Friday, December 26, 2014

သမိုင်းဝင်အောင် သမိုင်းတင်ခဲ့သူများ


စာရေးသူ၏စာမူပါသော ရေနံချောင်းမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်မဂဇင်း တစ်အုပ်ကို ရာပြည့်မဂဇင်းကော်မတီ၏ ဂုဏ်ပြုလက်ဆောင်အဖြစ်ရရှိခဲ့သည်။ မဂဇင်းတွင် ကျောင်းသမိုင်း နှင့်ဖြစ်စဉ်၊ အမှတ်တရစာစုများ၊ ၀တ္ထုတို၊ဆောင်းပါး၊ပန်းချီ၊ ကာတွန်း၊ဓာတ်ပုံစသည်တို့ဝေေ၀ ဆာဆာပါ ရှိသဖြင့် ဖတ်ရသည်မှာကျောင်းနေစဉ် ငယ်ဘ၀ကိုပြန်လည်ရောက်ရှိသွား သယောင်ယောင်ခံစားရမိပါ သည်။စာမူပေါင်းများစွာအနက်မှ ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေးစာမူနှင့်ပတ်သက်သော အကြောင်းအရာ အချို့ကို မျှဝေသွားပါမည်။

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ ပါဠိဘာသာမှတ်စု

စာရေးသူတို့ကျောင်းသူဘ၀က ကျောင်းစာကြည့်တိုက်တွင်းသို့ဝင်လျှင်ဝင်ခြင်း လေးချောင်း ထောက်ခုံမြင့် ပေါ်ရှိမှန်သေတ္တာအတွင်းတွင်ဖွင့်လျှက်သားပြသထားသော မှတ်စုစာအုပ်ကလေးတစ်အုပ်ကို မြင်တွေ့နေ ကျဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်း၏မှတ်စုစာအုပ်ကလေးတစ်အုပ်ကို မြင်တွေ့နေကျဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏လက်ရေးမူရင်ဟု ကမည်းတပ်ထားသဖြင့်မကြာခဏကြည့်ဖြစ်ပါသည်။သို့သော် ပါဠိဘာသာ ကိုအင်္ဂလိပ်လိုရေးသားထားသဖြင့် ရေးသားထားသောမှတ်စုစာအုပ်ဟုသာသဘောထားခဲ့ပါသည်။ သို့သော် မဂဇင်းပါဆရာတော်ဦးရေ၀တ(ဓမ္မ၀ါစကပဏ္ဍိတ)၏ဗိုလ်ချုပ်၏ပါဠိမှတ်စုကို ဖတ်ရှုလေ့လာခြင်း ဆောင်းပါး ကို ဖတ်ရှုရမှ တန်ဖိုးကြီးမားလှသည်ကို သိရှိလိုက်ရသည်။

ထိုမှတ်စုစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၃၃ခုနှစ်က ပါဠိဘာသာကို အင်္ဂလိပ်လိုရေးမှတ်ထားသောမှတ်စုဖြစ်ပါသည်။ စာအုပ်အမည်ကိုလည်း Note of Paliဟု ရေးထားပြီး စာမျက် နှာ (၁)မှ (၆၁)အထိပါရှိပါသည်။ မှတ်သားထားသောအကြောင်းအရာများမှာ-

၁။ပဉ္စနန္တိယကံငါးပါး၊ 
၂။ အရိယာပုဂိုလ်များ၊ 
၃။ ဘုရားအလောင်း၏မယ်တော်တို့၏ဓမ္မတာ
၎။ ဓမ္မစက္ကပ၀တ္တနသုတ်၊
၅။ ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားချက်များ
၆။ ပါဠိဘာသာနှင့်စပ်လျဉ်းသော ဗိုလ်ချုပ်၏ရင်တွင်းမှတ်ချက်များ စသည်တို့ဖြစ်ကြသည်။
ဆောင်းပါးရှင်ဆရာတော်ကမူ ဗုဒ၀င်ဖွားတော်မူခန်းမှစကာ ဓမ္မပဒ၀တ္ထုအလယ် ဓမ္မစကြာအဖွင့်ခန်းနှင့် နိဗာန်အဆုံးမှတ်သားထားသဖြင့် ယနေ့စသင်တိုက်များတွင် သင်ကြားပို့ချနေသောအခြေပြုမူလတန်း မှသည် ဓမ္မာစရိယနှင့်ပရိယတ္တိ တက္ကသိုလ်အဆင့်သင်ရိုးများပါဝင်နေကြသည် ဟုဖော်ညွှန်းပါသည်။ ယင်း အပြင်“ ထိုပါဠိ ဘာသာမှတ်စုကိုကြည့်ရှုလေ့လာခြင်းဖြင့် ဗိုလ်ချုပ်၏ ဗုဒဘာသာအပေါ်ယုံကြည်သက်ဝင်မှု၊ ပါဠိသဒ္ဒါဥာဏ်နှင့်ပါဠိစာပေနှံ့စပ်ပုံ၊ဗုဒဘာသာတရားတော်များမှ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးစသော အသိ ပညာဗဟုသုတရအောင်သင်ယူအားထုတ်ခဲ့ပုံတို့ကိုလေ့လာသုံးသပ်နိုင်သောကြောင့်အဖိုးမဖြတ်နိုင်သော မှတ်စု ”ဟု မှတ်ချက်ပြု ပါသည်။

စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက The teachings of the Buddha are indeed wounderful. ဟု မှတ်သားထားသဖြင့် ဆောင်းပါးရှင်ဆရာတော်၏သုံးသပ်ချက်မှာ-

ပါဠိဘာသာတတ်ကျွမ်းနားလည်သူသည် ပါဠိ(ဘာသာ)စာပေမှရရှိသော အသိဥာဏ်ကို မှန်ကန်စွာ အသုံး မချတတ်သော လူယုတ်မျာသာဖြစ်ခဲ့ပါမူ မိမိကိုယ်ကိုသာမက တိုင်းပြည်နှင့်လူမျိုးကိုပါ ဒုက္ခရောက် အောင်ချောက်တွန်းနိုင်သကဲ့သို့ သူတော်ကောင်းစိတ်ဓာတ်ရှိသော ဗိုလ်ချုပ်ကဲ့သို့သော အာဇာနည် ပုဂိုလ် မျိုးသာဖြစ်ခဲ့ပါမူ အမှန်တကယ်လွတ်လပ်ရေးရအောင်ဆောင်ရွက်နိုင်ကြောင်းဖြစ်ပေရာမှတ်သားစရာ ဥာဏ် အလင်းဖြာခဲ့ရပေသည်။

