညာရေးနှင့်ပတ်သက်ကာ အသွင် သဏ္ဍာန် များ ပြောင်းလဲ ကုန်ပြီဖြစ်ပါသည်။ ထို့ကြောင့် ဆရာ၊မိဘ ၊ကျောင်းသားများကအနှစ်သာရပိုင်းကိုပြုပြင် ပြောင်းလဲဖို့ လိုအပ်ပါကြောင်း စေတနာဖြင့် အသိပေးအပ်ပါသည်။

Subscribe to:
Posts (Atom)