ဖော်ပြပါ မှတ်စုစာအုပ်နှင့်ပတ်သက်သည့်ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖတ်ရှုရပြန်ပါသေးသည်။ ထိုဆောင်းပါးမှာ ဆောင်းပါးရှင် ကျော်လွင် (ရေနံ့သာ)၏ “သမိုင်းဝင်စာအုပ်နှင့် သမိုင်းတင်ရန် ရှာပုံတော်” ဖြစ်သည်။ ထိုစာအုပ်သမိုင်းကြောင်းကိုဖော်ထုတ်နိုင်ရန် အငြိမ်းစားဆရာကြီးများ၊ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက်သူငယ်ချင်းများ၏မိသားစုဝင်များ၏ပြောကြားချက်များ၊အထောက်အထားစာရွက်စာတမ်းလက်မှတ်များ၊ဗိုလ်ချုပ်နှင့်ပတ်သက်သောစာနယ်ဇင်းများကို အခြေပြုကာ ရေးသားထားသော ဆောင်းပါး ရှင်၏ လေ့လာအားထုတ်မှုကို လေးစားမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာမောင်အောင်ဆန်းသည် နတ်မောက်မြို့ ဦးသောဘိတကျောင်းမှ မြန်မာ  (၆)တန်းအောင်မြင်ပြီးနောက် ၁၉၂၈ခုနှစ်ဇွန်လတွင်ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း တွင် ဆက်လက်ပညာသင်ကြား ခဲ့သည်။ ၁၉၃၂ခုနှစ်တွင် မြန်မာ(၁၀)တန်းကို မြန်မာစာနှင့်ပါဠိဘာသာ(၂)ဘာ သာဂုဏ်ထူးဖြင့်အောင်မြင်သည်။ မောင်အောင်ဆန်း၏ ခုံအမှတ်မှာ (၁၂၈၃)ဖြစ်ပြီး သူငယ်ချင်း မောင်ကြည်စိန် ၏ ခုံအမှတ်မှာ (၁၂၈၈)၊မောင်အောင်ဆန်းညီဝမ်းကွဲမောင်အောင်၏ခုံးအမှတ်မှာ (၁၂၈၉)ဖြစ်သည်။ ထိုနှစ်မှာပင် အထက်တန်းအောင်လက်မှတ်ကိုချီးမြှင့်ရာ မောင်ကြည်စိန်၏ အောင်လက်မှတ် အမှတ်စဉ်မှာ(၆၂၇)ဖြစ်ပြီး၊မောင်အောင်ဆန်း၏အောင်လက်မှတ်အမှတ်စဉ်မှာ(၆၃၁)ဖြစ်သည်။ထိုလက် မှတ်ကိုမောင်အောင်ဆန်းကလာရောက်မထုတ်ယူသဖြင့်ကျောင်းကိစ္စကျောင်းစာမေးပွဲကိစ္စများကို ကျောင်း အုပ်ဆရာကြီးဦးပုနှင့်တွဲဖက်ဆောင်ရွက်ရသူ မောင်အောင်ဆန်းတို့၏ ဆရာဦးဘအုန်းက သိမ်းထားခဲ့ရ သည်။ ထိုလက်မှတ်ကို တပ်မတော်မော်ကွန်းတိုက်သို့ လှူဒါန်းထားပြီးဖြစ်သည်။

၁၉၃၂ခုနှစ်တွင် ကိုအောင်ဆန်းနှင့် ကိုကြည်စိန်တို့ ရန်ကုန်တက္ကသိုလ်ပဲခူးဆောင်တွင် အခန်းချင်းကပ် လျက်နေထိုင်ကာ စားအတူ သွားအတူရှိခဲ့ကြရသည်။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ဖေးမကာ စာအုပ်ငှားရမ်းမှုများရှိခဲ့သည်။ ကိုအောင်ဆန်းသည် စာအုပ်ငှားရမ်းပြီးပြန်ပေးသည့်အခါ “ကိုကြည်စိန်-ခင်ဗျားဆီက ငှားထားတဲ့စာအုပ်ပြန်ပေးလိုက်ပြီ”ဟု စာတိုရေးပြီး လက်မှတ်ထိုးလေ့ရှိသည်။ 

ကိုအောင်ဆန်းသည် အမျိုးသားအထက်တန်းကျောင်းသားဘ၀ကတည်းကပင် ပါဠိဘာသာ ထူးချွန်သဖြင့် ကိုကြည်စိန်သည် ကိုအောင်ဆန်းထံမှ ပါဠိဘာသာမှတ်စုစာအုပ်ကို မကြာခဏငှားရမ်းကြည့်ရှု ခဲ့ရသည်။ ယခုကျောင်းရှိစာအုပ်မှာ ကိုကြည်စိန်က ကိုအောင်ဆန်းထံမှ ငှားရမ်းခဲ့သော စာအုပ်ဖြစ်ပြီး ကိုအောင်ဆန်း က ပါဠိဘာသာသည် သူ့အတွက် အပမ်းမကြီးသောဘာသာဖြစ်ကာ သူငယ်ချင်းလေ့လာရန် အပြီး အပိုင်ပေးထားခဲ့ခြင်းဖြစ်ပါသည်။

၁၉၃၈ခုနှစ်တွင် ကိုအောင်ဆန်းနှင့်ကိုကြည်စိန်တို့ ၀ိဇာဘွဲ့ရရှိကြသည်။ ကိုအောင်ဆန်းက ဘီအယ်လ် ဆက်တက်ရ်ျ ကိုကြည်စိန်က ရေနံချောင်းသို့ပြန်လာခဲ့သည်။ ကိုကြည်စိန်၏ ဆရာဘ၀သည် အထက(၁)ဖြစ် လာမည့် နိုင်ငံတော်အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြဖြင့် ၂၅.၇.၁၉၄၇မှစတင်ခဲ့ပြီး ကျောင်းအုပ်ကြီးအဖြစ် အငြိမ်းစားယူခဲ့ပြီး ၁၉၇၃ခုနှစ်တွင် ဆုံးခန်းတိုင်ခဲ့သည်။

ဦးကြည်စိန်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၆၂-၆၃ပညာသင်နှစ်တွင် ပညာရေးပြပွဲ တစ်ရပ်ကို ကျောင်းဝန်းအတွင်းတွင် ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့သည်။ထိုပြပွဲတွင် ဘာသာရပ်ဆိုင်ရာပြ ခန်း များကို အပြိုင်အဆိုင်ခင်းကျင်းပြသခဲ့ကြရာတွင် သမိုင်းဘာသာရပ်ပြခန်းတွင် ဗိုလ်ချုပ် အောင်ဆန်း ၏လက်ရေးစာမူမှတ်စုစာအုပ်ကိုပြသခဲ့သည်။ ပြပွဲပြီးသည့်နောက် ကျောင်းစာကြည့်တိုက်တွင် ထား ရှိရန် ဆရာကြီးဦးကြည်စိန်က လှူဒါန်းခဲ့ခြင်းဖြစ်ပေသည်။

ငယ်စဉ်ကျောင်းသူဘ၀ကကျောင်းစာကြည့်တိုက်အတွင်းဝင်ထွက်ရင်း အမှုမဲ့အမှတ်မဲ့ရှိနေခဲ့သော မှတ်စု စာအုပ်အဟောင်းလေးက ပြောပြသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ စိတ်နေစိတ်ထားနှင့် ပါဠိဘာသာ တွင်ထူးချွန်ရာမှပါဠိဘာသာမှရရှိသောဥာဏ်အလင်းဖြင့် အမျိုးသားခေါင်းဆောင်ကြီးဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့ကြောင်းကို ရာပြည့်မဂဇင်းဖတ်ရှုရာမှ ပြည့်ပြည့်၀၀သိလိုက်ရပေတော့သည်။

                                                                                            ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

စာကိုး- ရေနံချောင်းမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ရာပြည့် မဂဇင်း






Tuesday, December 23, 2014

မြန်မာလွပ်လပ်ရေးဇာတာ

၁၉၄ရ-ခုနှစ်ဦးလောက်ကဖြစ်သည်။

ပြန်ကြားရေးဝန်ကြီး ဒီးဒုန်ဦးဘချိုသည် ပျဉ်းမနားဆရာဦးသန်းမောင်နှင့် တပည့်ရင်းဖြစ်သူ ဆရာမောက် တို့ကို ခေါ်၍ လွပ်လပ်ရေးအခါဖာတာတွက်ရန် တာဝန်ပေးခဲ့သည်။ ဆရာမောက်က ပညာရှင်များစုဖွဲ့၍ တွက်ချက်လျှင်မကောင်းပေးဘူးလားဟု စောဒကတက်သေးသည်။ ဦးဘချိုက ဆရာများလျှင် စကားများ နိုင်တယ်၊ သူ့ရက်ကောင်းတယ် ငါ့ရက်ကောင်းတယ်နှင့် ငြင်းခုန်နေသဖြင့် အဆုံးသတ်နိုင်မည်မဟုတ်။ ဦးသန်းမောင်တစ်ယောက်တည်းသာတွက်ချက်ပါ။ မျှော်မှန်းတဲ့ရက်ကတော့ ၁၉၄၈ခုဇန်န၀ါရီလ လယ်အတွင်းပေါ့။ အဲဒီလောက်မှာ ရက်ကောင်းတစ်ရက်ကို ရွေးထားပါဟု တိတိကျကျ တာဝန်ပေးခဲ့သည်။ ထိုလုပ်ငန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဒီးဒုတ်ဦးဘချိုကျဆုံးခဲ့သဖြင့် ခေတ္တရပ် ဆိုင်းသွားခဲ့သည်။

နု-အက်တလီစာချုပ် ချုပ်ဆိုရန် ၀န်ကြီးချုပ်ဦးနု ဘိလပ်မသွားမီ လွပ်လပ်ရေးအခါရက် လိုအပ်လာသည်။ ပြန်ကြားရေးဝန်ကြီးသစ် သခင်လွန်းဘော်က ဆရာမောက်မှတစ်ဆင့် ရမည်းသင်းနေဆရာ ဦးသန်းမောင် ထံတောင်းခံလာသည်။ ဆရာမောက်ထံမှ စာရသည်မှာ အောက်တိုဘာလ(၉) ရက် ကြာသပတေးနေရဖြစ် သည်။ ဆရာဦးသန်းမောင်သည် မင်္ဂလာအခါကို နေ့ (၁)နာရီမှစတင်တွက်ချက်ရာ ည(၂)နာရီကျော်မှပြီးစီး သည်။ (၁၀)ရက် သောကြာနေ့တွင် မှတ်ပုံတင်စာဖြင့်ဆရာမောက် ထံပေးပို့ ခဲ့သည်။ ထိုအခါဇာတာသည် စနေနေ့တွင်သာစာဝေခဲ့ပါမူ ဆရာမောက်ထံမှတစ်ဆင့် သခင်လွန်းဘော်ထံရောက်သွားသည်။ သခင်လွန်း ဘော်ထံမှတစ်ဆင့် (၁၂)ရက် တနင်္ဂနွေနေ့တွင်ဘိလပ်သို့သွားရောက်မည့် ၀န်ကြီးချုပ်ဦးနုထံထိုနေ့ အတွင်း အချိန်မီရောက်သွားနိုင်မည်ဖြစ်သည်။ သို့သော်အရေးကြီးသောအခါ ဇာတာသည် တနလာင်္နေ့ ကျမှ သာ သခင် လွန်းဘော်ထံရောက်သွားခဲ့၍ ဘိလပ်သွား ဦးနုနှင့်လွဲချော်ခဲ့ရသည်။

သို့သော်များမကြာမီရန်ကုန်မြို့ မဟာမြိုင်ကျောင်းတွင် လွပ်လပ်ရေးမင်္ဂလာအခါနှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ခုကို အခါပေးပညာရှိများအား ဖိတ်ခေါ်၍ ပြုလုပ်စေခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ပြန်ကြား ရေးဌာန ၀န်ကြီး သခင်လွန်းဘော်၊ စက်မှုလက်မှုနှင့် အလုပ်သမားဌာန၀န်ကြီး ဟင်္သာတဦးမြ၊ ဦးနု၏ အပါး တော်မြဲ ဗိုလ်သိန်းဆွေ၊ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေတို့နှင့်အတူ ပညာရှင်များနေဖြင့် မဟာမြိုင်ဆရာတော်၊ သခင်ကိုယ်တော်မိုင်း၊ ပုဏ္ဏားဦးလှမောင်၊ ဆရာတော်ဦးတေဇောသာရ၊ ပျဉ်းမနား ဆရာနှင့်ဆရာမောက် တို့တက်ရောက်ကြရသည်။ တက်ရောက်လာသောပညာရှင်များက မိမိတို့သန်ရာ သန်ရာ အခါဂြိုဟ်ခွင်များကို တင်ပြကြရာတွင်-

ဇန်န၀ါရီလ(၁)ရက်နေ့ဂြိုဟ်ခွင်ကို မဟာမြိုင်ဆရာတော်၊ သခင်ကိုယ်တော်မှိုင်း၊ ပုဏ္ဏားဦးလှမောင်၊

ဇန်န၀ါရီလ (၆)ရက်နေ့ဂြိုဟ်ခွင်ကို ဆရာတော်ဦးတေဇောသာရ

ဇန်န၀ါရီလ(၁၅)ရက်နေ့ဂြိုဟ်ခွင်ကို ပျဉ်းမနားဆရာဦးသန်းမောင် တို့က တင်ပြကြသည်။

တင်ပြသည့်ရက်များမှာ ကိုယ့်အမြင်အရကောင်းသည်ထင်သော်လည်း အခြားပညာရှင်များ၏ အယူအဆ အရ ဘ၀င်မကျသည်များပါရှိသည်။ အခြေအတင် အငြင်းအခုန်များရှိလာသဖြင့် (၁) (၆) (၁၅) ရက်တို့ အစားအခြားရက် တစ်ရက်ရက်ကို ရွေးချယ်ရန်၊ ရွေးချယ်ရာတွင်လည်း ဒီးဒုတ်ဦးဘချိုလမ်းညွှန်သွား သကဲ့သို့ တိုင်းပြည်အတွက် တကယ့်စေတနာကောင်းနှင့် အခါကောင်းကိုရွေးချယ်ရန် ပျဉ်းမနားဆရာ ဦးသန်းမောင် က ဆွေးနွေးခဲ့ရာ အားလုံးသဘောတူညီပြီးလက်ခံကြသည်။ 

အခါတော်ရက်ရွေးသည့် လုပ်ငန်းကိုဆောင်ရွက်ရန်အတွက် အချိန်သိပ်မရပေ။ ထိုနေ့မွန်းလွဲ(၃)နာရီ အတွင်း အပြီး ရွေးရမည်။ ရွေးပြီးရက်ကို ၀န်ကြီးအဖွဲ့က ဆွေးနွေးအတည်ပြုပြီး ဘုရင်ခံထံ တင်ပြရမည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က ညနေ(၅)နာရီတွင် ဘိလပ်သို့ ကြေးနန်းဖြင့် ချက်ခြင်းပို့ရမည်။ သို့ရာတွင် ပညာရှင်များခေါင်းချင်းဆိုင်၍ ဦးလှမောင်နှင့် ဆရာမောက်တို့တွက်ချက်သော (၅)ရက် တနင်္လာနေ့နှင့် (၈)ရက် ကြာသပတေးနေ့တို့ကို ညနေ (၂)နာရီ (၄၅)မိနစ်ခန့်တွင် သဘောတူညီစွာရရှိခဲ့သည်။ ထိုစဉ်တွင် ဦးတေဇောသာရက (၆)ရက်နေ့ကို လုံးလုံးမပြင်နိုင်ကြောင်းကန့်ကွက်လာသည့်အတွက် (၅)ရက်နေ့ကို ပယ်ဖျက်ပြီး (၆)ရက်နေ့ကို အစားထိုးထည့်ပေးလိုက်ရသည်။ 

ဆွေးနွေးပွဲအပြီးအပြန်တွင် ဦးသန်းမောင်က ဦးဗဆွေအနားကပ်ကာ (၆)ရက်နှင့် (၈)ရက်တွင် (၆)ရက်နေ့က အပြစ်အနာအဆာရှိ၍ (၈)ရက်နေ့ကိုရွေးချယ်သင့်ကြောင်း သတိပေးလိုက်သေးသည်။ သို့သော် နောက်နေ့ထုတ်သတင်းစာများတွင် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၆)ရက်၊ အင်္ဂါနေ့ နံနက် ၁၁နာရီ ၅၆မိနစ်တွင် လွတ်လပ်ရေးကြေညာမည်ဖြစ်ကြောင်း ပါရှိလာခဲ့သည်။ 

သို့ဖြစ်ရာ ပျဉ်းမနားဦးသန်းမောင်က ဘာကြောင့် (၈)ရက်နေ့မဖြစ်ရသလဲဟု ဦးလွန်းဘော်ကို မေးကြည့်ရာ ဗေဒင်အကျိုးအပြစ်ကိုတော့မသိပါ၊ မြန်မြန်လွတ်လပ်ချင်လို့ (၆)ရက်နေ့ရွေးကြောင်း၊ ရက်ကတော့ ပြင်လို့ မဖြစ်ပါ။ အချိန်ကို ပြင်ချင်လျှင်ပြင်နိုင်ပါသည်ဟု ပြောပါသည်။ ထိုအခါ ဦးသန်းမောင်က နေ့ မကောင်းဖြစ်၍ အချိန်ပြင်သော်လည်းအကြောင်းထူးမည်မဟုတ်ကြောင်း စောဒကတက်ရာ ပြန်တွက်၍ တင်ပြရန်တာဝန်ပေးပြန်သည်။ ထို့ကြောင့် ဒိုက်ဦးမှရောက်နေသော လျှစ်စစ်ဗေဒင် ဦးအုန်းသင်နှင့် ဦးသန်းမောင်တို့ တွက်ချက်ရသည်။ ထိုသို့ တွက်ချက်၍ ရသည့် (၁၅)ရက်နေ့ကို ဦးအုန်းသင် လက်ရေးနှင့် ပင်တင်ပြခဲ့ရာ နောက်နေ့ သတင်းစာများတွင် လွတ်လပ်ရေးကို (၆)ရက်နေ့တွင် ကြေငြာပြီး (၁၅)ရက်နေ့တွင် ၀န်ကြီးများ ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဟု ပါလာခဲ့သည်။ 

(၆)ရက်နေ့ ဂြိုဟ်ခွင်နှင့် ပတ်သက်၍ ဝေဖန်သောဆောင်ပါးများသတင်းစာတွင် အဆက်အပြတ်ပါလာရာ လွတ်လပ်ရေးအခါနှင့် ပတ်သက်သောဆောင်းပါးများသတင်းစာတွင် မထည့်ရဟု ၀န်ကြီးချုပ်က ပိတ်ယူရသည်အထိဖြစ်လာခဲ့သည်။

သို့သော် များမကြာမီမှာပင် ဇန်န၀ါရီလ (၄)ရက် တနင်္ဂနွေနေ့ နံနက် ၄နာရီ ၂၀မိနစ်တွင် လွတ်လပ်ရေး ကြေညာမည်ဟု ပါလာခဲ့သည်။ ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့ ရွေးချယ်ပေးသောအခါဟု ဆိုပါသည်။ လူပုဂ္ဂိုလ်တစ်ဦးမှာ ဗိုလ်လက်ျာ၏ ဗေဒင်ဆရာ ပဲခူးဦးသက်တင်ဖြစ်သည်။ (၄)ရက်နေ့ အခါ သည် ကောင်းလှသည်မဟုတ်သော်လည်း (၆)ရက်နေ့ထက်ကောင်းကြောင်း အိန္ဒိယ ဗေဒင်မဂ္ဂဇင်း (၁၉၄၈ ဇန်န၀ါရီ လထုတ်)တွင် ဗေဒင်ပညာရှင်ဒေါက်တာရာမန်က ဝေဖန်ခဲ့သည်။ ထိုမဂ္ဂဇင်း(၁၉၄၉မေလထုတ်) မှာပင် ပရောဖက်ဆာဆတ်စတြီးက (၄)ရက်နေ့၏ အင်္ဂါ-စနေဂြိုဟ်တို့ မကောင်းပုံကို ဝေဖန်ထားပြန် သည်။ 

နက္ခဗေဒင်မဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါက်တာဦးဖေဥာဏ်ကမူ လွတ်လပ်ရေးအခါဇာတာနှင့် ပတ်သက်၍ အောက်ပါအတိုင်းသုံးသပ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာ (၄-၁-၁၉၄၈)နံနက် ၄နာရီ၊ ၂၀မိနစ်၊ တနင်္ဂနွေနေ့

ယခုအခါ လွတ်လပ်ရေးဇာတာမှာ အတော်ကောင်းမွန်သည့်ဇာတာပင်ဖြစ်ပါသည်။ လဂ်သည် ဇေဋ္ဌနက္ခနှင့် ပူးယှဉ်ထားပါသည်။ ဇေဋ္ဌနက္ခမှာ တော်ဝင်ကြယ်ကြီးလေးလုံးတွင် အပါအ၀င်ဖြစ်ပြီး မင်းစိုးရာဇာ တိုင်းကြီးပြည်ကြီး ကိစ္စရပ်များနှင့် ဆက်နွှယ်နေသည့် နက္ခတ်ဖြစ်ပါသည်။ ထိုတော်ဝင်ကြယ်ကြီး လေးလုံးမှာ ရောဟဏီနက္ခတ်၊ မာဃနက္ခတ်၊ ဇေဋ္ဌနက္ခတ်နှင့် ရတနာသိဒ္ဓိနက္ခတ်တို့ပင် ဖြစ်ပါသည်။ တိုင်းကြီးပြည်ကြီး၊ တိုင်းရေးပြည်ရေးနှင့် ပတ်သက်၍ ခမ်းနားကြီးကျယ်မှုကို ပေးနိုင်စွမ်းသည့် တော်ဝင်ကြယ်ကြီးလေးလုံးဖြစ်ပါသည်။ 

လဂ်သည် ကြာသပတေးဂြိုဟ်နှင့် အံသာနီးကပ်စွာပူးယှဉ်ခြင်းသည် အပြစ်တစ်သန်းကိုငြိမ်းသည်ဟူသော ရှေးပညာရှိကြီးများအဆိုအရ အလွန်းကောင်းမွန်သည့် ကိန်းခမ်းပင်ဖြစ်ပါသည်။ အ န္တရာယ်အသွယ်သွယ်မှ ကင်းဝေးပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းကို ဖြစ်စေနိုင်သည့် ဂြိုဟ်ပူးပင်ဖြစ်ပါသည်။ အထူးသဖြင့် ဘာသာ သာသနာရောင်ဝါတွင် သူမတူအောင်ထွန်းတောက်မည့် အမြင်ယှဉ်ပင်ဖြစ်ပါသည်။ ထိုကြာသပတေးဂြိုဟ် နိစ်မူကာ န၀င်းတွင် စနေဂြိုဟ်ခွင်နှင့် ပရိဝတ္တနပြုထားသဖြင့် လောကီရေးထက် လောကုတ္တရာရေးက အလေးသာနေသဖြင့် ထေရ၀ါဒနိုင်ငံတော်အတွက် သင့်မြတ်လျောက်ပတ်သည့် ဂြိုလ်အမြင်ပင်ဖြစ်ပါသည်။ 

လဂ်အိမ်ရှင်အင်္ဂါဂြိုလ်သည် မိတ် သိဟ်ရာသီတွင် ရပ်တည်နေခြင်းက သိဟ်ခြင်္သေ့ဟောက်ကိုဖြစ်စေပြီး ၉တန့်သုဘအိမ်ရှင် တနင်္လာစန်းသည် ၁၁တန့် လာဘအိမ်တွင် ကန်ကြာပေါက်ကိုဖြစ်စေခြင်းကအမျိုး ဂုဏ်ကြီးပွားချမ်းသာရေးအတွက် လျော်ကန်သင့်မြတ်သည့် ဂြိုဟ်မြင်ဂြိုဟ်ယဉ်ပင်ဖြစ်ပါသည်။ 

ကြာသပတေးဂြိုလ်နှင့် တနင်္လာဂြိုလ်တို့ ၆၀ဒီဂရီ ဆပ်စတိုင်းမြင်ခြင်းသည်လည်း ချမ်းမြေ့သာယာစွာ နေထိုင်နိုင်ကြောင်းကို ဖော်ပြထားပါသည်။ ထိုတနင်္လာဂြိုဟ်သည် နက်ပကျွန်းဂြိုဟ်နှင့် ပူးယှဉ်ထားသဖြင့် သနားခြင်း၊ ကိုယ်ချင်းစာနာစိတ်ထားခြင်း၊ နောင်တမလွန်သံသရာအတွက် ပိုမိုအလေးထားခြင်းကို ဖော်ပြထားသဖြင့် ကျွန်တော်တို့နိုင်ငံတော်နှင့် အလွန်လိုက်ဖက်သင့်လျော်သည့် မင်္ဂလာအခါတော်ဖြစ် ကြောင်း မင်္ဂလာစကားမော်ကွန်းထိုးအပ်ပါသည်။ 

                                                                                         ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)







သမိုင်းတွင်အောင် သမိုင်းသင်ပါ



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် မောင်အောင်ဆန်းသည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ၁၉၂၈ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။ ထိုစဉ်က မောင်အောင်ဆန်း၏ ငယ်ဆရာများထဲတွင် ဆရာဦးကြွယ်စိုးလည်းပါဝင်ခဲ့သည်။

မောင်အောင်ဆန်းသည် အမျိုးသားအထက်တန်းကျောင်းမှ မြန်မာ(၁၀)တန်း အောင်မြင်ပြီးနောက်(၁၅) နှစ်အကြာ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ရေနံချောင်းသို့ ရောက်ရှိလာခဲ့သည်။ ရောက်ရှိလာခဲ့ သည့်အကြောင်းရင်းမှာ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)၏ တာဝန်အရ မြန်မာပြည် လွပ်လပ်ရေးအတွက် စည်းရုံးဟောပြောရန်ဖြစ်သည်။

လူထုစည်းဝေးပွဲကို ထိုစဉ်က အစိုးရတန်းမြင့်ကျောင်း(ယခု အထက-၁)တွင် ကျင်းပခဲ့သည်။ ထိုကျောင်း၏ကျောင်းအုပ်ဆရာကြီးမှာ ဦးသံဗျင်ဖြစ်ပြီး ဗိုလ်ချုပ်၏အစ်ကို ဦးဘ၀င်းမှာ အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

၁၉၄၇ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျောင်း၏ညောင်ညိုရိပ်၌မြို့ လူထုအား ညီညီညွတ်ညွတ်စည်းစည်း လုံးလုံးရှိစွာဖြင့် မြန်မာ့လွပ်လပ်ရေးကို အရယူကြရန် ဗိုလ်ချုပ်ကတိုက်တွန်းပြောကြားခဲ့သည်။ ဟောပြောမူ အပြီးတွင် ငယ်ဆရာဦးကြွယ်စိုးနှင့် ကျောင်းသားသမဂ္ဂ၏မေတ္တာရပ်ခံချက်အရကျောင်းစာသင်ခန်းများကို လှည့်လည်ကြည့်ရှုရသည်။ ထိုသို့လှည့်လည်ရင်း ကျောင်းသားကျောင်းသူများကို သြ၀ါဒပေးခဲ့သည်မှာ တန်ဖိုး ရှိလွန်းလှသဖြင့် အသက် ၇၀ ကျော် ၈၀ တွင်းရောက်နေပြီးဖြစ်သော ကျောင်းသားဟောင်းကြီးများ အဖို့ ယနေ့တိုင်မမေ့နိုင်ကြပေ။

စာသင်ခန်းတစ်ခုသို့ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းသားကျောင်းသူများက မတ်တပ် ရပ်ကာ နူတ်ဆက်ကြိုဆိုကြသည်။ ဗိုလ်ချုပ်ကပြုံးရွှင်စွာဖြင့် ပြန်လည်နူတ်ဆက်ရင်းမေးလိုက် သည်.။ 

“အခု ဘာ ဘာသာသင်နေကြသလဲ”

“သမိုင်းဘာသာပါခင်ဗျ/ရှင်” 

“သမိုင်းဘာသာဆိုတာ အလွန်ကောင်းတဲ့ဘာသာပါ။ လူတွေအားလုံးသိသင့်ပါတယ်။ ဒါပေမဲ့ ရှင် ဘုရင်တွေ မွေးတဲ့နှစ်၊ သေတဲ့နှစ်၊ နန်းတက်တဲ့နှစ်၊ နန်ကျတဲ့နှစ်တွေကို သိရုံလောက်နဲ့တော့ မသင်ကြပါနဲ့။ 

သမိုင်းကိုလေ့လာပြီး ကိုယ်ဟာကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိရှိလုပ်နိုင်မလဲ၊ ဘယ်လိုနေရာက ပါဝင်ရမလဲဆိုတာ သိအောင်ကြိုးစားသင်ယူဖို့လိုတယ်။

ဒါကြောင့် To learn history is to make history သမိုင်းသင်တာကောင်းတယ်။ သမိုင်းကို သင်လည်းသင်ကြပါ။ သမိုင်းတွင်အောင်လည်း လုပ်ကြပါ။ ”

“ နောက်တစ်ခုက အင်္ဂလိပ်စာကိုလည်း ကြိုးစားသင်ယူကြပါ။ အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်နေတာ ဟာ သူတို့ရဲ့ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်ကိုသာ ဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။ အင်္ဂလိပ်ဘာသာကို ဆန့်ကျင်ပစ်ပယ်ဖို့မဟုတ်ဘူး။ 

နောင်အနာဂတ်မှာ ပြင်သစ်ဘာသာထက် အင်္ဂလိပ်ဘာသာကလွှမ်းမိုးပြီး အသုံးကျလာမှာဖြစ်တဲ့ အတွက် အင်္ဂလိပ်ဘာသာကိုလည်းကြိုးစားသင်ယူကြပါ။”

“ ရှေ့ခရီးဆက်ဖို့နောက်ကျနေပြီ ဗိုလ်ချုပ်”

စီစဉ်သူများ၏သတင်းပို့မှုကြောင့်သာ စကားဖြတ်လိုက်ရသည်။ သူတို့သာ ဝင်မလာက မည်သို့သော အကြောင်းအရာများကို မည်မျှကြာအောင် ဟောပြောနေမည်မသိ။ တန်ဖိုးရှိသော ဆုံးမစကားများ ထပ်မံကျန်ရစ်မည်ကား မလွဲပေ။

ဗိုလ်ချုပ်၏လမ်းညွှန်ချက်များအရ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သော်လည်း ဒီနေ့တိုင်မှန်ခဲ့သည်။ မှန်နေဆဲ လည်း ဖြစ်သည်။ နောင်လည်း မှန်နေအုံးမည်ပင်။ 

မျိုးချစ်စိတ်ကိုပြုစုပျိုးထောင်ပေးခဲ့သောအမျိုးသားကျောင်းတွင်သမိုင်းဘာသာသင်ယူခဲ့သော မောင်အောင် ဆန်း သည် အမျိုးသားခေါင်းဆောင်ကြီးအဖြစ် သမိုင်းတွင်ခဲ့သည်။ 

ကျောင်းသားဘ၀က နယ်ချဲ့အင်္ဂလိပ်ကို မုန်းတီးသော်လည်း နန်းရင်းဝန်ဒေါက်တာဘမော်လို အင်္ဂလိပ် တော်အောင်ကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်စာအပေါ် ထားရှိသောအမြင်မှာ ယနေ့ခေတ် အင်္ဂလိပ်စာ တွင်ကျယ်မှုအခြေအနေနှင့် တစ်ထပ်တည်းကျနေပေသည်။ 


ကျေးဇူးတင် ဝန်ခံချက်

ရေနံချောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည်မဂ္ဂဇင်းပါ ကျောင်သားဟောင်းကြီးများဖြစ်ကြသော -

ဒုတိယဗိုလ်မှူးကြီးအံ့စိန် (အငြိမ်းစား) ၏“ နှစ်တစ်ရာသမိုင်းတစ်ကွက်နှင့် ဗိုလ်ချုပ်အောင်ဆန်း” ကျော်လွင် (ရေနံ့သာ) ၏ “ သမိုင်းဝင်စာအုပ်နှင့် သမိုင်းတင်ရန်ရှာပုံတော်”

မောင်အောင်သန်း၏ “ တွေ့မြင်ကြသိ မှတ်မိသမျှ ကျောင်းသားဘဝ” ဆောင်းပါးကို ဖတ်ရှုရသဖြင့် ဤစာကို ရေးနိုင်ခြင်းဖြစ်ကြေင်း ကျေးဇူးတင်ရှိစွာဖြင့် ဝန်ခံအပ်ပါသည်.။

                                                                                        ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)



Friday, November 28, 2014

Who is the Leader of Democracy (ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ..)

Leader do not make democracy people do ဒီမိုကရေစီကို ပြည်သူလူထုကသာ ဖော်ဆောင်နိုင်တယ်။ ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲက မဖော်ဆောင်နိုင်ဘူးဆိုတဲ့ စာသားလေးကို သဘောကျမိပါတယ်။ ဒီမိုကရေစီကို လူတစ်ဦးတစ်ယောက်ထဲက အကောင်အထည်ဖော်နိုင်သည်မဟုတ်ဘဲ ပြည်သူလူထုကသာ ဒီမိုကရေစီကျင့်စဉ်ကို စည်းကမ်းနည်းလမ်းကျနစွာ ကျင့်ကြံမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ်ရရှိမှာဖြစ်ပါသည်။

Mobocracy(လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုမျိုး)၊ 
Anarchy(အကြမ်းဖက်နည်းနဲ့ယူသည့် မင်းမဲ့ဝါဒမျိုး)၊
 Electocracy( မဲဆန္ဒရှင်ပြည်သူများကို မဟုတ်မမှန်မက်လုံးတွေပေး၊ လိမ်ညာမဲဆွယ်ပြီးယူရင်တဲ့ ရွေးကောက်ပွဲအဓိက၀ါဒ)၊
Autocracy(လူတစ်ဦးတစ်ယောက်ကို ဗဟိုပြုပြီးမှီခိုလွန်းတဲ့သဘော)၊
Polyarchy(လူထုကို မဲထုတ်စက်လိုသဘောထားပြီး လူနည်းစုရေပေါ်ဆီ လူတတ်၊ လူလည်တစ်သိုက်က အုပ်စိုးဖို့ကြိုးစားမှု) 
တို့သည် ဒီမိုကရေစီမဖြစ်နိုင်တော့ပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူ့အတွက် ပြည်သူကိုယ်တိုင် တင်မြှောက်တဲ့အစိုးရလို့အဓိပါယ်ဖွင့်ဆိုထားကြသည့်အတွက် ဒီမိုကရေစီ၏ခေါင်းဆောင်သည်ပြည်သူ သာဖြစ်ပါကြောင်း……………….

Saturday, November 22, 2014

လူငယ်များနှင့် ပါတီနိုင်ငံရေး


                                                                                       ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)



“ သမိုင်းဘီးသည်ရပ်၍မနေ။ခုတ်မောင်းနေသည် ”ဆိုသကဲ့သို့ ပြောင်းလဲမှုတိုင်းတွင် အကျိုးအပြစ်များစွာရှိ ပါ သည်။ မည်သည့်အရာတွင်မဆို အဆိုးချည်းရှိမနေတတ်သလို အကောင်းချည်းလည်းမဖြစ်နိုင်ပါ။ အမြဲ တမ်းမှားနေသည်လည်းမရှိသလို အမြဲတမ်းမှန်နေသည်လည်း မရှိတတ်ပါ။ သို့သော် အမှန်တရားဆိုသည် ချန်ထား၍မရပြန်ပါ။ 

မြန်မာ့သမိုင်းကြောင်းကိုပြန်ပြောင်းကြည့်မည်ဆိုလျှင် ရွှေထီးဆောင်းခဲ့ရသည့် ကာလများရှိသကဲ့သို့ ခေတ် ဆိုး စနစ်ဆိုးများနှင့်လည်း ကြုံတွေ့ခဲ့ရဘူးပါသည်။မြန်မာနိုင်ငံသည် ပဒေသရာဇ်ခေတ်၊ နယ်ချဲ့ ကိုလိုနီ ခေတ်၊ ပါတီဝါဒစွဲ ပြင်းထန်သော နိုင်ငံရေးခေတ်၊ ပါတီစုံပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေး ကောင်စီ ခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်နိုင်ငံ တော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်ဟူသည့် ခေတ်ကာလများကို ကြုံခဲ့ကြရပါသည်။

ကိုလိုနီခေတ်ဆိုးစနစ်ဆိုးခေတ်မှာ ဒူးမထောက်လက်မမြှောက်ချင်ပါပဲ မြန်မာ့ဇာတိမာန်ညှိုးမှိန်ခဲ့ရ သည်။သူ့ကျွန်မခံနိုင်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများပေါင်းစည်းကာ လွတ်လပ်ရေးကို အရယူ ခဲ့ကြ သည်။ ခေတ်အဆက်ဆက်ကို တာဝန်ယူခဲ့ရသည့် အစိုးရအဖွဲ့များသည် တိုင်းပြည်တိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းအောင် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ကြသော်လည်း ပြသနာမျိုးစုံနှင့်ရင်ဆိုင်ကြုံတွေ့ ခဲ့ရ ပါသည်။ခေတ်ဟောင်းစနစ်ဟောင်းကို သင်ခန်းစာယူ ၊အားနည်းချက်များကို ပြုပြင်တည်ဆောက်၊ အကောင်းဖြစ်အောင် ပြုပြင်ပြောင်းလဲရန်ကြိုးစားနေသည့် ယနေ့ခေတ်ကာလတွင် ဒီမိုကရေစီခရီးလမ်း ကို လျှောက်လှမ်းနေသည့် အချိန်အခါကောင်းပင်ဖြစ်ပါသည်။ 

ဒီမိုကရေစီကိုဖော်ဆောင်ရာမှာ နိုင်ငံရေးပါတီများသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။ အဆိုပါကာလများတွင် နိုင်ငံရေးပါတီများသည် ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်ရန်အရေးကြီးပြီး နိုင်ငံ တော်နှင့်နိုင်ငံ့အကျိုးကိုလည်းဆောင်ရွက်ကြရမှာဖြစ်ပါသည်။ 

ယနေ့မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ပါတီပေါင်း(၆၀)ကျော်ရှိနေပါပြီ။ ပါတီတိုင်းသည် မိမိပါတီအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်း စဉ်များကို လုပ်ဆောင်နေကြသည်ကို တွေ့မြင်နေရသည်။ပါတီတစ်ခုတွင်ခေါင်းဆောင်ချည်းသော်လည်းကောင်း၊နောက်လိုက်ချည်းသော် လည်းကောင်း ရှိနေရုံဖြင့်မရပါ။ခေါင်းဆောင်ကောင်း (Good Leader )ရော နောက်လိုက်ကောင်း( Good Follower)ရောရှိဖို့လိုအပ်ပါသည်။ ပါတီဆိုသည်မှာ Part of the People ပြည်သူလူထု၏ အစိတ် အပိုင်း တစ်ခုဖြစ်သည့်အတွက် လူတိုင်းသည် ပါတီတစ်ခုထဲမှာရှိနေမည်မဟုတ်ပါ။ မိမိသက်ဝင်ယုံကြည်သည့် ပါတီ ထဲ ကိုသာဝင်ကြမှာဖြစ်သကဲ့သို့မိမိယုံကြည်အားထားသည့်ပါတီကိုသာ မဲပေးကြမှာဖြစ်ပါသည်။

ပါတီဝင်ဆိုတာ ကိုယ့်ပါတီရဲ့ အဓိကကျောရိုးပါ။ အချို့ကတော့ ပါတီဝင်အမြောက်အမြားရရှိခြင်းကို အဓိက ထားပြီး အချို့သည် ပါတီဝင်များ၏ သစ္စာရှိမှုနှင့် သက်ဝင်ယုံကြည်မှုအပေါ် အလေးထားကြသည်။ ပါတီဝင် သစ်စုဆောင်းရာတွင်အကောင်းဆုံးနည်းလမ်း သည် ပါတီကိုနှစ်နှစ် ကာကာလက်ခံ ယုံကြည်သူများကို အလေးထားရမှာဖြစ်ပါသည်။ လူအများစုသဘောကျလက်မှတ်ထိုးပြီး ပါတီဝင်ဖြစ်လာအောင် လူအတော် များများမိမိပါတီကိုထောက်ခံအားပေးလာအောင် လုပ်ဆောင်ကြရမှာဖြစ်ပါသည်။ပါတီအခြေခံ အုတ်မြစ်ရှင်း လင်းပြတ်သားခိုင်မာမှ လူတွေက လက်ခံယုံကြည်ကြမှာဖြစ်ပါသည်။ လူတိုင်းပထမအကြိမ် မှာ ယုံကြည်ချင်မှ ယုံကြည်ပါလိမ့်မယ်။ သို့သော် ဒီမိုကရေစီခေတ်မှာ ပြည်သူများအနေဖြင့် ပါတီ တစ်ခု ကို မဖြစ်မနေရွေးချယ်ပြီး မဲပေးရမှာဖြစ်ပါသည်။ ပြည်သူများသည် မိမိတို့အကျိုးကို အမှန်တကယ်လိုလားသည့် ပါတီကိုသာ အမြော်အမြင်ရှိရှိရွေးချယ်ကြမှာဖြစ်သည့်အတွက် မိမိ၏လုပ်ဆောင်ချက်မှန်ကန်နေလျှင် ၄င်းတို့သက်ဝင် ယုံကြည်လာမှာ ဖြစ်ပါသည်။ 

ပါတီတစ်ခုသည် မိမိပါတီသို့ပြည်သူများမှ သက်ဝင်ယုံကြည်လာပြီး ပါတီတွင်းသို့ဝင်ရောက်စေရန် (သို့ မဟုတ်) မိမိပါတီကို မဲပေးစေရန် ပြည်သူကိုမဲဆွယ်စည်းရုံးရမှာဖြစ်ပါသည်။ ထိုသို့စည်းရုံးရာတွင်လည်း လူငယ်အချင်းချင်းစည်းရုံးလျှင် ပိုမိုအောင်မြင်နိုင်ပါသည်။ မိသားစုတစ်စုတွင် မိဘကို စည်းရုံးလျှင် ရချင်မှရ နိုင်မည်ဖြစ်သော်လည်း လူငယ်များ(ရင်နှစ်သည်းခြာသားသမီးများ)ကို စည်းရုံးလျှင်မိဘများပါပါဝင်လာ နိုင်ပါသည်။ စည်းရုံးရေးလုပ်ငန်းစဉ်များတွင် လူငယ်ထုကိုအသုံးပြုခြင်းဖြင့်ရရှိလာမည့် အားသာချက်များ မှာ-

၁။ ငွေကုန်ကြေးကျသက်သာခြင်း။

၂။ မိမိပါတီအတွက်ပါတီဝင်အသစ်များစွာကိုစည်းရုံးနိုင်ခြင်း။

၃။ လူငယ်မဲဆန္ဒရှင်များကိုစည်းရုံးမည်ဆိုပါက ပိုမိုအောင်မြင်နိုင်ခြင်း။

၎။ စိတ်အားလူအားနှစ်မြှုပ်ပြီး လုပ်ဆောင်နိုင်ခြင်း။

၅။ မူဝါဒလမ်းစဉ်များချမှတ်ရာတွင် ပါဝင်ကူညီနိုင်ခြင်း။ 

၆။ မူဝါဒဖော်ဆောင်ရာတွင် သုတေသနလုပ်နိုင်ခြင်း။

၇။ မူဝါဒများနှင့်ပတ်သက်ပြီး သတင်းစကားများပါးနိုင်ခြင်း။

၈။ မူဝါဒမျယဒချမှတ်ရာတွင် Idea သစ်များပေးနိုင်ခြင်း 

၉။မူဝါဒများချမှတ်ရာတွင် လူငယ်များကိုထည့်သွင်းစေခြင်းဖြင့် လူငယ်ထု၏ လက်ခံယုံကြည်မှုကိုရရှိ နိုင်ခြင်း ။

၁၀။ ပါတီတွင်း/ပ ဆက်ဆံရာတွင် များစွာပါဝင်ကူညီနိုင်ခြင်း။

၁၁။ Social Mediaများတွင် လူငယ်ထုများပါဝင်ကူညီနိုင်ခြင်း။

လူငယ်ထုသည်တက်ကြွသည်။ ဖြတ်လတ်သည်။ရိုးသားဖြူစင်သည်။ လုပ်ချင်ကိုင်ချင်စိတ်ရှိသည်။ အလုပ် လုပ်သည့် နေရာတွင် စိတ်အားကိုယ်အားနှစ်ပြီးလုပ်ဆောင်တတ်သည်။ ထိုအားသာချက်များကို မိမိပါတီ အတွက်အား အဖြစ်အသုံးပြုကြရမှာဖြစ်ပါသည်။ 

လူငယ်တို့၏ စိတ်ကူးစိတ်သန်းများသည် လတ်ဆတ်သည်။ လုပ်ဆောင်ချက်များသည်တက်ကြွဖြတ်လတ် သည်။ ထို့ကြောင့်မိမိပါတီ၏စည်းရုံးရေးလုပ်ငန်းစဉ်များတွင် လူငယ်များကိုတာဝန်ပေးစေခြင်း၊ လူငယ်များ ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးခြင်းဖြင့် မိမိပါတီဝင်အင်အားတိုးပွားလာနိုင်မည်ဖြစ်ပါသည်။

Monday, November 3, 2014

Who is the Leader of Democracy (ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ..)


Leader do not make democracy people do ဒီမိုကရေစီကို ပြည်သူလူထုကသာ ဖော်ဆောင်နိုင်တယ်။ ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲက မဖော်ဆောင်နိုင်ဘူးဆိုတဲ့ စာသားလေးကို သဘောကျမိပါတယ်။ ဒီမိုကရေစီကို လူတစ်ဦးတစ်ယောက်ထဲက အကောင်အထည်ဖော်နိုင်သည်မဟုတ်ဘဲ ပြည်သူလူထုကသာ ဒီမိုကရေစီကျင့်စဉ်ကို စည်းကမ်းနည်းလမ်းကျနစွာ ကျင့်ကြံမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ်ရရှိမှာဖြစ်ပါသည်။
Mobocracy(လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုမျိုး)၊
 Anarchy(အကြမ်းဖက်နည်းနဲ့ယူသည့် မင်းမဲ့ဝါဒမျိုး)၊
 Electocracy( မဲဆန္ဒရှင်ပြည်သူများကို မဟုတ်မမှန်မက်လုံးတွေပေး၊ လိမ်ညာမဲဆွယ်ပြီးယူရင်တဲ့ ရွေးကောက်ပွဲအဓိက၀ါဒ)၊
Autocracy(လူတစ်ဦးတစ်ယောက်ကို ဗဟိုပြုပြီးမှီခိုလွန်းတဲ့သဘော)၊
Polyarchy(လူထုကို မဲထုတ်စက်လိုသဘောထားပြီး လူနည်းစုရေပေါ်ဆီ လူတတ်၊ လူလည်တစ်သိုက်က အုပ်စိုးဖို့ကြိုးစားမှု) 
တို့သည် အမှန်တကယ် ဒီမိုကရေစီမဖြစ်နိုင်ပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူ့အတွက် ပြည်သူကိုယ်တိုင်တင်မြှောက်တဲ့အစိုးရလို့အဓိပါယ်ဖွင့်ဆိုထားကြသည့်အတွက် ဒီမိုကရေစီ၏ခေါင်းဆောင် သည် ပြည်သူသာဖြစ်ပါကြောင်း……………….

ကထိန်ပွဲကြီးကျင်းပပြီ



မြောက်လေငယ် သွင်းပါလို့ 

မြူနှင်းငယ်စိုစို

မြင်တိုင်းငယ်ပျိုသည်

ရွှေကျီးညို တာရာနှင့် 

ကြတ္တိကာ ထွန်းတဲ့လတို့လေး။

တန်ဆောင်ငယ်မာသ

ဆယ့်နှစ်လတွင်၊ချမ်းမြအေးရင်

ဗြိစ္ဆာခွင်သို့၊ ရက်ဝင်ပြောင်းခွာ

ခ၀ဲညှာလဲ၊ ခိုင်လွှာဝတ်မှုန်

ရနံ့သာထုံတော့တယ်

ဘုန်းဂုဏ်ကြော့ သမ္ဘိန်မှာ

လှူကထိန် သဘင်ခင်းလို့

ကျင်းကြတယ်လေး။

                                   (မဟာအတုလမင်းကြီး)

ကထိန်ဆိုသည်မှာ ပါဠိစကားလုံး ကထိနမှဆင်းသက်လာခြင်းဖြစ်သည်။မြဲမြံခိုင်ခံ့ခြင်းဟု အနက်ဓိပါယ် ရပါသည်။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှတန်ဆောင်မုန်းလပြည့်နေ့အထိဖြစ်သော်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင်အများအားဖြင့်တန်ဆောင်မုန်းလတွင်သာကျင်းပလေ့ရှိပါသည်။ တန်ဆောင် မုန်းလသည် ဗြိစ္ဆာရာသီဖြစ်ပြီး ကြတ္တိကာနက္ခတ်စန်းယှဉ်၏။ ခ၀ဲပန်းပွင့်၏။ ကထိန်ပွဲကျင်းပ၏။ ပါဠိစာပေ တို့ တွင် မာသေသု သရဒံ ရနဏိယံဟု ဆိုလေရာ အဓိပါယ်မှာ လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း၏ဟု သာမညဖလသုတ်တွင် တွေ့ရပါသည်။

လတကာတို့ထက် မွေ့လျော်ဖွယ်ကောင်းသော တန်ဆောင်မုန်းလ၏ထင်ရှားသောအမှတ်လက္ခဏာမှာ ကထိန် ခင်းခြင်းပင်ဖြစ်သည်။ ကထိန်ခင်းရခြင်းနှင့်ပတ်သက်ပြီး မဟာ ၀ဂ်ပါဠိတော်ကထိနက္ခန္ဓကတွင် တွေ့မြင်ကြရ သည်။

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတွင် သီတင်းသုံးနေတော်မူသောအခါ သုံးကျိပ်သော ပါဝေယျကတိုင်းသားရဟန်းတို့သည် အရညကင်ဓူတင်၊ပဏ္ဍပါတ်ဓူတင်၊ ပံ့သကူဓူတင် ၊ တိစီဝရိတ်ဓူတင် ဆောက်တည်ကုန်၏။ ထိုရဟန်းတို့သည်မြတ်စွာဘုရားကိုဖူးမြော်ရန် သာဝတ္ထိသို့လာကုန်၏။သို့ရာတွင် ၀ါဆိုနေ့နီးကပ်နေပြီဖြစ်သောကြောင့် ၀ါဆိုနေ့မီရန်မတတ်နိုင်ကြသဖြင့် ခရီးအကြားဖြစ်သော သာကေတ မြို့တွင် ၀ါကပ်ခဲ့ရပါသည်။

ထို့နောက်ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယသို့ရောက်တော်မူသောအခါတွင် ပ၀ါရဏာပြုပြီးလျှင် မိုးသည်းထန် စွာ ရွာသွန်းသဖြင့် ရေစိုသောသင်္ကန်းနှင့် ရွှံညွှန်များကိုဖြတ်သန်းကာ မြတ်စွာဘုရားကိုဖူးမြော် ရန် ရောက်ရှိလာကြသည်။

ထိုအခါမြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ရဟန်းတို့ ကျန်းမာကြကုန်၏လော၊မျှတကြကုန်၏ လော၊အညီအညွတ်ရှိဝမ်းမြောက်ဝမ်းသာ မငြင်းခုန်ပဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက် လည်းမပင်မပန်းပဲရှိကြကုန်၏လောဟုမေးတော်မူရာတွင်ရဟန်းများက မြတ်စွာဘုရားကိုဖူးမြော်ရန် လာရောက်ခဲ့ကြရာတွင် ၀ါတွင်းကာလဖြစ်သောကြောင့် လမ်းခရီးတွင်ပင်ဝါကပ်ခဲ့ရကြောင်း လျှောက်တင် တော် မူပါသည်။

ရဟန်းတို့သည် အရညကင်ဓူတင်ဆောင်သော တောရပုဂိုလ်များဖြစ်ရာ လူသူလေးပါးနီးသောမြို့ရွာတို့တွင် မနေကြပေ။ ပဏ္ဍိပါတ်ဓူတင်ဆောင်ကြလျက်ဆွမ်းခံစားကြသကဲ့သို့ ပံ့သကူဓူတင်ဆောင်လျှက် လွှင့်ပစ်ထားသော အ၀တ်စုတ်တို့ကိုသာ ကောက်ယူချုပ်ဆိုးပြီးဝတ်ရုံကြသည့်ရဟန်းများဖြစ်ပါသည်။ ပံ့သကူသင်္ကန်းကိုပင် ပိုပိုမိုမိုမထားကြပေ။ ထို့အတွက်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ရေစိုသင်္ကန်းများဖြင့်သာမြတ်စွာဘုရားကိုဖူးမြော်ခဲ့ကြရသည်။

ထိုအခါမြတ်စွာဘုရားသည် ရဟန်းတို့၏အဖြစ်အပျက်များကိုသိရှိခဲ့ရသဖြင့် တရားဟောကြားပြီးလျှင် “ရဟန်းတို့၊ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင၈်းခြင်းငှာခွင့်ပြု၏။ ကထိန်ခင်းပြီးသောရဟန်းတို့အား ထင်ရှားရှိသောရဟန်းတို့အား မပန်ကြားပဲ တကာမအိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ်အဓိဌာန်တင်သော သင်္ကန်းကိုမယူပဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အဓိဋ္ဌာန်ဝိကပ္ပနာ မပြုသောသင်္ကန်းကို အလိုရှိတိုင်း ဆောင်နိုင်ခြင်း၊ ထိုကထိန်ခင်းသော ကျောင်းတွင် သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ထိုငါးပါးသောအာနိသင်တို့ကိုရကုန်၏ ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဓူတင်ဆောင်သော ပါဝေယျကတိုင်းသားရဟန်းများ၏ပင်ပန်းဆင်းရဲခြင်း ကိုကြည့်ပြီး တော်မူပြီးသကာလ ကထိန်ခင်းရန်ခွင့်ပြုတော်မူခဲ့ခြင်းမှ စတင်ကာ ယနေ့ကာလအထိမြန်မာနိုင်ငံအရပ်ရပ် တွင် တန်ဆောင်မုန်းလရောက်တိုင်းကထိန်ပွဲသဘင်ကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြပါ သည်။


                                                      ဦးသော်ဇင်၏ ရာသီသဘင်ကိုမှီငြမ်းကိုးကားပါသည်။